အိပ်ယာဝင်ပုံပြင်များ
အိပ်ယာဝင်ပုံပြင်များ
အိပ်ယာဝင်ပုံပြင်များ

အိပ်ယာဝင်ပုံပြင်များ

@bedtimestory

  • မထီမဲ့မြင် မပြုနှင့်
    ============
    မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
    ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
    ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီရာ တစ်ခုသော လွင်ပြင်၌ အလွန့်အလွန် ကျယ်ပြန့်သော ညောင်ပင်ကြီးတစ်ပင်အောက်
    ရောက်သွားပါတယ်။

    အဲဒီ ညောင်ပင်ကြီးဟာ အလွန်စိမ်းလန်းစိုပြေပြီး ရသေ့အပါးငါးရာလုံး အဲဒီညောင်ပင်
    ရိပ် ခိုနေလို့ ရပါတယ်။
    အေး... စိတ်ချမ်းသာလိုက်တာ၊ အေးမြလိုက်တာ...။

    ၀ါတော်ကြီးတဲ့
    ရသေ့က ငါ့ရှင်တို့ ဤညောင်ပင်ကြီးက သာယာဖွယ်ကောင်းလိုက်တာ၊ အရိပ်ကလည်း ကောင်း
    လိုက်တာ၊ ဤ ညောင်ပင်ကြီးကို အစိုးရတဲ့ နတ်မင်းတော့ ရှိမှာပဲ။

    အရပ်လေးမျက်နှာကိုကြည့်
    ပြီး... ငါတို့ကလည်း ရေဆာလှပြီ၊ ဤ ညောင်ပင်နတ်စောင့်ကို ငါ့ရှင်နတ်မင်း ကျွန်ုပ်တို့ ရေဆာနေတယ်၊
    ရေကိုပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တဲ့အခါမှာ စမ်းချောင်းမှ ရေစီးဆင်းသလို ညောင်ပင်ကြီးက ချက်ချင်းပဲ ရေစီးဆင်းလာတယ်။ ရသေ့ငါးရာလုံး ရေကို ကိုယ်စီကိုယ်စီ သောက်သုံးပြီးတော့ ရေက အလိုလို ရပ်သွားတယ်။

    ထပ်ပြီးတော့ ရသေ့ကြီးက တောင်းပြန်တယ်၊ ညောင်ပင်စောင့် နတ်မင်းကြီး ကျွန်ုပ်တို့
    ရေမချိုးရတာ ကြာလှပြီ၊ ရေချိုးချင်ပါတယ်ဆိုတော့ ထပ်ပြီးတော့ ရေတွေပန်းထွက်လာတယ်။
    ရသေ့ငါးရာလုံး အားရပါးရ ရေချိုးကြတယ်။ ရေချိုးလို့ပြီးတာနဲ့ ရေက အလိုလို ရပ်သွားတယ်။

    ရေလည်း သောက်ကြရပြီ၊ ရေလည်း ချိုးကြရပြီ၊ အစာအဟာရ မစားရသေး။ ဒီတစ်ခါလည်းနတ်မင်းကြီး ကျွန်ုပ်တို့ အစာအဟာရ မစားသုံးရသေးပါ ကျွန်ုပ်တို့ကို (ထမင်း)အစာအဟာရ
    ပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တော့ ချက်ချင်း ညောင်ပင်ကြီးထဲက ထမင်းထုပ်တွေ
    တစ်ပါးတစ်ထုပ်၊ တစ်ပါးတစ်ထုပ်နဲ့ လက်ခံယူလိုက်ရုံပဲ။ စားသုံးပြီး အပန်းဖြေကြတယ်။

    ပြီး တော့မှ ရသေ့ကြီးက တန်ခိုးကြီးတဲ့ ညောင်ပင်စောင့်နတ်မင်း ... ငါတို့.. နတ်မင်းကြီးကို မြင်လိုပါတယ်၊
    ငါတို့ကို ကိုယ်ထင်ပြပေးပါ။
    ဒီတော့ ချက်ချင်းပဲ နတ်မင်းကြီးက ကိုယ်ထင်ပြတယ်။

    ဟာ... အသင်နတ်မင်း ဘုန်း
    တန်ခိုးကြီးလိုက်တာ.. အသင်နတ်မင်း အဘယ်အကြောင်းကြောင့်၊ အဘယ်ကုသိုလ်လုပ်ပြီး
    ယခုကဲ့သို့ ဘုန်းတန်ခိုးကြီး ချမ်းသာရပါသလဲ ?။

    ဒီတော့ နတ်မင်းကြီးက အရှင်ဘုရားတို့ မ
    ပြောပြရပါစေနဲ့ဘုရား....၊ လက်အုပ်ချီပြီးတော့ တောင်းပန်တယ်။ ရသေ့ငါးရာတို့ကလည်း
    အသင်နတ်မင်းကြီး ပြောသာပြောပါ။ နတ်မင်းကြီးကလည်း ... မပြောပြရစေနဲ့ .. ဘုရား၊
    ရှက်စရာကြီး မို့လို့ပါ။

    အဲဒီတော့ ရသေ့ကြီးက ပြောသာပြောပါ ကျွန်ုပ်တို့ သိချင်လို့ပါ။ နတ်မင်းကြီးကလည်း
    မပြောပြရစေနဲ့လို့ သုံးကြိမ်တိုင်တိုင် ငြင်းပါတယ်၊ လေးကြိမ်မြောက်ကျတော့ .. ဒါဆိုလည်းပြောပြပါ့မယ်ဘုရား.. ။

    ဘုရားတပည့်တော် .. နှစ်အနည်းငယ်ကလေးက သာသနာတော်ကြီး
    ကို ပစ္စည်းလေးပါးထောက်ပံ့ပြီး ကိုးကွယ်တဲ့ အနာထပိဏ်သူဌေးကြီး ဆိုတာ ရှိပါတယ်ဘုရား။

