• Read more
    သွေ:လေးဘက်နာအတွက်လက်ပံပွင့် ဖတ်ကြည့်ပေးနော် +++++++++++++ လက်ပံပွင့် ဆေ:ဖက်ဝင်ပုံ ( က ) ဆီးချိုးရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။လက်ပံပွင့်ကို ဟင်းချိုချက်စားပါ။ ( ခ ) သွေ:တိုးရောဂါသမားအတွက် ဇီးသီးနဲလက်ပံပွင်ရောပြီးဟင်းချိုချက်စားပါ။ ( ဂ ) မီးယပ်ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။ ( ဃ ) လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေ:ပြီးသောက်ပါ။ပြီးလျှင်ခြေဆစ် လက်ဆစ်ကို လိမ်းပေးပါ။ လေးဖက်နာရောဂါ( ၃ ) မျိုးရှိကြပါတယ်။ နံ ပါတ်( ၁) ပိုးလေးဖက်နား နံပါတ်( ၂ ) သွေ:လေးဖက်နား နံပါတ်( ၃ )အရေပြာလေးဖက်နာ လေးဖက်နာအမျိုးအစားသုံးမျိုးရှိကြပါတယ်။ လေးဖက်နာရောဂါရှိပြီဆိုရင် လက်ပံပွင့်အမြစ်ကိုကျောက်ပျဉ်နဲသွေ:ပြီးဆားအနည်းငယ်ထည့်ပြီးသောက်ပါ။ လေးဖက်နာပိုးတွေအားလုံး‌ေ.သစေမည်။ နံပါတ်( ၄ ) ရင်သာကင်*ဆာဆေ:နည်း လက်ပံအခေါက်ကိုသွေ:ပြီးရင်သာကင်*ဆာသမားအတွက်သောက်ပေးပါ။ ရင်သားအနားတစ်ဝိုက်လိမ်းပေးပါ။ ရင်သာကင်*ဆာ( ၃ ) မျိုး အဆင့်( ၁ ) ရင်သာကင်*ဆာ ပထမအဆင့်ကတော့ လက်ပံပွင်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင့် အလွာပွင့်လေးကို ဇွန်းနဲံ့ခြစ်ယူပြီး သကြားနဲဖျော်ပြီးသောက်ပါ။ အရသာ ချွဲပျစ်ပျစ်ကလေးနဲ့ ချဉ်ပြုံးလေးနဲ့ပါ။ အဆင့်( ၂ ) လက်ပံပွင့် အခေါက်ကိုကျောက်ပျဉ်နဲ့သွေ:ပါ။ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။ရင်သာနာခြင်း အလုံးတည်ခြင်းလျော့နည်း စေပြီး ပဂတိအတိုင်း သက်သာပျောက်ကင်းပ့ါတယ်။ အဆင်( ၃ ) လက်ပံပွင့်အခေါက်ကိုသွေ:လိမ်းပါ။ သေွ:ပြီးသောက်ပါ။ ရင်သားတစ်ဝိုက် လိမ်းပေးပါ။ ရင်သားကင်*ဆာကုလို့မရတဲ့ အထိဖြစ်သွားပြီဆိုရင် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် ( ၃ ) လတိတိပျောက်ကင်းပါသည်။ ရှေးခေတ်လူကြီးပေးသောဆေ:နည်းတစ်လက်ကို ဆေ:ဒါနအဖြစ်ဖြန့်ဝေပေးခြင်းဖြစ်ပါသည် မိမိပြုသောကံမိမိထံပြန်လာမည် မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော် ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည် #Credit +++++++++++ လေးစားစွာဖြင့်မူရင်းရေးသားသူကို #Creditပေးပါတယ် 🙏🙏🙏
    Like
    Care
    2
    · 0 Comments ·0 Shares ·67 Views
  • Put the egg in the tuna, and you'll always want to make it for dinner!

