ကျွန်တော့်အမေဟာ ကြက်သွန်နီကို အမြဲစားပါတယ်။ ပိုတက်ဆီယမ် (Potassium) ကျသွားတဲ့အခါ ကြက်သွန်နီစားရင် တကယ်မြန်မြန် ပြန်တက်လာတယ်လို့ သူကပြောပါတယ်။ လူကြီးတွေအတွက် ကျန်းမာရေးကို "တစ်နေ့ငွေတစ်နေ့ရွှေ" လိုပဲ ဂရုစိုက်နေရပါတယ်။ သွားမရှိတဲ့အတွက် အစာမကြေမှာကိုလည်း စိတ်ပူရသေးတယ်။
ကြက်သွန်နီရဲ့ အရသာက အရည်ရွှမ်းပြီး၊ ချိုမြမြ၊ စပ်ရှရှ ရှိသလို၊ အငွေ့က မျက်ရည်ကျစေပါတယ်။
🧪 ကြက်သွန်နီ၏ အသုံးပြုပုံနှင့် အကျိုးကျေးဇူးများ
🔹 ကြက်သွန်နီရည် + ဆား ဖြင့် အသုံးပြုခြင်း
သောက်ပါက: အစာအဆိပ်၊ မြွေအဆိပ် ပြေစေခြင်း၊ လည်ချောင်းနာ၊ ချောင်းဆိုး ပျောက်ကင်းစေခြင်း။
လိမ်းပါက: ကင်းဆိပ်၊ ပျားဆိပ်၊ အဆိပ်အမျိုးမျိုး၊ မိတ်၊ အင်ပြင် များ ပျောက်ကင်းစေခြင်း။
🔹 ကြက်သွန်နီရည် + သကြား ဖြင့် အသုံးပြုခြင်း
သောက်ပါက: ဆီးကျောက်တည်ခြင်း၊ ဆီးကျင်ခြင်း ပျောက်ကင်းစေခြင်း။
လိမ်းပါက: အသားအရေ စိုပြေစေခြင်း။
🔹 ကြက်သွန်နီအငွေ့
မျက်စိနာခြင်းကို ပျောက်စေပြီး၊ အသက်ရှူလမ်းကြောင်းကို ရှင်းစေသည်။
🔹 ကြက်သွန်နီအရည် လိမ်းခြင်း
ဗောက်နှင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးခြင်း။
နားကိုက်ခြင်းကို ပျောက်စေခြင်း။
🔹 ကြက်သွန်နီ စားသုံးခြင်း (ကျန်းမာရေးအတွက်)
အအေးမိ၊ တုပ်ကွေး ပျောက်ကင်းစေခြင်း။
က'င်ဆာ၊ သွေးချို/ဆီးချို၊ သွေးတိုးတို့ကို ကာကွယ်ပေးခြင်း။
အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်စေခြင်း။
အစာအိမ်နာကျင်မှုကို သက်သာစေခြင်း။
သွေးအားနှင့် ကိုယ်ခံအားကို ကောင်းစေခြင်း။
ဆီးလမ်းကြောင်းရောဂါ ကင်းစေခြင်း။
ပါးစပ်နာနှင့် သွားဆွေးခြင်းကို ကာကွယ်ပေးခြင်း။
မှတ်ဉာဏ် ကောင်းစေခြင်း။
🔹 ကြက်သွန်နီ အစိမ်းစားသုံးခြင်း
ကြွက်တက်ခြင်းနှင့် ကြွက်သားရောင်ရမ်းနာကျင်ခြင်းကို သက်သာစေခြင်း။
အဝလွန်ခြင်းကို လျော့ချပေးခြင်း။
💡 အခြား လျှို့ဝှက်ချက်များ
ပါးစပ်မှာ ကြက်သွန်နီနံ့ နံပါက: မြေပဲဆံ ဝါးပြီး ရေနွေးကြမ်းနဲ့ အာလုပ်ကျင်းပေးပါ။
ကြွက်များ ပေါပါက: ကြွက်သွားလာရာလမ်းတွင် ကြက်သွန်နီချပ်များ ချထားပေးပါ။
#yoyocooking
#fblifestyle