• သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့
    ကော်ဖီထဲ ထည့်ခဲ့တာ ...

    ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ်
    မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ
    ပိုကောင်းပါတယ် ...

    ကော်ဖီ ... အသစ်တစ်ခွက် ...
    ထပ်သောက်မယ် ..

    ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
    ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....

    မသင်ယူတတ်ခဲ့တုန်းကတော့ ....
    ဒဏ်ရာ လို့ထင်တယ်

    သင်ယူတတ်သွားတော့ ...
    သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...

    သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ...
    ဝေးပါစေ !

    #crdphoto #crd_to_owner_with_respect #wwa #htwehtweပုဂံမြေစာပေချစ်သူ #w2a #htwehtweblog #wl #HTHT #WWA #HT #W2A #HtweHtwe #WL #htwehtwevlog
    သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ... ဆား မှန်း သိပြီးမှတော့ ... ကြိတ်မှိတ် မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ ပိုကောင်းပါတယ် ... ကော်ဖီ ... အသစ်တစ်ခွက် ... ထပ်သောက်မယ် .. ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် .... မသင်ယူတတ်ခဲ့တုန်းကတော့ .... ဒဏ်ရာ လို့ထင်တယ် သင်ယူတတ်သွားတော့ ... သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ... သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ... ဝေးပါစေ ! #crdphoto #crd_to_owner_with_respect #wwa #htwehtweပုဂံမြေစာပေချစ်သူ #w2a #htwehtweblog #wl #HTHT #WWA #HT #W2A #HtweHtwe #WL #htwehtwevlog
    Like
    Care
    2
    · 0 Comments ·0 Shares ·73 Views
  • ꧁ဆန္ဒ နှင့် လောဘ꧂

    ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။
    လောဘဆိုတာက လိုချင်တဲ့စိတ်။
    ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့
    လုံးဝမတူပါဘူး။

    တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင်
    တယ် ဆိုတာက ဆန္ဒ။

    ရုပ်ရှင်သွားကြည့်ချင်တယ်၊
    သီချင်းနားထောင်ချင်တယ်၊
    စားကောင်းသောက်ကောင်းလေတွေပဲ
    စားချင်နေတယ် ဆိုတာက လောဘ။

    တစ်နည်းအားဖြင့်
    အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။
    ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက်
    လိုချင်နေတဲ့စိတ်ကလေးက လောဘ။

    လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင်
    ဆန္ဒအခြေခံပြီး လုပ်တာနဲ့
    လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။
    ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊
    လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊
    ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ်
    ဆိုတဲ့ စိတ်ကလေးဟာ
    ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။

    ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊
    ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့
    ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက
    လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။
    လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ
    ဝိသမလောဘသားဖြစ်သွားနိုင်တယ်။

    နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို
    အထင်မသေးသင့်ပါဘူး။
    မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့
    ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး
    ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။
    ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့
    အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။
    အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့်
    ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။
    ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။
    ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။
    နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။
    Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင်
    ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။
    ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။
    ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ
    ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။
    မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။

    နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။
    ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း
    နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
    အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။

    အဘိဓမ္မာမှာဖော်ပြထားတာကတော့
    ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့
    ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး
    လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။
    သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို
    ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။

    ပြည့်စုံ(တောင်ငူ)
    ၉.၃.၂၀၂၅
    Credit Original Uploader
    မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်CRD#
    ꧁ဆန္ဒ နှင့် လောဘ꧂ ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။ လောဘဆိုတာက လိုချင်တဲ့စိတ်။ ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့ လုံးဝမတူပါဘူး။ တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင် တယ် ဆိုတာက ဆန္ဒ။ ရုပ်ရှင်သွားကြည့်ချင်တယ်၊ သီချင်းနားထောင်ချင်တယ်၊ စားကောင်းသောက်ကောင်းလေတွေပဲ စားချင်နေတယ် ဆိုတာက လောဘ။ တစ်နည်းအားဖြင့် အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။ ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက် လိုချင်နေတဲ့စိတ်ကလေးက လောဘ။ လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင် ဆန္ဒအခြေခံပြီး လုပ်တာနဲ့ လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။ ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊ လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊ ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ် ဆိုတဲ့ စိတ်ကလေးဟာ ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။ ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊ ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့ ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။ လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ ဝိသမလောဘသားဖြစ်သွားနိုင်တယ်။ နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို အထင်မသေးသင့်ပါဘူး။ မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့ ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့ အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။ အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့် ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။ ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။ ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။ Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင် ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။ ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။ ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။ မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။ နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။ ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။ အဘိဓမ္မာမှာဖော်ပြထားတာကတော့ ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့ ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။ သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။ ပြည့်စုံ(တောင်ငူ) ၉.၃.၂၀၂၅ Credit Original Uploader ❤️ မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်🙏CRD#
    Like
    Care
    2
    · 0 Comments ·0 Shares ·67 Views
  • "စည်းကမ်းဟာ အိမ်ကစတယ်"
    စည်းကမ်းဟာ အမေဆီကစတယ်။
    "မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။
    ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ
    သိပ်လိုက်ပြောတာပဲ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ
    သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ။
    ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်ကလူတွေကိုတွေ့မှ ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိ နေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့
    အိမ်ကိုကျေးဇူးတင်မိတယ်။
    အိမ်သာမီးကို ပြန်ပိတ်တာမျိုး ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့အလေ့အထတွေ သူများဖိနပ်ကို
    တိုက်မိသွားတာကအစ နေရာတကျပြန်ထားပေးတာ မျိုးတွေ ကိုယ့်ရဲ့အရောင်စွန်းတတ်တဲ့ အင်္ကျီကို
    သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့်
    ယဉ်ကျေးတဲ့အပြုအမူလေးတွေ
    ကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ်။
    ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး။
    ကိုယ်အဆင်ပြေပီးတာပဲဆိုတာ
    လူမှုရေးနားမလည်မှုတစ်ချို့ကို
    မြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်။
    ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ
    ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့
    ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပြီး သင်ပြခံထားရတော့
    ကိုယ်ထမင်းစားပြီးသားနေရာဟာ
    အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့။
    ကိုယ်ကတော့ရှင်းရှင်းပဲ ဆိုင်တစ်ခုမှာ စားပွဲက
    ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို
    မမြင်တောင်သိပ်အထင်သေးတာ။
    စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့
    အရည်အချင်းပဲ။
    ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ။
    ပေါက်ပန်းလေးဆယ်လျောက်ပြောနေတာက ကိုယ့်ကို
    လူသိပ်အထင်သေးခံစေရတယ်။ စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။
    ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကို မှောက်ခုံအနေအထားရောက်နေတာဟာ
    စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား။
    ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့။
    လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော လူကြီးရှေ့ဆို ခေါင်းငုံ့သွား"ဟုတ်ကဲ့ ခင်ဗျ"ဆိုတာကိုထည့်ပြော စတဲ့ ငယ်ငယ်ကဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။
    စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ်။
    စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည် လို့ဆိုတဲ့ အဲ့ဒီလူတွေဘာဖြစ်လဲ
    ဘာမှထိခိုက်တာတော့မရှိဘူးပေါ့။
    သူကပဲသူများကို ထိခိုက်နေတာကိုး။
    ဒါပေမယ့် Image သူရဲ့ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ။
    "no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက် သိပ်မှန်တာ ပြီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘပုံရိပ်ပဲ။
    ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့မိသားစုက
    ပေါက်ဖွားလာတာလား။
    ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား
    အရမ်းသိသာစေတယ်။

