လွမ်းလွန်းလို့ ရူးတော့မလို...
ဒါပေမယ့် မဆက်သွယ်ရဲဘူး။
တကယ်တမ်း ခင်ဗျားကို လှမ်းခေါ်ဖို့ထက်
ကိုယ့်ကိုကိုယ် ပြန်ချုပ်တည်းနေရတာ
ဘယ်လောက်ခက်ခဲလဲ ခင်ဗျားသိရဲ့လား။
ဖုန်းထဲမှာ ခင်ဗျားနာမည်ကို
ခဏခဏ ရိုက်ထည့်ကြည့်မိတယ်။
ပြီးတော့လည်း မပို့ဖြစ်တဲ့ စာတွေ
တစ်ပုံကြီး ရေးလိုက် ဖျက်လိုက်နဲ့...
ဒီလို နာကျင်မှုတွေနဲ့
ကျွန်တော် နေ့ရက်တွေကို
ဖြတ်သန်းနေရတယ်ဆိုတာ
ခင်ဗျား သိနိုင်ပါ့မလား။
-အညတရ(zero)
0 Comments
·0 Shares