ဘဝမှာ တိတ်တိတ်လေးဝင်လာပြီး
သိသိသာသာ ပြန်ထွက်သွားသူများလည်းရှိခဲ့သလို
သိသိသာသာ ဝင်လာပြီးတော့
တိတ်တိတ်လေး ပြန်ထွက်သွားကြတဲ့
ဆက်ဆံရေးမျိုးလည်း ကြုံခဲ့ဖူးပါတယ်။

အများကြီး မျှော်လင့်ထားပေမယ့်လည်း
တဖတ်စောင်းနင်းပေးရတဲ့ နားလည်မှုနဲ့
ဆက်ဆံပေး‌ရသူများကိုလည်း ကြုံဖူးပါတယ်။

ကျွန်တော့်စိတ်ကို တစ်မိနစ် တစ်နာရီ
ပျော်ရွှင်စေတဲ့သူ မည်သူ့ကိုမဆို
ကျွန်တော်အမှတ်တရရှိပါတယ်။
ထိုနည်းတူ ကျွန်တော့်ခံစားချက်ကို
တစ်စက္ကန့် တစ်မိနစ်စာ ထိခိုက်အောင်
လုပ်သွားသူများလည်း အမြဲအမှတ်ရပါတယ်။

ပျော်ရွှင်အောင်လုပ်ပေးသူများအပေါ်..
ကျေးဇူးတင် အမှတ်ထားထားသလို
ထိခိုက်အောင် လုပ်သွားသူများကိုလည်း
သင်ခန်းစာတခုအဖြစ် အမှတ်ထားတတ်ပါတယ်။

ချစ်ခြင်းအပေါ်ဖြစ်ပါစေ..
ခင်မင်မှုအပေါ်ဖြစ်ပါစေ..
သံယောဇဥ်တစ်ခုအပေါ် မှီတင်းပီး
ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပဲမို့
မမြဲတဲ့လောကကြီးမှာ ဘယ်သူ့အပေါ်မဆို
ဘယ် အသိုင်းအဝိုင်းပေါ်ကိုမဆို
ကျေနပ်စွာ လမ်းခွဲတတ်ဖို့ လိုပါတယ်..။

#မွန်ဟော်စိီ #MonHalsey
#ကျေနပ်စွာလမ်းခွဲခြင်း #HealthyDivorce
#တောင်းဆုbookshop
ဘဝမှာ တိတ်တိတ်လေးဝင်လာပြီး သိသိသာသာ ပြန်ထွက်သွားသူများလည်းရှိခဲ့သလို သိသိသာသာ ဝင်လာပြီးတော့ တိတ်တိတ်လေး ပြန်ထွက်သွားကြတဲ့ ဆက်ဆံရေးမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ အများကြီး မျှော်လင့်ထားပေမယ့်လည်း တဖတ်စောင်းနင်းပေးရတဲ့ နားလည်မှုနဲ့ ဆက်ဆံပေး‌ရသူများကိုလည်း ကြုံဖူးပါတယ်။ ကျွန်တော့်စိတ်ကို တစ်မိနစ် တစ်နာရီ ပျော်ရွှင်စေတဲ့သူ မည်သူ့ကိုမဆို ကျွန်တော်အမှတ်တရရှိပါတယ်။ ထိုနည်းတူ ကျွန်တော့်ခံစားချက်ကို တစ်စက္ကန့် တစ်မိနစ်စာ ထိခိုက်အောင် လုပ်သွားသူများလည်း အမြဲအမှတ်ရပါတယ်။ ပျော်ရွှင်အောင်လုပ်ပေးသူများအပေါ်.. ကျေးဇူးတင် အမှတ်ထားထားသလို ထိခိုက်အောင် လုပ်သွားသူများကိုလည်း သင်ခန်းစာတခုအဖြစ် အမှတ်ထားတတ်ပါတယ်။ ချစ်ခြင်းအပေါ်ဖြစ်ပါစေ.. ခင်မင်မှုအပေါ်ဖြစ်ပါစေ.. သံယောဇဥ်တစ်ခုအပေါ် မှီတင်းပီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပဲမို့ မမြဲတဲ့လောကကြီးမှာ ဘယ်သူ့အပေါ်မဆို ဘယ် အသိုင်းအဝိုင်းပေါ်ကိုမဆို ကျေနပ်စွာ လမ်းခွဲတတ်ဖို့ လိုပါတယ်..။ #မွန်ဟော်စိီ #MonHalsey #ကျေနပ်စွာလမ်းခွဲခြင်း #HealthyDivorce #တောင်းဆုbookshop
Care
1
· 0 Comments ·0 Shares ·81 Views