မထီမဲ့မြင် မပြုနှင့်
============
မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီရာ တစ်ခုသော လွင်ပြင်၌ အလွန့်အလွန် ကျယ်ပြန့်သော ညောင်ပင်ကြီးတစ်ပင်အောက်
ရောက်သွားပါတယ်။
အဲဒီ ညောင်ပင်ကြီးဟာ အလွန်စိမ်းလန်းစိုပြေပြီး ရသေ့အပါးငါးရာလုံး အဲဒီညောင်ပင်
ရိပ် ခိုနေလို့ ရပါတယ်။
အေး... စိတ်ချမ်းသာလိုက်တာ၊ အေးမြလိုက်တာ...။
၀ါတော်ကြီးတဲ့
ရသေ့က ငါ့ရှင်တို့ ဤညောင်ပင်ကြီးက သာယာဖွယ်ကောင်းလိုက်တာ၊ အရိပ်ကလည်း ကောင်း
လိုက်တာ၊ ဤ ညောင်ပင်ကြီးကို အစိုးရတဲ့ နတ်မင်းတော့ ရှိမှာပဲ။
အရပ်လေးမျက်နှာကိုကြည့်
ပြီး... ငါတို့ကလည်း ရေဆာလှပြီ၊ ဤ ညောင်ပင်နတ်စောင့်ကို ငါ့ရှင်နတ်မင်း ကျွန်ုပ်တို့ ရေဆာနေတယ်၊
ရေကိုပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တဲ့အခါမှာ စမ်းချောင်းမှ ရေစီးဆင်းသလို ညောင်ပင်ကြီးက ချက်ချင်းပဲ ရေစီးဆင်းလာတယ်။ ရသေ့ငါးရာလုံး ရေကို ကိုယ်စီကိုယ်စီ သောက်သုံးပြီးတော့ ရေက အလိုလို ရပ်သွားတယ်။
ထပ်ပြီးတော့ ရသေ့ကြီးက တောင်းပြန်တယ်၊ ညောင်ပင်စောင့် နတ်မင်းကြီး ကျွန်ုပ်တို့
ရေမချိုးရတာ ကြာလှပြီ၊ ရေချိုးချင်ပါတယ်ဆိုတော့ ထပ်ပြီးတော့ ရေတွေပန်းထွက်လာတယ်။
ရသေ့ငါးရာလုံး အားရပါးရ ရေချိုးကြတယ်။ ရေချိုးလို့ပြီးတာနဲ့ ရေက အလိုလို ရပ်သွားတယ်။
ရေလည်း သောက်ကြရပြီ၊ ရေလည်း ချိုးကြရပြီ၊ အစာအဟာရ မစားရသေး။ ဒီတစ်ခါလည်းနတ်မင်းကြီး ကျွန်ုပ်တို့ အစာအဟာရ မစားသုံးရသေးပါ ကျွန်ုပ်တို့ကို (ထမင်း)အစာအဟာရ
ပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တော့ ချက်ချင်း ညောင်ပင်ကြီးထဲက ထမင်းထုပ်တွေ
တစ်ပါးတစ်ထုပ်၊ တစ်ပါးတစ်ထုပ်နဲ့ လက်ခံယူလိုက်ရုံပဲ။ စားသုံးပြီး အပန်းဖြေကြတယ်။
ပြီး တော့မှ ရသေ့ကြီးက တန်ခိုးကြီးတဲ့ ညောင်ပင်စောင့်နတ်မင်း ... ငါတို့.. နတ်မင်းကြီးကို မြင်လိုပါတယ်၊
ငါတို့ကို ကိုယ်ထင်ပြပေးပါ။
ဒီတော့ ချက်ချင်းပဲ နတ်မင်းကြီးက ကိုယ်ထင်ပြတယ်။
ဟာ... အသင်နတ်မင်း ဘုန်း
တန်ခိုးကြီးလိုက်တာ.. အသင်နတ်မင်း အဘယ်အကြောင်းကြောင့်၊ အဘယ်ကုသိုလ်လုပ်ပြီး
ယခုကဲ့သို့ ဘုန်းတန်ခိုးကြီး ချမ်းသာရပါသလဲ ?။
ဒီတော့ နတ်မင်းကြီးက အရှင်ဘုရားတို့ မ
ပြောပြရပါစေနဲ့ဘုရား....၊ လက်အုပ်ချီပြီးတော့ တောင်းပန်တယ်။ ရသေ့ငါးရာတို့ကလည်း
အသင်နတ်မင်းကြီး ပြောသာပြောပါ။ နတ်မင်းကြီးကလည်း ... မပြောပြရစေနဲ့ .. ဘုရား၊
ရှက်စရာကြီး မို့လို့ပါ။
အဲဒီတော့ ရသေ့ကြီးက ပြောသာပြောပါ ကျွန်ုပ်တို့ သိချင်လို့ပါ။ နတ်မင်းကြီးကလည်း
