• တစ်ဘက်ထဲ လှရုံနဲ့ မရဘူး
    ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ
    ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ
    တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။

    သူ့ဘက် ကိုယ့်ဘက်ရှိမှ
    အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
    ယုံကြည်မှုဆိုတာ
    ပျက်စီးသွားပြီဆိုတဲ့အခါ
    ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
    ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။

    ဒါကြောင့်
    ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
    ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။

    ယုံကြည်လို့
    ချေးငှားလိုက်တဲ့ ပိုက်ဆံကို
    မတောင်းခင်ကတည်းက
    အလိုက်တသိ ပြန်ပေးရတယ်။

    ယုံကြည်လို့
    ကူညီပေးလိုက်တာကို
    ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။

    ယုံကြည်လို့
    ပေးထားတဲ့ မေတ္တာကို
    တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။

    ယုံကြည်လို့
    တွဲထားတဲ့ လက်တွေကို
    နာကျင်ဒဏ်ရာတွေ မပေးရဘူး။

    ယုံကြည်လို့ပေးထားတဲ့
    အခွင့်အရေးကို
    ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။

    အဲ့ဒီယုံကြည်မှုထဲမှာ
    ချစ်ခြင်းမေတ္တာတွေပါတယ်
    ကိုယ်ချင်းစာတရားတွေပါတယ်
    သံယောဇဉ်တွေပါတယ်။

    ဒါကြောင့် ယုံကြည်မှုကို
    လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး
    တကယ်လို့
    ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ
    တကယ်နစ်နာဆုံးရှုံးသွားတာက
    ကိုယ်ဖြစ်နေတတ်တယ်။

    ဒီလိုပဲ
    ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
    အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။

    ဒါပေမယ့်
    တကယ် ဝမ်းမနည်းပါဘူး
    စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။

    အဲ့ဒါက ဘာလဲဆိုတော့
    အရင်လို စေတနာတွေ အကူအညီတွေ
    ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
    ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။

    ယုံကြည်မှုကို တန်ဖိုးထားပါ။
    တချို့အရာတွေက
    ပြန်လိုချင်ရင်တောင်မှ
    ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။

    #followereveryonehighlights
    #ဦးအောင်သင်း
    #စာပေဗဟုသုတ
    #ဦးအောင်သင်း
    #စာပေ
    တစ်ဘက်ထဲ လှရုံနဲ့ မရဘူး ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။ သူ့ဘက် ကိုယ့်ဘက်ရှိမှ အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ ယုံကြည်မှုဆိုတာ ပျက်စီးသွားပြီဆိုတဲ့အခါ ဘယ်လိုပြန်တည်ဆောက် တည်ဆောက် ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။ ဒါကြောင့် ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။ ယုံကြည်လို့ ချေးငှားလိုက်တဲ့ ပိုက်ဆံကို မတောင်းခင်ကတည်းက အလိုက်တသိ ပြန်ပေးရတယ်။ ယုံကြည်လို့ ကူညီပေးလိုက်တာကို ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။ ယုံကြည်လို့ ပေးထားတဲ့ မေတ္တာကို တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။ ယုံကြည်လို့ တွဲထားတဲ့ လက်တွေကို နာကျင်ဒဏ်ရာတွေ မပေးရဘူး။ ယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။ အဲ့ဒီယုံကြည်မှုထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ် ကိုယ်ချင်းစာတရားတွေပါတယ် သံယောဇဉ်တွေပါတယ်။ ဒါကြောင့် ယုံကြည်မှုကို လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး တကယ်လို့ ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ တကယ်နစ်နာဆုံးရှုံးသွားတာက ကိုယ်ဖြစ်နေတတ်တယ်။ ဒီလိုပဲ ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် တကယ် ဝမ်းမနည်းပါဘူး စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အရင်လို စေတနာတွေ အကူအညီတွေ ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့ ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။ ယုံကြည်မှုကို တန်ဖိုးထားပါ။ တချို့အရာတွေက ပြန်လိုချင်ရင်တောင်မှ ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။ #followereveryonehighlights #ဦးအောင်သင်း #စာပေဗဟုသုတ #ဦးအောင်သင်း #စာပေ
    Love
    Care
    3
    · 0 Comments ·0 Shares ·433 Views
  • ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ

    အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    အယုံကြည်ရဆုံးတွေက ရင်နာစရာတွေ လုပ်သွားတဲ့အခါ ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    အချစ်ရဆုံးတွေက ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    နောက်ထပ် ပြန်ဆုံနိုင်စရာ အကြောင်းလည်းမရှိတဲ့ ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက် နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    ဆုံးရှုံးခဲ့တာတွေ နစ်နာခဲ့တာတွေအတွက် လွယ်လွယ်လေးနဲ့တော့ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး လွယ်လွယ်လေးနဲ့တော့ မေ့ပစ်လိုက်နိုင်မှာ မဟုတ်ပါဘူး.......

