■ အင်အားပြင်းငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း ပြိုကျ၍ ပိတ်မိနေသည့် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတော် ခြောက်ပါး ပျံလွန်တော်မူ
အင်အားပြင်းငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း ပြိုကျ၍ပိတ်မိနေသည့် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတော် ခြောက်ပါး ပျံလွန်တော်မူကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်းတွင် အဆောက်အဦးပြိုကျ၍ ပိတ်မိနေသော သံဃာတော်များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ပျံလွန်တော်မူ သံဃာတော်(၆)ပါးတို့၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
#earthquake #Myanmar_Earthquake_2025
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup