သူများအမှားကိုယ့်အမှားဖြစ်မယ်

တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။

အဲဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။
တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။

မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။

မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။

ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်

"ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။
"ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။

"ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"
ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။

အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။

တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
သူများအမှားကိုယ့်အမှားဖြစ်မယ် တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။ အဲဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။ တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။ မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။ မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။ ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ် "ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး" မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။ "ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး" မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။ "ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ" ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။ အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။ တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
0 Comments ·0 Shares ·23 Views