အခုအချိန်မှာ လူတိုင်းနီးပါး လိုအပ်နေတဲ့ PFA (Psychological First Aid) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းလေးတွေကိုလည်း အကျဉ်းချုံးလေး မျှဝေပေးချင်ပါတယ်။

PFA ဆိုတာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေပဲ လုပ်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး
မည်သူမဆို PFA ပေးလို့ရပါတယ်
ပညာရှင်များသာမကပဲ စေတနာ့ဝန်ထမ်းတွေ ၊ အရေးပေါ်ကယ်ရေးဝန်ထမ်းတွေအပြင် ပြည်သူလူထုအချင်းချင်း ပေးလို့ရပါသေးတယ် ။
မှန်ကန်တဲ့နည်းလမ်းနဲ့ ပေးနိုင်ဖို့တော့ လိုပါတယ် ။

PFAဆိုတာ ဖြစ်ရပ်ဆိုးနဲ့ ကပ်ဘေးတစ်ခုကြောင့် လောလောလတ်လတ် ထိခိုက်ခံစားနေရသူများကို ဖေးမကူညီပေးဖို့ ရည်ရွယ်ပါတယ်။

လူလုပ်တဲ့ ဘေးအန္တရာယ်အပြင် ယခုလို သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးတွေကို မိမိကိုယ်တိုင်ကြုံတွေ့ရသည်ဖြစ်စေ ၊ တဆင့်မြင်ရကြားရသည်ဖြစ်စေ ကျွန်မတို့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားရကြပါတယ် ။

အဲ့ဒီလို အရေးပေါ်အခြေအနေတွေမှာ ကျွန်မတို့အနေနဲ့ လူသားဆန်တဲ့ အထောက်အပံ့၊ အကူအညီ ၊ ပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ ခေါ်ပါတယ် ။
လက်တွေ့ကျတဲ့ထောက်ပံ့မှုကိုလည်း ဆိုလိုပါတယ်။

Look
အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့
လုံခြုံရေးပါ
အရင်ဆုံး ဒီကပ်ဘေးမှ လွတ်မြောက်သူတွေကို ဘေးကင်းလုံခြုံရာကို ရွေ့ပြောင်းပေးပါ
သူတို့မှာ အရေးတကြီး ဘာလိုအပ်နေလဲဆိုတာကို မြင်အောင်ကြည့်ပါ ။
ရေလိုအပ်ရင် ရေတိုက်ပါ
အဝတ်အထည်လိုအပ်နေတယ်လို့ထင်တယ် ဒါကိုအရင် ဖြည့်ဆည်းပေးပါ
ဆာလောင်နေတယ်လို့ထင်ရင် စားစရာကို ထောက်ပံ့ပေးပါ။

မျက်စိနဲ့မြင်ရသော ပြင်ပထိခိုက်ဒဏ်ရာရနေရင် ကုသမှုပေးနိုင်သောနေရာများသို့ ပို့ဆောင်ပေးပါ
ကနဦးပြုစုစောင့်ရှောက်ကုသမှုပေးပါ ။

အလွန်အမင်းထိခိုက်တုန်လှုပ်နေတယ်လို့ထင်ရင် စိတ်တည်ငြိမ်အောင် ကူညီပေးပါ
ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ကိုယ်က သူ့အားကူညီပေးမယ့်သူဖြစ်တယ်ဆိုတာကို ယုံကြည်အောင် ရိုးရိုးရှင်းရှင်းနဲ့ တိတိကျကျလေး မိတ်ဆက်ဖို့လိုပါတယ် ။
ဒီနေရာမှာ အတင်းအကြပ် မေးမြန်းတာမျိုး ၊ ကြုံတွေ့ရတာတွေကို ပြောပြခိုင်းတာမျိုးကို ရှောင်ပါ
ကာယကံရှင်က မပြောပြချင်ရင် ဒီတိုင်းပဲထားပါ
ငိုနေတဲ့သူဆိုရင်လည်း မငိုနဲ့ တိတ်တိတ်လို့ ပြောမယ့်အစား သူ့ကိုငိုခွင့်ပေးပြီး ကိုယ်က ဆိတ်ဆိတ်နေပေးခြင်းကလည်း ကူညီရာရောက်ပါတယ် ။

