❗❗❗ငလျင်လှုပ်ခတ်ပါက အသက်ရှင်ကျန်စေနိုင်မည့် နည်းလမ်း ❗❗❗ ငလျင်လှုပ်ခတ်ပါက ၅ထပ်နှင့်အထက် တိုက်အမြင့်ပေါ်ရောက်နေကြသူများသည် အဓိကအသက်အန္တရာယ်အရှိဆုံးဖြစ်ပါတယ်။ ဓါတ်လှေကားပဲသုံးသုံး ပြေးပဲဆင်းဆင်း အချိန်မှီလွတ်မြောက်ဖို့ မလွယ်နိုင်ပါဘူး။ အဲ့လိုအချိန်မှာ ထွက်မပြေးပဲ အဆောက်အဦးထဲက safe အဖြစ်ဆုံးနေရာကို ရွေးချယ်ပြီးပုန်းခိုဖို့လိုပါတယ်။ တချိူ့က စားပွဲ၊ ကုတင်အောက်၊ ဗီရိုအတွင်း ဝင်ပုန်းကြပေမဲ့ အလုံခြုံဆုံးနေရာမဟုတ်ပါဘူး။ သုတေသနတွေအရ အဆောက်အဦးအမြင့်တွေပြိုကျ‌တဲ့အခါ အသက်ရှင်ကျန်နိုင်မှု အများဆုံးအခန်းတွင်းနေရာဟာ Triangle of Life လို့ခေါ်တဲ့ ထောင့်နေရာတွေပဲဖြစ်ပါတယ်။ မိမိနေတဲ့အခန်းပြတင်းပေါက်နဲ့ဝေးရာ အတွင်းဘက်အကျဆုံး နံရံနှစ်ခုဆုံတဲ့ထောင့်နေရာဖြစ်ပါတယ်။ အဲ့ထောင့်မှာ လူကိုတတ်နိုင်သလောက် သေးနိုင်သမျှသေးအောင် ကျုံ့ကျုံ့လေးကွေးပြီးလှဲနေလိုက်ပါ။ ခေါင်းကိုလုံအောင် ခေါင်းအုံး (သို့) လက်ဖြင့်ကာရံထားပါ။ ထိုနည်းဟာ ထွက်ပြေးခြင်းထက် ပိုအဆင်ပြေနိုင်ပါတယ်။ ငလျင်ရပ်သွားလျင် သွေးအေးမနေပဲ ချက်ခြင်းအဆောက်အဦးအပြင်ကို ထွက်ပြေးရပါမယ်။ လမ်းပေါ်ရောက်တဲ့အခါသတိထားရမှာက ဓါတ်ကြိုးတွေကိုပါ။ ယခုမြို့ပြစနစ်အရ ဓါတ်တိုင်တွေကြိုးကျရင် အောက်မှာထွက်လာကြသူတွေ‌ ပြေးစရာ နေရာမကျန်လောက်ပါ။ ဘန်ကောက်လိုမြို့မျိုးဆို ပိုတောင်ဂရုစိုက်သင့်ပါတယ်။ နောင်အနာဂါတ်မှာ ပြတ်ရွေ့ကြောနဲ့ နီးကပ်တဲ့မြို့တွေအနေနဲ့ အိမ်ရာတွေဆောက်လုပ်မယ်ဆို Steel Structure (သို့) သစ်သားဖြင့်သာဆောက်လုပ်သင့်ပါကြောင်းနှင့် ဆုံးရှုံးမှုများအတွက် ယူကြုံးမရပါကြောင်း။
0 Comments ·0 Shares