    စိတ်တိုစရာတွေ စိတ်နာစရာတွေ စိတ်ဒဏ်ရာတွေဆိုတာ ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း လောကမှာ ခွင့်မလွှတ်နိုင်စရာကို ခွင့်လွှတ်ပေးနိုင်ခြင်းကသာ စိတ်ချမ်းသာရမှာပါ မေ့မပစ်နိုင်စရာတွေကို မေ့ပစ်လိုက်နိုင်ခြင်းကသာ စိတ်ငြိမ်းအေးချမ်းရမှာပါ.......

    ဘဝမှာ သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင် ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    သိထားဖို့က.......လောကဓံကို ရင်ဆိုင်တဲ့အခါမှာ လက်ထဲမှာ ဓား ရှိဖို့မလိုဘူး
    ရင်ထဲမှာ တရား ရှိဖို့ပဲ လိုတာပါ.......

    ဒါကြောင့်.......ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အတိတ်က အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်ပါ.......

    သူကသာ ကြွေးသစ်ယူနေတာ သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည် ဒါကြောင့်.......ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......
    #everyone
    #highlights
    #အရှင်သုမန
    #followers
    #ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
    #Credit
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... အယုံကြည်ရဆုံးတွေက ရင်နာစရာတွေ လုပ်သွားတဲ့အခါ ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... အချစ်ရဆုံးတွေက ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... နောက်ထပ် ပြန်ဆုံနိုင်စရာ အကြောင်းလည်းမရှိတဲ့ ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက် နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... ဆုံးရှုံးခဲ့တာတွေ နစ်နာခဲ့တာတွေအတွက် လွယ်လွယ်လေးနဲ့တော့ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး လွယ်လွယ်လေးနဲ့တော့ မေ့ပစ်လိုက်နိုင်မှာ မဟုတ်ပါဘူး....... စိတ်တိုစရာတွေ စိတ်နာစရာတွေ စိတ်ဒဏ်ရာတွေဆိုတာ ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း လောကမှာ ခွင့်မလွှတ်နိုင်စရာကို ခွင့်လွှတ်ပေးနိုင်ခြင်းကသာ စိတ်ချမ်းသာရမှာပါ မေ့မပစ်နိုင်စရာတွေကို မေ့ပစ်လိုက်နိုင်ခြင်းကသာ စိတ်ငြိမ်းအေးချမ်းရမှာပါ....... ဘဝမှာ သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင် ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... သိထားဖို့က.......လောကဓံကို ရင်ဆိုင်တဲ့အခါမှာ လက်ထဲမှာ ဓား ရှိဖို့မလိုဘူး ရင်ထဲမှာ တရား ရှိဖို့ပဲ လိုတာပါ....... ဒါကြောင့်.......ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အတိတ်က အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်ပါ....... သူကသာ ကြွေးသစ်ယူနေတာ သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည် ဒါကြောင့်.......ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... #everyone #highlights #အရှင်သုမန #followers #ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ #Credit
    Love
    Care
    2
    · 5 Comments ·0 Shares ·471 Views
  • ‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ စိတ်အေးတတ်လာတယ်..

    ‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

    ‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အရာရာကို တလေးတစား
    ‎လုပ်တတ်လာတယ်..

    ‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ စာနာတတ်လာတယ် ။

    ‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

    ‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်..

    ‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

    ‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အသိ သတိတွေနဲ့
    ‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

    ‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အစစ်အမှန်တွေကို
    ‎ထုတ်သုံးတတ်လာတယ်..

    ‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ နာခံတတ်လာပြီး
    ‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်..

    ‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်..
    ‎ တကယ်တော့...အကြောင်းတရားကောင်းမှ
    ‎အကျိုးတရား လှတာနော်~~~

    ‎#ဦးအောင်သင်း
    #followereveryonehighlights
    #စာပေ
    #စာအုပ်စာပေလူ့မိတ်ဆွေ
    #စာပေဗဟုသုတ
    ‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ စိတ်အေးတတ်လာတယ်.. ‎ ‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်.. ‎ ‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အရာရာကို တလေးတစား ‎လုပ်တတ်လာတယ်.. ‎ ‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ စာနာတတ်လာတယ် ။ ‎ ‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်.. ‎ ‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်.. ‎ ‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်.. ‎ ‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အသိ သတိတွေနဲ့ ‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်.. ‎ ‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အစစ်အမှန်တွေကို ‎ထုတ်သုံးတတ်လာတယ်.. ‎ ‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ နာခံတတ်လာပြီး ‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်.. ‎ ‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်.. ‎ တကယ်တော့...အကြောင်းတရားကောင်းမှ ‎အကျိုးတရား လှတာနော်~~~ ‎ ‎#ဦးအောင်သင်း #followereveryonehighlights #စာပေ #စာအုပ်စာပေလူ့မိတ်ဆွေ #စာပေဗဟုသုတ
    Care
    1
    · 0 Comments ·0 Shares ·351 Views
  • မာနတွေ
    ထားခဲ့ကြတာချင်း အတူတူ
    မင်းကကျ တစ်ခုခုဆို
    အနားကထွက်သွားလိုက်မယ် ဆိုတဲ့ မာန နဲ့ ။

    ငါ့မှာတော့ တစ်ခုခုဆို
    ဘယ်လိုဆွဲထားရမလည်းဆိုတဲ့
    မင်းကို မဆုံးရှုံးချင်တဲ့ မာန နဲ့ ။

    ချစ်တာခြင်း တူရင်တောင်
    ချစ်ပုံခြင်းတော့ ကွာခဲ့တယ် ။

    #fypシ#PK #fbpost2025シ #fbbonuses #everyonefollowershighlights #lovestory
    🤍 မာနတွေ ထားခဲ့ကြတာချင်း အတူတူ မင်းကကျ တစ်ခုခုဆို အနားကထွက်သွားလိုက်မယ် ဆိုတဲ့ မာန နဲ့ ။ 🤍 ငါ့မှာတော့ တစ်ခုခုဆို ဘယ်လိုဆွဲထားရမလည်းဆိုတဲ့ မင်းကို မဆုံးရှုံးချင်တဲ့ မာန နဲ့ ။ 🤍 ချစ်တာခြင်း တူရင်တောင် ချစ်ပုံခြင်းတော့ ကွာခဲ့တယ် ။ #fypシ゚ #PK #fbpost2025シ #fbbonuses #everyonefollowershighlights #lovestory
    Like
    Love
    3
    · 0 Comments ·0 Shares ·810 Views
  • Good Morning Everyone
    Good Morning Everyone 🙆‍♀️
    Care
    1
    · 0 Comments ·0 Shares ·182 Views
  • "စည်းကမ်းဟာ အိမ်ကစတယ်"
    စည်းကမ်းဟာ အမေဆီကစတယ်။
    "မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။
    ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ
    သိပ်လိုက်ပြောတာပဲ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ
    သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ။
    ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်ကလူတွေကိုတွေ့မှ ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိ နေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့
    အိမ်ကိုကျေးဇူးတင်မိတယ်။
    အိမ်သာမီးကို ပြန်ပိတ်တာမျိုး ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့အလေ့အထတွေ သူများဖိနပ်ကို
    တိုက်မိသွားတာကအစ နေရာတကျပြန်ထားပေးတာ မျိုးတွေ ကိုယ့်ရဲ့အရောင်စွန်းတတ်တဲ့ အင်္ကျီကို
    သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့်
    ယဉ်ကျေးတဲ့အပြုအမူလေးတွေ
    ကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ်။
    ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး။
    ကိုယ်အဆင်ပြေပီးတာပဲဆိုတာ
    လူမှုရေးနားမလည်မှုတစ်ချို့ကို
    မြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်။
    ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ
    ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့
    ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပြီး သင်ပြခံထားရတော့
    ကိုယ်ထမင်းစားပြီးသားနေရာဟာ
    အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့။
    ကိုယ်ကတော့ရှင်းရှင်းပဲ ဆိုင်တစ်ခုမှာ စားပွဲက
    ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို
    မမြင်တောင်သိပ်အထင်သေးတာ။
    စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့
    အရည်အချင်းပဲ။
    ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ။
    ပေါက်ပန်းလေးဆယ်လျောက်ပြောနေတာက ကိုယ့်ကို
    လူသိပ်အထင်သေးခံစေရတယ်။ စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။
    ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကို မှောက်ခုံအနေအထားရောက်နေတာဟာ
    စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား။
    ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့။
    လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော လူကြီးရှေ့ဆို ခေါင်းငုံ့သွား"ဟုတ်ကဲ့ ခင်ဗျ"ဆိုတာကိုထည့်ပြော စတဲ့ ငယ်ငယ်ကဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။
    စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ်။
    စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည် လို့ဆိုတဲ့ အဲ့ဒီလူတွေဘာဖြစ်လဲ
    ဘာမှထိခိုက်တာတော့မရှိဘူးပေါ့။
    သူကပဲသူများကို ထိခိုက်နေတာကိုး။
    ဒါပေမယ့် Image သူရဲ့ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ။
    "no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက် သိပ်မှန်တာ ပြီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘပုံရိပ်ပဲ။
    ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့မိသားစုက
    ပေါက်ဖွားလာတာလား။
    ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား
    အရမ်းသိသာစေတယ်။