Listen
ပြောပြလာတဲ့အခါ ...
သူ့ဘက်မှ သူကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကို မိမိအားရင်ဖွင့်တဲ့အခါမှာလည်း ဂရုတစိုက်နဲ့ နားထောင်ပေးပါ
ဖြတ်မမေးပါနဲ့ ဝေဖန်တာ ကဲ့ရဲ့တာတွေမလုပ်မိပါစေနဲ့
ကံကောင်းလို့အသက်ရှင်တာဆိုတဲ့ အပြောအဆိုမျိုး မပြောမိအောင် သတိထားပါ
ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး လူတိုင်းကြုံနေရတာဆိုတာမျိုး ၊ ငိုနေလို့လည်း ပြီးသွားမှာမဟုတ်ဘူး စတဲ့ ကရုဏာဒေါသောနဲ့ ပြောဆိုမှုမျိုးကို ရှောင်ပါ။
စာနာမှု၊ နားလည်မှု ဖြင့် နားထောင်ပါ ။

Link
ချိတ်ဆက်ပေးပါ
သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပြီးတဲ့အခါ
သူတို့ကို လိုအပ်တဲ့ လူမှုကူညီရေးအထောက်အပံ့တွေနဲ့ ချိတ်ဆက်ပေးတာ ၊ မိသားစုဝင် ဆွေမျိုးတွေနဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးတာ၊ ဘာသာရေးအသိုက်အဝန်း နဲ့အဆက်အသွယ်ရဖို့ စတဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ ချိတ်ဆက်ပေးဖို့ လိုအပ်ပါတယ် ။
ဘေးသင့်သူအချင်းချင်း ၊ ဖြစ်ရပ်ကို ကြုံရသူအချင်းချင်း ဖေးမနိုင်အောင် ကူညီပေးပါ။

ဆယ်ကျော်သက်အပါအဝင် ကလေးသူငယ်တွေ
ကျန်းမာရေးပြဿနာရှိသူတွေ ၊ မသန်စွမ်းသူတွေနဲ့ ခွဲခြားဆက်ဆံခံရနိုင်ခြေရှိသူတွေ ထိခိုက်ခံစားလွယ်သူတွေကတော့ အထူးစောင့်ရှောက်ပေးမှု လိုအပ်ပါတယ်။
တခြားသူ‌တွေထက် ချဉ်းကပ်ရမယ့်ပုံစံချင်းသာမက အကူအညီပေးရာမှာလည်း ကွဲပြားချက်တွေရှိပါတယ် ။

တကယ်တော့ PFA ဆိုတာ ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ် ။
လုပ်ဆောင်ရမယ့် အချက်တွေသာမကပဲ သတိထားရမယ့်အချက်တွေလည်း များပါတယ် ။

ဒါ့အပြင် လိုအပ်သူကို PFA ပေးရင်း ကိုယ်တိုင်လည်း အနားယူဖို့ အချိန်ပေးဖို့လိုအပ်တာကိုလည်း သတိရပါ ။
ခြေကုန်လက်ပမ်းကျတာမျိုး မဖြစ်အောင် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိကိုပဲ အကူအညီပေးပါ ။
ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ တာဝန်မရှိကြောင်းကို အမှတ်ရပေးပါ ။

မိမိကိုယ်တိုင်အပြင် မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဂရုစိုက်ပါ ။
အနားယူဖို့ တိုက်တွန်းပါ

ဖြစ်နိုင်မယ်ဆိုရင်တော့ နောက်တစ်နေ့တာ မိမိ၏လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီး စိတ်ရောကိုယ်ပါ အနားပေးပါ ။
ဒါမှသာလျှင် ကျွန်မတို့အချင်းချင်း ကူညီ‌ဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာ ဖြစ်ပါတယ်

ကျွန်မတို့မှာ ကျွန်မတို့ပဲရှိတယ် မဟုတ်ပါလား

ဒေါက်တာမီ
Reference
စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှု
PFA WHO
(ကွင်းဆင်းလုပ်သားများအတွက် လမ်းညွှန်ချက် စာအုပ်)
အခုအချိန်မှာ လူတိုင်းနီးပါး လိုအပ်နေတဲ့ PFA (Psychological First Aid) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းလေးတွေကိုလည်း အကျဉ်းချုံးလေး မျှဝေပေးချင်ပါတယ်။ PFA ဆိုတာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေပဲ လုပ်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး မည်သူမဆို PFA ပေးလို့ရပါတယ် ပညာရှင်များသာမကပဲ စေတနာ့ဝန်ထမ်းတွေ ၊ အရေးပေါ်ကယ်ရေးဝန်ထမ်းတွေအပြင် ပြည်သူလူထုအချင်းချင်း ပေးလို့ရပါသေးတယ် ။ မှန်ကန်တဲ့နည်းလမ်းနဲ့ ပေးနိုင်ဖို့တော့ လိုပါတယ် ။ PFAဆိုတာ ဖြစ်ရပ်ဆိုးနဲ့ ကပ်ဘေးတစ်ခုကြောင့် လောလောလတ်လတ် ထိခိုက်ခံစားနေရသူများကို ဖေးမကူညီပေးဖို့ ရည်ရွယ်ပါတယ်။ လူလုပ်တဲ့ ဘေးအန္တရာယ်အပြင် ယခုလို သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးတွေကို မိမိကိုယ်တိုင်ကြုံတွေ့ရသည်ဖြစ်စေ ၊ တဆင့်မြင်ရကြားရသည်ဖြစ်စေ ကျွန်မတို့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားရကြပါတယ် ။ အဲ့ဒီလို အရေးပေါ်အခြေအနေတွေမှာ ကျွန်မတို့အနေနဲ့ လူသားဆန်တဲ့ အထောက်အပံ့၊ အကူအညီ ၊ ပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ ခေါ်ပါတယ် ။ လက်တွေ့ကျတဲ့ထောက်ပံ့မှုကိုလည်း ဆိုလိုပါတယ်။ ✅Look အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့ လုံခြုံရေးပါ အရင်ဆုံး ဒီကပ်ဘေးမှ လွတ်မြောက်သူတွေကို ဘေးကင်းလုံခြုံရာကို ရွေ့ပြောင်းပေးပါ သူတို့မှာ အရေးတကြီး ဘာလိုအပ်နေလဲဆိုတာကို မြင်အောင်ကြည့်ပါ ။ ရေလိုအပ်ရင် ရေတိုက်ပါ အဝတ်အထည်လိုအပ်နေတယ်လို့ထင်တယ် ဒါကိုအရင် ဖြည့်ဆည်းပေးပါ ဆာလောင်နေတယ်လို့ထင်ရင် စားစရာကို ထောက်ပံ့ပေးပါ။ မျက်စိနဲ့မြင်ရသော ပြင်ပထိခိုက်ဒဏ်ရာရနေရင် ကုသမှုပေးနိုင်သောနေရာများသို့ ပို့ဆောင်ပေးပါ ကနဦးပြုစုစောင့်ရှောက်ကုသမှုပေးပါ ။ အလွန်အမင်းထိခိုက်တုန်လှုပ်နေတယ်လို့ထင်ရင် စိတ်တည်ငြိမ်အောင် ကူညီပေးပါ ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ကိုယ်က သူ့အားကူညီပေးမယ့်သူဖြစ်တယ်ဆိုတာကို ယုံကြည်အောင် ရိုးရိုးရှင်းရှင်းနဲ့ တိတိကျကျလေး မိတ်ဆက်ဖို့လိုပါတယ် ။ ဒီနေရာမှာ အတင်းအကြပ် မေးမြန်းတာမျိုး ၊ ကြုံတွေ့ရတာတွေကို ပြောပြခိုင်းတာမျိုးကို ရှောင်ပါ ကာယကံရှင်က မပြောပြချင်ရင် ဒီတိုင်းပဲထားပါ ငိုနေတဲ့သူဆိုရင်လည်း မငိုနဲ့ တိတ်တိတ်လို့ ပြောမယ့်အစား သူ့ကိုငိုခွင့်ပေးပြီး ကိုယ်က ဆိတ်ဆိတ်နေပေးခြင်းကလည်း ကူညီရာရောက်ပါတယ် ။ ✅Listen