    အနာထပိဏ်သူဌေးကြီးရဲ့အိမ်မှာ တပည့်တော် (အလုပ်သမား)ကျွန်တစ်ယောက် ဖြစ်ခဲ့ပါတယ်
    တပည့်တော် နေ့စဉ်အလုပ်မှန်မှန်လုပ်ပြီးမှ စားသောက်နေရပါတယ်ဘုရား။

    တစ်နေ့ . တပည့်တော် မနက်စောစော အိပ်ရာမှထပြီး အလုပ်ခွင်သို့သွားကာ အလုပ်
    လုပ်ပြန်လာတော့ နေ မွန်းတည့်နေပါပြီ။ ဒီတော့ အနာထပိဏ်သူဌေးက ဟေး.. လုလင်လေး
    ဒီနေ့ ဥပုသ်ရက် မေ့နေသလား..?။

    အေးကွာ .. မင်းကို သတိပေးဖို့လည်း မေ့သွားကြတယ်။
    မင်းအတွက် ထမင်းတွေ၊ ဟင်းတွေ အကုန်ချက်ထားတယ်၊ ညနေစာအတွက်ပါ ချက်ထားတယ်
    မင်းကြိုက်သလိုစား...၊ အားလုံးက ဥပုသ်သီလစောင့်ကြတယ်။

    ဒီတော့ .. တပည့်တော်လည်း ဥပုသ်စောင့်ပါ့မယ်ဆိုပြီး သီလယူဥပုသ်စောင့်ပါတယ်။
    ပြီးတော့ သူဌေးမင်း .. ယနေ့ ရရှိသော လုပ်အားခကို ဘုရားအမှူးရှိသော သံဃာတော်များကို
    လှူဒါန်းပါတယ်ဆိုပြီး တစ်နေ့တာလုပ်အားခကို လှူဒါန်းလိုက်ပါတယ်။
    ညနေကျတော့ လေနာရောဂါ ထလာပါတယ်။
    အဲဒီအချိန်မှာ အနာထပိဏ်သူဌေးကြီး
    ရောက်လာပြီး စတုမဓူ စားသုံးပေးဖို့ ဆိုတော့ တပည့်တော်က သီလစင်ကြယ်အောင် သီလ
    မညိုးနွမ်းအောင် စောင့်ထိန်းပါ့မယ် မစားသုံးလိုပါဆိုပြီး သီလကိုစင်စင်ကြယ်ကြယ်နဲ့ စောင့်
    ထိန်းလိုက်ပါတယ်။

    ည လေနာထပြီးသေတော့ ညောင်ပင်စောင့် ရက္ခစိုးဖြစ်လာပါတယ်။
    တပည့်တော်ဟာ မကျိုးပေါက်သော နေ့တစ်၀က်သီလ၊ အနည်းငယ်သော တစ်နေ့တာ
    လုပ်အားခ ကောင်းမှုကုသိုလ်ကြောင့် ရေလိုရင်ရေ၊ မီးလိုရင်မီး၊ ရွှေလိုရင်ရွှေ၊ ငွေလိုရင်ငွေ
    အစာအဟာရလိုရင် အစာအဟာရ .. ရပါတယ်ဘုရား။

    ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အနည်းငယ်သော ကောင်းမှု
    ကုသိုလ်သည်ပင်လျှင် အကျိုးပေးကောင်းကြောင်း ကောင်းစွာ သိရှိနားလည်ကြပြီး မိမိတို့
    ကောင်းမှုကုသိုလ် ပြုလုပ်တိုင်း ကိုယ်စီကိုယ်ငှ အသိဉာဏ် သတိဖြင့်ပြုလုပ်ကြကာ ဘဝြမင့်သ
    ထက်မြင့်အောင် ကျင့်ကြံနိုင်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

    { ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်
    တောရဓမ္မရိပ်သာ၌ မြောက်ဦးဆရာတော် ၀နဝါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော
    “ မထီမဲ့မြင် မပြုနှင့် ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

