ဘယ်သူတွေဘာပြောပြော
ကိုယ်မှန်တယ်ထင်တဲ့လမ်းကို
လျှောက်ရတာပါပဲ။

ဘယ်သူတွေ
ဘယ်လိုဝေဖန်ဝေဖန်
ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို
လုပ်ရတာပါပဲ။

သူတပါးအပြောမှာ
လမ်းမဆုံးအောင်
စကားတွေကို
သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။

ချီးကျူးသူက ချီးကျူးမယ်
ကဲ့ရဲ့သူက ကဲ့ရဲ့မယ်
ဒါသူတို့အလုပ်
ကိုယ့်အလုပ်မှမဟုတ်တာ။

ကိုယ့်အလုပ်က
သူတပါးကိုမထိခိုက်ဖို့နဲ့
ကိုယ်ကိုယ်တိုင်
အရှိတရားတွေကို
လက်ခံတတ်ဖို့ပါပဲ။

မမြဲရင်မတွဲနဲ့တော့
မတွဲရင်မဆွဲနဲ့တော့
ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင်
တစ်ခါထဲသာနာကျင်ခံလိုက်ပါ။

သူကမချစ်လ်ို့ဆိုပြီးလဲ
သူ့ကို မမုန်းနဲ့

သူကချစ်လို့ဆိုပြီးလဲ
အချိန်တိုင်း ပြုံးမနေနဲ့

အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့
တနေ့ကျရင်
ရင့်ကျက်အောင်သာ
သင်ယူလိုက်ပါ။

ခရီးဘယ်လောက်ဝေးဝေး
သတ်မှတ်ထားတဲ့နေရာရောက်ရင်
အကုန်ထားခဲ့ပြီး
ဆင်းခဲ့ရမှာပဲလေ

ဘာတစ်ခုမှ
သယ်ဆောင်လို့မရတဲ့ဘဝမှာ
ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ
အာရုံစိုက်လိုက်ပါ။

#သျှင်လွန်း
ဘယ်သူတွေဘာပြောပြော ကိုယ်မှန်တယ်ထင်တဲ့လမ်းကို လျှောက်ရတာပါပဲ။ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် ကိုယ်မှန်တယ်ထင်တဲ့အလုပ်ကို လုပ်ရတာပါပဲ။ သူတပါးအပြောမှာ လမ်းမဆုံးအောင် စကားတွေကို သိပ်ပြီးနားမထောင်ဖြစ်တော့ဘူး။ ချီးကျူးသူက ချီးကျူးမယ် ကဲ့ရဲ့သူက ကဲ့ရဲ့မယ် ဒါသူတို့အလုပ် ကိုယ့်အလုပ်မှမဟုတ်တာ။ ကိုယ့်အလုပ်က သူတပါးကိုမထိခိုက်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှိတရားတွေကို လက်ခံတတ်ဖို့ပါပဲ။ မမြဲရင်မတွဲနဲ့တော့ မတွဲရင်မဆွဲနဲ့တော့ ကိုယ်ရောသူပါထိခိုက်မယ်ဆိုရင် တစ်ခါထဲသာနာကျင်ခံလိုက်ပါ။ သူကမချစ်လ်ို့ဆိုပြီးလဲ သူ့ကို မမုန်းနဲ့ သူကချစ်လို့ဆိုပြီးလဲ အချိန်တိုင်း ပြုံးမနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်လာရတဲ့ တနေ့ကျရင် ရင့်ကျက်အောင်သာ သင်ယူလိုက်ပါ။ ခရီးဘယ်လောက်ဝေးဝေး သတ်မှတ်ထားတဲ့နေရာရောက်ရင် အကုန်ထားခဲ့ပြီး ဆင်းခဲ့ရမှာပဲလေ ဘာတစ်ခုမှ သယ်ဆောင်လို့မရတဲ့ဘဝမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ အာရုံစိုက်လိုက်ပါ။ #သျှင်လွန်း
0 Comments ·0 Shares ·155 Views