အရမ်း
ပွင့်ပွင့်လင်းပြောတတ်တော့
လူမုန်း များသထက်များလာပြန်တယ်

အရမ်း
သဘောကောင်းတော့လည်း
ဘာမဆို လုပ်ပေးရမယ့်ပုံမျိုးဖမ်းလာကြတယ်

အရမ်း
စေတနာထားမိတော့
အဆုံးသတ်မှာ ကိုယ်ပဲရင်နာရတယ်လေ

အရမ်း
နားလည်မှုတွေထားပြန်တော့
နေရာတကာ ဘောင်ကျော်လာချင်ကြတယ်

အရမ်း
အားနာတတ်တော့လည်း
တချို့တချို့တွေက အထက်စီးကဆက်ဆံကြတယ်

ခွင့်လွှတ်
ပေးတာများလာတော့
ဘာမဆို လုပ်ရဲလာကြတယ်လေ

ငြိမ်ခံ
နေတုန်းကတော့အကောင်း
ပြန်ပြောလိုက်မှ ကိုယ့်အမှားဖြစ်သွားတယ်

လိုဘတွေ
ဖြည့်ဆည်းပေးတုန်းတော့အဟုတ်
လိုဘမပြည့်တော့ ရန်တွေ့ဖို့ဝန်မလေးတာလဲရှိတယ်

ပြေပြေလည်လည်
ပြောနေပေမယ့်လည်း
လိုတာထက်အပိုယူချင်တဲ့သူတွေကြောင့်စိတ်တိုရတယ်

ကိုယ့်စိတ်က
အေးချမ်းစွာနေလိုပေမယ့်
စိတ်သဏ္ဍန်ကိုနှောင့်ယှက်လိုတဲ့သူတွေရှိသေးတယ်

နှုတ်ကသာ
အားနာလိုက်တာလို့အပြောချိုပေမယ့်
တကယ်တမ်းကျ အားမနာတတ်ကြတဲ့စိတ်မနောတွေနဲ့ပေါ့

မုသားနဲ့
ကျင့်သားမရတဲ့ကိုယ့်အတွက်
စကားလုံးတွေက မာကြောနေတုန်းပဲလေ

ထစ္ကနဲဆို
ဒေါသဖြစ်လွယ်တဲ့ကိုယ့်အကျင့်ကို
မျဖစ္မေနေတာ့ ပြုပြင်ဆင်ချင်ရအုန်းမယ်

အလွယ်တကူ
ခံစားလွယ်တာကိုလည်း
မဖြစ်ဖြစ်အောင် လျော့ချရအုန်းမှာပေါ့

ပြင်းပြတဲ့
စိတ်ခံစားချက်တွေကိုတော့
ဘယ်တော့မှ မမွေးမြူမိအောင်လို့ထိန်းချုပ်ရမယ်

အမြင်မတူတာတွေ
တွေ့တဲ့အခါမှာတော့လည်း
မမြင်ချင်ယောင်ဆောင်ပြီးရှောင်တိမ်းရမယ်

အခက်အခဲတွေ
ဘယ်လောက်ပဲရှိရှိ
ထုတ်ပြတတ်တဲ့အကျင့်ကိုဖျောက်ဖျက်ရမယ်

ခံစားချက်
ပြင်းပြင်းတွေဖြစ်လာရင်လည်း
မြိုချတတ်တဲ့အကျင့်ကို သင်ကြားရအုန်းမယ်

ပြဿနာကို
ထိပ်တိုက်တွေ့လာတဲ့အခါ
ပညာသားပါပါ ရှောင်တတ်ဖို့လိုသေးတယ်မဟုတ်လား

ကိုယ့်ကံကြမ္မာကလည်း
မုန့်ဝေရင်သာ မပါတတ္တာ
ဒုတ်ဝေရင်တော့ ထိပ်ဆုံးကပဲလေ

တခ်ခါတလေတော့လည်း
လောကကြီးမှာကျင်လည်နေရင်းက
အူလှိုက်သည်းလှိုက်ကို
ရယ်မောပစ်လိုက်ချင်တဲ့ အချိန်အခိုက်အတန့်ဆိုတာရှိသေးတယ်

