• မိန်းမတွေကို သတိထား
    -----
    တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ပြောပြမယ်

    အမေ့ကို ချစ်ဖွယ်သောစကားဆို

    အဖေ့ကို လေးစားစွာ ဆက်ဆံ

    အစ်ကိုတွေကို ချစ်အောင်ပြော

    အစ်မတွေကို နှစ်သက်အောင်ပြော

    ကလေးတွေကို စိတ်ပါလက်ပါဆက်ဆံ

    ဆွေမျိုးတွေကို မျှဝေလိုစိတ်ထား

    မိတ်ဆွေတွေကို ရယ်ရယ်မောမောပြော

    ဂုဏ်ရှိသူတွေကို ယဉ်ကျေးစွာပြော

    ဈေးသည်ကို ပြတ်ပြတ်ပြော

    ဖောက်သည်ကို ရိုးသား

    အလုပ်သမားကို ယဉ်ကျေး

    နိုင်ငံရေးသမားကို သတိထား

    ဘုရားသခင်ကို တိတ်ဆိတ်စွာရှိခိုး

    အင်း

    ဇနီးမယားကိုလား

    ဟုတ်ကဲ့

    ကိုယ့်မိန်းမကိုတော့

    ပြန်မပြောနဲ့ နားထောင်တဲ့

    ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဦးမယ်

    (၁)

    “မောင်”

    “ဘာလဲ”

    “ကျွန်မ ဝနေလားဟင်”

    “ဝနေတယ်”

    “အေးပေါ့ ဝနေပြီ ပြောတော့မှာပေါ့ ... ရှင် ခိုးခိုးကြည့်နေတဲ့ ဟိုဘက်အိမ်က ကောင်မ ငါးဖောင်ရိုးလိုတော့ မဟုတ်ဘူးပေါ့”

    “တိုးတိုးပြောပါကွာ ... ဟိုကကြားသွားပါ့မယ်”

    “ကြားကြား”

    (၂)

    “မောင်”

    “ပြော”

    “ကျွန်မ ဝလာလား”

    “မဝဘူး”

    “ကလိမ် ... ရှင်ဘယ်တုန်းက လိမ်ပြောတတ်တာလဲ ... ရှေ့တင်တောင် ဒီလောက် လိမ်နေတာ နောက်ကွယ်ဆို ပိုဆိုးတော့မှာပဲ”

    (၃)

    “မောင်”

    “ကျွန်မ ဝနေလားဟင်”

    “အင်း နည်းနည်းလေးတော့ ပြည့်တေ့တေ့ဖြစ်နေတယ်”

    “ဘာ ကျွန်မကို ဖောနေသလိုလို ဖောင်းနေသလို ကျန်းမာရေး မကောင်းသလိုလိုပြောတာ ... အေးလေ မြန်မြန်သေစေချင်နေမှာပေါ့”

    (၄)

    “မောင်”

    “ကျွန်မ ဝနေလားဟင်”

    “မသိတော့ဘူးကွာ”

    “ဪ ... ခုတော့ မသိတော့ဘူးပေါ့ ... ခုတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ ရှင်က မကြည့်ချင် လောက်အောင် ဖြစ်နေပြီပေါ့ ... ရှင်ကန်းနေပြီပေါ့”

    (၅)

    “မောင်”

    “ဘာလဲ”

    “ကျွန်မ ဝနေသလားဟင်”

    “မင်းစိတ်ထဲမှာ ထင်တဲ့အတိုင်းပဲ”

    “ရှင်က ကျွန်မထင်တဲ့အတိုင်းပဲဆိုတော့ ဘာလဲ ကျွန်မကို အဖက်မလုပ်ချင်တဲ့သဘောလား ... ရှင်ပဲ မင်းကို မရရင် သေရပါတော့မယ်ဆိုပြီး မျက်ရည်ကျပြခဲ့တာ မေ့နေပြီလား”

    (၆)

    “မောင်”

    “အင်း”

    “ကျွန်မ ဝနေပြီလား”

    ယောကျ်ားက ပြန်မပြော

    “မောင်”

    ဘာမျှ မတုံ့ပြန်

    “ဘာလဲ ရှင် နားပင်းနေပြီလား”

    (The Way You Treat Your Wife)

