စိတ်မပျော်တဲ့အခါ သိပ်ပျော်ခဲ့ရတဲ့အချိန်တွေကို ပြန်သတိရပါ။ ပျော်စရာရှိမှ ပျော်မယ် စိတ်ချမ်းသာစရာရှိမှ စိတ်ချမ်းသာမယ်ဆိုရင်တော့ ဘဝမှာ ပျော်ရွှင်ရဖို့ စိတ်ချမ်းသာရဖို့ဆိုတာ မလွယ်တော့ဘူး။ လူဆိုတဲ့ အမျိုးကိုက ပျော်စရာတွေထက်စာရင် မပျော်စရာတွေကိုမှ စိတ်ချမ်းသာစရာတွေထက်စာရင် စိတ်မချမ်းသာစရာတွေကိုမှ အဆင်ပြေတာတွေထက်စာရင် အဆင်မပြေတာတွေကိုမှ ရွေးပြီးတော့ ကိုယ့်ဘဝထဲကို ဆွဲယူပြီး အမြဲပူတတ်ကြတာ မဟုတ်လား။ ကြုံရတဲ့ ဒုက္ခက နည်းပါတယ် တွေးလိုက်လို့ ရလာတဲ့ ဒုက္ခကသာ များနေတာပါ။ တကယ်တော့ တွေးပူတယ်ဆိုတာ ပူအောင်တွေးလို့ပါ။ အတွေးလျှော့ရင် စိတ်ပေါ့ပါတယ်။ အဆင်မပြေတာက အပူတစ်ခု အဆင်မပြေလို့ စိတ်ညစ်ရတာက အပူ တ စ် ခု "မိအေး နှစ်ခါနာ"ဆိုသလိုပဲ တကယ့်ကိုပဲ ဘဝနှစ်ခါ နာရပါတယ်။ ဒါ့ကြောင့် ဘဝနှစ်ခါ မနာချင်ရင် အတွေးတွေကို လျော့ပြီးတော့ ကြံကြံဖန်ဖန် ပျော်အောင်နေပါ။ ကြံကြံဖန်ဖန် အဆင်ပြေအောင်နေပါ။ ကြံကြံဖန်ဖန် စိတ်ချမ်းသာအောင်နေပါ။ ------------------------------- မေတ္တာဖြင့် အရှင်စန္ဒာဝရာလင်္ကာရ မဟာဂန္ဓာရုံ Credit
Love
Care
2
· 0 Comments ·0 Shares