ရန်မဖြစ်တတ်လို့ မဟုတ်ဘူး
ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင်
ပူလောင်လို့ပါ။

ဒေါသမရှိတာမဟုတ်ဘူး
တစ်ဖက်လူက ဒုတိယ
ကိုယ်ကပထမ ပူလောင်လို့ပါ။

မာနမရှိတာမဟုတ်ပါဘူး
ရေပွက်ပမာ ဘဝခဏတာမှာ
လူမုန်းမများချင်လို့ပါ။

အမုန်းမရှိတာ မဟုတ်ပါဘူး
သူတစ်ပါးအတွက်နဲ့
မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။

လောဘမရှိတာမဟုတ်ပါဘူး
အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။

အညှိုးအတေးမရှိတာမဟုတ်ပါဘူး
ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့
ဥပေက္ခာနဲ့ လဲလိုက်တာပါ။

တကယ်တော့......

ပူထုဇဉ်လူသားတစ်ယောက်ပဲလေ
အကုန်ရှိတာပေါ့။

ဒါပေမယ့်
အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း
သူတစ်ပါးအတွက်နဲ့
မိမိစိတ်ကို
အရောင်မစွန်းထင်းဖို့
မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ

ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။

#credit
နှင်းဆီ စာပေ
#Ingyinnaing 🕊
#foryoupageシ
ရန်မဖြစ်တတ်လို့ မဟုတ်ဘူး ရန်ဖြစ်ဖို့စကားလုံး တွေးတာနဲ့တင် ပူလောင်လို့ပါ။ ဒေါသမရှိတာမဟုတ်ဘူး တစ်ဖက်လူက ဒုတိယ ကိုယ်ကပထမ ပူလောင်လို့ပါ။ မာနမရှိတာမဟုတ်ပါဘူး ရေပွက်ပမာ ဘဝခဏတာမှာ လူမုန်းမများချင်လို့ပါ။ အမုန်းမရှိတာ မဟုတ်ပါဘူး သူတစ်ပါးအတွက်နဲ့ မိမိစိတ် အညစ်အကြေးမစွန်းချင်လို့ပါ။ လောဘမရှိတာမဟုတ်ပါဘူး အသောမသတ်တဲ့ သဘောတရားကပူလောင်လို့ပါ။ အညှိုးအတေးမရှိတာမဟုတ်ပါဘူး ပြန်တွေးမိတိုင်း ပူလောင်လွန်းလို့ ဥပေက္ခာနဲ့ လဲလိုက်တာပါ။ တကယ်တော့...... ပူထုဇဉ်လူသားတစ်ယောက်ပဲလေ အကုန်ရှိတာပေါ့။ ဒါပေမယ့် အသိကို သတိလေးနဲ့ ထိန်းသိမ်းရင်း သူတစ်ပါးအတွက်နဲ့ မိမိစိတ်ကို အရောင်မစွန်းထင်းဖို့ မိမိစိတ်ချမ်းသာဖို့ လုပ်နေတာ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ပါ။ #credit နှင်းဆီ စာပေ #Ingyinnaing 🕊💙 #foryoupageシ
0 Comments ·0 Shares ·31 Views