    #တင်ညွန့်

    ၁၆.၁.၂၀၂၁

    #credit #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
    မိန်းမတွေကို သတိထား ----- တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ပြောပြမယ် အမေ့ကို ချစ်ဖွယ်သောစကားဆို အဖေ့ကို လေးစားစွာ ဆက်ဆံ အစ်ကိုတွေကို ချစ်အောင်ပြော အစ်မတွေကို နှစ်သက်အောင်ပြော ကလေးတွေကို စိတ်ပါလက်ပါဆက်ဆံ ဆွေမျိုးတွေကို မျှဝေလိုစိတ်ထား မိတ်ဆွေတွေကို ရယ်ရယ်မောမောပြော ဂုဏ်ရှိသူတွေကို ယဉ်ကျေးစွာပြော ဈေးသည်ကို ပြတ်ပြတ်ပြော ဖောက်သည်ကို ရိုးသား အလုပ်သမားကို ယဉ်ကျေး နိုင်ငံရေးသမားကို သတိထား ဘုရားသခင်ကို တိတ်ဆိတ်စွာရှိခိုး အင်း ဇနီးမယားကိုလား ဟုတ်ကဲ့ ကိုယ့်မိန်းမကိုတော့ ပြန်မပြောနဲ့ နားထောင်တဲ့ ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဦးမယ် (၁) “မောင်” “ဘာလဲ” “ကျွန်မ ဝနေလားဟင်” “ဝနေတယ်” “အေးပေါ့ ဝနေပြီ ပြောတော့မှာပေါ့ ... ရှင် ခိုးခိုးကြည့်နေတဲ့ ဟိုဘက်အိမ်က ကောင်မ ငါးဖောင်ရိုးလိုတော့ မဟုတ်ဘူးပေါ့” “တိုးတိုးပြောပါကွာ ... ဟိုကကြားသွားပါ့မယ်” “ကြားကြား” (၂) “မောင်” “ပြော” “ကျွန်မ ဝလာလား” “မဝဘူး” “ကလိမ် ... ရှင်ဘယ်တုန်းက လိမ်ပြောတတ်တာလဲ ... ရှေ့တင်တောင် ဒီလောက် လိမ်နေတာ နောက်ကွယ်ဆို ပိုဆိုးတော့မှာပဲ” (၃) “မောင်” “ကျွန်မ ဝနေလားဟင်” “အင်း နည်းနည်းလေးတော့ ပြည့်တေ့တေ့ဖြစ်နေတယ်” “ဘာ ကျွန်မကို ဖောနေသလိုလို ဖောင်းနေသလို ကျန်းမာရေး မကောင်းသလိုလိုပြောတာ ... အေးလေ မြန်မြန်သေစေချင်နေမှာပေါ့” (၄) “မောင်” “ကျွန်မ ဝနေလားဟင်” “မသိတော့ဘူးကွာ” “ဪ ... ခုတော့ မသိတော့ဘူးပေါ့ ... ခုတော့ ကျွန်မဘာဖြစ်နေတယ်ဆိုတာ ရှင်က မကြည့်ချင် လောက်အောင် ဖြစ်နေပြီပေါ့ ... ရှင်ကန်းနေပြီပေါ့” (၅) “မောင်” “ဘာလဲ” “ကျွန်မ ဝနေသလားဟင်” “မင်းစိတ်ထဲမှာ ထင်တဲ့အတိုင်းပဲ” “ရှင်က ကျွန်မထင်တဲ့အတိုင်းပဲဆိုတော့ ဘာလဲ ကျွန်မကို အဖက်မလုပ်ချင်တဲ့သဘောလား ... ရှင်ပဲ မင်းကို မရရင် သေရပါတော့မယ်ဆိုပြီး မျက်ရည်ကျပြခဲ့တာ မေ့နေပြီလား” (၆) “မောင်” “အင်း” “ကျွန်မ ဝနေပြီလား” ယောကျ်ားက ပြန်မပြော “မောင်” ဘာမျှ မတုံ့ပြန် “ဘာလဲ ရှင် နားပင်းနေပြီလား” (The Way You Treat Your Wife) #တင်ညွန့် ၁၆.၁.၂၀၂၁ #credit #𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
    Haha
    1
    · 0 Comments ·0 Shares ·161 Views
  • Reliable Portland Movers | Local, Long-Distance & Commercial Moves

    Looking for a trusted moving company in Portland, OR? Master Movers has been serving the community since 1992 with reliable local, long-distance, and commercial moving services. From packing and storage to secure transport, our professional team ensures a stress-free move. Locally owned and BBB accredited, we provide honest pricing and exceptional care for every relocation. Get your free moving quote today!

    Link - https://mastermovers.com/
    Reliable Portland Movers | Local, Long-Distance & Commercial Moves Looking for a trusted moving company in Portland, OR? Master Movers has been serving the community since 1992 with reliable local, long-distance, and commercial moving services. From packing and storage to secure transport, our professional team ensures a stress-free move. Locally owned and BBB accredited, we provide honest pricing and exceptional care for every relocation. Get your free moving quote today! Link - https://mastermovers.com/
    Master Movers – Portland, OR
    mastermovers.com
    Master Movers provides high quality local and long distance moving services in the Portland, Oregon area and surrounding communities.
    0 Comments ·0 Shares ·126 Views
  • နှုတ်ချိုတိုင်း မသာယာပါနဲ့
    ******************
    တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အိမ်တစ်အိမ်မှ ဒိန်ခဲတစ်တုံးကိုခိုးယူပြီး သစ်ပင်တစ်ပင်ပေါ်သို့ နားနေတယ် ။ ဒိန်ခဲနံ့ရသော မြေခွေး တစ်ကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေ၏ ထိုအခါ မြေခွေးဟာ အဲဒီဒိန်ခဲတုံးကို ဘယ်လိုကြံလျှင် ပိုင်ဆိုင်ရမည်ဟု တွေးတောနေပါတော့တယ် ။

    မြေခွေးလည်း"မင်္ဂလာနံနက်ခင်းလေးပါ မရွှေကျီး ၊ နေကောင်း ကျန်းမာတော် မူရဲ့လား ။အမွေးအတောင် တွေ လှပသလို မရွှေကျီးရဲ့အသံကလည်း သာယာမှာပဲနော် "ဟု ကျီးကန်းကိုပြောကြားလိုက်၏။ ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏ ။
    ထိုအခါ မိမိဒိန်ခဲအောက်သို့ကျ ပြီးမြေခွေးစာ
    ဖြစ်ရ ရှာတော့တယ်။
    Ref : The Fox and the Crow { Ref = Reference }

    ကျွန်မပတ်ဝန်းကျင်မှာ လူတစ်ချို့ ဒီပုံပြင်တိုလေးက မြေခွေးလို ရှိတတ်ကြပါတယ် ။ မနာလိုမှုတွေ ဖြစ်သောအခါများတွင် လူတစ်ချို့ကမြေခွေးလို ချိုသာသောစကားပြော၍ မြှောက်ပင့်တတ်လေ့ရှိကြ၏ ။ ထိုသူတို့ဟာ သူတစ်ပါးကို နာကျင်အောင် ထိခိုက်အောင် လုပ်ချင်သူသာ ဖြစ်ပါတယ် ။