မပြောပြရစေနဲ့လို့ သုံးကြိမ်တိုင်တိုင် ငြင်းပါတယ်၊ လေးကြိမ်မြောက်ကျတော့ .. ဒါဆိုလည်းပြောပြပါ့မယ်ဘုရား.. ။
ဘုရားတပည့်တော် .. နှစ်အနည်းငယ်ကလေးက သာသနာတော်ကြီး
ကို ပစ္စည်းလေးပါးထောက်ပံ့ပြီး ကိုးကွယ်တဲ့ အနာထပိဏ်သူဌေးကြီး ဆိုတာ ရှိပါတယ်ဘုရား။
အနာထပိဏ်သူဌေးကြီးရဲ့အိမ်မှာ တပည့်တော် (အလုပ်သမား)ကျွန်တစ်ယောက် ဖြစ်ခဲ့ပါတယ်
တပည့်တော် နေ့စဉ်အလုပ်မှန်မှန်လုပ်ပြီးမှ စားသောက်နေရပါတယ်ဘုရား။
တစ်နေ့ . တပည့်တော် မနက်စောစော အိပ်ရာမှထပြီး အလုပ်ခွင်သို့သွားကာ အလုပ်
လုပ်ပြန်လာတော့ နေ မွန်းတည့်နေပါပြီ။ ဒီတော့ အနာထပိဏ်သူဌေးက ဟေး.. လုလင်လေး
ဒီနေ့ ဥပုသ်ရက် မေ့နေသလား..?။
အေးကွာ .. မင်းကို သတိပေးဖို့လည်း မေ့သွားကြတယ်။
မင်းအတွက် ထမင်းတွေ၊ ဟင်းတွေ အကုန်ချက်ထားတယ်၊ ညနေစာအတွက်ပါ ချက်ထားတယ်
မင်းကြိုက်သလိုစား...၊ အားလုံးက ဥပုသ်သီလစောင့်ကြတယ်။
ဒီတော့ .. တပည့်တော်လည်း ဥပုသ်စောင့်ပါ့မယ်ဆိုပြီး သီလယူဥပုသ်စောင့်ပါတယ်။
ပြီးတော့ သူဌေးမင်း .. ယနေ့ ရရှိသော လုပ်အားခကို ဘုရားအမှူးရှိသော သံဃာတော်များကို
လှူဒါန်းပါတယ်ဆိုပြီး တစ်နေ့တာလုပ်အားခကို လှူဒါန်းလိုက်ပါတယ်။
ညနေကျတော့ လေနာရောဂါ ထလာပါတယ်။
အဲဒီအချိန်မှာ အနာထပိဏ်သူဌေးကြီး
ရောက်လာပြီး စတုမဓူ စားသုံးပေးဖို့ ဆိုတော့ တပည့်တော်က သီလစင်ကြယ်အောင် သီလ
မညိုးနွမ်းအောင် စောင့်ထိန်းပါ့မယ် မစားသုံးလိုပါဆိုပြီး သီလကိုစင်စင်ကြယ်ကြယ်နဲ့ စောင့်
ထိန်းလိုက်ပါတယ်။
ည လေနာထပြီးသေတော့ ညောင်ပင်စောင့် ရက္ခစိုးဖြစ်လာပါတယ်။
တပည့်တော်ဟာ မကျိုးပေါက်သော နေ့တစ်၀က်သီလ၊ အနည်းငယ်သော တစ်နေ့တာ
လုပ်အားခ ကောင်းမှုကုသိုလ်ကြောင့် ရေလိုရင်ရေ၊ မီးလိုရင်မီး၊ ရွှေလိုရင်ရွှေ၊ ငွေလိုရင်ငွေ
အစာအဟာရလိုရင် အစာအဟာရ .. ရပါတယ်ဘုရား။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အနည်းငယ်သော ကောင်းမှု
ကုသိုလ်သည်ပင်လျှင် အကျိုးပေးကောင်းကြောင်း ကောင်းစွာ သိရှိနားလည်ကြပြီး မိမိတို့
ကောင်းမှုကုသိုလ် ပြုလုပ်တိုင်း ကိုယ်စီကိုယ်ငှ အသိဉာဏ် သတိဖြင့်ပြုလုပ်ကြကာ ဘဝြမင့်သ
ထက်မြင့်အောင် ကျင့်ကြံနိုင်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်
တောရဓမ္မရိပ်သာ၌ မြောက်ဦးဆရာတော် ၀နဝါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော
“ မထီမဲ့မြင် မပြုနှင့် ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
Credit: Original Author

·157 Views