    Credit
    #စာအုပ်စာပေလူ့မိတ်ဆွေ #knowledgesharing #bookstore #followerseveryonehighlights
    "စည်းကမ်းဟာ အိမ်ကစတယ်" စည်းကမ်းဟာ အမေဆီကစတယ်။ "မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။ ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ သိပ်လိုက်ပြောတာပဲ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ။ ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်ကလူတွေကိုတွေ့မှ ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိ နေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့ အိမ်ကိုကျေးဇူးတင်မိတယ်။ အိမ်သာမီးကို ပြန်ပိတ်တာမျိုး ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့အလေ့အထတွေ သူများဖိနပ်ကို တိုက်မိသွားတာကအစ နေရာတကျပြန်ထားပေးတာ မျိုးတွေ ကိုယ့်ရဲ့အရောင်စွန်းတတ်တဲ့ အင်္ကျီကို သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့် ယဉ်ကျေးတဲ့အပြုအမူလေးတွေ ကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ်။ ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး။ ကိုယ်အဆင်ပြေပီးတာပဲဆိုတာ လူမှုရေးနားမလည်မှုတစ်ချို့ကို မြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်။ ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့ ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပြီး သင်ပြခံထားရတော့ ကိုယ်ထမင်းစားပြီးသားနေရာဟာ အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့။ ကိုယ်ကတော့ရှင်းရှင်းပဲ ဆိုင်တစ်ခုမှာ စားပွဲက ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို မမြင်တောင်သိပ်အထင်သေးတာ။ စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့ အရည်အချင်းပဲ။ ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ။ ပေါက်ပန်းလေးဆယ်လျောက်ပြောနေတာက ကိုယ့်ကို လူသိပ်အထင်သေးခံစေရတယ်။ စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။ ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကို မှောက်ခုံအနေအထားရောက်နေတာဟာ စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား။ ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့။ လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော လူကြီးရှေ့ဆို ခေါင်းငုံ့သွား"ဟုတ်ကဲ့ ခင်ဗျ"ဆိုတာကိုထည့်ပြော စတဲ့ ငယ်ငယ်ကဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။ စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ်။ စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည် လို့ဆိုတဲ့ အဲ့ဒီလူတွေဘာဖြစ်လဲ ဘာမှထိခိုက်တာတော့မရှိဘူးပေါ့။ သူကပဲသူများကို ထိခိုက်နေတာကိုး။ ဒါပေမယ့် Image သူရဲ့ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ။ "no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက် သိပ်မှန်တာ ပြီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘပုံရိပ်ပဲ။ ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့မိသားစုက ပေါက်ဖွားလာတာလား။ ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား အရမ်းသိသာစေတယ်။ Credit #စာအုပ်စာပေလူ့မိတ်ဆွေ #knowledgesharing #bookstore #followerseveryonehighlights
    Care
    1
    · 0 Comments ·0 Shares ·132 Views
  • OH! New Arrived ကို ကြိုက်နှစ်သက်ပြီဆိုရင်
    Mother Cho Remember Footwear မှာနော် #instock မို့ ပစ္စည်းလေးတွေက အကုန်မြန်တတ်ပါသည်...

