ဘယ်မေတ္တာကိုမှ ထပ်ပြီးမယုံချင်တော့ဘူး...
မေတ္တာငတ်တဲ့ ကောင်ဆိုတော့
ရောက်လာသမျှ မေတ္တာအတုယောင်တွေကိုလဲ
အစစ်လို့ထင်မိတာ မဆန်းပါဘူး ။
ကိုယ်တကယ် ခင်မင်ရတဲ့သူတွေ
ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့သူတွေ
ဘဝထဲကို စိတ်အဆင်ပြေရုံ
သက်သက်လောက်ပဲ
ခဏအလည်လာသွားကြတယ် ။
ပြီးရင် အကြောင်းပြချက်အမျိုးမျိုးနဲ့
စကားလုံး လှလှလေးတွေ သုံးပြီး
ဘဝထဲကနေ အလျှိုလျှို
ပြန်ထွက်သွားတဲ့ သူတွေချည့်ပဲ
တော်ပါပြီ ... ဒီနေ့ကစပြီးတော့
ဘယ်မေတ္တာကိုမှ
ကျနော်ယုံမိတော့မယ် မထင်ဘူး

