လူမချမ်းသာရင် နေပါစေ...
စိတ်ချမ်းချမ်းသာသာနဲ့ပဲ ကျွန်မ နေချင်မိတယ်။
မနာလို ဝန်တိုမှုတွေ ၊ ကောက်ကျစ် စဉ်းလဲမှုတွေ ၊
အပြိုင်အဆိုင်စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲနေမယ်။
ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ်။

အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ်။
ကော်ဖီတစ်ခွက် ထိုင်သောက်မယ်။
သစ်ပင် စိုက်မယ်။စာဖတ်မယ်။
ကောင်းကောင်း အိပ်မယ်။
ကောင်းကောင်း စားမယ်။

ကိုယ့်ကိုကိုယ် အပြည့်အဝ ချစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတွေရဲ့အနားမှာ နေမယ်။
ချစ်ခြင်းမေတ္တာတွေ မျှဝေမယ်။
အပြန်အလှန် ရိုင်းပင်းကူညီမယ်။
ပြည့်ပြည့်ဝဝ ချစ်မယ်။
နောင်တမရှိတဲ့ ဆက်ဆံရေးတွေကို
တည်ဆောက်မယ်။

တချို့ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ်။
ငွေပေးပြီး ဝယ်လို့မရတဲ့
ပျော်ရွှင်မှုတွေလည်း ရှိတယ်။
ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ်။

ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး။
ရှုပ်ယှက်ခတ်နေတဲ့လူတွေနဲ့
အပေါင်းအသင်း မလုပ်ချင်ဘူး။
ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေကိုလည်း
မတည်ဆောက်ချင်ဘူး။

ရိုးရိုးရှင်းရှင်းလေးပဲ နေမယ်။
တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေးပဲပေါ့.....

#Credit
လူမချမ်းသာရင် နေပါစေ... စိတ်ချမ်းချမ်းသာသာနဲ့ပဲ ကျွန်မ နေချင်မိတယ်။ မနာလို ဝန်တိုမှုတွေ ၊ ကောက်ကျစ် စဉ်းလဲမှုတွေ ၊ အပြိုင်အဆိုင်စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲနေမယ်။ ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ်။ အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ်။ ကော်ဖီတစ်ခွက် ထိုင်သောက်မယ်။ သစ်ပင် စိုက်မယ်။စာဖတ်မယ်။ ကောင်းကောင်း အိပ်မယ်။ ကောင်းကောင်း စားမယ်။ ကိုယ့်ကိုကိုယ် အပြည့်အဝ ချစ်မယ်။ ကိုယ့်ကိုချစ်တဲ့ လူတွေရဲ့အနားမှာ နေမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေမယ်။ အပြန်အလှန် ရိုင်းပင်းကူညီမယ်။ ပြည့်ပြည့်ဝဝ ချစ်မယ်။ နောင်တမရှိတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်မယ်။ တချို့ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ်။ ငွေပေးပြီး ဝယ်လို့မရတဲ့ ပျော်ရွှင်မှုတွေလည်း ရှိတယ်။ ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ်။ ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့လူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေကိုလည်း မတည်ဆောက်ချင်ဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ နေမယ်။ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေးပဲပေါ့..... #Credit
Like
1
· 0 Comments ·0 Shares ·252 Views