    ပုံလေးတွေကမင်မင်တို့ ကိုယ်တိုင်ရိုက် အပြင်ပုံတွေမို့ ပြန်လည်ကူးယူ ဖော်ပြခွင့် မပြုပါဘူးခင်ဗျာ

    Mother Cho REMEMBER Footwears
    ဗိုလ်ချုပ်လမ်း၊ သံလမ်းဂိတ်မီးပွိုင့်လမ်းဆုံ၊ မူယာပင်ရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။ 09450058403 , 09455779930

    Google Map ဖြင့် ဆိုင်ကိုလာမည့်သူများ အတွက် - http://maps.google.com/maps?q=18.821142,95.246831&iwloc=A

    ကုန်ပစ္စည်းများကြည့်ရန် Telegram - https://t.me/+pTYmytMlrF0wYmU1
    OH! New Arrived ကို ကြိုက်နှစ်သက်ပြီဆိုရင် Mother Cho Remember Footwear မှာနော် #instock မို့ ပစ္စည်းလေးတွေက အကုန်မြန်တတ်ပါသည်... ပုံလေးတွေကမင်မင်တို့ ကိုယ်တိုင်ရိုက် အပြင်ပုံတွေမို့ ပြန်လည်ကူးယူ ဖော်ပြခွင့် မပြုပါဘူးခင်ဗျာ Mother Cho REMEMBER Footwears ဗိုလ်ချုပ်လမ်း၊ သံလမ်းဂိတ်မီးပွိုင့်လမ်းဆုံ၊ မူယာပင်ရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။ 09450058403 , 09455779930 Google Map ဖြင့် ဆိုင်ကိုလာမည့်သူများ အတွက် - http://maps.google.com/maps?q=18.821142,95.246831&iwloc=A ကုန်ပစ္စည်းများကြည့်ရန် Telegram - https://t.me/+pTYmytMlrF0wYmU1
    18°49'16.1"N 95°14'48.6"E
    maps.google.com
    Find local businesses, view maps and get driving directions in Google Maps.
    Care
    1
    · 0 Comments ·0 Shares ·27 Views
  • မိုးယံရွှေလမင်းနှင့်မြတ်ဆုကဋေ ရဲ့ ဒီလအတွက် ထ_ီ 6ပါက် စ ဥ ် လေးထွက်ရှိလို့လာပါပြီ။ ကံစမ်းထားတဲ့ သူဌေးလောင်းတွေလဲ ကိုယ့်ရဲ့ ကံစမ်းmelလက်မှတ်လေးနဲ့ တိုက်ကြည့်လိုက်ကြဦးနော်။

    ဒီ Viber channel Link လေးမှာလည်းတိုက်ကြည့်လို့ရသလို comment လေးမှာလည်း တိုက်ကြည့်လို့ရတယ်နော်
    https://invite.viber.com/?g2=AQA%2FNQ1xtNaO0Uw3bC26CRWG4wluwqYmEVWWMoBfYNMmgu0s%2BAkLxTtSAxfVOs%2BG

    #ကံကောင်းခြင်းရဲ့သင်္ကေတ
    #မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ
    #MoeYa
    မိုးယံရွှေလမင်းနှင့်မြတ်ဆုကဋေ ရဲ့ ဒီလအတွက် ထ_ီ 6ပါက် စ ဥ ် လေးထွက်ရှိလို့လာပါပြီ။ ကံစမ်းထားတဲ့ သူဌေးလောင်းတွေလဲ ကိုယ့်ရဲ့ ကံစမ်းmelလက်မှတ်လေးနဲ့ တိုက်ကြည့်လိုက်ကြဦးနော်။🤗 ဒီ Viber channel Link လေးမှာလည်းတိုက်ကြည့်လို့ရသလို comment လေးမှာလည်း တိုက်ကြည့်လို့ရတယ်နော်🤗 https://invite.viber.com/?g2=AQA%2FNQ1xtNaO0Uw3bC26CRWG4wluwqYmEVWWMoBfYNMmgu0s%2BAkLxTtSAxfVOs%2BG #ကံကောင်းခြင်းရဲ့သင်္ကေတ #မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ #MoeYa
    0 Comments ·0 Shares ·31 Views
  • သဘာဝဘေးငလျင်ဒဏ်ကြောင့်
    ဖုန်းဘေဝယ်မရအမှန်တကယ်လိုအပ်ပီး
    အခက်အခဲ ဖြစ်နေသူများလိုင်းပေါ်မှာတင်ထားတာ တွေ့ရလို့ပါရှင့်
    အဆက်အသွယ်မရ အခက်အခဲ ဖြစ်နေသူများဖုန်းနံပါတ်လေးတွေ ချန်ပေးထားပါရှင့် ဖုန်းဘေ၅၀၀၀ဆီ
    အယောက် ၁၀၀ အလှူလေး
    ထည့်ပေးပါမယ်ရှင့်
    ကိုယ်နိူင်သလောက် အလှူလေးတွေလဲဆက်တိုက် လှူပေးသွားပါမယ်ရှင့်💪🏻

    #SWLပါတိတ်အမျိူးမျိူး
    သဘာဝဘေးငလျင်ဒဏ်ကြောင့် ဖုန်းဘေဝယ်မရအမှန်တကယ်လိုအပ်ပီး အခက်အခဲ ဖြစ်နေသူများလိုင်းပေါ်မှာတင်ထားတာ တွေ့ရလို့ပါရှင့် အဆက်အသွယ်မရ အခက်အခဲ ဖြစ်နေသူများဖုန်းနံပါတ်လေးတွေ ချန်ပေးထားပါရှင့် ဖုန်းဘေ၅၀၀၀ဆီ အယောက် ၁၀၀ အလှူလေး ထည့်ပေးပါမယ်ရှင့် ကိုယ်နိူင်သလောက် အလှူလေးတွေလဲဆက်တိုက် လှူပေးသွားပါမယ်ရှင့်💪🏻🙏🙏🙏 #SWLပါတိတ်အမျိူးမျိူး
    0 Comments ·0 Shares ·31 Views
  • ... ဗီဇဆိုတာ...
    လူတစ်ယောက်ရဲ့
    ပြုပြင်ပြောင်းလဲလို့
    မရတဲ့အရာတွေထဲက
    အကြီးမားဆုံး တစ်ခုပါ...