    Credit: Original Author
    မထီမဲ့မြင် မပြုနှင့် ============ မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ... ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီရာ တစ်ခုသော လွင်ပြင်၌ အလွန့်အလွန် ကျယ်ပြန့်သော ညောင်ပင်ကြီးတစ်ပင်အောက် ရောက်သွားပါတယ်။ အဲဒီ ညောင်ပင်ကြီးဟာ အလွန်စိမ်းလန်းစိုပြေပြီး ရသေ့အပါးငါးရာလုံး အဲဒီညောင်ပင် ရိပ် ခိုနေလို့ ရပါတယ်။ အေး... စိတ်ချမ်းသာလိုက်တာ၊ အေးမြလိုက်တာ...။ ၀ါတော်ကြီးတဲ့ ရသေ့က ငါ့ရှင်တို့ ဤညောင်ပင်ကြီးက သာယာဖွယ်ကောင်းလိုက်တာ၊ အရိပ်ကလည်း ကောင်း လိုက်တာ၊ ဤ ညောင်ပင်ကြီးကို အစိုးရတဲ့ နတ်မင်းတော့ ရှိမှာပဲ။ အရပ်လေးမျက်နှာကိုကြည့် ပြီး... ငါတို့ကလည်း ရေဆာလှပြီ၊ ဤ ညောင်ပင်နတ်စောင့်ကို ငါ့ရှင်နတ်မင်း ကျွန်ုပ်တို့ ရေဆာနေတယ်၊ ရေကိုပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တဲ့အခါမှာ စမ်းချောင်းမှ ရေစီးဆင်းသလို ညောင်ပင်ကြီးက ချက်ချင်းပဲ ရေစီးဆင်းလာတယ်။ ရသေ့ငါးရာလုံး ရေကို ကိုယ်စီကိုယ်စီ သောက်သုံးပြီးတော့ ရေက အလိုလို ရပ်သွားတယ်။ ထပ်ပြီးတော့ ရသေ့ကြီးက တောင်းပြန်တယ်၊ ညောင်ပင်စောင့် နတ်မင်းကြီး ကျွန်ုပ်တို့ ရေမချိုးရတာ ကြာလှပြီ၊ ရေချိုးချင်ပါတယ်ဆိုတော့ ထပ်ပြီးတော့ ရေတွေပန်းထွက်လာတယ်။ ရသေ့ငါးရာလုံး အားရပါးရ ရေချိုးကြတယ်။ ရေချိုးလို့ပြီးတာနဲ့ ရေက အလိုလို ရပ်သွားတယ်။ ရေလည်း သောက်ကြရပြီ၊ ရေလည်း ချိုးကြရပြီ၊ အစာအဟာရ မစားရသေး။ ဒီတစ်ခါလည်းနတ်မင်းကြီး ကျွန်ုပ်တို့ အစာအဟာရ မစားသုံးရသေးပါ ကျွန်ုပ်တို့ကို (ထမင်း)အစာအဟာရ ပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တော့ ချက်ချင်း ညောင်ပင်ကြီးထဲက ထမင်းထုပ်တွေ တစ်ပါးတစ်ထုပ်၊ တစ်ပါးတစ်ထုပ်နဲ့ လက်ခံယူလိုက်ရုံပဲ။ စားသုံးပြီး အပန်းဖြေကြတယ်။ ပြီး တော့မှ ရသေ့ကြီးက တန်ခိုးကြီးတဲ့ ညောင်ပင်စောင့်နတ်မင်း ... ငါတို့.. နတ်မင်းကြီးကို မြင်လိုပါတယ်၊ ငါတို့ကို ကိုယ်ထင်ပြပေးပါ။ ဒီတော့ ချက်ချင်းပဲ နတ်မင်းကြီးက ကိုယ်ထင်ပြတယ်။ ဟာ... အသင်နတ်မင်း ဘုန်း တန်ခိုးကြီးလိုက်တာ.. အသင်နတ်မင်း အဘယ်အကြောင်းကြောင့်၊ အဘယ်ကုသိုလ်လုပ်ပြီး ယခုကဲ့သို့ ဘုန်းတန်ခိုးကြီး ချမ်းသာရပါသလဲ ?။ ဒီတော့ နတ်မင်းကြီးက အရှင်ဘုရားတို့ မ ပြောပြရပါစေနဲ့ဘုရား....၊ လက်အုပ်ချီပြီးတော့ တောင်းပန်တယ်။ ရသေ့ငါးရာတို့ကလည်း အသင်နတ်မင်းကြီး ပြောသာပြောပါ။ နတ်မင်းကြီးကလည်း ... မပြောပြရစေနဲ့ .. ဘုရား၊ ရှက်စရာကြီး မို့လို့ပါ။ အဲဒီတော့ ရသေ့ကြီးက ပြောသာပြောပါ ကျွန်ုပ်တို့ သိချင်လို့ပါ။ နတ်မင်းကြီးကလည်း မပြောပြရစေနဲ့လို့ သုံးကြိမ်တိုင်တိုင် ငြင်းပါတယ်၊ လေးကြိမ်မြောက်ကျတော့ .. ဒါဆိုလည်းပြောပြပါ့မယ်ဘုရား.. ။ ဘုရားတပည့်တော် .. နှစ်အနည်းငယ်ကလေးက သာသနာတော်ကြီး ကို ပစ္စည်းလေးပါးထောက်ပံ့ပြီး ကိုးကွယ်တဲ့ အနာထပိဏ်သူဌေးကြီး ဆိုတာ ရှိပါတယ်ဘုရား။ အနာထပိဏ်သူဌေးကြီးရဲ့အိမ်မှာ တပည့်တော် (အလုပ်သမား)ကျွန်တစ်ယောက် ဖြစ်ခဲ့ပါတယ် တပည့်တော် နေ့စဉ်အလုပ်မှန်မှန်လုပ်ပြီးမှ စားသောက်နေရပါတယ်ဘုရား။ တစ်နေ့ . တပည့်တော် မနက်စောစော အိပ်ရာမှထပြီး အလုပ်ခွင်သို့သွားကာ အလုပ် လုပ်ပြန်လာတော့ နေ မွန်းတည့်နေပါပြီ။ ဒီတော့ အနာထပိဏ်သူဌေးက ဟေး.. လုလင်လေး ဒီနေ့ ဥပုသ်ရက် မေ့နေသလား..?။ အေးကွာ .. မင်းကို သတိပေးဖို့လည်း မေ့သွားကြတယ်။ မင်းအတွက် ထမင်းတွေ၊ ဟင်းတွေ အကုန်ချက်ထားတယ်၊ ညနေစာအတွက်ပါ ချက်ထားတယ် မင်းကြိုက်သလိုစား...၊ အားလုံးက ဥပုသ်သီလစောင့်ကြတယ်။ ဒီတော့ .. တပည့်တော်လည်း ဥပုသ်စောင့်ပါ့မယ်ဆိုပြီး သီလယူဥပုသ်စောင့်ပါတယ်။ ပြီးတော့ သူဌေးမင်း .. ယနေ့ ရရှိသော လုပ်အားခကို ဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းပါတယ်ဆိုပြီး တစ်နေ့တာလုပ်အားခကို လှူဒါန်းလိုက်ပါတယ်။ ညနေကျတော့ လေနာရောဂါ ထလာပါတယ်။ အဲဒီအချိန်မှာ အနာထပိဏ်သူဌေးကြီး ရောက်လာပြီး စတုမဓူ စားသုံးပေးဖို့ ဆိုတော့ တပည့်တော်က သီလစင်ကြယ်အောင် သီလ မညိုးနွမ်းအောင် စောင့်ထိန်းပါ့မယ် မစားသုံးလိုပါဆိုပြီး သီလကိုစင်စင်ကြယ်ကြယ်နဲ့ စောင့် ထိန်းလိုက်ပါတယ်။ ည လေနာထပြီးသေတော့ ညောင်ပင်စောင့် ရက္ခစိုးဖြစ်လာပါတယ်။ တပည့်တော်ဟာ မကျိုးပေါက်သော နေ့တစ်၀က်သီလ၊ အနည်းငယ်သော တစ်နေ့တာ လုပ်အားခ ကောင်းမှုကုသိုလ်ကြောင့် ရေလိုရင်ရေ၊ မီးလိုရင်မီး၊ ရွှေလိုရင်ရွှေ၊ ငွေလိုရင်ငွေ အစာအဟာရလိုရင် အစာအဟာရ .. ရပါတယ်ဘုရား။ ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အနည်းငယ်သော ကောင်းမှု ကုသိုလ်သည်ပင်လျှင် အကျိုးပေးကောင်းကြောင်း ကောင်းစွာ သိရှိနားလည်ကြပြီး မိမိတို့ ကောင်းမှုကုသိုလ် ပြုလုပ်တိုင်း ကိုယ်စီကိုယ်ငှ အသိဉာဏ် သတိဖြင့်ပြုလုပ်ကြကာ ဘဝြမင့်သ ထက်မြင့်အောင် ကျင့်ကြံနိုင်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။ { ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာ၌ မြောက်ဦးဆရာတော် ၀နဝါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော “ မထီမဲ့မြင် မပြုနှင့် ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ } Credit: Original Author
    Love
    1
    ·158 Views
  • ကျေးဇူးကန်းတဲ့ ပုဏား
    ´´´´´´´´´´´´´´´´´´´´´´´
    တခါတုန်းက ဗာရာဏသီမြို့ အနီးတွင် မိဂါစိန် ဟူသော ဥယျာဉ်တခု ရှိ၏။ ဗြဟ္ဓဒတ်မင်းကြီးသည် အခါအားလျော်စွာ ထိုဥယျာဉ်သို့ သွားရောက်၍ အပန်းဖြေ၏။ ဥယျာဉ်သည် သစ်ပင်ပန်းမံ တို့ဖြင့် တင့်တယ်သာယာ လှပသည် ဖြစ်၍ မင်းကြီးရောက်လေတိုင်း အပန်းဖြေ၍ စိတ်ရောကိုယ်ပါ လန်းဆန်းရလေသည်။

