တစ်ခါတလေမှာ ကိုယ်သည်လဲဆန္ဒနဲ့ဘဝ တထပ်ထဲကျချင်ခဲ့တာပေါ့။ တချို့အရာတွေက ခါးမှန်းသိလဲကြိတ်မှိတ် မြိုချခဲ့ရတယ် ဆေးဖက်ဝင်လို့တော့မဟုတ်ပါဘူး အဲ့ဒီဒုက္ခတွေကနေပြေးမထွက်နိုင်သေးလို့ပါ။ ပျော်စရာရှိရင်တောင်မှ အပြည့်အဝပျော်ခွင့်မရတဲ့ဘဝမှာ နာကျင်စရာတွေကိုလဲမေ့ထားလို့မရပြန်ဘူး။ ဘဝမှာမတွေးပဲနေလို့ရတဲ့ နာကျင်မှုတွေရှိသလို မတွေးလဲ ကိုယ့်အသိစိတ်ထဲကိုရောက်ရောက်လာတဲ့နာကျင်မှုတွေလဲရှိတယ်။ အတတ်နိုင်ဆုံးမေ့ပျောက်နိုင်အောင် ကြိုးစားပေမယ့်လဲ တချို့သောအတိတ်တွေကအရိပ်လိုကပ်လိုက်လာနေတော့ရုတ်တရက် ဖျက်ထုတ်ဖို့အရမ်းခက်တယ်။ #crd #စာသား #စာပေကြိုက်သူများ
Like
Love
4
· 0 Comments ·0 Shares