    မြှောက်ပင့်မှုကို ကြိုက်သူဟာ တစ်ခါတလေမှာ ဒုက္ခတွေ ရတတ်ပါတယ် ။ ကျွန်မတို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတစ်ချို့က ချိုသာမှုများဖြင့်ပြောဆို၍ မှောင်းထုတ်တတ်လေ့ရှိတတ်ပါတယ် ။ အဲဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာမိဖို့ သတိပြုရန် လိုအပ်ပါတယ် ။

    အတုအယောင် ဟန်ဆောင်၍ မြှောက်ပင့်သူတို့ရဲ့ စကားကို နားထောင်မိသော သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ် ။

    အတုအယောင်တို့ရဲ့စကားတိုင်းမှာကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။အကယ်၍ သာယာခဲ့မိလျှင် ကိုယ်ဆီက တစ်ခုခု ပေးတတ်ရ၏ ။

    Credit
    နှုတ်ချိုတိုင်း မသာယာပါနဲ့ ****************** တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အိမ်တစ်အိမ်မှ ဒိန်ခဲတစ်တုံးကိုခိုးယူပြီး သစ်ပင်တစ်ပင်ပေါ်သို့ နားနေတယ် ။ ဒိန်ခဲနံ့ရသော မြေခွေး တစ်ကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေ၏ ထိုအခါ မြေခွေးဟာ အဲဒီဒိန်ခဲတုံးကို ဘယ်လိုကြံလျှင် ပိုင်ဆိုင်ရမည်ဟု တွေးတောနေပါတော့တယ် ။ မြေခွေးလည်း"မင်္ဂလာနံနက်ခင်းလေးပါ မရွှေကျီး ၊ နေကောင်း ကျန်းမာတော် မူရဲ့လား ။အမွေးအတောင် တွေ လှပသလို မရွှေကျီးရဲ့အသံကလည်း သာယာမှာပဲနော် "ဟု ကျီးကန်းကိုပြောကြားလိုက်၏။ ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏ ။ ထိုအခါ မိမိဒိန်ခဲအောက်သို့ကျ ပြီးမြေခွေးစာ ဖြစ်ရ ရှာတော့တယ်။ Ref : The Fox and the Crow { Ref = Reference } ကျွန်မပတ်ဝန်းကျင်မှာ လူတစ်ချို့ ဒီပုံပြင်တိုလေးက မြေခွေးလို ရှိတတ်ကြပါတယ် ။ မနာလိုမှုတွေ ဖြစ်သောအခါများတွင် လူတစ်ချို့ကမြေခွေးလို ချိုသာသောစကားပြော၍ မြှောက်ပင့်တတ်လေ့ရှိကြ၏ ။ ထိုသူတို့ဟာ သူတစ်ပါးကို နာကျင်အောင် ထိခိုက်အောင် လုပ်ချင်သူသာ ဖြစ်ပါတယ် ။ မြှောက်ပင့်မှုကို ကြိုက်သူဟာ တစ်ခါတလေမှာ ဒုက္ခတွေ ရတတ်ပါတယ် ။ ကျွန်မတို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတစ်ချို့က ချိုသာမှုများဖြင့်ပြောဆို၍ မှောင်းထုတ်တတ်လေ့ရှိတတ်ပါတယ် ။ အဲဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာမိဖို့ သတိပြုရန် လိုအပ်ပါတယ် ။ အတုအယောင် ဟန်ဆောင်၍ မြှောက်ပင့်သူတို့ရဲ့ စကားကို နားထောင်မိသော သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ် ။ အတုအယောင်တို့ရဲ့စကားတိုင်းမှာကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။အကယ်၍ သာယာခဲ့မိလျှင် ကိုယ်ဆီက တစ်ခုခု ပေးတတ်ရ၏ ။ Credit
    Care
    1
    · 0 Comments ·0 Shares ·243 Views
  • တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
    ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...

    တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
    ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...

    တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
    ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...

    တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
    သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...

    အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
    ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

    အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
    ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...

    ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...

    အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
    သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
    ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်...

    #Credit_to_the_Original_Uploader
    #စာပေဗဟုသုတများ
    #စာပေချစ်သူ
    #မေတ္တာဖြင့်
    #crd_to_owner_with_respectcrd
    တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်... တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ... တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော... တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင် သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး... အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး... အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး... ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ... အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... #Credit_to_the_Original_Uploader #စာပေဗဟုသုတများ #စာပေချစ်သူ #မေတ္တာဖြင့် #crd_to_owner_with_respectcrd
    Like
    3
    · 0 Comments ·0 Shares ·758 Views
  • လူမချမ်းသာရင် နေပါစေ...
    စိတ်ချမ်းချမ်းသာသာနဲ့ပဲ ကျွန်မ နေချင်မိတယ်။
    မနာလို ဝန်တိုမှုတွေ ၊ ကောက်ကျစ် စဉ်းလဲမှုတွေ ၊
    အပြိုင်အဆိုင်စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲနေမယ်။
    ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ်။

    အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ်။
    ကော်ဖီတစ်ခွက် ထိုင်သောက်မယ်။
    သစ်ပင် စိုက်မယ်။စာဖတ်မယ်။
    ကောင်းကောင်း အိပ်မယ်။
    ကောင်းကောင်း စားမယ်။

    ကိုယ့်ကိုကိုယ် အပြည့်အဝ ချစ်မယ်။
    ကိုယ့်ကိုချစ်တဲ့ လူတွေရဲ့အနားမှာ နေမယ်။
    ချစ်ခြင်းမေတ္တာတွေ မျှဝေမယ်။
    အပြန်အလှန် ရိုင်းပင်းကူညီမယ်။
    ပြည့်ပြည့်ဝဝ ချစ်မယ်။
    နောင်တမရှိတဲ့ ဆက်ဆံရေးတွေကို
    တည်ဆောက်မယ်။

    တချို့ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ်။
    ငွေပေးပြီး ဝယ်လို့မရတဲ့
    ပျော်ရွှင်မှုတွေလည်း ရှိတယ်။
    ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ်။

    ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး။
    ရှုပ်ယှက်ခတ်နေတဲ့လူတွေနဲ့
    အပေါင်းအသင်း မလုပ်ချင်ဘူး။
    ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေကိုလည်း
    မတည်ဆောက်ချင်ဘူး။

    ရိုးရိုးရှင်းရှင်းလေးပဲ နေမယ်။
    တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေးပဲပေါ့.....