ပြောပြလာတဲ့အခါ ... သူ့ဘက်မှ သူကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကို မိမိအားရင်ဖွင့်တဲ့အခါမှာလည်း ဂရုတစိုက်နဲ့ နားထောင်ပေးပါ ဖြတ်မမေးပါနဲ့ ဝေဖန်တာ ကဲ့ရဲ့တာတွေမလုပ်မိပါစေနဲ့ ကံကောင်းလို့အသက်ရှင်တာဆိုတဲ့ အပြောအဆိုမျိုး မပြောမိအောင် သတိထားပါ ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး လူတိုင်းကြုံနေရတာဆိုတာမျိုး ၊ ငိုနေလို့လည်း ပြီးသွားမှာမဟုတ်ဘူး စတဲ့ ကရုဏာဒေါသောနဲ့ ပြောဆိုမှုမျိုးကို ရှောင်ပါ။ စာနာမှု၊ နားလည်မှု ဖြင့် နားထောင်ပါ ။ ✅Link ချိတ်ဆက်ပေးပါ သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပြီးတဲ့အခါ သူတို့ကို လိုအပ်တဲ့ လူမှုကူညီရေးအထောက်အပံ့တွေနဲ့ ချိတ်ဆက်ပေးတာ ၊ မိသားစုဝင် ဆွေမျိုးတွေနဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးတာ၊ ဘာသာရေးအသိုက်အဝန်း နဲ့အဆက်အသွယ်ရဖို့ စတဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ ချိတ်ဆက်ပေးဖို့ လိုအပ်ပါတယ် ။ ဘေးသင့်သူအချင်းချင်း ၊ ဖြစ်ရပ်ကို ကြုံရသူအချင်းချင်း ဖေးမနိုင်အောင် ကူညီပေးပါ။ ဆယ်ကျော်သက်အပါအဝင် ကလေးသူငယ်တွေ ကျန်းမာရေးပြဿနာရှိသူတွေ ၊ မသန်စွမ်းသူတွေနဲ့ ခွဲခြားဆက်ဆံခံရနိုင်ခြေရှိသူတွေ ထိခိုက်ခံစားလွယ်သူတွေကတော့ အထူးစောင့်ရှောက်ပေးမှု လိုအပ်ပါတယ်။ တခြားသူ‌တွေထက် ချဉ်းကပ်ရမယ့်ပုံစံချင်းသာမက အကူအညီပေးရာမှာလည်း ကွဲပြားချက်တွေရှိပါတယ် ။ တကယ်တော့ PFA ဆိုတာ ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ် ။ လုပ်ဆောင်ရမယ့် အချက်တွေသာမကပဲ သတိထားရမယ့်အချက်တွေလည်း များပါတယ် ။ ဒါ့အပြင် လိုအပ်သူကို PFA ပေးရင်း ကိုယ်တိုင်လည်း အနားယူဖို့ အချိန်ပေးဖို့လိုအပ်တာကိုလည်း သတိရပါ ။ ခြေကုန်လက်ပမ်းကျတာမျိုး မဖြစ်အောင် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိကိုပဲ အကူအညီပေးပါ ။ ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ တာဝန်မရှိကြောင်းကို အမှတ်ရပေးပါ ။ မိမိကိုယ်တိုင်အပြင် မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဂရုစိုက်ပါ ။ အနားယူဖို့ တိုက်တွန်းပါ ဖြစ်နိုင်မယ်ဆိုရင်တော့ နောက်တစ်နေ့တာ မိမိ၏လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီး စိတ်ရောကိုယ်ပါ အနားပေးပါ ။ ဒါမှသာလျှင် ကျွန်မတို့အချင်းချင်း ကူညီ‌ဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာ ဖြစ်ပါတယ် ကျွန်မတို့မှာ ကျွန်မတို့ပဲရှိတယ် မဟုတ်ပါလား ဒေါက်တာမီ Reference စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှု PFA WHO (ကွင်းဆင်းလုပ်သားများအတွက် လမ်းညွှန်ချက် စာအုပ်)
Love
1
· 0 Comments ·0 Shares ·51 Views