    Credit: the creator
    Put the egg in the tuna, and you'll always want to make it for dinner! Credit: the creator
    00:00
    00:00
    Like
    Love
    2
    · 0 Comments ·0 Shares ·45 Views
  • Read more
    #အနှုတ်သမားများနှင့်ကင်းအောင်နေပါ #ဘဝမှာကိုယ်နဲ့အမြင်မတူတဲ့သူ ကိုယ်ဘာလုပ်လုပ် မကောင်:မြင်တဲ့သူ အကောင်းမြင် မပေးတတ်တဲ့သူ ကိုယ်အဆင်ပြေနေရင် မပျော်ပေးနိုင်သူ #အဲ့လိုNegativeသမားတွေနဲ့တွေ့ရင် သူ့တို့ဆီက အနှုတ်ဓာတ်တွေ ကိုယ့်ဆီ မကူးလာအောင် နေနိုင်တာအကောင်းဆုံးပဲ #ငါ့ကိုမှအပြ-စ်မြင်ရက်လေခြင်းဆိုပြီး စိတ်ညစ်နေရင် ကိုယ့်ရဲ့အကြည်ဓာတ်ကို ထိခိုက်စေပါတယ် #လူတိုင်းက ကိုယ့်က်ို သဘောမကျနိုင်ပါဘူး ချစ်တဲ့သူရှိသလို မုန်:တဲ့သူလဲရှိမယ်။ #မကောင်းမြင်တဲ့သူအတွက်နဲ့ ကိုယ်ရဲ့ပျော်ရွှင်မှုတွေ မလျော့ပါးစေပါနဲ့ အဲ့လိုလူတွေတွေ့ရင် ဥပေ-က္ခာပြုပါ ,ရှောင်လိုက်ပါ။ #ကိုယ်တိုင်က အပေါင်းလက္ခဏာလေးဆောင် အကောင်းစိတ်ဓာတ်လေးမွေးမြူထားရင် ဘယ်သူတွေ ဘယ်လိုလာ အနှုတ်သဘောဆောင်ဆောင် ကိုယ်က အပြုံးလေးနဲ့ တုံ့ပြန်နိုင်ပါလိမ့်မယ်။ စာ - အနောနီးမတ်စ်မိုနစ်ခ် #credit #moetmoet #motivation #စာပေ #mindfulness #mindset #ကျင့်ဝတ် #စိတ်ခွန်အား
    Care
    2
    · 0 Comments ·0 Shares ·118 Views
  • Read more
    ကြာပန်း က ရွှံ့ နဲ့ ရန်မဖြစ်ဘူး။ ရွှံ့ကို ရွှံ့မဖြစ်အောင်လည်း သူက မလုပ်ဘူး။ ရွှံ့ကိုရွှံ့ အတိုင်းပဲထားတယ်။ ဒါပေမယ့် သူက ရွှံ့မပေအောင် နေတယ်။ ရွှံ့မပေအောင်နေတဲ့နေရာမှာ ရွှံ့မရှိတဲ့နေရာကို သူက ထွက်ပြေးတာမဟုတ်ဘူးနော်။ ဒုက္ခမရှိတဲ့နေရာကိုထွက်ပြေး မယ်ဆိုရင်ထွက်ပြေးစရာ နေရာမရှိဘူး။ ဒုက္ခတွေကြားထဲမှာပဲ အဆင်ပြေပြေဖြစ်သွားအောင် နေတတ်ရတယ်။ ( ဒေါက်တာဓမ္မသာမိ). သဘောကျလို ပြန်မျှဝေတာ☺☺☺ ❤🌹 #crd_to_owner_with_respect 🙏🏻 #credit
    Love
    2
    · 0 Comments ·0 Shares ·135 Views
  • Read more