    Credit
    #စာအုပ်စာပေလူ့မိတ်ဆွေ #knowledgesharing #bookstore #followerseveryonehighlights
    "စည်းကမ်းဟာ အိမ်ကစတယ်" စည်းကမ်းဟာ အမေဆီကစတယ်။ "မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။ ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ သိပ်လိုက်ပြောတာပဲ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ။ ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်ကလူတွေကိုတွေ့မှ ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိ နေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့ အိမ်ကိုကျေးဇူးတင်မိတယ်။ အိမ်သာမီးကို ပြန်ပိတ်တာမျိုး ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့အလေ့အထတွေ သူများဖိနပ်ကို တိုက်မိသွားတာကအစ နေရာတကျပြန်ထားပေးတာ မျိုးတွေ ကိုယ့်ရဲ့အရောင်စွန်းတတ်တဲ့ အင်္ကျီကို သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့် ယဉ်ကျေးတဲ့အပြုအမူလေးတွေ ကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ်။ ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး။ ကိုယ်အဆင်ပြေပီးတာပဲဆိုတာ လူမှုရေးနားမလည်မှုတစ်ချို့ကို မြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်။ ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့ ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပြီး သင်ပြခံထားရတော့ ကိုယ်ထမင်းစားပြီးသားနေရာဟာ အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့။ ကိုယ်ကတော့ရှင်းရှင်းပဲ ဆိုင်တစ်ခုမှာ စားပွဲက ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို မမြင်တောင်သိပ်အထင်သေးတာ။ စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့ အရည်အချင်းပဲ။ ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ။ ပေါက်ပန်းလေးဆယ်လျောက်ပြောနေတာက ကိုယ့်ကို လူသိပ်အထင်သေးခံစေရတယ်။ စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။ ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကို မှောက်ခုံအနေအထားရောက်နေတာဟာ စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား။ ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့။ လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော လူကြီးရှေ့ဆို ခေါင်းငုံ့သွား"ဟုတ်ကဲ့ ခင်ဗျ"ဆိုတာကိုထည့်ပြော စတဲ့ ငယ်ငယ်ကဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။ စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ်။ စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည် လို့ဆိုတဲ့ အဲ့ဒီလူတွေဘာဖြစ်လဲ ဘာမှထိခိုက်တာတော့မရှိဘူးပေါ့။ သူကပဲသူများကို ထိခိုက်နေတာကိုး။ ဒါပေမယ့် Image သူရဲ့ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ။ "no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက် သိပ်မှန်တာ ပြီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘပုံရိပ်ပဲ။ ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့မိသားစုက ပေါက်ဖွားလာတာလား။ ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား အရမ်းသိသာစေတယ်။ Credit #စာအုပ်စာပေလူ့မိတ်ဆွေ #knowledgesharing #bookstore #followerseveryonehighlights
    Care
    1
    · 0 Comments ·0 Shares ·727 Views
  • ပြောတဲ့လေသံက အရေးကြီးပါတယ်။

    တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ၊ ကျွန်တော်တို့ရဲ့လေသံက ကျွန်တော်တို့ထင်ထားတာထက် ပိုပြီး အရေးပါပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ကောင်းနေပေမယ့်၊ စကားလုံးတွေ ပျောက်သွားပြီးတဲ့နောက်မှာတောင် ကျွန်တော်တို့ပြောဆိုပုံက တခြားသူရဲ့ နှလုံးသားထဲ စွဲကျန်နေတတ်တယ်။ ကြမ်းတမ်းတဲ့ (သို့) ဂရုမစိုက်ဘဲ ပြောမိတဲ့ လေသံတွေက သူတို့စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်ပဲ့တင်ထပ်နေပြီး၊ ကျွန်တော်တို့ မရည်ရွယ်သော်လည်း နာကျင်စေတဲ့ အချိန်တွေကို ပြန်ပြန်ကြားနေစေနိုင်တယ်။ အဲဒီလို အချိန်တွေက စိတ်ထိခိုက်စရာဖြစ်ပြီး၊ မေ့ဖို့ခက်တဲ့ စိတ်ဒဏ်ရာတွေ ဖြစ်သွားစေနိုင်တယ်။

    ဘာပြောသလဲဆိုတာထက် ဘယ်လိုပြောသလဲဆိုတာက ပို၍တောင် အရေးကြီးတယ်။ ကျွန်တော်တို့သုံးတဲ့ လေသံ၊ ချဉ်းကပ်ပုံနဲ့ ရွေးချယ်ပြောဆိုတဲ့ စကားလုံးတွေက လူတစ်ယောက်ကို အားတက်စေသလို၊ စိတ်ဓာတ်ကျစေတာလည်း ဖြစ်နိုင်တယ်။ သင်တွေ့ဆုံတဲ့သူတိုင်းဟာ သူတို့ရင်ထဲမှာ တစ်ခုခုကို သယ်ဆောင်ထားကြပါတယ် - ရုန်းကန်နေရတာတွေ၊ ကြောက်ရွံ့နေတာတွေ၊ မျှော်လင့်ချက်တွေ - ကျွန်တော်တို့ တွေ့မြင်နိုင်မှာ မဟုတ်တဲ့ အရာတွေပေါ့။

    ဒါကြောင့် စကားပြောတိုင်း ကြင်နာစွာ ပြောကြရအောင်နော်။ နားလည်ပေးတဲ့စိတ်နဲ့ နွေးနွေးထွေးထွေး ပြောဆိုကြမယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့စကားလုံးတွေမှာ နာကျင်မှုတွေကို ပျောက်ကင်းစေနိုင်တဲ့၊ စိတ်သက်သာစေနိုင်တဲ့၊ သင်က ဂရုစိုက်တယ်ဆိုတာ ပြနိုင်တဲ့ စွမ်းအားရှိလို့ပဲ။ တကယ်တော့ ကျွန်တော်တို့က သူများကို ဘယ်လိုခံစားမှုမျိုး ဖြစ်စေလဲဆိုတာကိုသာ သူတို့ အကြာကြီး မှတ်မိနေမှာပါ။

    YOUR TONE OF VOICE MATTERS.

    When we speak to someone, our tone of voice carries more weight than we might think. Even if our intentions are good, the way we say things can linger in someone's heart long after the words have been spoken. A harsh or careless tone can echo in their mind, replaying moments that may hurt more than we ever intended. Those moments can be jarring, leaving behind an emotional bruise that's hard to forget.

    It's so important to be mindful of not just what we say, but how we say it. The tone we use, the approach we take, and the words we choose can either lift someone up or tear them down. Everyone you meet is carrying something within them - struggles, fears, hopes - things we might never see.

    So, in every conversation, choose to be kind. Speak with empathy and warmth, because your words have the power to heal, to comfort, and to show that you care. After all, the way we make others feel is often what they remember the most.