    #Credit
    လူမချမ်းသာရင် နေပါစေ... စိတ်ချမ်းချမ်းသာသာနဲ့ပဲ ကျွန်မ နေချင်မိတယ်။ မနာလို ဝန်တိုမှုတွေ ၊ ကောက်ကျစ် စဉ်းလဲမှုတွေ ၊ အပြိုင်အဆိုင်စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲနေမယ်။ ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ်။ အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ်။ ကော်ဖီတစ်ခွက် ထိုင်သောက်မယ်။ သစ်ပင် စိုက်မယ်။စာဖတ်မယ်။ ကောင်းကောင်း အိပ်မယ်။ ကောင်းကောင်း စားမယ်။ ကိုယ့်ကိုကိုယ် အပြည့်အဝ ချစ်မယ်။ ကိုယ့်ကိုချစ်တဲ့ လူတွေရဲ့အနားမှာ နေမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေမယ်။ အပြန်အလှန် ရိုင်းပင်းကူညီမယ်။ ပြည့်ပြည့်ဝဝ ချစ်မယ်။ နောင်တမရှိတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်မယ်။ တချို့ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ်။ ငွေပေးပြီး ဝယ်လို့မရတဲ့ ပျော်ရွှင်မှုတွေလည်း ရှိတယ်။ ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ်။ ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့လူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေကိုလည်း မတည်ဆောက်ချင်ဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ နေမယ်။ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေးပဲပေါ့..... #Credit
    Like
    1
    · 0 Comments ·0 Shares ·460 Views
  • လူတွေက အကြွေး တင်တာတို့
    သူများဆီက ချေးငှား ရတာတို့ကို
    ရှက်စရာလို့ မြင်တတ်ကြတယ်။

    မပြေလည်တဲ့အချိန် ပြေလည်တဲ့လူဆီက
    ချေးငှားရတာ ရှက်စရာတော့ မဟုတ်ဘူး။

    " ငွေချေးတာ အကြွေးရှိတာက
    ရှက်စရာ မဟုတ်ဘူး။ပြန်မဆပ်တာကမှ ရှက်စရာပါ "

    အကြွေးရှိရင် ဆပ်ဖြစ်အောင် ဆပ်ပါ။
    ပြန် မပေးနိုင်သေးရင် တောင်းပန်ပါ။

    အကြွေးရှိတာ ကို မရှက်နဲ့။
    အကြွေးမဆပ်နိုင်မှာ ကိုပဲ ရှက်ပါ။

    #credit
    လူတွေက အကြွေး တင်တာတို့ သူများဆီက ချေးငှား ရတာတို့ကို ရှက်စရာလို့ မြင်တတ်ကြတယ်။ မပြေလည်တဲ့အချိန် ပြေလည်တဲ့လူဆီက ချေးငှားရတာ ရှက်စရာတော့ မဟုတ်ဘူး။ " ငွေချေးတာ အကြွေးရှိတာက ရှက်စရာ မဟုတ်ဘူး။ပြန်မဆပ်တာကမှ ရှက်စရာပါ " အကြွေးရှိရင် ဆပ်ဖြစ်အောင် ဆပ်ပါ။ ပြန် မပေးနိုင်သေးရင် တောင်းပန်ပါ။ အကြွေးရှိတာ ကို မရှက်နဲ့။ အကြွေးမဆပ်နိုင်မှာ ကိုပဲ ရှက်ပါ။ #credit
    Love
    1
    · 0 Comments ·0 Shares ·250 Views
  • နေရာ ရဖို့ထက် စေတနာလှဖို့က အဓိကပါ ။

    ကိုယ့်စေတနာသာမှန်ရင်
    ကိုယ်နှင့်တန်တဲ့နေရာ ရှိနေမှာပါ ။

    အကောင်းရဖို့ဆိုရင်
    အကြောင်းလှဖို့လည်း လိုတယ်လေ ။

    နည်းနည်းလေးလုပ်ပြီးမှ များများတော့ လိုချင်လို့ မရပါဘူး။
    ကိုယ်နှင့်တန်သလောက်ပဲ ရမှာပါ ။

    အဖိုးတန်တဲ့ အရာတွေဆိုတာ
    အကြံဖန်တွေနဲ့ လုံး၀ မရနိုင်ပါဘူး ။

    အမှန်ကန်တွေ လုပ်ထားမှ ကိုယ်ရဖို့ သေချာနိုင်ပါတယ် ။

    တစ်ချို့က မမှန်ကန်တဲ့နည်းနှင့် နေရာတွေ ရနေတတ်ကြတယ် ။

    လက်တွေ့ဘဝတော့ခဏလေး ဟန်ကျပေမယ့်လည်း

    သံသရာဘ၀မှာတော့ နလန်မထနိုင်အောင် ခံစားရမှာပါ ။

    သူများ မိုးခါးရေသောက်တိုင်း
    ကိုယ်လိုက် မသောက်မိပါစေနဲ့ ။
    မိမိစိတ်ထား ဖြူ စင်ဖို့ပဲ ကြိုးစားပါ ။

