မျှော်လင့်ထား သလိုတွေ
ဖြစ်မလာခဲ့တဲ့အခါ

ကိုယ် အယုံကြည်ရဆုံးသူက ကိုယ့်အပေါ်
မယုံနိုင်လောက်အောင် သစ္စာဖောက်သွားခဲ့တဲ့အခါ

ကိုယ်မြတ်နိုးပြီး တန်ဖိုးထားခဲ့ရတဲ့
အရာတွေအားလုံး ကိုယ့်အနားက တဖြည်းဖြည်းနဲ့
ပျောက်ဆုံး ပျက်စီးသွားခဲ့ရတဲ့အခါ

စိတ်ချပါ
မင်းအလိုလိုရင့်ကျက်ပြီး နေတတ်သွားမှာပါ

စိတ်ချပါ
ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောတရားတချို့ကို
မင်းသေသေချာချာ သဘောပေါက်
နားလည်သွားမှာပါ

စိတ်ချပါ
နာကျင်ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ပူပင်သောကတွေ
ဘယ်လောက်ပဲ ခံစားနေရပါစေ
ဘယ်အရာကိုမှ သိပ်မတုန်လှုပ်တော့ပဲ
ဖြစ်သမျှအကုန် ရင်ဆိုင်တတ်လာမှာပါ

စိတ်ချပါ
မင်းကို ဘယ်သူတွေ ဘယ်လောက်ပဲ မုန်းနေပါစေ
အပြုံးမပျက်ပဲ သည်းခံ ခွင့်လွှတ်တတ်လာမှာပါ

"တကယ်တော့ ရင့်ကျက်မှုဆိုတာ
အသက်အရွယ် ငယ်တာကြီးတာနဲ့ လုံးဝကို
မသက်ဆိုင်ပါ ဖြတ်သန်းခဲ့ရတဲ့ဘဝရဲ့
ကြမ်းတမ်းခြင်း ခက်ခဲခြင်းတွေနဲ့ လှည့်စားတတ်တဲ့ကံကြမ္မာ အချိုးအကွေ့တွေနဲ့သာ တိုက်ရိုက်သက်ဆိုင်တာပါ

#crd_to_owner_with_respect
မျှော်လင့်ထား သလိုတွေ ဖြစ်မလာခဲ့တဲ့အခါ ကိုယ် အယုံကြည်ရဆုံးသူက ကိုယ့်အပေါ် မယုံနိုင်လောက်အောင် သစ္စာဖောက်သွားခဲ့တဲ့အခါ ကိုယ်မြတ်နိုးပြီး တန်ဖိုးထားခဲ့ရတဲ့ အရာတွေအားလုံး ကိုယ့်အနားက တဖြည်းဖြည်းနဲ့ ပျောက်ဆုံး ပျက်စီးသွားခဲ့ရတဲ့အခါ စိတ်ချပါ မင်းအလိုလိုရင့်ကျက်ပြီး နေတတ်သွားမှာပါ စိတ်ချပါ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောတရားတချို့ကို မင်းသေသေချာချာ သဘောပေါက် နားလည်သွားမှာပါ စိတ်ချပါ နာကျင်ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ပူပင်သောကတွေ ဘယ်လောက်ပဲ ခံစားနေရပါစေ ဘယ်အရာကိုမှ သိပ်မတုန်လှုပ်တော့ပဲ ဖြစ်သမျှအကုန် ရင်ဆိုင်တတ်လာမှာပါ စိတ်ချပါ မင်းကို ဘယ်သူတွေ ဘယ်လောက်ပဲ မုန်းနေပါစေ အပြုံးမပျက်ပဲ သည်းခံ ခွင့်လွှတ်တတ်လာမှာပါ "တကယ်တော့ ရင့်ကျက်မှုဆိုတာ အသက်အရွယ် ငယ်တာကြီးတာနဲ့ လုံးဝကို မသက်ဆိုင်ပါ ဖြတ်သန်းခဲ့ရတဲ့ဘဝရဲ့ ကြမ်းတမ်းခြင်း ခက်ခဲခြင်းတွေနဲ့ လှည့်စားတတ်တဲ့ကံကြမ္မာ အချိုးအကွေ့တွေနဲ့သာ တိုက်ရိုက်သက်ဆိုင်တာပါ #crd_to_owner_with_respect
Care
Like
6
· 0 Comments ·0 Shares ·116 Views