    ... ချည်ပေါင်ရွက်က
    ထွက်တဲ့အရွက်ကို
    ချိုချင်နေလို့တော့ ဘယ်ရမလဲ
    သူ့နဂိုဗီဇက ချည်တဲ့အရွက်ဆိုတော့
    ချည်မှာပဲလေ...

    ... ဘဝမှာလဲ ဒီလိုပဲ
    ဘယ်သူပဲဖြစ်ဖြစ်
    ငါ့ ကိုချစ်ရင်တော့ ပြင်လိမ့်မယ်မထင်နဲ့
    ခဏပဲ နောက်တော့
    သူ့နဂိုဗီဇအတိုင်း ဖြစ်သွားကြတာပါ...

    ... တံငါနားနီး
    တံငါဖြစ်ကြတာမဟုတ်ပါဘူး
    သူတို့ရဲ့ပင်ကိုယ် စရိုက်
    စိတ်ကိုက အဖြူဆိုအဖြူ
    အမည်းဆို အမည်းဖြစ်နေတာပါ
    ဘယ်သူတစ်ဦး တစ်ယောက်မှ
    ပြုပြင်မရတဲ့အတွက် ချစ်မိသူတိုင်းကို
    ပြင်လို့ရတယ်မထင်ပါနဲ့...

    ... ဗီဇဆိုတာ
    အချစ်ကြောင့်လဲ ပြုပြင်မသွားဘူး
    မေတ္တာကြောင့်လဲ ပြောင်းလဲမသွားဘူး
    သူကိုယ်တိုင်းပြောင်းလဲချင်တဲ့ စိတ်ရှိမှသာ ပြုပြင်ပြောင်းလဲလို့
    ရတဲ့အရာဖြစ်တဲ့အတွက် အချစ်မှာ
    မျက်စိမပါဘူးဆိုပြီး ဇွတ်ချစ်ဖို့ပဲမတွေးပါနဲ့ မချစ်သင့် မချစ်ထိုက်သူကို
    ရှောင်ရှားတတ်မှ ဘဝမှာအချစ်ကြောင့်
    နောင်တ မရမိကြမှာပါ...
    #knowledgeispower
    #Amazing
    #OoOoYanAung
    #highlightsシ
    ... ဗီဇဆိုတာ... လူတစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲလို့ မရတဲ့အရာတွေထဲက အကြီးမားဆုံး တစ်ခုပါ... ... ချည်ပေါင်ရွက်က ထွက်တဲ့အရွက်ကို ချိုချင်နေလို့တော့ ဘယ်ရမလဲ သူ့နဂိုဗီဇက ချည်တဲ့အရွက်ဆိုတော့ ချည်မှာပဲလေ... ... ဘဝမှာလဲ ဒီလိုပဲ ဘယ်သူပဲဖြစ်ဖြစ် ငါ့ ကိုချစ်ရင်တော့ ပြင်လိမ့်မယ်မထင်နဲ့ ခဏပဲ နောက်တော့ သူ့နဂိုဗီဇအတိုင်း ဖြစ်သွားကြတာပါ... ... တံငါနားနီး တံငါဖြစ်ကြတာမဟုတ်ပါဘူး သူတို့ရဲ့ပင်ကိုယ် စရိုက် စိတ်ကိုက အဖြူဆိုအဖြူ အမည်းဆို အမည်းဖြစ်နေတာပါ ဘယ်သူတစ်ဦး တစ်ယောက်မှ ပြုပြင်မရတဲ့အတွက် ချစ်မိသူတိုင်းကို ပြင်လို့ရတယ်မထင်ပါနဲ့... ... ဗီဇဆိုတာ အချစ်ကြောင့်လဲ ပြုပြင်မသွားဘူး မေတ္တာကြောင့်လဲ ပြောင်းလဲမသွားဘူး သူကိုယ်တိုင်းပြောင်းလဲချင်တဲ့ စိတ်ရှိမှသာ ပြုပြင်ပြောင်းလဲလို့ ရတဲ့အရာဖြစ်တဲ့အတွက် အချစ်မှာ မျက်စိမပါဘူးဆိုပြီး ဇွတ်ချစ်ဖို့ပဲမတွေးပါနဲ့ မချစ်သင့် မချစ်ထိုက်သူကို ရှောင်ရှားတတ်မှ ဘဝမှာအချစ်ကြောင့် နောင်တ မရမိကြမှာပါ... #knowledgeispower #Amazing #OoOoYanAung #highlightsシ゚
    0 Comments ·0 Shares ·118 Views
  • ရေတွက်လို့မရနိုင်သော စကားလုံးအလုံး ၅၀ ခန့် (uncountable nouns)

