• ■ ရန်ကုန် ဆွိတီးဟုမ်း စက်ရုံမှ သိန်း၂၀၀၀ ခန့်တန်ဖိုးရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ငလျင်ဒဏ်ခံစားရသည့် မိသားစုများထံ လှူဒါန်းရန် ပို့ဆောင်

    ရန်ကုန် ဆွိတီးဟုမ်းစက်ရုံမှ သိန်း၂၀၀၀ ခန့်တန်ဖိုးရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ငလျင်ဒဏ်ခံစားရသည့် မိသားစုများထံ လှူဒါန်းရန် စတင်ပို့ဆောင် နေပြီဖြစ်ကြောင်း ဆွိတီးဟုမ်းက အသိပေးကြေညာထားကြောင်း သိရသည်။

    မန္တလေးမြို့ရှိ ဆွိတီးဟုမ်း ကုမ္ပဏီပိုင် စက်ရုံနှင့် ဂိုဒေါင်များသည်ပျက်စီးမှု့ရှိပြီး လက်ရှိအနေအထားအရ ဝင်ရောက်ရန်အခက်အခဲများရှိနေပါသောကြောင့် မန္တလေးမြို့ပေါ်ရှိ ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှုရှိခဲ့သော မိသားစုများထံသို့ လတ်တလော လိုအပ်နိုင်မည့် ကိုင်းခြင်ထောင် ၊ခေါင်းအုံးတို့အား အချိန်မှီရောက်ရှိ လှူဒါန်းနိုင်ရန်အတွက် ကာလတန်ဖိုး သိန်း၂၀၀၀ ဝန်းကျင်ရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ရန်ကုန် ဆွိတီးဟုမ်းစက်ရုံမှ မန္တလေးမြို့နှင့်လမ်းတလျှောက်သို့ ယခုစတင်ပို့ဆောင်ပြီး လှူဒါန်းနိုင်ရန် သွားရောက်နေပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ဟု ဆွိတီးဟုမ်းမှ သိရသည်။

    #earthquake #Myanmar_Earthquake_2025

    ■ Eleven Website: https://news-eleven.com
    ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
    ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
    ■ Eleven Telegram Channel : https://t.me/elevenmediagroup
    ■ Eleven Viber : https://vb.me/elevenmediagroup
    ■ ရန်ကုန် ဆွိတီးဟုမ်း စက်ရုံမှ သိန်း၂၀၀၀ ခန့်တန်ဖိုးရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ငလျင်ဒဏ်ခံစားရသည့် မိသားစုများထံ လှူဒါန်းရန် ပို့ဆောင် ရန်ကုန် ဆွိတီးဟုမ်းစက်ရုံမှ သိန်း၂၀၀၀ ခန့်တန်ဖိုးရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ငလျင်ဒဏ်ခံစားရသည့် မိသားစုများထံ လှူဒါန်းရန် စတင်ပို့ဆောင် နေပြီဖြစ်ကြောင်း ဆွိတီးဟုမ်းက အသိပေးကြေညာထားကြောင်း သိရသည်။ မန္တလေးမြို့ရှိ ဆွိတီးဟုမ်း ကုမ္ပဏီပိုင် စက်ရုံနှင့် ဂိုဒေါင်များသည်ပျက်စီးမှု့ရှိပြီး လက်ရှိအနေအထားအရ ဝင်ရောက်ရန်အခက်အခဲများရှိနေပါသောကြောင့် မန္တလေးမြို့ပေါ်ရှိ ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှုရှိခဲ့သော မိသားစုများထံသို့ လတ်တလော လိုအပ်နိုင်မည့် ကိုင်းခြင်ထောင် ၊ခေါင်းအုံးတို့အား အချိန်မှီရောက်ရှိ လှူဒါန်းနိုင်ရန်အတွက် ကာလတန်ဖိုး သိန်း၂၀၀၀ ဝန်းကျင်ရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ရန်ကုန် ဆွိတီးဟုမ်းစက်ရုံမှ မန္တလေးမြို့နှင့်လမ်းတလျှောက်သို့ ယခုစတင်ပို့ဆောင်ပြီး လှူဒါန်းနိုင်ရန် သွားရောက်နေပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ဟု ဆွိတီးဟုမ်းမှ သိရသည်။ #earthquake #Myanmar_Earthquake_2025 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
    Eleven Media Group Co., Ltd
    news-eleven.com
    Eleven Media Group was established on June, 2000
    0 Comments ¡0 Shares ¡122 Views
  • ■ အင်အားပြင်းငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း ပြိုကျ၍ ပိတ်မိနေသည့် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတော် ခြောက်ပါး ပျံလွန်တော်မူ

    အင်အားပြင်းငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း ပြိုကျ၍ပိတ်မိနေသည့် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတော် ခြောက်ပါး ပျံလွန်တော်မူကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

    ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်းတွင် အဆောက်အဦးပြိုကျ၍ ပိတ်မိနေသော သံဃာတော်များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ပျံလွန်တော်မူ သံဃာတော်(၆)ပါးတို့၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

    #earthquake #Myanmar_Earthquake_2025

    ■ Eleven Website: https://news-eleven.com
    ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
    ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
    ■ Eleven Telegram Channel : https://t.me/elevenmediagroup
    ■ Eleven Viber : https://vb.me/elevenmediagroup
    ■ အင်အားပြင်းငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း ပြိုကျ၍ ပိတ်မိနေသည့် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတော် ခြောက်ပါး ပျံလွန်တော်မူ အင်အားပြင်းငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း ပြိုကျ၍ပိတ်မိနေသည့် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတော် ခြောက်ပါး ပျံလွန်တော်မူကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်းတွင် အဆောက်အဦးပြိုကျ၍ ပိတ်မိနေသော သံဃာတော်များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် စတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ပျံလွန်တော်မူ သံဃာတော်(၆)ပါးတို့၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ #earthquake #Myanmar_Earthquake_2025 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
    Eleven Media Group Co., Ltd
    news-eleven.com
    Eleven Media Group was established on June, 2000
    Sad
    1
    ¡ 0 Comments ¡0 Shares ¡105 Views
  • ■ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေး ဆေးကုသမှု အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

    အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ မတ် ၂၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

    ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပြီး တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့‌ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ် ကြောင်း ပါရှိသည်။

    အဆိုပါကယ်ဆယ်ရေးအဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့သည်။



    #earthquake #Myanmar_Earthquake_2025

    ■ Eleven Website: https://news-eleven.com
    ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
    ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
    ■ Eleven Telegram Channel : https://t.me/elevenmediagroup
    ■ Eleven Viber : https://vb.me/elevenmediagroup
    ■ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေး ဆေးကုသမှု အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ မတ် ၂၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပြီး တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့‌ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ် ကြောင်း ပါရှိသည်။ အဆိုပါကယ်ဆယ်ရေးအဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့သည်။ #earthquake #Myanmar_Earthquake_2025 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
    Eleven Media Group Co., Ltd
    news-eleven.com
    Eleven Media Group was established on June, 2000
    0 Comments ¡0 Shares ¡138 Views