မောင် က...ကျွန်မအတွက်တော့ ရာသီဥတုလေးလိုပါပဲ။ ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ... နွေးထွေးချင်တဲ့အချိန် အရမ်းနွေးထွေးနေတတ်ပြီး.... အေးစက်သွားတဲ့အခါကျတော့လဲ တိတ်ဆိတ်နေတတ်ပြန်ရော။ ကျွန်မက မေ့ထားချင်ယုံလေးဆို မောင်က မေ့သွားခဲ့တာမျိုးလေ။ ကျွန်မဆိုတာ မောင်လိုက်မရှာတဲ့ပစ္စည်းပစ္စယလေးတခုပါ။ တကယ်လို့များ မောင်သာကမ္ဘာကြီးဖြစ်ခဲ့ရင် ကျွန်မက ပန်းကလေးအဖြစ်နဲ့ မောင်သာ လမင်းကြီးဖြစ်ခဲ့ရင် ကျွန်မက ကြယ်တာရာလေးအဖြစ်နဲ့ ကမ္ဘာကြီးကိုလှပအောင် ၊ လမင်းကြီးရဲ့အလင်းရောင်ပိုမိုလင်လက်နိုင်အောင် ဝန်းရံချင်တာမျိုးပါ မောင်။ #ခင်လေး
0 Comments ·0 Shares