အဆင်ပြေလည်းတစ်ယောက်တည်း
အဆင်မပြေလည်းတစ်ယောက်တည်းမို့
ငါ့အတွက်အဖော်ဆိုတာ
မလိုအပ်တော့ဘူး။
ပင်ပန်းတယ်လို့ခံစားမိရင်
အကုန်လုံးကိုလွှတ်ချတတ်သူမို့
တော်ရုံတန်ရုံလူတွေက
ငါ့ဒဏ်ကိုခံနိုင်ကြမှာမဟုတ်ဘူး။
အချစ်မခံရလည်းငါကအေးဆေးပဲ
ကိုယ့်ကမ္ဘာငယ်လေးထဲမှာ
ကိုယ့်ယဥ်ကျေးမူနဲ့ကိုယ်နေထိုင်တယ်။
မာနတွေ အတ္တတွေသိပ်မရှိပေမယ့်
ကိုယ်ကျင့်သိက္ခာကိုထိပါးလာရင်တော့
လူကောင်းတစ်ယောက်လို
ငါသည်းခံနိုင်မှာမဟုတ်ဘူး။
ဘယ်သူ့အတွက်မှအဖိုးတန်လေး
မဟုတ်ပေမယ့်
ငါက.....
ငါကိုယ်တိုင်ရဲ့အဖိုးတန်လေးပဲ။
#ဖားစည်ရည်ကျော်
#crd_to_owner_with_respectcrd
0 Comments
·0 Shares