    အချစ်ဆိုတာ..ကိုယ်ချင်းစာစိတ်ပဲ။ (သဝန်အတိုခံနေရရင်).. "အရမ်းချစ်လို့" လို့တွေးပေး။ (တားစီးချုပ်ချယ်ခံရရင်).. "အသေးစိတ်ဂရုစိုက်ခံနေရတယ်" လို့ တွေးပေး။ (ဖုန်းတွေခဏခဏအခေါ် ခံရရင်).. "အမြဲ ကိုယ့်အသံကြားချင်လို့"လို့ တွေးပေး။ (မက်စေ့တွေခဏခဏပို့တာခံရရင်)... "အသေးဖွဲကစ အသိပေးတန်ဖိုးထားခံရတယ်"လို့ တွေးပေး။ (စာတွေတသီတတန်းကြီးပို့တာခံရရင်)... "ကိုယ်ဟာအရေးပါအရာရောက်နေတယ်" လို့ တွေးပေး။ (သူငယ်ချင်းတွေနဲ့ပါ သဝန်တိုတာခံရရင်).. "အဆုံးရှုံးမခံနိုင်လောက်အောင်အချစ်ခံနေရ တယ်"လို့ တွေးပေး။ အဲ့လိုလူကိုပိုင်ဆိုင်ရလို့ စိတ်ပင်ပန်းချင် ပင်ပန်းပါ လိမ့်မယ်..ဒါပေမယ့်.. အဲ့လိုလူမျိုးဟာ ဘယ်တော့မှသစ္စာဖောက်မှာ မဟုတ်ပါဘူး။ "ဖောက်ပြန်ဖို့လွယ်ကူလွန်းတဲ့ ခေတ်မှာ ရှေ့သွားလို့ နောက်ဖြောင့်ရတဲ့လက်တစ်စုံဟာ ဘုရားပေးတဲ့ ဆုလဒ်ပါပဲ။" အချစ်ခံနေရရင် အချစ်ခံရတယ်လို့သိရမယ်။ တန်ဖိုးရှိတဲ့အရာကိုပိုင်ဆိုင်ရတယ်လို့ မြင်ရမယ်။ လူတိုင်းအချစ်မခံရပါဘူး။ "သူ့နေရာမှာ ငါဆိုလည်း ဒီလိုပဲ နေမှာ"ဆိုပြီး ကိုယ်ချင်းစာ တွေးပေးပါ။ (ချစ်ပေးရတဲ့လူနေရာက အဖြစ်က ကိုယ်တိုင်အဲ့နေရာရောက်ဖူးမှ သိတာပါ။) နောက်ဆုံးပြောချင်တာက "ကိုယ့်လူအကြောင်း ကိုယ်သိပါ။ ချစ်တတ်တဲ့လူဟာ အတွေးလွန်တတ်သလို.. အမြဲ ပူလောင်နေတတ်လို့ နားလည်နှစ်သိပ်ပေးပါ။ ပစ်မထားပါနဲ့။" အဲ့လိုလူတွေဟာ ဘဝမှာ နှစ်ခါပြန်မရနိုင်ဘူး။ #NNK #credit #foryou @highlight
    Like
    1
    · 0 Comments ·0 Shares ·177 Views
  • Read more
    I'm tied up! 😴 Lets Learn English! 😍 #LearnEnglish #Speaking #English Video credit: original creator
    00:00
    00:00
    Like
    Care
    2
    · 0 Comments ·0 Shares ·198 Views
  • Read more
    Buy Verified Payoneer Account https://globalseoshop.com/product/buy-verified-payoneer-account-2023/ On the off chance that you need more data simply thump us- Email: Globalseoshop@gmail.com WhatsApp:+1(864)7088783 Skype: GlobalSeoShop Telegram: @GlobalSeoShop #BuyVerifiedPayoneerAccount #BuyVerifiedPayoneer #BuyVerifiedPayoneerAccount #BuyPayoneerAccount #BuyPayoneerMasterCard #BuyPayPaltoPyoneer #BuyFullVerifiedPayoneerBankAcccounts #BuyUSAVerifiedPayoneerBank #BuyUSABankAccountsPayoneer #HowToBuyPayoneerAccounts #HowToBuyUSAPayoneerAccounts #BuyPayoneerVirtualCard #BuyPayoneerMasterCard #BuyPayoneerCreditCard