    သို့ရာတွင် တနေ့က တခေါက်ရောက်သည်တွင်ကား မင်းကြီးမှာ အပန်းမပြေရုံမှ မက စိတ်ညစ်ညူး၍သွားရ၏။ ဥယျာဉ်တော်၏ အုတ်တံတိုင်း အနီးတွင် မမြင်အပ် မမြင်ချင်ဖွယ် မတင့်တယ်သော အရာကို မြင်လိုက်ရ၍ ဖြစ်ပေသည်။ ထိုအရာကား ရုပ်ပျက်ဆင်းပျက် လူနာတယောက် ဖြစ်၏။

    ထိုသူသည် အုတ်တံတိုင်းနားမှာ ဖတ်ရွက်များကို ခင်း၍ အိပ်ကာ ဆင်းရဲပင်းပန်းစွာ သည်းညူးနေလေသည်။ သူ့တကိုယ်လုံးမှာလည်း အနာများ ဗရပွ ဖြစ်နေ၏။ ပေါက်တဲ့ နေရာက ပေါက်။ သွေးယိုတဲ့ နေရာက ယို ။ တချို့ နေရာမှာတော့ အရိုးနှင် အရေများ ကပ်လျက် ။ အရေအောက်တွင် အကြောကြီးများက ပိုက်ကွန်ကို ဖြန့်ထားသကဲ့သို့ ထင်းထင်းပေါ်၍ နေကြ၏ ။

    ထိုသူ၏ အဝတ်အဆင်နှင့် ဆံပင်ပြုပြင်ထားပုံ ရှုရခြင်းအားဖြင့် ပုဏ္ဏားတယောက်ဟု သိရပေသည်။ ထိုပုဏ္ဏားပေါ် တွင် ရွံရှာမိသည်နှင့် အမျှ ဗြဟ္ဓဒတ်မင်းကြီးသည် သနားခြင်းလည်း ဖြစ်လာမိ၏။ ထို့အတူ ထိုအဖြစ်သို့ ရောက်လာရသည့် အကြောင်းကိုလည်း သိချင်နေ၏။

    ထို့ကြောင့် " အို ပုဏ္ဏား၊ သင် ဘာဖြစ်လို့များ ဒါလောက်တောင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေရတာ ပါလဲ။ ဘယ်လို မကောင်းမှုများ ပြုမှားမိလို့ပါလဲ " ဟု အသာတကြည် မေးလိုက်၏ ။ လူမမာပုဏ္ဏားက " နားဆင်တော်မူပါ အရှင်မင်းကြီး။ ကျွန်တော် တက်နိုင်သမျှ တင်လျှောက်ပါ့မည်ဘုရား " ပုဏ္ဏားက အရိုအသေပြုကာ ဗြဟ္ဓဒတ်မင်းကြီးအား သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြလေသည်။

    အရှင်မင်းကြီး ကျွန်တော်က ကာသိကရွာက လယ်သမား ပုဏ္ဏားဖြစ်ပါတယ်။ လယ်ထွန်ဖြုတ်ချိန်မှာ ကန်သင်း ပေါက်စရာရှိတာနဲ့ နွားတွေကို ကြိုးဖြုတ်ပြီး လှန်ထားမိပါတယ်။ အလုပ်မှာသာ စိတ်ဝင်စားနေမိတာမို့ နွားတွေ ဘယ်သွားပြီး ဘာစားနေတယ် ဆိုတာ ကျွန်တော် ဂရုမစိုက်မိပါဘူး ။

    သတိရလို့ ကြည့်လိုက်တဲ့ အခါမှာ နွားတွေ မရှိတော့ပါဘူး ဘုရား။ ဒါနဲ့ ဘုရား ကျွန်တော်လည်း နွားတွေ သွားတက်တဲ့ တောအုပ်ထဲ ဝင်ပြီးရှာပါတယ်။ အဲ့ဒီမှာ မတွေ့တာနဲ့ တတောပြီး တတော ရှာလာလိုက်တာ ဟိမဝန္တာတောကြီးအထိ ရောက်လာပါတယ်။ ဟိမဝန္တာရောက်တယ်ဆိုရင်ပဲ မျက်စိလည်ပြီး လမ်းတွေ ပျောက်ကုန်ပါတယ်။ နွားကိုလည်း မတွေ့ အစာလည်း မစားရနဲ့ ၇ ရက် တိုင်တိုင်ပါပဲ ဘုရား။

