အားနာသင့်တာကိုမှ အားနာပြီး
ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။

တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင်
သင်ယူရဦးမယ် ။

ဒေါသတွေကို အပြုံးတွေနဲ့
လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း
လက်သည်းတွေကို နေရာတိုင်းမှာ
ထုတ်မပြရအောင် ဝှက်ထားရင်း
အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင်
သင်ယူရဦးမယ် ။

ပူလောင်မှုတွေ ကြားထဲက
အေးမြခြင်းတွေကို ရှာဖွေမယ် ။
သောကတွေကို ဖယ်ရှားပြီး
ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။
ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့
ရပ်ဝန်းထဲမှာ နေမယ် ။
နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့
ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။

စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း
အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။

#ကေသရီ
#Note_Pages
အားနာသင့်တာကိုမှ အားနာပြီး ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။ တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင် သင်ယူရဦးမယ် ။ ဒေါသတွေကို အပြုံးတွေနဲ့ လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း လက်သည်းတွေကို နေရာတိုင်းမှာ ထုတ်မပြရအောင် ဝှက်ထားရင်း အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင် သင်ယူရဦးမယ် ။ ပူလောင်မှုတွေ ကြားထဲက အေးမြခြင်းတွေကို ရှာဖွေမယ် ။ သောကတွေကို ဖယ်ရှားပြီး ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။ ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့ ရပ်ဝန်းထဲမှာ နေမယ် ။ နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။ စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။ #ကေသရီ #Note_Pages
Like
Care
2
· 0 Comments ·0 Shares ·40 Views