ညရောက်တဲ့အခါ တစ်နေ့တာဖြစ်ပျက်သမျှကို
အပြန်လှန် မျှဝေဖို့ လူတစ်ယောက်ရှိနေတဲ့အခါ
ဘဝဟာ နွေးထွေးတာပဲ ။

အရေးကြီးတဲ့ အရာမဟုတ်လည်း
ပြောပြလိုက်ရင် ဖြစ်ခဲ့သမျှက ပိုထူးခြားသွားသလို
ခံစားရစေတယ် ။
ပြဿနာလို့ ထင်တဲ့အရာတွေလည်း
သူ့ဆီပြောပြလိုက်ရင် တစ်ဝက်လောက်က
အဆင်ပြေသွားစေတယ် ။
တကယ်တော့လေ တစ်နေ့တာ ဖြစ်သမျှ
မျှဝေဖို့ … ရယ်စရာတွေပြောဖို့
အခက်ခဲတွေ ရင်ဖွင့်ဖို့ လူတစ်ယောက်ရှိနေရင်
ဖြတ်သန်းရတဲ့ နေ့တွေဟာ အရမ်းခက်ခဲမနေတော့ဘူး ။

သူဟာ ချစ်သူရည်းစား သူငယ်ချင်း ဘယ်သူဖြစ်ဖြစ်
ထပ်တူထပ်မျှ ခံစားနားလည်ပေးနိုင်ရင် ရပြီ ။

တိတ်ဆိတ်ခြင်း နှင့် အမှောင်ထုဟာ
အထီးကျန်တဲ့ ခံစားချက်မျိုး ဖြစ်စေတတ်တာမို့
လူတွေဟာ ညဘက်ရောက်ရင် အိမ် ကို
လွမ်းလာတတ်ကြသတဲ့ ။

အဲ့ဒီအခါမျိုးမှာ အိမ် နဲ့တူတဲ့ လူတစ်ယောက်
ကိုယ့်အတွက်ရှိနေရင် ညတွေဟာ
အထီးကျန်စရာ မရှိတော့ဘူး တဲ့ ….

#TharHtwe
ညရောက်တဲ့အခါ တစ်နေ့တာဖြစ်ပျက်သမျှကို အပြန်လှန် မျှဝေဖို့ လူတစ်ယောက်ရှိနေတဲ့အခါ ဘဝဟာ နွေးထွေးတာပဲ ။ အရေးကြီးတဲ့ အရာမဟုတ်လည်း ပြောပြလိုက်ရင် ဖြစ်ခဲ့သမျှက ပိုထူးခြားသွားသလို ခံစားရစေတယ် ။ ပြဿနာလို့ ထင်တဲ့အရာတွေလည်း သူ့ဆီပြောပြလိုက်ရင် တစ်ဝက်လောက်က အဆင်ပြေသွားစေတယ် ။ တကယ်တော့လေ တစ်နေ့တာ ဖြစ်သမျှ မျှဝေဖို့ … ရယ်စရာတွေပြောဖို့ အခက်ခဲတွေ ရင်ဖွင့်ဖို့ လူတစ်ယောက်ရှိနေရင် ဖြတ်သန်းရတဲ့ နေ့တွေဟာ အရမ်းခက်ခဲမနေတော့ဘူး ။ သူဟာ ချစ်သူရည်းစား သူငယ်ချင်း ဘယ်သူဖြစ်ဖြစ် ထပ်တူထပ်မျှ ခံစားနားလည်ပေးနိုင်ရင် ရပြီ ။ တိတ်ဆိတ်ခြင်း နှင့် အမှောင်ထုဟာ အထီးကျန်တဲ့ ခံစားချက်မျိုး ဖြစ်စေတတ်တာမို့ လူတွေဟာ ညဘက်ရောက်ရင် အိမ် ကို လွမ်းလာတတ်ကြသတဲ့ ။ အဲ့ဒီအခါမျိုးမှာ အိမ် နဲ့တူတဲ့ လူတစ်ယောက် ကိုယ့်အတွက်ရှိနေရင် ညတွေဟာ အထီးကျန်စရာ မရှိတော့ဘူး တဲ့ …. ❤️ #TharHtwe
Love
Like
3
· 0 Comments ·0 Shares ·77 Views