    အဲဒီလို ရောက်တက်ရာရာ သွားနေရင်းက ကံအားလျော်စွာ တည်ပင်တပင်ကို တွေ့ရပါတယ်။ တည်ပင်ဟာ အသူတရာနက်တဲ့ ချောက်ကမ်းပါးမှာ ပေါက်နေပါတယ်။ သူ့အသီးများဟာ စားချင်စဖွယ် မှည့်ဝင်းလို့ နေပါတယ်။ ဘုရားကျွန်တော်ဟာ တည်ပင်ကို မြင်လိုက်ရရင်ပဲ အပြေးအလွှား သွားပြီး လေတိုက်လို့ ကြွေကျနေတဲ့ တည်သီးများကို ကောက်စားလိုက်ပါတယ်။ အင်မတန်မှ အရသာ ထူးမြတ်လှပါတယ် ဘုရား။

    တည်သီးများဟာ ပါးစပ်က စားလိုက်ပေမယ့် ဘယ်ရောက်သွားတယ်လို့ မသိရအောင် ပါပဲ။ တလုံးစားနေရင်းက နောက်တလုံးကို စားချင်စိတ် ပေါက်နေပါတော့တယ်။ ဒါကြောင့် မကြာခင်မှာပဲ လေကြွေတည်သီးတွေ ကုန်လို့မို့ အပင်ပေါ် တက်ရပါတော့တယ်။ အပင်ပေါ်က လက်လှမ်းမီသမျှ တည်သီးများကို ဘုရားကျွန်တော် ကြွပ်ကြွပ်မည်အောင် ခူးစားပါတယ် ။

    တစတစနဲ့ ကိုက်ရင်းက အသီးတွေကုန်လို့ မို့ ကိုင်းဖျားမှာသာ အသီးများ ကျန်ပါတော့တယ်။ အဲ့ဒီကိုင်းဖျားမှာပဲ အလွန်မှည့်ပြီး စားချင်စရာကောင်းလှတဲ့ အသီးကြီး ရှိနေပါတယ်။ ဒါနဲ့ ဘုရားကျွန်တော် အရဲစွန့်ပြီး ကိုင်းဖျားကိုလျှောက်လို့ ဆွတ်ဖို့ရာ လက်လှမ်းလိုက်တာနဲ့ တပြိုင်နက် နင်းထားတဲ့ကိုင်းက ပြုတ်ကျပါရော ဘုရား ။ အို၊ ဒီတခါဖြင့် သေဘေးတွေ့ပဟ ဒီလိုပဲ စိတ်ထဲက တွေးလိုက်မိပါတယ် ။

    ဦးခေါင်း***************ထိုး ၊ ခြေထောက်မိုးမျှော် ချောက်ထဲသို့ ကျသွားပါတော့တယ်။ အောက်မှာ အတောင်များစွာ နက်တဲ့ ရေတွေ ရှိတာကြောင့် သေဘေးတော့ မထိုက်ပါ။ သို့သော်လည်း ချောက်ပေါ်ကို ပြန်မတက်နိုင်။ တွေးကာ မှိုင်ကာနဲပ ငိုကြွေးကာပဲ ၁၀ ရက်တိုင်တိုင် နေခဲ့ရပါတယ်။

    ၁၀ ရက် မြောက်တဲ့နေ့မှ ကယ်မယ့်သူနဲ တွေ့ရပါတော့တယ်။ ဧရာမ မျောက်ကြီးတကောင်ဟာ ကယ်တင်ရှင် ဖြစ်နေပါတယ်။ သူဟာ သစ်ကိုင်းတခုကို ခုန်ကူးရင်း ကျွန်တော့်အထက် ကမ်းပါးမှာ ရောက်လာပါတယ်။ ချောက်အတွင်းက ကျွန်တော့်ကို လှမ်းပြီး ကြည့်နေပါတော့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟ အစာမစားရလို့ ကြုံလှီ ခြောက်ကပ် နေပါပြီ။ အသားအရေ ခြောက်ခန်းနေပါပြီ။

    ဒါကို မြင်ပြီး မျောက်ကြီးက သနားလာဟန် တူပါတယ်။ သူက လူတို့ဘာသာ စကားနဲ့ပဲ " အသင်ဟာ လူလား၊ ဘီလူးလား၊ အကြောင်းမှန်ကို ပြောစမ်းပါ " လို့ ဆိုပါတယ် ။ ကျွန်တော်မျိုးကလည်း " အသင်မျောက်မင်း၊ ကျွန်တော်ဟာ မနုဿလူသားစင်စစ် မှန်ပါတယ်။ ကျွန်တော်ဒီချောက်ထဲက ဘယ်နည်းနဲမှ မတတ်နိုင်ပါ။ အို အသင်မျောက်မင်း ကျွန်တော့်ကို ကယ်တင်ပါ " လို့ ရိုရိုသေသေနဲ့ပဲ ကျွန်တော်က တောင်းပန်လိုက်ရ ပါတယ်။

    ဒီတော့ သန်မာလှတဲ့ မျောက်ကြီးဟာ ကျောက်ခဲတွေ၊ ကျောက်စွန်းတွေကို လက်မြဲမြဲ ခြေမြဲမြဲနဲ့ ဆွဲပြီး ဆင်းလာပါတယ် ။ " ကဲ ဒုက္ခသည်အမောင်လူသား၊ ငါ့ကျောမှာ မြဲမြဲခွစီးပြီး လည်ပင်းမှာ ဖက်ထားပေတာ့ " လို့ ပြောပြီး ချောက်ကမ်းပါးအတွင်းက ကျွန်တော့်ကို ကယ်ထုတ်ခဲ့ပါတယ် ။ နှစ်ယောက်ရဲ့ ဝန်ကို ထမ်းလာရတာမို့ သူ့လက်သူ့ခြေများ သွေးခြည်များ ဥကုန်ပါတော့တယ်။ အင်မတန်မှပဲ မောပန်းသွား ပါတယ်။