#ဒေါက်တာ မသိ င်္ဂီ ( ရန်ကုန်တက္ကသိုလ် )
#wynncho
အရမ်း ပွင့်ပွင့်လင်းပြောတတ်တော့ လူမုန်း များသထက်များလာပြန်တယ် အရမ်း သဘောကောင်းတော့လည်း ဘာမဆို လုပ်ပေးရမယ့်ပုံမျိုးဖမ်းလာကြတယ် အရမ်း စေတနာထားမိတော့ အဆုံးသတ်မှာ ကိုယ်ပဲရင်နာရတယ်လေ အရမ်း နားလည်မှုတွေထားပြန်တော့ နေရာတကာ ဘောင်ကျော်လာချင်ကြတယ် အရမ်း အားနာတတ်တော့လည်း တချို့တချို့တွေက အထက်စီးကဆက်ဆံကြတယ် ခွင့်လွှတ် ပေးတာများလာတော့ ဘာမဆို လုပ်ရဲလာကြတယ်လေ ငြိမ်ခံ နေတုန်းကတော့အကောင်း ပြန်ပြောလိုက်မှ ကိုယ့်အမှားဖြစ်သွားတယ် လိုဘတွေ ဖြည့်ဆည်းပေးတုန်းတော့အဟုတ် လိုဘမပြည့်တော့ ရန်တွေ့ဖို့ဝန်မလေးတာလဲရှိတယ် ပြေပြေလည်လည် ပြောနေပေမယ့်လည်း လိုတာထက်အပိုယူချင်တဲ့သူတွေကြောင့်စိတ်တိုရတယ် ကိုယ့်စိတ်က အေးချမ်းစွာနေလိုပေမယ့် စိတ်သဏ္ဍန်ကိုနှောင့်ယှက်လိုတဲ့သူတွေရှိသေးတယ် နှုတ်ကသာ အားနာလိုက်တာလို့အပြောချိုပေမယ့် တကယ်တမ်းကျ အားမနာတတ်ကြတဲ့စိတ်မနောတွေနဲ့ပေါ့ မုသားနဲ့ ကျင့်သားမရတဲ့ကိုယ့်အတွက် စကားလုံးတွေက မာကြောနေတုန်းပဲလေ ထစ္ကနဲဆို ဒေါသဖြစ်လွယ်တဲ့ကိုယ့်အကျင့်ကို မျဖစ္မေနေတာ့ ပြုပြင်ဆင်ချင်ရအုန်းမယ် အလွယ်တကူ ခံစားလွယ်တာကိုလည်း မဖြစ်ဖြစ်အောင် လျော့ချရအုန်းမှာပေါ့ ပြင်းပြတဲ့ စိတ်ခံစားချက်တွေကိုတော့ ဘယ်တော့မှ မမွေးမြူမိအောင်လို့ထိန်းချုပ်ရမယ် အမြင်မတူတာတွေ တွေ့တဲ့အခါမှာတော့လည်း မမြင်ချင်ယောင်ဆောင်ပြီးရှောင်တိမ်းရမယ် အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ ထုတ်ပြတတ်တဲ့အကျင့်ကိုဖျောက်ဖျက်ရမယ် ခံစားချက် ပြင်းပြင်းတွေဖြစ်လာရင်လည်း မြိုချတတ်တဲ့အကျင့်ကို သင်ကြားရအုန်းမယ် ပြဿနာကို ထိပ်တိုက်တွေ့လာတဲ့အခါ ပညာသားပါပါ ရှောင်တတ်ဖို့လိုသေးတယ်မဟုတ်လား ကိုယ့်ကံကြမ္မာကလည်း မုန့်ဝေရင်သာ မပါတတ္တာ ဒုတ်ဝေရင်တော့ ထိပ်ဆုံးကပဲလေ တခ်ခါတလေတော့လည်း လောကကြီးမှာကျင်လည်နေရင်းက အူလှိုက်သည်းလှိုက်ကို ရယ်မောပစ်လိုက်ချင်တဲ့ အချိန်အခိုက်အတန့်ဆိုတာရှိသေးတယ် #ဒေါက်တာ မသိ င်္ဂီ ( ရန်ကုန်တက္ကသိုလ် ) #wynncho
0 Comments ·0 Shares ·110 Views