    Buy Verified Payoneer Account
    globalseoshop.com
    When you buy verified Payoneer account of high quality, you can enjoy faster and easier transactions, secure payments, and a global network of partners
    Like
    2
    · 0 Comments ·0 Shares ·315 Views
  • Read more
    စိတ်မပျော်တဲ့အခါ သိပ်ပျော်ခဲ့ရတဲ့အချိန်တွေကို ပြန်သတိရပါ။ ပျော်စရာရှိမှ ပျော်မယ် စိတ်ချမ်းသာစရာရှိမှ စိတ်ချမ်းသာမယ်ဆိုရင်တော့ ဘဝမှာ ပျော်ရွှင်ရဖို့ စိတ်ချမ်းသာရဖို့ဆိုတာ မလွယ်တော့ဘူး။ လူဆိုတဲ့ အမျိုးကိုက ပျော်စရာတွေထက်စာရင် မပျော်စရာတွေကိုမှ စိတ်ချမ်းသာစရာတွေထက်စာရင် စိတ်မချမ်းသာစရာတွေကိုမှ အဆင်ပြေတာတွေထက်စာရင် အဆင်မပြေတာတွေကိုမှ ရွေးပြီးတော့ ကိုယ့်ဘဝထဲကို ဆွဲယူပြီး အမြဲပူတတ်ကြတာ မဟုတ်လား။ ကြုံရတဲ့ ဒုက္ခက နည်းပါတယ် တွေးလိုက်လို့ ရလာတဲ့ ဒုက္ခကသာ များနေတာပါ။ တကယ်တော့ တွေးပူတယ်ဆိုတာ ပူအောင်တွေးလို့ပါ။ အတွေးလျှော့ရင် စိတ်ပေါ့ပါတယ်။ အဆင်မပြေတာက အပူတစ်ခု အဆင်မပြေလို့ စိတ်ညစ်ရတာက အပူ တ စ် ခု "မိအေး နှစ်ခါနာ"ဆိုသလိုပဲ တကယ့်ကိုပဲ ဘဝနှစ်ခါ နာရပါတယ်။ ဒါ့ကြောင့် ဘဝနှစ်ခါ မနာချင်ရင် အတွေးတွေကို လျော့ပြီးတော့ ကြံကြံဖန်ဖန် ပျော်အောင်နေပါ။ ကြံကြံဖန်ဖန် အဆင်ပြေအောင်နေပါ။ ကြံကြံဖန်ဖန် စိတ်ချမ်းသာအောင်နေပါ။ ------------------------------- မေတ္တာဖြင့် အရှင်စန္ဒာဝရာလင်္ကာရ မဟာဂန္ဓာရုံ Credit
    Love
    Care
    2
    · 0 Comments ·0 Shares ·281 Views
  • Read more
    လူတစ်ယောက်ချင်းစီရဲ့ နောက်ကွယ်မှာ ထုတ်မပြောဖြစ်ကြတဲ့ အခက်အခဲတွေဆိုတာမှ အများကြီးပါပဲ … ဒါ့ကြောင့် ဘယ်သူ့ ဒဏ်ရာကမှ ပိုနာတယ် .. ဘယ်သူ့ ဒဏ်ရာကမှ ပိုနက်တယ် … ဆိုတာတွေကလဲ ကိုယ်တိုင်ကသာ အသိကြဆုံး ဖြစ်ကြတာမို့ … ဘယ်သူ့ ဘယ်သူကိုမှ အပြစ်မြင် အပြစ်တင်နေလို့ မရပါဘူး … အားလုံးဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်တွေ ချည်းပါပဲ … #credit ~ Randy ~ မေခ
    Love
    6
    · 0 Comments ·0 Shares ·268 Views
  • "ကျေးလက်ဒေသ အချိန်နာရီ အခေါ်အဝေါ်များ:
    ဗဟုသုတနဲ့ တန်ဖိုးရှိတဲ့ မြန်မာမှု့အမွေအနစ်များ မှတ်သားသိရှိထားနိုင်ရန် တင်ထားပါတယ်

    Credit: မူလသို့