    ဒါကြောင့်မို့ပဲ အပေါ်ရောက်တဲ့အခါ မျောက်ကြီးက " ကဲ အမောင်လူသား၊ ငါတရေး အိပ်လိုက်ဦးမယ်။ ဒီတောအရပ်ဆိုတာ ကျားတွေ ကျားသစ်တွေ ရှိတတ်တယ်။ ငါအိပ်ပျော်နေတဲ့ အခိုက်မှာ သင်က ကောင်းကောင်း စောင့်ရှောက်ပါ ဘိ " ဆိုပြီး မျောက်ကြီးဟာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့ပဲ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဆိုတဲ့ အမိုက်တကာ့ ထိပ်ခေါင်တင်ဟာ မသင့်တော်တာ စိတ်ကူးမိတော့တာပါပဲ ဘုရား။

    တောထဲမှာရှိတဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေကို လူတွေ စားလို့နေကြတယ်။ အခု ဒီမျောက်လို ဟာကြီးတွေ ကိုကာ။ ဒါလည်း ရရင်တော့ စားကြတာ ပါပဲ။ ၁၀ ရက် တိုင်တိုင် အစာမစား ရတဲ့ ငါ့ဗိုက်ကလည်း တကြုတ်ကြုတ် မြည်လို့။ တောက် ဒီမျောက်ကြီးကို သတ်ပြီး ကင်စားလိုက်ရရင် တော့လား ။ အောင်မယ် ပိုတဲ့ဟာတွေ ဖက်နဲ့ ထုပ်ယူရင် တလမ်းလုံးအတွက် ရိက္ခာတောင် ရဦးမှာ။

    ကံမကောင်းချင်တော့ စိတ်အကြံရဲ့ နောက်မှာ လက်က ထက်ကြပ် ပါသွား ပါတော့တယ် ။ အနားက ကျောက်တုံးကြီးကို ယူပြီး မျောက်ကြီးခေါင်းကို ထုခွဲလိုက် ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အစာပြတ်လို့ အားနည်းနေ တာကြောင့် မျောက်ကြီးဟာ သေပွဲ မဝင်ပါ။

    အဲ့ဒီတုန်းက သူ့မျက်နှာထားကို ကျွန်တော့် မျက်စိထဲမှာ ခုထက်ထိ မြင်နေပါသေးတယ်။ သွေးသံရဲရဲနဲ့ ထခုန်ရင်းက ကျွန်တော်မှန်းလည်း သိရော တကထတည်း စိမ်းစိမ်းကြီး ကြည့်နေလိုက်တာ ကျွန်တော် အသည်းတုန် အူတုန် ဖြစ်ရတဲ့အထိပါပဲ။ သူ့ခေါင်းက သွေးတွေက တပေါက်ပေါက်ကျလို့။ ထို့အတူပဲ သူ့မျက်လုံးများကလည်း မျက်ရည်တွေ တပေါက်ပေါက်နဲ့။ တလုံးချင်းနဲ့ သူငိုရင်းပြောနေတဲ့ စကားလုံးများကို ကျွန်တော့နားထဲက မထွက်သေးပါ။

    " အို အသင်ယောက်ျား၊ လုပ်မှ လုပ်ရက်လေစွ တကား။ အသင်ဟာ တခြားရန်သူတွေကို ကာကွယ်ရမှာ ဖြစ်ပါလျက် အခု ငါ့ကို သင်ကိုယ်တိုင်က ရန်ပြုပါပကော ။ သြော် အံ့သြလောက်တဲ့ ယောက်ျားပါပေတကား။ အသင် ယောက်ျား၊ ငါဟာ အသင့်ကို ဟိုး တမလွန်လောကက ကယ်ထုတ်လို့ လာခဲ့ရတယ်။ ငါသာ မကယ်ရင် တမလွန် လောကသို့ ဧကန်သွားရတော့မယ်။ ဒီလို ကျေးဇူးရှင်ကိုမှ ဒီလိုယုတ်မာလှတဲ့ အကြံအစည်မျိုး ပြုရက်ပါပေ့ကွယ် "

    " အို သူတော်မဟုတ် ယောကျာ်းယုတ်၊ အသင့်အတွက်ကြောင့် ငါ့မှာဖြင့် ဒုက္ခဝေဒနာ ခံစားနေပြီ။ ဒါပေမယ့်လို့ အသင့်မှာတော့ ဒီလိုဆင်းရဲတဲ့ ဝေဒနာမျိုး မရောက်လာ မနှိပ်စက်ပါစေနဲ့။ ဝါးပင်ဟာ ကိုယ့်အသီးက ကိုယ့်ကိုသတ်သလိုပဲ ဒီမကောင်းမှုက သင့်ကို မသတ်ပါစေနဲ့ ။ ကိုယ်စိတ်နှလုံး မစောင့်သုံးတဲ့ အို လူယုတ် သင့်ကိုတော့ဖြင့် ငါက အကျွမ်းတဝင် မပြုရဲတော့ပြီ။ ငါ့နောက်ပါးက သွေးစက်တွေ ခြေရာခံပြီးတော့သာ လိုက်ခဲ့ပေတော့ " ဆိုပြီး မျောက်ကြီးဟာ သွေးပေါက်သွေးစက်နဲ့ ကျွန်တော့်ကို လမ်းပြပြီး လူတို့ရပ်ထံ ပို့ဆောင်ပေးပါတယ်။

