ဘဝမှာ ကိုယ့်ကို ညှာတဲ့လူကိုရွေးချယ်ပါတဲ့💕 ဒီစကားကို ကိုယ့် တီချယ် တစ်ယောက်ကပြောဖူးတယ် အစကတော့ အမှတ်တမဲ့ပဲ သေချာ တွေးကြည့် လိုက်ရင် ကိုယ့်ရဲ့ life partner ရွေးချယ်တဲ့ နေရာမှာ ဒါက အရေးကြီးဆုံး ဖြစ်လိမ့်မယ် ပိုက်ဆံချမ်းသာဖို့ ထက် စိတ်ချမ်းသာဖို့က အရေးကြီးတယ်မဟုတ်လား ကိစ္စသေးသေးလေးက အစ ကိုယ့်ဘက် ငှဲ့ကြည့်တတ်တဲ့ သူမျိုး , ကိုယ်ငိုမှာကို ကြောက်တဲ့သူမျိုး , ဝမ်းနည်းသွားမှာ စိုးလို့ လေသံတောင် မမာတဲ့သူမျိုး ဒီအချက်တွေ အကုန်လုံးက ညှာတယ် ဆိုတဲ့ စကားလုံး တစ်လုံးအောက်မှာ အကုန် ပါ နေတာမဟုတ်လား တစ်ချို့သော သူတွေက ချစ်သာချစ်တာ မညှာတတ်ကြဘူး အနိုင်လိုချင်တဲ့စိတ်က တစ်ခါတစ်ရံ ပိုတတ်ကြတယ် ဘဝမှာ စိတ်ချမ်းသာချင်တဲ့အခါ တကယ်ချစ်ပြီး ကိုယ့်အပေါ်ညှာတဲ့ သူကို ရွေးချယ်ပါ ❤️
Like
1
· 0 Comments ·0 Shares