    #crd_to_owner_with_respect #hightlights #ဘ၀လမ်းညွှန် #မေတ္တာဖြင့်စာပေမျှဝေသူ #credit
    #crd
    နေရာ ရဖို့ထက် စေတနာလှဖို့က အဓိကပါ ။ ကိုယ့်စေတနာသာမှန်ရင် ကိုယ်နှင့်တန်တဲ့နေရာ ရှိနေမှာပါ ။ အကောင်းရဖို့ဆိုရင် အကြောင်းလှဖို့လည်း လိုတယ်လေ ။ နည်းနည်းလေးလုပ်ပြီးမှ များများတော့ လိုချင်လို့ မရပါဘူး။ ကိုယ်နှင့်တန်သလောက်ပဲ ရမှာပါ ။ အဖိုးတန်တဲ့ အရာတွေဆိုတာ အကြံဖန်တွေနဲ့ လုံး၀ မရနိုင်ပါဘူး ။ အမှန်ကန်တွေ လုပ်ထားမှ ကိုယ်ရဖို့ သေချာနိုင်ပါတယ် ။ တစ်ချို့က မမှန်ကန်တဲ့နည်းနှင့် နေရာတွေ ရနေတတ်ကြတယ် ။ လက်တွေ့ဘဝတော့ခဏလေး ဟန်ကျပေမယ့်လည်း သံသရာဘ၀မှာတော့ နလန်မထနိုင်အောင် ခံစားရမှာပါ ။ သူများ မိုးခါးရေသောက်တိုင်း ကိုယ်လိုက် မသောက်မိပါစေနဲ့ ။ မိမိစိတ်ထား ဖြူ စင်ဖို့ပဲ ကြိုးစားပါ ။ #crd_to_owner_with_respect #hightlights #ဘ၀လမ်းညွှန် #မေတ္တာဖြင့်စာပေမျှဝေသူ #credit #crd
    Care
    1
    · 0 Comments ·0 Shares ·520 Views
  • မင်းရဲ့စိတ်ကိုထိန်းချုပ်ပါ
    (၁)။ မင်းကို မရှာတဲ့သူကို မရှာပါနဲ့။
    (၂)။ အကြွေးနဲ့ ကင်းအောင်နေပါ။
    (၃)။ လိုအပ်တာထက် ပိုမပြောပါနှင့်။
    (၄)။ လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။
    (၅)။ တခြားသူတွေ စားတာထက် ပိုမစားပါနဲ့။ အစားအသောက် ဆင်ခြင်ပါ။
    (၆)။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကို ကိုယ် ပျော်အောင်ထားပါ။
    (၇)။ အခြားသူများအကြောင်း အတင်းအဖျင်း ပြောခြင်းကို ရပ်တန့်ပါ။
    (၈)။ စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်း ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်က ထွက်လာတဲ့ စကားလုံး လေသံ တွေပါ။
    (၉)။ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ သင့် ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။
    (၁၀)။ အချိန်ကို လေးစားပါ။
    (၁၁)။ လေးစားတန်ဖိုးထားမှု မရှိတဲ့ နယ်ပယ် လေးစားတန်ဖိုးထားမှု မရှိတဲ့ ဆက်ဆံရေးမှာ မနေ ပါနဲ့။ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။
    ( ၁၂)။ သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင် သင်ယူပါ။ လူတွေက မင်းကို အသုံးပြုဖို့ သင်ယူလိမ့်မယ်။ (သို့မဟုတ်)ရှာဖွေလိမ့်မယ်။
    (၁၃)။ ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့် ကိုယ့် အရည်အချင်းတွေ မြင့်တင်ပါ။
    (၁၄)။ လက်ခံသူထက် ပိုပြီး ပေးကမ်းသူ ဖြစ်ပါ စေ၊၊
    (၁၅)။ မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သော အခါတွင်လည်း သင်၏ ကြိုဆိုမှုကို လွန်ကဲ စွာ မပြုပါနဲ့။
    (၁၆)။ လူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။
    (၁၇)။ မင်းမိသားစုကို အချိန်ပေးနေတာက လွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ ၁၈)။ ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ် ပါ။
    မင်းဖြစ်ချင်တဲ့ ဆန္ဒ အကောင်းဆုံးဖြစ်ပါစေ။

    Credit. မူရင်း
    မင်းရဲ့စိတ်ကိုထိန်းချုပ်ပါ (၁)။ မင်းကို မရှာတဲ့သူကို မရှာပါနဲ့။ (၂)။ အကြွေးနဲ့ ကင်းအောင်နေပါ။ (၃)။ လိုအပ်တာထက် ပိုမပြောပါနှင့်။ (၄)။ လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။ (၅)။ တခြားသူတွေ စားတာထက် ပိုမစားပါနဲ့။ အစားအသောက် ဆင်ခြင်ပါ။ (၆)။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကို ကိုယ် ပျော်အောင်ထားပါ။ (၇)။ အခြားသူများအကြောင်း အတင်းအဖျင်း ပြောခြင်းကို ရပ်တန့်ပါ။ (၈)။ စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်း ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်က ထွက်လာတဲ့ စကားလုံး လေသံ တွေပါ။ (၉)။ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ သင့် ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။ (၁၀)။ အချိန်ကို လေးစားပါ။ (၁၁)။ လေးစားတန်ဖိုးထားမှု မရှိတဲ့ နယ်ပယ် လေးစားတန်ဖိုးထားမှု မရှိတဲ့ ဆက်ဆံရေးမှာ မနေ ပါနဲ့။ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။ ( ၁၂)။ သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင် သင်ယူပါ။ လူတွေက မင်းကို အသုံးပြုဖို့ သင်ယူလိမ့်မယ်။ (သို့မဟုတ်)ရှာဖွေလိမ့်မယ်။ (၁၃)။ ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့် ကိုယ့် အရည်အချင်းတွေ မြင့်တင်ပါ။ (၁၄)။ လက်ခံသူထက် ပိုပြီး ပေးကမ်းသူ ဖြစ်ပါ စေ၊၊ (၁၅)။ မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သော အခါတွင်လည်း သင်၏ ကြိုဆိုမှုကို လွန်ကဲ စွာ မပြုပါနဲ့။ (၁၆)။ လူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။ (၁၇)။ မင်းမိသားစုကို အချိန်ပေးနေတာက လွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ ၁၈)။ ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ် ပါ။ မင်းဖြစ်ချင်တဲ့ ဆန္ဒ အကောင်းဆုံးဖြစ်ပါစေ။ Credit. မူရင်း
    Care
    1
    · 0 Comments ·0 Shares ·396 Views
  • အမေကို စိတ်မဆင်းရဲပါစေနဲ့
    **********************