    လမ်းရှိရာကို ရောက်ရင်ပဲ မျောက်ကြီးဟာ တောထဲကို ပြန်ဝင်ပြီးတော့ တောင်ပေါ်ကို တက်သွားပါတော့တယ်။ တောထဲက ထွက်အလာမှာ ကျွန်တော့် တကိုယ်လုံးဟာ ပူလောင်လွန်းမက လောင်လာပါတယ်။ ရေသောက်ချင်လွန်းလို့ ရေကန်တခုကို ဆင်းလိုက်တဲ့အခါ စောစောက ကြည်လင်အေးမြနေတဲ့ ရေကန်ဟာ သွေးတွေ၊ ပြည်တွေလို ဖြစ်ပြီး ကျိုက်ကျိုက်ဆူလို့ နေပါရော ဘုရား ။

    ဒါတင် မကသေးပါဘူး ဘုရား။ အဲဒီရေကန်က ရေပေါက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်မှာ စင်လာကြ ပါတယ်။ အဲဒီ ရေပေါက်တွေအမျှ ကျွန်တော့်ကိုယ်ပေါ်မှာ အနာကြီးတွေ ဖြစ်လာပါတယ်။ ချက်ချင်းပဲ သွေးတွေ ပြည်တွေ တည်လို့ ကိုယ့်ကိုယ်ကိုတောင် မသတီစရာ ဖြစ်ရပါတော့တယ်။

    ကျွန်တော်ဟာ ဘယ်လိုပဲ ဒုက္ခရောက်ပေမယ့် ကိုယ့်ရပ်ရွာကိုတော့ ရောက်အောင် ပြန်မယ်ဟဲ့ ဆိုပြီး အားခဲလို့ လာခဲ့ပါတယ်။ လမ်းမှာတွေ့သမျှ ရွာတွေ၊ လူတွေကိုလည်း အသနားခံ တောင်းပန်ပါတယ်။ ဒါပေမယ့် တွေ့သမျှ လူတွေကဖြင့် သနားဖို့ နေနေသာသာ ကျွန်တော်လာတာ မြင်ရင်ပဲ အဝေးက ရှောင်ကြပါတော့တယ်။ ကျွန်တော်က မတတ်သာလွန်းလို့ ဇွတ်တိုးသွား ပြန်တေ့ာလဲ တုတ်တွေ၊ ဓားတွေနဲ့ ကာကွယ်ပြီး ဆဲဆို ကြိမ်းမောင်းကြ ပါတော့တယ်။

    ကဲ ကျွန်တော့ ဖြစ်အင်၊ ကျွန်တော့် မကောင်းမှုကို တော့ဖြင့် အရှင်မင်းကြီး ကြားသိရပါပြီ၊ ရှုမြင်ရပါပြီ။ ဒီနားမှာ ရောက်နေကြတဲ့ အရှင်မင်းကြီးနှင့် တကွ မှူးမတ်ဗိုလ်ပါ အပေါင်းကို ကျွန်တော် အထူးတလည် အမှားစကား ပါးလိုက်ချင်တာ ကတော့ဖြင့် မိတ်ကောင်း၊ ဆွေကောင်းများကို ကျွန်တော့်နည်းတူ မပြစ်မှားဖို့ ပါပဲ ဘုရား။

    ဒုက္ခသည် ပုဏ္ဏားက ဖြစ်ကြောင်းကုန်စင်ကို ဤသို့ စီကာပတ်ကုံးပြောပြကာ မကြာမီ သေဆုံးလေ၏။ ဗြဟ္မဒတ်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါတို့သည် သတိသံဝေဂရလျက် နန်းတော်သို့ ပြန်ခဲ့ကြလေသည်။

    ဇာတ်ပေါင်းသော် မျောက်မင်းသည်ဘုရားအလောင်း၊ ပုဏ္ဏားသည်ဒေဝဒတ် ဖြစ်ခဲ့ကြတယ်တဲ့ ကလေးတို့ရေ...