    "ကျေးလက်ဒေသ အချိန်နာရီ အခေါ်အဝေါ်များ: 👍 ဗဟုသုတနဲ့ တန်ဖိုးရှိတဲ့ မြန်မာမှု့အမွေအနစ်များ မှတ်သားသိရှိထားနိုင်ရန် တင်ထားပါတယ် ❤️ Credit: မူလသို့
    Like
    Love
    Wow
    3
    · 0 Comments ·0 Shares ·737 Views
  • Read more
    မထီမဲ့မြင် မပြုနှင့် ============ မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ... ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီရာ တစ်ခုသော လွင်ပြင်၌ အလွန့်အလွန် ကျယ်ပြန့်သော ညောင်ပင်ကြီးတစ်ပင်အောက် ရောက်သွားပါတယ်။ အဲဒီ ညောင်ပင်ကြီးဟာ အလွန်စိမ်းလန်းစိုပြေပြီး ရသေ့အပါးငါးရာလုံး အဲဒီညောင်ပင် ရိပ် ခိုနေလို့ ရပါတယ်။ အေး... စိတ်ချမ်းသာလိုက်တာ၊ အေးမြလိုက်တာ...။ ၀ါတော်ကြီးတဲ့ ရသေ့က ငါ့ရှင်တို့ ဤညောင်ပင်ကြီးက သာယာဖွယ်ကောင်းလိုက်တာ၊ အရိပ်ကလည်း ကောင်း လိုက်တာ၊ ဤ ညောင်ပင်ကြီးကို အစိုးရတဲ့ နတ်မင်းတော့ ရှိမှာပဲ။ အရပ်လေးမျက်နှာကိုကြည့် ပြီး... ငါတို့ကလည်း ရေဆာလှပြီ၊ ဤ ညောင်ပင်နတ်စောင့်ကို ငါ့ရှင်နတ်မင်း ကျွန်ုပ်တို့ ရေဆာနေတယ်၊ ရေကိုပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တဲ့အခါမှာ စမ်းချောင်းမှ ရေစီးဆင်းသလို ညောင်ပင်ကြီးက ချက်ချင်းပဲ ရေစီးဆင်းလာတယ်။ ရသေ့ငါးရာလုံး ရေကို ကိုယ်စီကိုယ်စီ သောက်သုံးပြီးတော့ ရေက အလိုလို ရပ်သွားတယ်။ ထပ်ပြီးတော့ ရသေ့ကြီးက တောင်းပြန်တယ်၊ ညောင်ပင်စောင့် နတ်မင်းကြီး ကျွန်ုပ်တို့ ရေမချိုးရတာ ကြာလှပြီ၊ ရေချိုးချင်ပါတယ်ဆိုတော့ ထပ်ပြီးတော့ ရေတွေပန်းထွက်လာတယ်။ ရသေ့ငါးရာလုံး အားရပါးရ ရေချိုးကြတယ်။ ရေချိုးလို့ပြီးတာနဲ့ ရေက အလိုလို ရပ်သွားတယ်။ ရေလည်း သောက်ကြရပြီ၊ ရေလည်း ချိုးကြရပြီ၊ အစာအဟာရ မစားရသေး။ ဒီတစ်ခါလည်းနတ်မင်းကြီး ကျွန်ုပ်တို့ အစာအဟာရ မစားသုံးရသေးပါ ကျွန်ုပ်တို့ကို (ထမင်း)အစာအဟာရ ပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တော့ ချက်ချင်း ညောင်ပင်ကြီးထဲက ထမင်းထုပ်တွေ တစ်ပါးတစ်ထုပ်၊ တစ်ပါးတစ်ထုပ်နဲ့ လက်ခံယူလိုက်ရုံပဲ။ စားသုံးပြီး အပန်းဖြေကြတယ်။ ပြီး တော့မှ ရသေ့ကြီးက တန်ခိုးကြီးတဲ့ ညောင်ပင်စောင့်နတ်မင်း ... ငါတို့.. နတ်မင်းကြီးကို မြင်လိုပါတယ်၊ ငါတို့ကို ကိုယ်ထင်ပြပေးပါ။ ဒီတော့ ချက်ချင်းပဲ နတ်မင်းကြီးက ကိုယ်ထင်ပြတယ်။ ဟာ... အသင်နတ်မင်း ဘုန်း တန်ခိုးကြီးလိုက်တာ.. အသင်နတ်မင်း အဘယ်အကြောင်းကြောင့်၊ အဘယ်ကုသိုလ်လုပ်ပြီး ယခုကဲ့သို့ ဘုန်းတန်ခိုးကြီး ချမ်းသာရပါသလဲ ?