ကိုယ့်ကို မပေးချင်တဲ့ အရာတွေဆိုရင်
မရလည်း ဖြစ်တယ် ဆိုတဲ့ စိတ်နဲ့
အဆင်ပြေအောင် နေပါတယ်"

လူတွေအကြောင်း ပိုသိလာလေ"
ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးက ပိုကြီးလာပြီး
ဆက်ရမယ့် ခရီးတွေက ပိုဝေးလာ သလိုဘဲ"

ဒါကြောင့် အခုနောက်ပိုင်းတွေမှာ
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်လာတယ်"

ကိုယ့်နံဘေးမှာ တစ်စုံတစ်ယောက်ရှိမှ
အဆင်ပြေမယ်လို့ တွေးနေခဲ့ဖူးတဲ့
အတွေးတွေကို ရအောင် ဖျက်တယ်"

ဘဝရဲ့ အမောတွေ ပြေပျောက်ဖို့
ကိုယ့်ကိုယ်ကိုယ်ပဲ နှစ်သိမ့်ပေးချင်လာတယ်"

ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို
စာအုပ်"လေးတွေဖတ် အလုပ်တွေ လုပ်ရင်းနဲ့
သင်ယူသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်"

အချိုဓာတ်နည်းတဲ့ ကော်ဖီတစ်ခွက်ကို
အရင်ကထက်ပိုပြီး ကြိုက်နှစ်သက် လာတယ်"

ဘဝထဲမှာ တချို့လူတွေက သူတို့အလိုရှိလို့
ကိုယ်နဲ့ အဆင်ပြေအောင်"ကြိုးစားနေတာ"

သူတို့ရဲ့ အလိုရမက်တွေ ပြည့်တဲ့ တစ်နေ့
ကိုယ့်ကိုယ် စွန့်ပစ်ဖို့ သူတို့ ဝန်မလေးကြဘူး"

ဒီလို အသုံးချခံရတဲ့ ခံစားချက်ကို
ခံစားဖူးသူတိုင်း သိပါတယ်"

ဒါကြောင့် ~~
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး
ကိုယ့်လိုအပ်ချက်ကိုပဲ ဖြည့်ဆည်းမယ်"

ကိုယ်ဘယ်လောက် မြတ်နိုးတဲ့
အရာကြီးပဲ ဖြစ်ဖြစ် ဆုံးရှုံးသွားပြီ
ဆိုတာနဲ့ အပြီးတိုင် ကျောခိုင်း ထားခဲ့မယ်"

ပန်းကလေးတွေတောင် လှလှပပ ပွင့်ချင်တဲ့
သူတို့အိမ်မက်ကို လေဒဏ် မိုးဒဏ် တွေကို
ကျော်ဖြတ်ပြီး ဖူးပွင့် လာနိုင်သေးတာပဲ"

ကျွန်မ" မှာလည်း အိမ်မက်တွေ ရှိတယ်"
ကိုယ့်ဘဝ ရှင်သန်ဖို့ အတွက် ကိုယ်ကပဲ
အောက်ဆီဂျင် ဖြစ်ချင်ပါတယ်"

လိုချင်တာတွေရှိရင် ကိုယ်တိုင်ဖန်တီး
ယူမယ်ဆိုတဲ့ ခံယူချက် တစ်ခုနဲ့
ကိုယ့်စိတ်ကို ပိုကျန်းမာအောင် ဂရုစိုက်မယ်"

မပျော်ရွှင်တဲ့ နေ့စွဲတွေကို လွှတ်ချခဲ့ပြီး
လက်ကျန် နေ့ရက်တိုင်းကို ပျော်ရွှင်စွာ နဲ့
ကျွန်မ ရှင်သန် နေထိုင် သွားပါ့ မယ်"

Zin Mar Khaing ခိုင် (အညာမြေ) ✍
ကိုယ့်ကို မပေးချင်တဲ့ အရာတွေဆိုရင် မရလည်း ဖြစ်တယ် ဆိုတဲ့ စိတ်နဲ့ အဆင်ပြေအောင် နေပါတယ်" လူတွေအကြောင်း ပိုသိလာလေ" ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးက ပိုကြီးလာပြီး ဆက်ရမယ့် ခရီးတွေက ပိုဝေးလာ သလိုဘဲ" ဒါကြောင့် အခုနောက်ပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်လာတယ်" ကိုယ့်နံဘေးမှာ တစ်စုံတစ်ယောက်ရှိမှ အဆင်ပြေမယ်လို့ တွေးနေခဲ့ဖူးတဲ့ အတွေးတွေကို ရအောင် ဖျက်တယ်" ဘဝရဲ့ အမောတွေ ပြေပျောက်ဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ နှစ်သိမ့်ပေးချင်လာတယ်" ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို စာအုပ်"လေးတွေဖတ် အလုပ်တွေ လုပ်ရင်းနဲ့ သင်ယူသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်" အချိုဓာတ်နည်းတဲ့ ကော်ဖီတစ်ခွက်ကို အရင်ကထက်ပိုပြီး ကြိုက်နှစ်သက် လာတယ်" ဘဝထဲမှာ တချို့လူတွေက သူတို့အလိုရှိလို့ ကိုယ်နဲ့ အဆင်ပြေအောင်"ကြိုးစားနေတာ" သူတို့ရဲ့ အလိုရမက်တွေ ပြည့်တဲ့ တစ်နေ့ ကိုယ့်ကိုယ် စွန့်ပစ်ဖို့ သူတို့ ဝန်မလေးကြဘူး" ဒီလို အသုံးချခံရတဲ့ ခံစားချက်ကို ခံစားဖူးသူတိုင်း သိပါတယ်" ဒါကြောင့် ~~ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး ကိုယ့်လိုအပ်ချက်ကိုပဲ ဖြည့်ဆည်းမယ်" ကိုယ်ဘယ်လောက် မြတ်နိုးတဲ့ အရာကြီးပဲ ဖြစ်ဖြစ် ဆုံးရှုံးသွားပြီ ဆိုတာနဲ့ အပြီးတိုင် ကျောခိုင်း ထားခဲ့မယ်" ပန်းကလေးတွေတောင် လှလှပပ ပွင့်ချင်တဲ့ သူတို့အိမ်မက်ကို လေဒဏ် မိုးဒဏ် တွေကို ကျော်ဖြတ်ပြီး ဖူးပွင့် လာနိုင်သေးတာပဲ" ကျွန်မ" မှာလည်း အိမ်မက်တွေ ရှိတယ်" ကိုယ့်ဘဝ ရှင်သန်ဖို့ အတွက် ကိုယ်ကပဲ အောက်ဆီဂျင် ဖြစ်ချင်ပါတယ်" လိုချင်တာတွေရှိရင် ကိုယ်တိုင်ဖန်တီး ယူမယ်ဆိုတဲ့ ခံယူချက် တစ်ခုနဲ့ ကိုယ့်စိတ်ကို ပိုကျန်းမာအောင် ဂရုစိုက်မယ်" မပျော်ရွှင်တဲ့ နေ့စွဲတွေကို လွှတ်ချခဲ့ပြီး လက်ကျန် နေ့ရက်တိုင်းကို ပျော်ရွှင်စွာ နဲ့ ကျွန်မ ရှင်သန် နေထိုင် သွားပါ့ မယ်" Zin Mar Khaing ခိုင် (အညာမြေ) ✍👸🌻💙
Care
1
· 0 Comments ·0 Shares ·43 Views