    သင်…
    အမေ့ကို တကယ်ချစ်သလား-?

    အပြောထက်
    အလုပ်နဲ့ သက်သေပြဖို့
    ဘယ်လို အခြေအနေ
    ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ

    အမေကို
    စိတ်ချမ်းသာအောင်တော့
    ထားပေးပါ။

    မရှိတော့မှ
    တောင့်တနေမယ့် အစား
    ရှိနေတုန်းလေးမှာ
    အမေပျော်အောင် ထားကြပါ။

    မိမိအတွက်နဲ့
    အမေ စိတ်မဆင်းရဲရပါစေနဲ့။

    အမေ စိတ်ပျော်ရွှင်စွာ
    နေရဖို့အတွက်
    မိမိရဲ့ အပြုအမူ
    အပြောအဆိုလေးတွေ
    လိမ္မာယဉ်ကျေးနေပါစေ။

    ဘာမှ မတည်မြဲတဲ့
    လောကကြီးထဲမှာ
    ဘယ်အရာတွေ
    ဘယ်လိုဟောင်းသွားလဲ

    အမေ့မေတ္တာ
    အမေ့စေတနာတွေက
    ဘယ်တော့မှ မဟောင်း
    ဘယ်တော့မှ မပြောင်းလဲပါဘူး။

    ဒါကြောင့်…
    အမေ ရှိနေခိုက်လေးမှာ
    ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
    ကျေးဇူး မကန်းမိအောင်တော့
    အထူး သတိထားပါ။

    အမေ မရှိတော့ရင်လည်း
    အမေ့ကျေးဇူး အထူးသိတတ်ပြီး
    အမေ့ကို ရည်စူးကာ
    ကုသိုလ်ကောင်းမှု ပြုပေးကြပါ။

    ဒါမှ
    လူသားဆန် လူပီသပြီး
    လူ့တန်ဖိုး နားလည်သူအဖြစ်
    မိမိကိုယ်ကို
    ဂုဏ်ယူနေရပါလိမ့်မယ်။


    အရှင်ပုည( ဝကုန်း )

    #Credit
    အမေကို စိတ်မဆင်းရဲပါစေနဲ့ ********************** သင်… အမေ့ကို တကယ်ချစ်သလား-? အပြောထက် အလုပ်နဲ့ သက်သေပြဖို့ ဘယ်လို အခြေအနေ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ အမေကို စိတ်ချမ်းသာအောင်တော့ ထားပေးပါ။ မရှိတော့မှ တောင့်တနေမယ့် အစား ရှိနေတုန်းလေးမှာ အမေပျော်အောင် ထားကြပါ။ မိမိအတွက်နဲ့ အမေ စိတ်မဆင်းရဲရပါစေနဲ့။ အမေ စိတ်ပျော်ရွှင်စွာ နေရဖို့အတွက် မိမိရဲ့ အပြုအမူ အပြောအဆိုလေးတွေ လိမ္မာယဉ်ကျေးနေပါစေ။ ဘာမှ မတည်မြဲတဲ့ လောကကြီးထဲမှာ ဘယ်အရာတွေ ဘယ်လိုဟောင်းသွားလဲ အမေ့မေတ္တာ အမေ့စေတနာတွေက ဘယ်တော့မှ မဟောင်း ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒါကြောင့်… အမေ ရှိနေခိုက်လေးမှာ ကျေးဇူး မဆပ်နိုင်ရင်တောင်မှ ကျေးဇူး မကန်းမိအောင်တော့ အထူး သတိထားပါ။ အမေ မရှိတော့ရင်လည်း အမေ့ကျေးဇူး အထူးသိတတ်ပြီး အမေ့ကို ရည်စူးကာ ကုသိုလ်ကောင်းမှု ပြုပေးကြပါ။ ဒါမှ လူသားဆန် လူပီသပြီး လူ့တန်ဖိုး နားလည်သူအဖြစ် မိမိကိုယ်ကို ဂုဏ်ယူနေရပါလိမ့်မယ်။ … အရှင်ပုည( ဝကုန်း ) #Credit
    Care
    1
    · 0 Comments ·0 Shares ·394 Views
  • စားကြမလား
    ရာသီဥတုကပူတော့
    အရမ်းစားကောင်း
    #အစားသောက်မြတ်နိုးသူ
    #photo credit
    စားကြမလား ရာသီဥတုကပူတော့ အရမ်းစားကောင်း #အစားသောက်မြတ်နိုးသူ #photo credit
    0 Comments ·0 Shares ·315 Views
  • စိတ်ကောင်းရှိနေရုံနဲ့ မရဘူး
    ဗဟုသုတလည်း ရှိဦးမှ

