■စစ်ကိုင်းမြို့ငလျင်လှုပ်ခတ်ပြီး အခြေအနေနှင့် မြင်ကွင်းများ
မတ် ၂၈ ရက်နေ့လည်ပိုင်းက အလွန်အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့တွင် ဆက်သွယ်ရေးဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည်။
ထို့နောက် မတ် ၂၈ ည ၁၂ နာရီခန့်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့ရရှိသဖြင့် ဒေသခံသတင်းထောက်က ပေးပို့လာသည့် စစ်ကိုင်းမြို့အခြေအနေနှင့် မြင်ကွင်းများအား ဖော်ပြအပ်ပါသည်။
စစ်ကိုင်းမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တိုက်တာအဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူ ရာနှင့်ချီရှိနိုင်ကြောင်း သိရသည်။
အင်အားပြင်ထန်စွာ လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့Down Town ဧရိယာရှိ တိုက်တာအဆောက်အများအပြား ပြိုကျပျက်စီးခဲ့ကာ လူဦးရေများစွာ ပိတ်မိလျက်ရှိပြီး ညပိုင်းအချိန်ထိ ကယ်ဆယ်ထုတ်ယူနိုင်ခြင်း မရှိသေးကြောင်း မြို့ခံများက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့် နှစ်ပေါင်း ၁၀၀ နီးပါးရှိ နာမည်ကျော် အင်းဝ(စစ်ကိုင်း)တံတား(အဟောင်း)သည် ပြိုကျပျက်စီးမှုရှိခဲ့သည်။ ထို့အတူ ဧရာဝတီတံတား( ရတနာပုံ) မှာလည်း ထိခိုက်မှုရှိနိုင်သဖြင့် ငလျင်လှုပ်ခတ်ပြီးနောက် တံတားအသုံးပြုမှုကို အသုံးပြုသွားလာခွင့် ယာယီပိတ်ထားခဲ့သည်။
" အိမ်ကြီးအိမ်ကောင်းတွေ တိုက်တွေက အတော်များများ ပြိုကုန်တာ ။အဲဒီထဲမှာ ပိတ်မိနေတဲ့သူတွေလည်း အများကြီးပဲ ။ ညနေပိုင်းအထိ ကယ်ဆယ်ရေးကောင်းကောင်း မလုပ်နိုင်သေးဘူး ။ ဒီအတိုင်း ထိုင်ကြည့်နေကြရတယ် ။ ဒီလောက်ကြမ်းတာတစ်ခါမှ မကြုံဖူးကြသလို လူတွေက ထိတ်လန့်ပြီး လမ်းပေါ်မှာပဲ ထွက်ထိုင်နေကြရတယ် ။ ကြားရသလောက် မင်းလမ်းက ဗလီထဲမှာ ဝတ်ပြုနေတဲ့သူတွေအများကြီး အကုန်ပိတ်မိနေတာတဲ့ ။ ဗလီက အကုန်ပြိုကျသွားတာ ။ နောက်ပြီး ပုဂ္ဂလိကကျောင်းတစ်ခုမှာလည်း ပြိုကျပြီး ကလေးတွေ ပိတ်မိနေတာတဲ့ ။ တောင်ပေါ်က ဘုန်းကြီးကျောင်းတွေလည်း တော်တော် ထိခိုက်အပျက်အစီး များတယ် ။ အသေအပျောက်ကတော့ ရာနဲ့ချီ ရှိနိုင်တယ်" ဟု မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကိုင်းမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
" ငလျင်လှုပ်တော့ ကျောင်းက စာသင်ခန်းအချို့ နဲ့ အသင်္ခယာ စောယွန်းခန်းမက ပြိုသွားတယ်။ ကျောင်းအုပ်ဆရာမကြီးကတော့ သူ့ရုံးခန်းထဲမှာ ဘီရို ပိပြီး ဆုံးသွားတယ် " အထက ၁ မှ ကျောင်းဆရာတစ်ဦးက ပြောသည်။
" ငလျင်က စလှုပ်ကတည်းက တော်တော်ကြမ်းတာ ။ စကောထဲ ထည့်ထားသလို လူတွေက ရမ်းခါနေတာ ။ အပေါ်အောက် ဘေးတိုက် အကုန်လှုပ်တာ ။ ဒုတိယတကြိမ် လှုပ်တော့လည်း ကြမ်းတာပဲ ။ လူက ထိုင်နေလို့တောင် မရဘူး ။ အိမ်ထဲကနေ အပြင်ကို ထွက်ပြေးလို့တောင် မရဘူး ။ ဈေးကြီးနား မြို့ down town ဧရိယာက သုံးထပ်တိုက်တွေ အာစီတိုက်တွေ တော်တော်များများထိတယ် ။ ပြိုတယ် ။ ဈေးကြီးကတော့ သုံးထပ်ဆောင်က မှန်တွေလောက်ပဲ ကွဲကျတာ” ဟု မြို့ခံတစ်ဦးက ပြောကြားသည်။
■ Website Link >>> https://news-eleven.com/article/301550
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

0 Comments
·0 Shares
·45 Views