ထိုင်းမှမြန်မာသို့ အခမဲ့ဖုန်းခေါ်ဆိုခွင့် ဧပြီ ၅ ရက်ထိ တိုးမြှင့်ပေး
ဧရာဝတီ၊ မတ် ၃၁၊ ၂၀၂၅
ထိုင်းဆက်သွယ်ရေး အော်ပရေတာအားလုံးမှ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံသို့ မတ် ၂၉ ရက်က ဧပြီ ၅ ရက်အထိ အခမဲ့ ခေါ်ဆိုနိုင်ခွင့် ၅ ရက် ထပ်မံ တိုးမြှင့်လိုက်ကြောင်း ယနေ့ စာတိုများပေးပို့၍ ကြေညာထားသည်။
ထိုင်းမှမြန်မာသို့ ၁၅ မိနစ် အခမဲ့ခေါ်ဆိုခွင့်နှင့် ထိုင်းအော်ပရေတာတူ ဆင်းကတ်အချင်းချင်း ၁၅ မိနစ်ကို အခမဲ့ ဧပြီလ ၅ ရက်နေ့အထိ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ဖုန်းမခေါ်ဆိုမီ *900*8351# ကို အရင်နှိပ်၍ အခမဲ့ဖုန်းခေါ်ဆိုခွင့် ရယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာသို့ အခမဲ့ဖုန်းခေါ်ဆိုလိုပါက dtac ဆင်းကတ်ဆိုလျှင် 00400959 နောက်တွင် မြန်မာဖုန်းနံပါတ်ထည့်၍ ခေါ်ဆိုရမည်ဖြစ်သလို True ဆင်းကတ်မှာ 00600959 နောက်၌ မြန်မာဖုန်းနံပါတ်ထည့် ခေါ်ဆိုရမည်ဖြစ်သည်။ လက်ကျန်ဖုန်းခေါ်မိနစ် စစ်ဆေးရန်အတွက် dtac ဆိုလျှင် *101*1# နှိပ်၍ စစ်နိုင်သလို True ဆိုလျှင် *510*006# ဖြင့် စစ်ဆေးနိုင်ကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ အော်ပရေတာများကလည်း ဖုန်းခေါ်မှု ရက်ပိုင်းအခမဲ့ပေးခြင်း၊ ဒေတာဖရီးပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိကြောင်း ကြေညာထားကြသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ၍ ဖုန်းခေါ်ဆိုရာ၌ အခက်အခဲများဖြစ်ပေါ်နေပြီး၊ အင်တာနက်လိုင်းများမှာလည်း ပြတ်တောက်နေခြင်းနှင့် လိုင်းမကောင်းခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။
#WhatsHappeningInMyanmar
#MyanmarEarthquake
#Earthquake2025
#earthquake #Sagaing
#Mandalay
#Naypyitaw
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

0 Comments
·0 Shares
·104 Views