။ ဒီတော့ နတ်မင်းကြီးက အရှင်ဘုရားတို့ မ ပြောပြရပါစေနဲ့ဘုရား....၊ လက်အုပ်ချီပြီးတော့ တောင်းပန်တယ်။ ရသေ့ငါးရာတို့ကလည်း အသင်နတ်မင်းကြီး ပြောသာပြောပါ။ နတ်မင်းကြီးကလည်း ... မပြောပြရစေနဲ့ .. ဘုရား၊ ရှက်စရာကြီး မို့လို့ပါ။ အဲဒီတော့ ရသေ့ကြီးက ပြောသာပြောပါ ကျွန်ုပ်တို့ သိချင်လို့ပါ။ နတ်မင်းကြီးကလည်း မပြောပြရစေနဲ့လို့ သုံးကြိမ်တိုင်တိုင် ငြင်းပါတယ်၊ လေးကြိမ်မြောက်ကျတော့ .. ဒါဆိုလည်းပြောပြပါ့မယ်ဘုရား.. ။ ဘုရားတပည့်တော် .. နှစ်အနည်းငယ်ကလေးက သာသနာတော်ကြီး ကို ပစ္စည်းလေးပါးထောက်ပံ့ပြီး ကိုးကွယ်တဲ့ အနာထပိဏ်သူဌေးကြီး ဆိုတာ ရှိပါတယ်ဘုရား။ အနာထပိဏ်သူဌေးကြီးရဲ့အိမ်မှာ တပည့်တော် (အလုပ်သမား)ကျွန်တစ်ယောက် ဖြစ်ခဲ့ပါတယ် တပည့်တော် နေ့စဉ်အလုပ်မှန်မှန်လုပ်ပြီးမှ စားသောက်နေရပါတယ်ဘုရား။ တစ်နေ့ . တပည့်တော် မနက်စောစော အိပ်ရာမှထပြီး အလုပ်ခွင်သို့သွားကာ အလုပ် လုပ်ပြန်လာတော့ နေ မွန်းတည့်နေပါပြီ။ ဒီတော့ အနာထပိဏ်သူဌေးက ဟေး.. လုလင်လေး ဒီနေ့ ဥပုသ်ရက် မေ့နေသလား..?။ အေးကွာ .. မင်းကို သတိပေးဖို့လည်း မေ့သွားကြတယ်။ မင်းအတွက် ထမင်းတွေ၊ ဟင်းတွေ အကုန်ချက်ထားတယ်၊ ညနေစာအတွက်ပါ ချက်ထားတယ် မင်းကြိုက်သလိုစား...၊ အားလုံးက ဥပုသ်သီလစောင့်ကြတယ်။ ဒီတော့ .. တပည့်တော်လည်း ဥပုသ်စောင့်ပါ့မယ်ဆိုပြီး သီလယူဥပုသ်စောင့်ပါတယ်။ ပြီးတော့ သူဌေးမင်း .. ယနေ့ ရရှိသော လုပ်အားခကို ဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းပါတယ်ဆိုပြီး တစ်နေ့တာလုပ်အားခကို လှူဒါန်းလိုက်ပါတယ်။ ညနေကျတော့ လေနာရောဂါ ထလာပါတယ်။ အဲဒီအချိန်မှာ အနာထပိဏ်သူဌေးကြီး ရောက်လာပြီး စတုမဓူ စားသုံးပေးဖို့ ဆိုတော့ တပည့်တော်က သီလစင်ကြယ်အောင် သီလ မညိုးနွမ်းအောင် စောင့်ထိန်းပါ့မယ် မစားသုံးလိုပါဆိုပြီး သီလကိုစင်စင်ကြယ်ကြယ်နဲ့ စောင့် ထိန်းလိုက်ပါတယ်။ ည လေနာထပြီးသေတော့ ညောင်ပင်စောင့် ရက္ခစိုးဖြစ်လာပါတယ်။ တပည့်တော်ဟာ မကျိုးပေါက်သော နေ့တစ်၀က်သီလ၊ အနည်းငယ်သော တစ်နေ့တာ လုပ်အားခ ကောင်းမှုကုသိုလ်ကြောင့် ရေလိုရင်ရေ၊ မီးလိုရင်မီး၊ ရွှေလိုရင်ရွှေ၊ ငွေလိုရင်ငွေ အစာအဟာရလိုရင် အစာအဟာရ .. ရပါတယ်ဘုရား။ ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အနည်းငယ်သော ကောင်းမှု ကုသိုလ်သည်ပင်လျှင် အကျိုးပေးကောင်းကြောင်း ကောင်းစွာ သိရှိနားလည်ကြပြီး မိမိတို့ ကောင်းမှုကုသိုလ် ပြုလုပ်တိုင်း ကိုယ်စီကိုယ်ငှ အသိဉာဏ် သတိဖြင့်ပြုလုပ်ကြကာ ဘဝြမင့်သ ထက်မြင့်အောင် ကျင့်ကြံနိုင်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။ { ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာ၌ မြောက်ဦးဆရာတော် ၀နဝါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော “ မထီမဲ့မြင် မပြုနှင့် ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ } Credit: Original Author
    Love
    1
    · 0 Comments ·0 Shares ·487 Views
  • Read more
    Snap Insight: South Korea President Yoon’s martial law attempt was an inept semi-coup ### တောင်ကိုးရီးယား သမ္မတ ယွန်၏ စစ်အုပ်ချုပ်ရေး ကြိုးပမ်းမှုသည် မပီပြင်သော အာဏာသိမ်းမှု တစ်ပိုင်းဖြစ်သည်။ - တုံ့ပြန်မှုကို မနှောင့်ယှက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစိုးရကို ရပ်တန့်နိုင်မည်ဟု တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က မှတ်သားဖွယ်ရှိကြောင်း နိုင်ငံရေးသိပ္ပံပါမောက္ခ ရောဘတ်ကယ်လီက ပြောကြားခဲ့သည်။ - ကွဲပြားသော အစိုးရကြောင့် စိတ်ပျက်နေသော သမ္မတ ယွန်းသည် အင်္ဂါနေ့ည (ဒီဇင်ဘာ ၃ ရက်)တွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ - တောင်ကိုရီးယား ဥပဒေပြုအမတ်များက တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ပြီးနောက် ခြောက်နာရီအကြာတွင် ရုတ်သိမ်းခဲ့သည်။ - It is remarkable that South Korea President Yoon Suk Yeol thought he could halt constitutional government without provoking backlash, says political science professor Robert Kelly. - Frustrated by a divided government, President Yoon declared emergency martial law on Tuesday night (Dec 3). - It was lifted just six hours later, after South Korean legislators unanimously voted against it. Credit: Power by FAST via CNA
    0 Comments ·0 Shares ·634 Views
More Results