လူတစ်ယောက်ကို
ချစ်ရတာဟာ ...
ပင်ပန်းသလား တဲ့ ။
ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်ကို
နှစ်နှစ်ကာကာ ချစ်မိခြင်းကတော့
သိပ် ပင်ပန်းရပါတယ် ။
ကိုယ့်ဖက်ကမှ
ပြောစရာ စကားတွေ ရှိမနေတော့ရင်
ဖုန်းချသွားမှာစိုးလို့
ရေပက်မ၀င်အောင်
စကားပြောခဲ့ရတဲ့ ရက်တွေ
အများကြီး ကြုံလာရတတ်တယ် ။
တစ်ခါတစ်လေ ...
သူ နားထောင်နေမှာပဲဆိုတဲ့အထင်နဲ့
အလေးအနက် ပြောပြီးမှ
တစ်ဖက်က
ခဏ ဘာပြောလိုက်တာလဲဆိုတဲ့
မေးခွန်းတွေအောက်မှာလဲ
ပြိုလဲချင်မိလိမ့်မယ် ။
A4 တစ်ရွက်စာလောက်
စာတွေ ပို့ခဲ့ပြီးမှ
တစ်ဖက်က
အင်း ဆိုတာလေး တစ်လုံးပြန်ရလာတဲ့ နေ့ရက်တွေမှာ
ရင်တွေ နာရလိမ့်မယ် ။
ခဏနော် ...
မအားသေးလို့နော် ...
ခဏနေကျရင် ဖုန်းပြန်ခေါ်လိုက်မယ်နော် ဆိုတဲ့
ခဏတွေ နောက်မှာ
ကိုယ်က ...စောင့်ဆိုင်းရင်း
ပေါ်လာတတ်တဲ့ နေ့တွေမှ အများကြီးပေါ့ ။
ကိုယ့် ...စိတ်ပူမိခြင်းတွေဟာ
အပို လုပ်လွန်းတယ်လို့
အထင်ခံရတတ်ပြီး ...
ကိုယ် ကျတဲ့ မျက်ရည်တွေဟာ
မျက်ရည်ပေါလို့ ကျတယ်လို့ပဲ
အထင်ခံရတတ်ပါတယ် ။
ပိုဆိုးတာက ...
ကိုယ် ဘယ်လောက်ချစ်ပေး ချစ်ပေး
ကိုယ် တစ်ယောက်တည်းနဲ့
မလုံလောက်တတ်တာပါပဲ ။
လူတစ်ယောက်ကို
ချစ်ရတာက
အမြဲတမ်း ပင်ပန်းမယ်လို့တော့ မထင်ပါဘူး ...
ဒါပေမယ့်
ကိုယ့်ကို မချစ်တဲ့ သူကိုမှ
တစ်ဘ၀စာအတွက် ရည်ရွယ်မိရင်
နေ့ရက်တိုင်းကို
ပင်ပင်ပန်းပန်းဖြတ်သန်းရတတ်ပါတယ် ။
#Naing
ချစ်ရတာဟာ ...
ပင်ပန်းသလား တဲ့ ။
ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်ကို
နှစ်နှစ်ကာကာ ချစ်မိခြင်းကတော့
သိပ် ပင်ပန်းရပါတယ် ။
ကိုယ့်ဖက်ကမှ
ပြောစရာ စကားတွေ ရှိမနေတော့ရင်
ဖုန်းချသွားမှာစိုးလို့
ရေပက်မ၀င်အောင်
စကားပြောခဲ့ရတဲ့ ရက်တွေ
အများကြီး ကြုံလာရတတ်တယ် ။
တစ်ခါတစ်လေ ...
သူ နားထောင်နေမှာပဲဆိုတဲ့အထင်နဲ့
အလေးအနက် ပြောပြီးမှ
တစ်ဖက်က
ခဏ ဘာပြောလိုက်တာလဲဆိုတဲ့
မေးခွန်းတွေအောက်မှာလဲ
ပြိုလဲချင်မိလိမ့်မယ် ။
A4 တစ်ရွက်စာလောက်
စာတွေ ပို့ခဲ့ပြီးမှ
တစ်ဖက်က
အင်း ဆိုတာလေး တစ်လုံးပြန်ရလာတဲ့ နေ့ရက်တွေမှာ
ရင်တွေ နာရလိမ့်မယ် ။
ခဏနော် ...
မအားသေးလို့နော် ...
