Kg. ပိသာ. ပေါင်. ဂရမ် ကီလိုဂရမ် / ဂရမ် ချိန်နဲ့ ရောင်းတဲ့ အသား ၊ ငါး ၊ ထုတ်ကုန်ပစ္စည်းတွေကို ပိဿာချိန် / ကျပ်သား အတိအကျ နဲ့ တွက်ချက် ဝယ်လိုသူများအတွက်ပါ။ ၁ ပိဿာ 1.63293 kg ၂ ပိဿာ 3.26586 kg ၃ ပိဿာ 4.89879 kg ၄ ပိဿာ 6.53172 kg ၅ ပိဿာ 8.16465 kg ၆ ပိဿာ 9.79758 kg ၇ ပိဿာ 11.43051 kg ၈ ပိဿာ 13.06344 kg ၉ ပိဿာ 14.69637 kg ၁၀ ပိဿာ 16.3293 kg 1 ပိဿာ = 1.63293 ကီလို 1 ကီလို = 61.24 ကျပ်သား ဒါလေးသိထားရင် ကီလိုဂရမ်နဲ့ ရောင်းတဲ့ နေရာတွေမှာ ပိဿာချိန် အတိအကျနဲ့ တွက်ချက်ဝယ်လို့ရပါပြီ။ ___________________________________________ ပါကင် အထုပ်တွေမှာ ဂရမ် နဲ့ ရေးထားတဲ့အခါ ၁၀ ကျပ်သား ဝန်းကျင် - 160 g ၂၅ ကျပ်သား ဝန်းကျင် - 400 g ၅၀ ကျပ်သား ဝန်းကျင် - 800 g ၁ ပိဿာ ဝန်းကျင် - 1600 g ဟူ၍သာ ပါကင်အထုပ်တွေမှာ ရေးထားလေ့ရှိပါတယ်။ အနီးစပ်ဆုံး အလေးချိန်ကိုသာ အလွယ်တကူရေးလေ့ရှိတာကြောင့် အစွန်းထွက် ဂရမ်ကို ဖြုတ်ထားတဲ့သဘောပါ။ အလေးချိန်အတိအကျ ပြောရရင်တော့ ၁၀ ကျပ်သား - 163 g ၂၅ ကျပ်သား - 403 g ၅၀ ကျပ်သား - 816 g ၁ ပိဿာ - 1634 g ဟူ၍ တွက်ချက်နိုင်ပါတယ်။ Credit: Original author