    English text - Heartstring Journal
    #မေတ္တာဖြင့်
    #ဒေါက်တာစိုးသန်း
    Crd
    #CRD
    ပြောတဲ့လေသံက အရေးကြီးပါတယ်။ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ၊ ကျွန်တော်တို့ရဲ့လေသံက ကျွန်တော်တို့ထင်ထားတာထက် ပိုပြီး အရေးပါပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ကောင်းနေပေမယ့်၊ စကားလုံးတွေ ပျောက်သွားပြီးတဲ့နောက်မှာတောင် ကျွန်တော်တို့ပြောဆိုပုံက တခြားသူရဲ့ နှလုံးသားထဲ စွဲကျန်နေတတ်တယ်။ ကြမ်းတမ်းတဲ့ (သို့) ဂရုမစိုက်ဘဲ ပြောမိတဲ့ လေသံတွေက သူတို့စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်ပဲ့တင်ထပ်နေပြီး၊ ကျွန်တော်တို့ မရည်ရွယ်သော်လည်း နာကျင်စေတဲ့ အချိန်တွေကို ပြန်ပြန်ကြားနေစေနိုင်တယ်။ အဲဒီလို အချိန်တွေက စိတ်ထိခိုက်စရာဖြစ်ပြီး၊ မေ့ဖို့ခက်တဲ့ စိတ်ဒဏ်ရာတွေ ဖြစ်သွားစေနိုင်တယ်။ ဘာပြောသလဲဆိုတာထက် ဘယ်လိုပြောသလဲဆိုတာက ပို၍တောင် အရေးကြီးတယ်။ ကျွန်တော်တို့သုံးတဲ့ လေသံ၊ ချဉ်းကပ်ပုံနဲ့ ရွေးချယ်ပြောဆိုတဲ့ စကားလုံးတွေက လူတစ်ယောက်ကို အားတက်စေသလို၊ စိတ်ဓာတ်ကျစေတာလည်း ဖြစ်နိုင်တယ်။ သင်တွေ့ဆုံတဲ့သူတိုင်းဟာ သူတို့ရင်ထဲမှာ တစ်ခုခုကို သယ်ဆောင်ထားကြပါတယ် - ရုန်းကန်နေရတာတွေ၊ ကြောက်ရွံ့နေတာတွေ၊ မျှော်လင့်ချက်တွေ - ကျွန်တော်တို့ တွေ့မြင်နိုင်မှာ မဟုတ်တဲ့ အရာတွေပေါ့။ ဒါကြောင့် စကားပြောတိုင်း ကြင်နာစွာ ပြောကြရအောင်နော်။ နားလည်ပေးတဲ့စိတ်နဲ့ နွေးနွေးထွေးထွေး ပြောဆိုကြမယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့စကားလုံးတွေမှာ နာကျင်မှုတွေကို ပျောက်ကင်းစေနိုင်တဲ့၊ စိတ်သက်သာစေနိုင်တဲ့၊ သင်က ဂရုစိုက်တယ်ဆိုတာ ပြနိုင်တဲ့ စွမ်းအားရှိလို့ပဲ။ တကယ်တော့ ကျွန်တော်တို့က သူများကို ဘယ်လိုခံစားမှုမျိုး ဖြစ်စေလဲဆိုတာကိုသာ သူတို့ အကြာကြီး မှတ်မိနေမှာပါ။ YOUR TONE OF VOICE MATTERS. When we speak to someone, our tone of voice carries more weight than we might think. Even if our intentions are good, the way we say things can linger in someone's heart long after the words have been spoken. A harsh or careless tone can echo in their mind, replaying moments that may hurt more than we ever intended. Those moments can be jarring, leaving behind an emotional bruise that's hard to forget. It's so important to be mindful of not just what we say, but how we say it. The tone we use, the approach we take, and the words we choose can either lift someone up or tear them down. Everyone you meet is carrying something within them - struggles, fears, hopes - things we might never see. So, in every conversation, choose to be kind. Speak with empathy and warmth, because your words have the power to heal, to comfort, and to show that you care. After all, the way we make others feel is often what they remember the most. English text - Heartstring Journal #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း Crd #CRD
    Like
    Care
    Love
    5
    · 0 Comments ·0 Shares ·531 Views
  • How is it going everyone?
    How is it going everyone? :STK-26:
    Care
    1
    · 0 Comments ·0 Shares ·101 Views

  • Good Night Everyone!
    :STK-18: Good Night Everyone!
    Like
    Care
    2
    · 0 Comments ·0 Shares ·48 Views
  • Have a good day everyone!
    Have a good day everyone! :STK-21:
    Love
    Care
    2
    · 0 Comments ·0 Shares ·45 Views
  • Good night everyone
    Good night everyone 😴😴
    Love
    Like
    Care
    4
    · 1 Comments ·0 Shares ·169 Views

  • Good Night Everyone
    :STK-219: Good Night Everyone 😴
    Love
    Care
    2
    · 0 Comments ·0 Shares ·72 Views
More Results