ခဏနေကျရင် ဖုန်းပြန်ခေါ်လိုက်မယ်နော် ဆိုတဲ့
ခဏတွေ နောက်မှာ
ကိုယ်က ...စောင့်ဆိုင်းရင်း
ပေါ်လာတတ်တဲ့ နေ့တွေမှ အများကြီးပေါ့ ။
ကိုယ့် ...စိတ်ပူမိခြင်းတွေဟာ
အပို လုပ်လွန်းတယ်လို့
အထင်ခံရတတ်ပြီး ...
ကိုယ် ကျတဲ့ မျက်ရည်တွေဟာ
မျက်ရည်ပေါလို့ ကျတယ်လို့ပဲ
အထင်ခံရတတ်ပါတယ် ။
ပိုဆိုးတာက ...
ကိုယ် ဘယ်လောက်ချစ်ပေး ချစ်ပေး
ကိုယ် တစ်ယောက်တည်းနဲ့
မလုံလောက်တတ်တာပါပဲ ။
လူတစ်ယောက်ကို
ချစ်ရတာက
အမြဲတမ်း ပင်ပန်းမယ်လို့တော့ မထင်ပါဘူး ...
ဒါပေမယ့်
ကိုယ့်ကို မချစ်တဲ့ သူကိုမှ
တစ်ဘ၀စာအတွက် ရည်ရွယ်မိရင်
နေ့ရက်တိုင်းကို
ပင်ပင်ပန်းပန်းဖြတ်သန်းရတတ်ပါတယ် ။
#Naing
လူတစ်ယောက်ကို
ချစ်ရတာဟာ ...
ပင်ပန်းသလား တဲ့ ။
ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်ကို
နှစ်နှစ်ကာကာ ချစ်မိခြင်းကတော့
သိပ် ပင်ပန်းရပါတယ် ။
ကိုယ့်ဖက်ကမှ
ပြောစရာ စကားတွေ ရှိမနေတော့ရင်
ဖုန်းချသွားမှာစိုးလို့
ရေပက်မ၀င်အောင်
စကားပြောခဲ့ရတဲ့ ရက်တွေ
အများကြီး ကြုံလာရတတ်တယ် ။
တစ်ခါတစ်လေ ...
သူ နားထောင်နေမှာပဲဆိုတဲ့အထင်နဲ့
အလေးအနက် ပြောပြီးမှ
တစ်ဖက်က
ခဏ ဘာပြောလိုက်တာလဲဆိုတဲ့
မေးခွန်းတွေအောက်မှာလဲ
ပြိုလဲချင်မိလိမ့်မယ် ။
A4 တစ်ရွက်စာလောက်
စာတွေ ပို့ခဲ့ပြီးမှ
တစ်ဖက်က
အင်း ဆိုတာလေး တစ်လုံးပြန်ရလာတဲ့ နေ့ရက်တွေမှာ
ရင်တွေ နာရလိမ့်မယ် ။
ခဏနော် ...
မအားသေးလို့နော် ...
ခဏနေကျရင် ဖုန်းပြန်ခေါ်လိုက်မယ်နော် ဆိုတဲ့
ခဏတွေ နောက်မှာ
ကိုယ်က ...စောင့်ဆိုင်းရင်း
ပေါ်လာတတ်တဲ့ နေ့တွေမှ အများကြီးပေါ့ ။
ကိုယ့် ...စိတ်ပူမိခြင်းတွေဟာ
အပို လုပ်လွန်းတယ်လို့
အထင်ခံရတတ်ပြီး ...
ကိုယ် ကျတဲ့ မျက်ရည်တွေဟာ
မျက်ရည်ပေါလို့ ကျတယ်လို့ပဲ
အထင်ခံရတတ်ပါတယ် ။
ပိုဆိုးတာက ...
ကိုယ် ဘယ်လောက်ချစ်ပေး ချစ်ပေး
ကိုယ် တစ်ယောက်တည်းနဲ့
မလုံလောက်တတ်တာပါပဲ ။
လူတစ်ယောက်ကို
ချစ်ရတာက
အမြဲတမ်း ပင်ပန်းမယ်လို့တော့ မထင်ပါဘူး ...
ဒါပေမယ့်
ကိုယ့်ကို မချစ်တဲ့ သူကိုမှ
တစ်ဘ၀စာအတွက် ရည်ရွယ်မိရင်
နေ့ရက်တိုင်းကို
ပင်ပင်ပန်းပန်းဖြတ်သန်းရတတ်ပါတယ် ။
#Naing