    1. **Water** - ရေ
    2. **Air** - လေ
    3. **Sand** - သဲ
    4. **Rice** - ဆန်
    5. **Sugar** - သကြား
    6. **Salt** - ဆား
    7. **Flour** - ဂျုံမှုန့်
    8. **Milk** - နို့
    9. **Coffee** - ကော်ဖီ
    10. **Tea** - လက်ဖက်ရည်
    11. **Bread** - ပေါင်မုန့်
    12. **Money** - ပိုက်ဆံ
    13. **Time** - အချိန်
    14. **Information** - အချက်အလက်
    15. **Advice** - အကြံပေးချက်
    16. **News** - သတင်း
    17. **Furniture** - ပရိဘောဂ
    18. **Luggage** - ခရီးဆောင်အိတ်
    19. **Equipment** - ပစ္စည်းကိရိယာ
    20. **Weather** - ရာသီဥတု
    21. **Traffic** - ယာဉ်ကြောပိတ်ဆို့မှု
    22. **Music** - ဂီတ
    23. **Art** - အနုပညာ
    24. **Love** - အချစ်
    25. **Happiness** - ပျော်ရွှင်မှု
    26. **Knowledge** - အသိပညာ
    27. **Patience** - သည်းခံမှု
    28. **Courage** - သတ်တိ
    29. **Energy** - စွမ်းအင်
    30. **Electricity** - လျှပ်စစ်
    31. **Gas** - ဓာတ်ငွေ့
    32. **Oil** - ဆီ
    33. **Wood** - သစ်
    34. **Glass** - ဖန်ထည်
    35. **Metal** - သတ်တု
    36. **Plastic** - ပလတ်စတစ်
    37. **Paper** - စက္ကူ
    38. **Soap** - ဆပ်ပြာ
    39. **Perfume** - ရေမွေး
    40. **Hair** - ဆံပင်များ
    41. **Grass** - မြက်ပင်
    42. **Snow** - နှင်း
    43. **Rain** - မိုးရေ
    44. **Fog** - မြူ
    45. **Smoke** - မီးခိုး
    46. **Fire** - မီး
    47. **Dust** - ဖုန်
    48. **Gold** - ရွှေ
    49. **Silver** - ငွေ
    50. **Cotton** - ဝါဂွမ်း
    #knowledgesharing
    ရေတွက်လို့မရနိုင်သော စကားလုံးအလုံး ၅၀ ခန့် (uncountable nouns) 1. **Water** - ရေ 2. **Air** - လေ 3. **Sand** - သဲ 4. **Rice** - ဆန် 5. **Sugar** - သကြား 6. **Salt** - ဆား 7. **Flour** - ဂျုံမှုန့် 8. **Milk** - နို့ 9. **Coffee** - ကော်ဖီ 10. **Tea** - လက်ဖက်ရည် 11. **Bread** - ပေါင်မုန့် 12. **Money** - ပိုက်ဆံ 13. **Time** - အချိန် 14. **Information** - အချက်အလက် 15. **Advice** - အကြံပေးချက် 16. **News** - သတင်း 17. **Furniture** - ပရိဘောဂ 18. **Luggage** - ခရီးဆောင်အိတ် 19. **Equipment** - ပစ္စည်းကိရိယာ 20. **Weather** - ရာသီဥတု 21. **Traffic** - ယာဉ်ကြောပိတ်ဆို့မှု 22. **Music** - ဂီတ 23. **Art** - အနုပညာ 24. **Love** - အချစ် 25. **Happiness** - ပျော်ရွှင်မှု 26. **Knowledge** - အသိပညာ 27. **Patience** - သည်းခံမှု 28. **Courage** - သတ်တိ 29. **Energy** - စွမ်းအင် 30. **Electricity** - လျှပ်စစ် 31. **Gas** - ဓာတ်ငွေ့ 32. **Oil** - ဆီ 33. **Wood** - သစ် 34. **Glass** - ဖန်ထည် 35. **Metal** - သတ်တု 36. **Plastic** - ပလတ်စတစ် 37. **Paper** - စက္ကူ 38. **Soap** - ဆပ်ပြာ 39. **Perfume** - ရေမွေး 40. **Hair** - ဆံပင်များ 41. **Grass** - မြက်ပင် 42. **Snow** - နှင်း 43. **Rain** - မိုးရေ 44. **Fog** - မြူ 45. **Smoke** - မီးခိုး 46. **Fire** - မီး 47. **Dust** - ဖုန် 48. **Gold** - ရွှေ 49. **Silver** - ငွေ 50. **Cotton** - ဝါဂွမ်း #knowledgesharing
    0 Comments ·0 Shares ·240 Views
  • အသုံးများတဲ့ Adverb အလုံး - ၁၅၀

