• ၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင်

    "၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။

    တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။

    ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။

    နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။

    ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။

    ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။

    ဘ၀မှာ ၄၀ မှ ဘ၀စတယ် ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။

    Hein Zaw

    #TopTen_Quotes
    #TopTen_Team
    ၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင် "၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။ တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။ ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။ နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။ ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။ ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။ ဘ၀မှာ ၄၀ မှ ဘ၀စတယ် ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။ Hein Zaw #TopTen_Quotes #TopTen_Team
    0 Comments ¡0 Shares ¡71 Views

    0 Comments ¡0 Shares ¡76 Views