ဆုံးရှုံးမှုတွေအကြောင်းမသိချင်ဘူး ပစ္စုပ္ပန်မှာတစ်ယောက်ယောက်ကို ကျစ်ကျစ်ပါအောင်ပွေ့ဖက်ပြီး တစ်ယောက်ယောက်ရဲ့ကိုယ်ငွေ့နွေးနွေးလေးလိုချင်တယ် စကားတွေအတူပြောရယ်မောပြီး ဒီလိုအေးတဲ့ညတွေဆို မီးဖိုဘေးမှာ ဆောင်းရဲ့အအေးဓာတ်ကိုအံတုပြီး တစ်ယောက်အပြုံးကိုတစ်ယောက်က စေ့စေ့စပ်စပ်ကြည့်ပြီး ဟာသလေးတွေပြောချင်တယ် တချို့ညတွေ မီးဖိုဘေးမှာကော်ဖီအတူသောက်ချင်တယ် တချို့ညတွေမှာတော့ ဘီယာလေးသောက်ချင်တယ် ပင်းပန်လာတဲ့ နေ့တွေဆို တစ်ယောက်ရဲ့ အနွေးဓာတ်ကလေးကို ကျန်တစ်ယောက်ကခိုလုံရင်း ဘဝကြီးကို တည်တည်ငြိမ်ငြိမ်ပဲဖြတ်သန်းချင်တယ် စစ်ကြီးကြောင့် ပင်ပန်းနေပြီအချစ်ရယ် လူတွေအကြောင်းလည်းအများကြီးမသိချင်တော့ဘူး လူတွေနဲ့ဆက်ဆံရင်ငါဟာ မာရည်ကျောရည်နဲ့ပင်လယ်လှိုင်းစပ်က ကျောက်ဆောင်တွေလို ဟန်ဆောင်လို့ရပေမယ့် စိတ်ချလို့ရတဲ့တစ်ယောက်ယောက်နားမှာတော့ တိမ်စိုင်လေးလို ဖြစ်ချင်နေမိတယ် .. မျှော်လင့်ချက်ဆိုတာ မထားတတ်ရင် ရင်မောရတယ်ဆိုပေမယ့် တနေ့တော့ လူတွေနဲ့ဝေးနိုင်သမျှအဝေးဆုံးကို မင်းနဲ့အတူတူ ထွက်သွား နိုင်ဖို့မျှော်လင့်တယ်... " ဒီစစ်ပွဲတွေပြီးသွားရင်ပေါ့ " AungSitt
Love
Like
3
· 0 Comments ·0 Shares