စည်းထားပါ
လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်..

✍✍✍
လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်..

✍✍✍
အဲဒါကြောင့်…
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ

✍✍✍
သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို

✍✍✍
သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..

✍✍✍
ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်..

✍✍✍
မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့…
မသိချင်ယောင် ဆောင်လိုက်တာလည်း
ရှိတယ်..

✍✍✍
နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ

✍✍✍
ဘာမှတော့ ပြန်မပြောဘူး
ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တစ်ယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..

✍✍✍
ပြောချင်တာက…
ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?

✍✍✍
ဘာကြောင့်…
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?

✍✍✍
ဘာကြောင့်…
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?

✍✍✍
ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..

✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..

✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။

#𝒟𝒲𝒜𝓎𝒦𝒪𝒦𝒪
#မေတ္တာရောင်ခြည်
#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
စည်းထားပါ 🙋🙋🙋🙋 လူတိုင်း လူတိုင်းမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ ရှိပါတယ်.. ✍✍✍ လူသိစေချင်တာ ရှိသလို လူမသိစေချင်တာလည်း ရှိတတ်ကြပါတယ်.. ✍✍✍ အဲဒါကြောင့်… ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ✍✍✍ သိပေမယ့် မသိချင်ယောင် ဆောင်ရသလို ✍✍✍ သိပေမယ့် မပြောပဲ နေပေးရတာလည်း ရှိပါတယ်.. ✍✍✍ ဒီနေရာမှာ "စာနာမှု"က လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြပါတယ်.. ✍✍✍ မိတ်ဆွေအစစ်လို့ ထင်ရတဲ့ ထင်ခဲ့တဲ့ လူတချို့က ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို အတင်းတုပ်တဲ့ အခါ ပုံကြီးချဲ့တဲ့အခါ ကိုယ်က သိပေမဲ့… မသိချင်ယောင် ဆောင်လိုက်တာလည်း ရှိတယ်.. ✍✍✍ နောက်တစ်ခါ သူတို့ ပုံကြီးချဲ့လို့ သိသွားတဲ့သူတွေက မထိခလုတ် ထိခလုတ် ခနဲ့ တဲ့တဲ့ ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ ✍✍✍ ဘာမှတော့ ပြန်မပြောဘူး ဒါပေမယ့် သီးမခံနိုင်တဲ့ တစ်နေ့ ပြန်ပြောရင်လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နိုင်တော့မှာ မဟုတ်ဘူး.. ✍✍✍ ပြောချင်တာက… ဘာကြောင့် လူမှုရေး နယ်ပယ်မှာ စည်း မထားတာလဲ-? ✍✍✍ ဘာကြောင့်… ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင် မထိန်းသိမ်းတာလဲ-? ✍✍✍ ဘာကြောင့်… သူများရဲ့ အကြောင်းအရာတွေကို ပယ်ပယ်နယ်နယ် ပြောပြီး အရသာ ခံချင်ရတာလဲ-? ✍✍✍ ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ် ဆိုတဲ့ အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်.. ✍✍✍ လူတစ်ယောက်ရဲ့ အဆင့်အတန်းက "ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး.. ✍✍✍ လူတစ်ယောက်ရဲ့ အဆင့်အတန်းက "ပါးစပ်စည်းကမ်း ရှိဖို့" နဲ့ "စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။ 📖📖📖📖📖📖📖📖📖 #𝒟𝒲𝒜𝓎𝒦𝒪𝒦𝒪 #မေတ္တာရောင်ခြည် #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
Care
1
· 0 Comments ·0 Shares ·17 Views