    1. Frequency (အကြိမ်ရေပြ)
    * Always - အမြဲတမ်း
    * Usually - ပုံမှန်အားဖြင့်
    * Often - မကြာခဏ
    * Sometimes - တစ်ခါတစ်ရံ
    * Rarely - မရှိသလောက်ရှားပါးစွာ
    * Never - ဘယ်တော့မှ
    * Frequently - မကြာခဏ
    * Occasionally - ရံဖန်ရံခါ
    * Seldom - မရှိသလောက်
    * Regularly - ပုံမှန်
    * Constantly - အမြဲမပြတ်
    * Infrequently - မကြာခဏမဟုတ်
    * Periodically - အချိန်ပိုင်းခြား၍
    * Intermittently - ရပ်တန့်လိုက် ပြန်စလိုက်
    * Sporadically - မမှန်မကန်
    2. Time (အချိန်ပြ)
    * Now - ယခု
    * Then - ထိုအခါ
    * Soon - မကြာမီ
    * Later - နောက်မှ
    * Yesterday - မနေ့က
    * Today - ဒီနေ့
    * Tomorrow - မနက်ဖြန်
    * Tonight - ဒီည
    * Recently - မကြာသေးမီက
    * Formerly - ယခင်က
    * Eventually - နောက်ဆုံးမှာ
    * Immediately - ချက်ချင်း
    * Instantly - ချက်ချင်း
    * Presently - မကြာမီ၊ ယခု
    * Shortly - မကြာခင်
    3. Place (နေရာပြ)
    * Here - ဒီမှာ
    * There - ဟိုမှာ
    * Everywhere - နေရာတိုင်းမှာ
    * Nowhere - ဘယ်နေရာမှာမှ
    * Somewhere - တစ်နေရာရာမှာ
    * Anywhere - ဘယ်နေရာမှာမဆို
    * Nearby - အနီးအနားမှာ
    * Inside - အတွင်းမှာ
    * Outside - အပြင်မှာ
    * Above - အပေါ်မှာ
    * Below - အောက်မှာ
    * Abroad - နိုင်ငံခြားမှာ
    * Away - အဝေးမှာ
    * Beyond - အလွန်
    * Homeward -အိမ်သို့
    4. Manner (ပုံစံပြ)
    * Quickly - လျင်မြန်စွာ
    * Slowly - ဖြည်းဖြည်း
    * Carefully - သတိထား၍
    * Easily - လွယ်လွယ်ကူကူ
    * Well - ကောင်းစွာ
    * Badly - ဆိုးဆိုးရှားရှား
    * Loudly - ကျယ်လောင်စွာ
    * Quietly - တိတ်တဆိတ်
    * Happily - ပျော်ရွှင်စွာ
    * Sadly - ဝမ်းနည်းစွာ
    * Clearly - ရှင်းရှင်းလင်းလင်း
    * Suddenly - ရုတ်တရက်
    * Seriously - အလေးအနက်
    * Calmly - တည်ငြိမ်စွာ
    * Politely- ယဉ်ကျေးစွာ
    5. Degree (အတိုင်းအတာပြ)
    * Very - အလွန်
    * Extremely - အလွန်အမင်း
    * Quite - အတော်အတန်
    * Rather - အတော်အတန်
    * Too - လွန်း
    * Almost - နီးပါး
    * Hardly - ခဲယဉ်းစွာ
    * Scarcely - မရှိသလောက်
    * Completely - လုံးဝ
    * Totally - လုံးဝ
    * Absolutely - လုံးဝ
    * Partially - တစ်စိတ်တစ်ပိုင်း
    * Slightly - အနည်းငယ်
    * Somewhat - အနည်းငယ်
    * Deeply - နက်နက်ရှိုင်းရှိုင်း
    6. Focusing (အာရုံစိုက်စေသော)
    * Only - သာလျှင်
    * Just - ရုံမျှသာ
    * Mainly - အဓိကအားဖြင့်
    * Mostly - အများအားဖြင့်
    * Simply - ရိုးရိုးရှင်းရှင်း
    * Especially - အထူးသဖြင့်
    * Particularly - အထူးသဖြင့်
    * Specifically - အတိအကျ
    * Merely - သက်သက်
    * Purely - သက်သက်
    * Solely - သီးသန့်
    * Largely -အကြီးအကျယ်
    * Chiefly -အဓိကအားဖြင့်
    * Primarily -အဓိကအားဖြင့်
    * Notably -သိသိသာသာ
    7. Attitude/Opinion (သဘောထား/အမြင်ပြ)
    * Fortunately - ကံကောင်းစွာ
    * Unfortunately - ကံမကောင်းစွာ
    * Honestly - ရိုးရိုးသားသား
    * Frankly - ပွင့်ပွင့်လင်းလင်း
    * Clearly - ရှင်းရှင်းလင်းလင်း
    * Obviously - ထင်ရှားစွာ
    * Apparently - သိသာထင်ရှားစွာ
    * Surprisingly - အံ့သြစရာကောင်းစွာ
    * Interestingly - စိတ်ဝင်စားစရာကောင်းစွာ
    * Hopefully - မျှော်လင့်ပါတယ်
    * Seriously - လေးလေးနက်နက်
    * Naturally - သဘာဝကျကျ
    * Certainly -သေချာပေါက်
    * Probably -ဖြစ်နိုင်ချေရှိသော
    * Undoubtedly -သံသယဖြစ်စရာမရှိ
    8. Linking/Connecting (ဆက်စပ်မှုပြ)
    * Therefore - ထို့ကြောင့်
    * However - သို့သော်လည်း
    * Moreover - ထို့အပြင်
    * Furthermore - ထို့အပြင်
    * Besides - ထို့အပြင်
    * Also - လည်းပဲ
    * Meanwhile - ဤအတောအတွင်း
    * Nevertheless - မည်သို့ပင်ဆိုစေကာမူ
    * Otherwise - မဟုတ်ရင်
    * Consequently - အကျိုးဆက်အနေနဲ့
    * Finally - နောက်ဆုံးတော့
    * Instead - အစား
    * Nonetheless -သို့သော်လည်း
    * Regardless -မည်သို့ပင်ဖြစ်စေ
    * Conversely -ဆန့်ကျင်ဘက်အားဖြင့်
    9. Quantity (ပမာဏပြ)
    * Much - များစွာ
    * Little - နည်းနည်း
    * Enough - လုံလောက်သော
    * More - ပို၍
    * Less - လျော့နည်း
    * Most - အများဆုံး
    * Least - အနည်းဆုံး
    * All - အားလုံး
    * Some - အချို့
    * Any - တစ်စုံတစ်ခု
    * None - ဘာမှမရှိ
    * Few - အနည်းငယ်
    * Several -အများအပြား
    * Plenty -များစွာ
    * Abundantly -ပေါများစွာ
    10. Other Common Adverbs (အခြားအသုံးများသော)
    * Again - နောက်တစ်ကြိမ်
    * Ahead - ရှေ့မှာ
    * Alone - တစ်ယောက်တည်း
    * Already - ပြီးပြီ
    * Even - ပင်