    စိတ်ကောင်းသာ ရှိပြီး ဗဟုသုတ မရှိရင်
    လုပ်သာ လုပ်ပေးချင်ပေမဲ့
    ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိဘူး

    ဗဟုသုတရှိနေရုံနဲ့လည်း မပြီးဘူး
    စိတ်ကောင်းလေးလည်း ရှိဦးမှ

    ဗဟုသုတသာ ရှိပြီး စိတ်ကောင်းမရှိရင်
    လုပ်ပေးချင်တဲ့ စေတနာတွေ၊
    ကောင်းစားစေချင်တဲ့ မေတ္တာတွေ
    ဖြစ်မလာနိုင်ဘူး

    ဒါကြောင့်...
    သမ္မတဖြစ်ဖြစ်
    သူတောင်းစားဖြစ်ဖြစ်
    ခေါင်းဆောင်ဖြစ်ဖြစ်
    နောက်လိုက်ဖြစ်ဖြစ်
    စာလေးတော့ ဖတ်မှ

    လင်ကွန်း စာဖတ်တယ်
    ဗိုလ်အောင်ဆန်း စာဖတ်တယ်
    ဂန္ဓီ စာဖတ်တယ်
    သီအိုဒိုရုစဗဲ့ စာဖတ်တယ်
    ဝင်စတန်ချာချီ စာဖတ်တယ်

    သူတို့ဟာ စာဖတ်ခြင်းက ရလာတဲ့
    ဗဟုသုတတွေကို ကောင်းမွန်တဲ့
    စိတ်ထားနဲ့ ပေါင်းစပ်ပြီး
    သမိုင်းလှလှတွေ ဖန်တီးနိုင်ခဲ့ကြတယ်

    အီလွန်မတ် စာဖတ်တယ်
    ဇူကာဘတ် စာဖတ်တယ်
    ဘီဂိတ် စာဖတ်တယ်
    ဂျက်မား စာဖတ်တယ်
    သူတို့ဟာ စာဖတ်ရင်း
    ဘဝကို အကောင်းဆုံး ပုံဖော်နိုင်သွားကြတယ်

    စိတ်ကောင်း ဘယ်လောက်ရှိရှိ
    စာမဖတ်ဘူးဆိုရင်
    ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုရင်တောင်
    သေချာတယ်
    ဘယ်သူ့ကိုမှ ကူညီနိုင်မှာ မဟုတ်ဘူး

    ဘာပဲဖြစ်ဖြစ် စာလေးတော့ ဖတ်မှ

    Credit မောင်ခေမိန်(မကွေး)
    စိတ်ကောင်းရှိနေရုံနဲ့ မရဘူး ဗဟုသုတလည်း ရှိဦးမှ စိတ်ကောင်းသာ ရှိပြီး ဗဟုသုတ မရှိရင် လုပ်သာ လုပ်ပေးချင်ပေမဲ့ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိဘူး ဗဟုသုတရှိနေရုံနဲ့လည်း မပြီးဘူး စိတ်ကောင်းလေးလည်း ရှိဦးမှ ဗဟုသုတသာ ရှိပြီး စိတ်ကောင်းမရှိရင် လုပ်ပေးချင်တဲ့ စေတနာတွေ၊ ကောင်းစားစေချင်တဲ့ မေတ္တာတွေ ဖြစ်မလာနိုင်ဘူး ဒါကြောင့်... သမ္မတဖြစ်ဖြစ် သူတောင်းစားဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ဖြစ် နောက်လိုက်ဖြစ်ဖြစ် စာလေးတော့ ဖတ်မှ လင်ကွန်း စာဖတ်တယ် ဗိုလ်အောင်ဆန်း စာဖတ်တယ် ဂန္ဓီ စာဖတ်တယ် သီအိုဒိုရုစဗဲ့ စာဖတ်တယ် ဝင်စတန်ချာချီ စာဖတ်တယ် သူတို့ဟာ စာဖတ်ခြင်းက ရလာတဲ့ ဗဟုသုတတွေကို ကောင်းမွန်တဲ့ စိတ်ထားနဲ့ ပေါင်းစပ်ပြီး သမိုင်းလှလှတွေ ဖန်တီးနိုင်ခဲ့ကြတယ် အီလွန်မတ် စာဖတ်တယ် ဇူကာဘတ် စာဖတ်တယ် ဘီဂိတ် စာဖတ်တယ် ဂျက်မား စာဖတ်တယ် သူတို့ဟာ စာဖတ်ရင်း ဘဝကို အကောင်းဆုံး ပုံဖော်နိုင်သွားကြတယ် စိတ်ကောင်း ဘယ်လောက်ရှိရှိ စာမဖတ်ဘူးဆိုရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုရင်တောင် သေချာတယ် ဘယ်သူ့ကိုမှ ကူညီနိုင်မှာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် စာလေးတော့ ဖတ်မှ Credit မောင်ခေမိန်(မကွေး)
    Love
    Care
    2
    · 0 Comments ·0 Shares ·357 Views
  • "ပို-က်ဆံကို သိပ်မဖြုန်:ပါနဲ့ ရှာရတာ အရမ်းခက်ခဲတယ်" ဆိုတဲ့စကားက ဒီနေ့ခေတ်ရဲ့ အခြေအနေကို အကောင်းဆုံး ဖော်ပြနေပါတယ်။ ချွေးနည်းစာနဲ့ ရှာဖွေထားတဲ့ ငွေကြေးလေးတွေကို တန်ဖိုးထားပြီး အသုံးမဖြုန်းဖို့ သတိပေးနေတာ တကယ်ကို ကောင်းပါတယ်။
    * "ခဏလေး ပျော်ဖို့အတွက် ပို-က်ဆံကို အများကြီး မဖြုန်:ပါနဲ့" ဆိုတာကလည်း ရေရှည်ကို တွေးခေါ်ပြီး လက်ရှိ ခဏတာ ပျော်ရွှင်မှုအတွက် အလွန်အကျွံ မသုံးစွဲဖို့ ဆိုလိုတာပါ။ တကယ်တော့ ရေရှည်မှာ ပိုပြီး ပျော်ရွှင်နိုင်မယ့် အရာတွေကို စုဆောင်းထားတာက ပိုကောင်းပါတယ်။
    * "ဝယ်စရာရှိရင်တောင် လိုအပ်တာထက် ပိုမဝယ်ပါနဲ့" ဆိုတာကတော့ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားသိမြင်ဖို့ တိုက်တွန်းတာပါ။ တကယ်တမ်း အသုံးမဝင်ဘဲ အိမ်မှာ ပုံနေမယ့် ပစ္စည်းတွေကို ဝယ်ယူတာဟာ ငွေကြေးကို အလဟသ ဖြစ်စေပါတယ်။
    * "ကိုယ့် ပစ္စည်းကို စည်:ကမ်:ရှိရှိ အသုံးပြုပါ ကိုယ့် စည်:ကမ်:မရှိရင် ဘယ်ပစ္စည်းမှ ကြာရှည်မခံပါဘူး" ဆိုတဲ့အချက်ကတော့ ပစ္စည်းတစ်ခုကို တန်ဖိုးထားပြီး ဂရုတစိုက် အသုံးပြုခြင်းရဲ့ အရေးပါပုံကို ပြောပြတာပါ။ ကိုယ်တိုင်က စည်းကမ်းရှိမှ ကိုယ့်ပစ္စည်းတွေဟာ ကြာရှည်ခံမှာပါ။
    "အပေါင်းသင်း များဖို့မလိုဘူး ကိုယ့်ကိုယ် နားလည်ပြီး သည်းခံတတ်တဲ့ လူမျိုးနဲ့ ပေါင်းသင်းဆက်ဆံပါ။ လူမှုဆက်ဆံရေးမှာ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးကြောင်းကို ထောက်ပြတာပါ။ ကိုယ့်ကို နားလည်ပြီး အားပေးကူညီမယ့် မိတ်ဆွေကောင်းတွေ နည်းနည်းပဲရှိရှိ တန်ဖိုးထားပေါင်းသင်းဖို့ သင့်ပါတယ်။

