#အိမ်မှာရှိတဲ့ဩဇာရွက်က
ရောဂါအတွက်
ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်...
မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်...
ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်...
အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။ ✅✅
အေးကွ ...
ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့...
ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့..
စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ...
ခေတ်ကလည်း မတူဘူးမို့လား..?
ဒို့ခေတ် ဒို့အခါတုန်းက
ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်...
သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို...
တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း
မလွယ်ကူဘူးလေ...✅
ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ
ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က
ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ...
ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ...
ခု ငါ့တူကြီးပြောမှပဲ...
အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....✅✅
သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့...
အတော်စွမ်းပါလား မောင်ရေ...✅
အမှန်ပဲ ဖိုးလေးရေ...
ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက
သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။
အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်..
စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။
(ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)✅✅
အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့....
ဩဇာပင်နဲ့ပတ်သက်ပြီး ...
ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက်
အသုံးပြုနိုင်ကြောင်း...✅
အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား
မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...✅✅
ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ...
ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...✅✅
ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ...
ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့
ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း...
ဖော်ပြထားတယ် ဖိုးလေးရေ...✅✅
တယ်ဟုတ်ပါလား ကွ...
ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က
အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..✅
မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ...
တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်!
ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့...
ဩဇာသီး အခြောက်လာခူးတာဆိုတော့...
မဟုတ်မှလွဲ ...
ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး
ဖိုးလေးက မေးလာတာကြောင့်...✅✅
အမှန်ပဲပေါ့ဖိုးလေးရေ....
မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ...
ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်
မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့...
ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ!
✅✅
ဟ...
အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး
ဖိုးလေးက မေးပြန်တာကြောင့်...
အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ...
အဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ...
ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!✅
အလားလား တယ်စွမ်းပါလား ဟ...
ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!✅
#crd #ကျန်းမာရေးဗဟုသုတ