    * Ever - ဘယ်တော့မဆို
    * Far - ဝေး
    * Fast - မြန်
    * Long - ရှည်လျားသော
    * Near - အနီး
    * Pretty - လှပသော (အတိုင်းအတာတစ်ခုအထိ)
    * So - ဒါကြောင့်
    * Still - ငြိမ်ဝပ်စွာ
    * Yet - သို့တိုင်
    * Together -အတူတူ
    #toponeenglish
    အသုံးများတဲ့ Adverb အလုံး - ၁၅၀ 1. Frequency (အကြိမ်ရေပြ) * Always - အမြဲတမ်း * Usually - ပုံမှန်အားဖြင့် * Often - မကြာခဏ * Sometimes - တစ်ခါတစ်ရံ * Rarely - မရှိသလောက်ရှားပါးစွာ * Never - ဘယ်တော့မှ * Frequently - မကြာခဏ * Occasionally - ရံဖန်ရံခါ * Seldom - မရှိသလောက် * Regularly - ပုံမှန် * Constantly - အမြဲမပြတ် * Infrequently - မကြာခဏမဟုတ် * Periodically - အချိန်ပိုင်းခြား၍ * Intermittently - ရပ်တန့်လိုက် ပြန်စလိုက် * Sporadically - မမှန်မကန် 2. Time (အချိန်ပြ) * Now - ယခု * Then - ထိုအခါ * Soon - မကြာမီ * Later - နောက်မှ * Yesterday - မနေ့က * Today - ဒီနေ့ * Tomorrow - မနက်ဖြန် * Tonight - ဒီည * Recently - မကြာသေးမီက * Formerly - ယခင်က * Eventually - နောက်ဆုံးမှာ * Immediately - ချက်ချင်း * Instantly - ချက်ချင်း * Presently - မကြာမီ၊ ယခု * Shortly - မကြာခင် 3. Place (နေရာပြ) * Here - ဒီမှာ * There - ဟိုမှာ * Everywhere - နေရာတိုင်းမှာ * Nowhere - ဘယ်နေရာမှာမှ * Somewhere - တစ်နေရာရာမှာ * Anywhere - ဘယ်နေရာမှာမဆို * Nearby - အနီးအနားမှာ * Inside - အတွင်းမှာ * Outside - အပြင်မှာ * Above - အပေါ်မှာ * Below - အောက်မှာ * Abroad - နိုင်ငံခြားမှာ * Away - အဝေးမှာ * Beyond - အလွန် * Homeward -အိမ်သို့ 4. Manner (ပုံစံပြ) * Quickly - လျင်မြန်စွာ * Slowly - ဖြည်းဖြည်း * Carefully - သတိထား၍ * Easily - လွယ်လွယ်ကူကူ * Well - ကောင်းစွာ * Badly - ဆိုးဆိုးရှားရှား * Loudly - ကျယ်လောင်စွာ * Quietly - တိတ်တဆိတ် * Happily - ပျော်ရွှင်စွာ * Sadly - ဝမ်းနည်းစွာ * Clearly - ရှင်းရှင်းလင်းလင်း * Suddenly - ရုတ်တရက် * Seriously - အလေးအနက် * Calmly - တည်ငြိမ်စွာ * Politely- ယဉ်ကျေးစွာ 5. Degree (အတိုင်းအတာပြ) * Very - အလွန် * Extremely - အလွန်အမင်း * Quite - အတော်အတန် * Rather - အတော်အတန် * Too - လွန်း * Almost - နီးပါး * Hardly - ခဲယဉ်းစွာ * Scarcely - မရှိသလောက် * Completely - လုံးဝ * Totally - လုံးဝ * Absolutely - လုံးဝ * Partially - တစ်စိတ်တစ်ပိုင်း * Slightly - အနည်းငယ် * Somewhat - အနည်းငယ် * Deeply - နက်နက်ရှိုင်းရှိုင်း 6. Focusing (အာရုံစိုက်စေသော) * Only - သာလျှင် * Just - ရုံမျှသာ * Mainly - အဓိကအားဖြင့် * Mostly - အများအားဖြင့် * Simply - ရိုးရိုးရှင်းရှင်း * Especially - အထူးသဖြင့် * Particularly - အထူးသဖြင့် * Specifically - အတိအကျ * Merely - သက်သက် * Purely - သက်သက် * Solely - သီးသန့် * Largely -အကြီးအကျယ် * Chiefly -အဓိကအားဖြင့် * Primarily -အဓိကအားဖြင့် * Notably -သိသိသာသာ 7. Attitude/Opinion (သဘောထား/အမြင်ပြ) * Fortunately - ကံကောင်းစွာ * Unfortunately - ကံမကောင်းစွာ * Honestly - ရိုးရိုးသားသား * Frankly - ပွင့်ပွင့်လင်းလင်း * Clearly - ရှင်းရှင်းလင်းလင်း * Obviously - ထင်ရှားစွာ * Apparently - သိသာထင်ရှားစွာ * Surprisingly - အံ့သြစရာကောင်းစွာ * Interestingly - စိတ်ဝင်စားစရာကောင်းစွာ * Hopefully - မျှော်လင့်ပါတယ် * Seriously - လေးလေးနက်နက် * Naturally - သဘာဝကျကျ * Certainly -သေချာပေါက် * Probably -ဖြစ်နိုင်ချေရှိသော * Undoubtedly -သံသယဖြစ်စရာမရှိ 8. Linking/Connecting (ဆက်စပ်မှုပြ) * Therefore - ထို့ကြောင့် * However - သို့သော်လည်း * Moreover - ထို့အပြင် * Furthermore - ထို့အပြင် * Besides - ထို့အပြင် * Also - လည်းပဲ * Meanwhile - ဤအတောအတွင်း * Nevertheless - မည်သို့ပင်ဆိုစေကာမူ * Otherwise - မဟုတ်ရင် * Consequently - အကျိုးဆက်အနေနဲ့ * Finally - နောက်ဆုံးတော့ * Instead - အစား * Nonetheless -သို့သော်လည်း * Regardless -မည်သို့ပင်ဖြစ်စေ * Conversely -ဆန့်ကျင်ဘက်အားဖြင့် 9. Quantity (ပမာဏပြ) * Much - များစွာ * Little - နည်းနည်း * Enough - လုံလောက်သော * More - ပို၍ * Less - လျော့နည်း * Most - အများဆုံး * Least - အနည်းဆုံး * All - အားလုံး * Some - အချို့ * Any - တစ်စုံတစ်ခု * None - ဘာမှမရှိ * Few - အနည်းငယ် * Several -အများအပြား * Plenty -များစွာ * Abundantly -ပေါများစွာ 10. Other Common Adverbs (အခြားအသုံးများသော) * Again - နောက်တစ်ကြိမ် * Ahead - ရှေ့မှာ * Alone - တစ်ယောက်တည်း * Already - ပြီးပြီ * Even - ပင် * Ever - ဘယ်တော့မဆို * Far - ဝေး * Fast - မြန် * Long - ရှည်လျားသော * Near - အနီး * Pretty - လှပသော (အတိုင်းအတာတစ်ခုအထိ) * So - ဒါကြောင့် * Still - ငြိမ်ဝပ်စွာ * Yet - သို့တိုင် * Together -အတူတူ #toponeenglish
    0 Comments ·0 Shares ·202 Views
  • Try to keep flawless whatever you do yet as much as you can!