    Credit
    "ပို-က်ဆံကို သိပ်မဖြုန်:ပါနဲ့ ရှာရတာ အရမ်းခက်ခဲတယ်" ဆိုတဲ့စကားက ဒီနေ့ခေတ်ရဲ့ အခြေအနေကို အကောင်းဆုံး ဖော်ပြနေပါတယ်။ ချွေးနည်းစာနဲ့ ရှာဖွေထားတဲ့ ငွေကြေးလေးတွေကို တန်ဖိုးထားပြီး အသုံးမဖြုန်းဖို့ သတိပေးနေတာ တကယ်ကို ကောင်းပါတယ်။ * "ခဏလေး ပျော်ဖို့အတွက် ပို-က်ဆံကို အများကြီး မဖြုန်:ပါနဲ့" ဆိုတာကလည်း ရေရှည်ကို တွေးခေါ်ပြီး လက်ရှိ ခဏတာ ပျော်ရွှင်မှုအတွက် အလွန်အကျွံ မသုံးစွဲဖို့ ဆိုလိုတာပါ။ တကယ်တော့ ရေရှည်မှာ ပိုပြီး ပျော်ရွှင်နိုင်မယ့် အရာတွေကို စုဆောင်းထားတာက ပိုကောင်းပါတယ်။ * "ဝယ်စရာရှိရင်တောင် လိုအပ်တာထက် ပိုမဝယ်ပါနဲ့" ဆိုတာကတော့ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားသိမြင်ဖို့ တိုက်တွန်းတာပါ။ တကယ်တမ်း အသုံးမဝင်ဘဲ အိမ်မှာ ပုံနေမယ့် ပစ္စည်းတွေကို ဝယ်ယူတာဟာ ငွေကြေးကို အလဟသ ဖြစ်စေပါတယ်။ * "ကိုယ့် ပစ္စည်းကို စည်:ကမ်:ရှိရှိ အသုံးပြုပါ ကိုယ့် စည်:ကမ်:မရှိရင် ဘယ်ပစ္စည်းမှ ကြာရှည်မခံပါဘူး" ဆိုတဲ့အချက်ကတော့ ပစ္စည်းတစ်ခုကို တန်ဖိုးထားပြီး ဂရုတစိုက် အသုံးပြုခြင်းရဲ့ အရေးပါပုံကို ပြောပြတာပါ။ ကိုယ်တိုင်က စည်းကမ်းရှိမှ ကိုယ့်ပစ္စည်းတွေဟာ ကြာရှည်ခံမှာပါ။ "အပေါင်းသင်း များဖို့မလိုဘူး ကိုယ့်ကိုယ် နားလည်ပြီး သည်းခံတတ်တဲ့ လူမျိုးနဲ့ ပေါင်းသင်းဆက်ဆံပါ။ လူမှုဆက်ဆံရေးမှာ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးကြောင်းကို ထောက်ပြတာပါ။ ကိုယ့်ကို နားလည်ပြီး အားပေးကူညီမယ့် မိတ်ဆွေကောင်းတွေ နည်းနည်းပဲရှိရှိ တန်ဖိုးထားပေါင်းသင်းဖို့ သင့်ပါတယ်။ Credit
    Care
    2
    · 0 Comments ·0 Shares ·432 Views
More Results