    #flawless
    Try to keep flawless whatever you do yet as much as you can! #flawless
    Like
    Care
    2
    · 0 Comments ·0 Shares ·76 Views
  • ရန်ကုန်မြို့တွင် မင်းအောင်လှိုင်၊ ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်

    ရန်ကုန်၊ မတ် ၉

    ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်ကြသော Linn Yaung Ni Youth Organization _ LYNYO၊ Mayangone Democratic Front_MDF၊ Kyimyindaing Networks_KMD18 နှင့် Owl Community တို့လှုပ်ရှားလုပ်ဆောင်ခဲ့ကြဖြစ်ကြောင်း သိရှိရသည်။
    ရန်ကုန်မြို့တွင် မင်းအောင်လှိုင်၊ ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ် ရန်ကုန်၊ မတ် ၉ ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်ကြသော Linn Yaung Ni Youth Organization _ LYNYO၊ Mayangone Democratic Front_MDF၊ Kyimyindaing Networks_KMD18 နှင့် Owl Community တို့လှုပ်ရှားလုပ်ဆောင်ခဲ့ကြဖြစ်ကြောင်း သိရှိရသည်။
    Like
    Care
    2
    · 0 Comments ·0 Shares ·97 Views
  • """ Teacher's Journey """
    ===========

    A long journey
    Under the umbrella of food
    Those who walked with swagger.

    Although life is uncertain
    While in the cycle
    Those who are beautiful to each other.

    Hundreds of thousands of disciples
    To share knowledge and educate
    They lead them to the land of victory.

    The teacher's journey soon
    As soon as he got close, he persevered.

    Don't turn back and persevere
    On a free trip to Myanmar
    Teachers have a long tradition
    You can see it in our history

    **** On World Teachers' Day, bowing to those who are filled with the spirit of teachers ****

    #Han Moe (Mao Pin)
    ...
    """ Teacher's Journey """ =========== A long journey Under the umbrella of food Those who walked with swagger. Although life is uncertain While in the cycle Those who are beautiful to each other. Hundreds of thousands of disciples To share knowledge and educate They lead them to the land of victory. The teacher's journey soon As soon as he got close, he persevered. Don't turn back and persevere On a free trip to Myanmar Teachers have a long tradition You can see it in our history 🙏🙏🙏 **** On World Teachers' Day, bowing to those who are filled with the spirit of teachers **** #Han Moe (Mao Pin) ...
    Love
    Care
    Like
    5
    · 0 Comments ·0 Shares ·331 Views
More Results