    Credit: Original Author
    ကျေးဇူးကန်းတဲ့ ပုဏား ´´´´´´´´´´´´´´´´´´´´´´´ တခါတုန်းက ဗာရာဏသီမြို့ အနီးတွင် မိဂါစိန် ဟူသော ဥယျာဉ်တခု ရှိ၏။ ဗြဟ္ဓဒတ်မင်းကြီးသည် အခါအားလျော်စွာ ထိုဥယျာဉ်သို့ သွားရောက်၍ အပန်းဖြေ၏။ ဥယျာဉ်သည် သစ်ပင်ပန်းမံ တို့ဖြင့် တင့်တယ်သာယာ လှပသည် ဖြစ်၍ မင်းကြီးရောက်လေတိုင်း အပန်းဖြေ၍ စိတ်ရောကိုယ်ပါ လန်းဆန်းရလေသည်။ သို့ရာတွင် တနေ့က တခေါက်ရောက်သည်တွင်ကား မင်းကြီးမှာ အပန်းမပြေရုံမှ မက စိတ်ညစ်ညူး၍သွားရ၏။ ဥယျာဉ်တော်၏ အုတ်တံတိုင်း အနီးတွင် မမြင်အပ် မမြင်ချင်ဖွယ် မတင့်တယ်သော အရာကို မြင်လိုက်ရ၍ ဖြစ်ပေသည်။ ထိုအရာကား ရုပ်ပျက်ဆင်းပျက် လူနာတယောက် ဖြစ်၏။ ထိုသူသည် အုတ်တံတိုင်းနားမှာ ဖတ်ရွက်များကို ခင်း၍ အိပ်ကာ ဆင်းရဲပင်းပန်းစွာ သည်းညူးနေလေသည်။ သူ့တကိုယ်လုံးမှာလည်း အနာများ ဗရပွ ဖြစ်နေ၏။ ပေါက်တဲ့ နေရာက ပေါက်။ သွေးယိုတဲ့ နေရာက ယို ။ တချို့ နေရာမှာတော့ အရိုးနှင် အရေများ ကပ်လျက် ။ အရေအောက်တွင် အကြောကြီးများက ပိုက်ကွန်ကို ဖြန့်ထားသကဲ့သို့ ထင်းထင်းပေါ်၍ နေကြ၏ ။ ထိုသူ၏ အဝတ်အဆင်နှင့် ဆံပင်ပြုပြင်ထားပုံ ရှုရခြင်းအားဖြင့် ပုဏ္ဏားတယောက်ဟု သိရပေသည်။ ထိုပုဏ္ဏားပေါ် တွင် ရွံရှာမိသည်နှင့် အမျှ ဗြဟ္ဓဒတ်မင်းကြီးသည် သနားခြင်းလည်း ဖြစ်လာမိ၏။ ထို့အတူ ထိုအဖြစ်သို့ ရောက်လာရသည့် အကြောင်းကိုလည်း သိချင်နေ၏။ ထို့ကြောင့် " အို ပုဏ္ဏား၊ သင် ဘာဖြစ်လို့များ ဒါလောက်တောင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေရတာ ပါလဲ။ ဘယ်လို မကောင်းမှုများ ပြုမှားမိလို့ပါလဲ " ဟု အသာတကြည် မေးလိုက်၏ ။ လူမမာပုဏ္ဏားက " နားဆင်တော်မူပါ အရှင်မင်းကြီး။ ကျွန်တော် တက်နိုင်သမျှ တင်လျှောက်ပါ့မည်ဘုရား " ပုဏ္ဏားက အရိုအသေပြုကာ ဗြဟ္ဓဒတ်မင်းကြီးအား သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြလေသည်။ အရှင်မင်းကြီး ကျွန်တော်က ကာသိကရွာက လယ်သမား ပုဏ္ဏားဖြစ်ပါတယ်။ လယ်ထွန်ဖြုတ်ချိန်မှာ ကန်သင်း ပေါက်စရာရှိတာနဲ့ နွားတွေကို ကြိုးဖြုတ်ပြီး လှန်ထားမိပါတယ်။ အလုပ်မှာသာ စိတ်ဝင်စားနေမိတာမို့ နွားတွေ ဘယ်သွားပြီး ဘာစားနေတယ် ဆိုတာ ကျွန်တော် ဂရုမစိုက်မိပါဘူး ။ သတိရလို့ ကြည့်လိုက်တဲ့ အခါမှာ နွားတွေ မရှိတော့ပါဘူး ဘုရား။ ဒါနဲ့ ဘုရား ကျွန်တော်လည်း နွားတွေ သွားတက်တဲ့ တောအုပ်ထဲ ဝင်ပြီးရှာပါတယ်။ အဲ့ဒီမှာ မတွေ့တာနဲ့ တတောပြီး တတော ရှာလာလိုက်တာ ဟိမဝန္တာတောကြီးအထိ ရောက်လာပါတယ်။ ဟိမဝန္တာရောက်တယ်ဆိုရင်ပဲ မျက်စိလည်ပြီး လမ်းတွေ ပျောက်ကုန်ပါတယ်။ နွားကိုလည်း မတွေ့ အစာလည်း မစားရနဲ့ ၇ ရက် တိုင်တိုင်ပါပဲ ဘုရား။ အဲဒီလို ရောက်တက်ရာရာ သွားနေရင်းက ကံအားလျော်စွာ တည်ပင်တပင်ကို တွေ့ရပါတယ်။ တည်ပင်ဟာ အသူတရာနက်တဲ့ ချောက်ကမ်းပါးမှာ ပေါက်နေပါတယ်။ သူ့အသီးများဟာ စားချင်စဖွယ် မှည့်ဝင်းလို့ နေပါတယ်။ ဘုရားကျွန်တော်ဟာ တည်ပင်ကို မြင်လိုက်ရရင်ပဲ အပြေးအလွှား သွားပြီး လေတိုက်လို့ ကြွေကျနေတဲ့ တည်သီးများကို ကောက်စားလိုက်ပါတယ်။ အင်မတန်မှ အရသာ ထူးမြတ်လှပါတယ် ဘုရား။ တည်သီးများဟာ ပါးစပ်က စားလိုက်ပေမယ့် ဘယ်ရောက်သွားတယ်လို့ မသိရအောင် ပါပဲ။ တလုံးစားနေရင်းက နောက်တလုံးကို စားချင်စိတ် ပေါက်နေပါတော့တယ်။ ဒါကြောင့် မကြာခင်မှာပဲ လေကြွေတည်သီးတွေ ကုန်လို့မို့ အပင်ပေါ် တက်ရပါတော့တယ်။ အပင်ပေါ်က လက်လှမ်းမီသမျှ တည်သီးများကို ဘုရားကျွန်တော် ကြွပ်ကြွပ်မည်အောင် ခူးစားပါတယ် ။ တစတစနဲ့ ကိုက်ရင်းက အသီးတွေကုန်လို့ မို့ ကိုင်းဖျားမှာသာ အသီးများ ကျန်ပါတော့တယ်။ အဲ့ဒီကိုင်းဖျားမှာပဲ အလွန်မှည့်ပြီး စားချင်စရာကောင်းလှတဲ့ အသီးကြီး ရှိနေပါတယ်။ ဒါနဲ့ ဘုရားကျွန်တော် အရဲစွန့်ပြီး ကိုင်းဖျားကိုလျှောက်လို့ ဆွတ်ဖို့ရာ လက်လှမ်းလိုက်တာနဲ့ တပြိုင်နက် နင်းထားတဲ့ကိုင်းက ပြုတ်ကျပါရော ဘုရား ။ အို၊ ဒီတခါဖြင့် သေဘေးတွေ့ပဟ ဒီလိုပဲ စိတ်ထဲက တွေးလိုက်မိပါတယ် ။ ဦးခေါင်းစောက်ထိုး ၊ ခြေထောက်မိုးမျှော် ချောက်ထဲသို့ ကျသွားပါတော့တယ်။ အောက်မှာ အတောင်များစွာ နက်တဲ့ ရေတွေ ရှိတာကြောင့် သေဘေးတော့ မထိုက်ပါ။ သို့သော်လည်း ချောက်ပေါ်ကို ပြန်မတက်နိုင်။ တွေးကာ မှိုင်ကာနဲပ ငိုကြွေးကာပဲ ၁၀ ရက်တိုင်တိုင် နေခဲ့ရပါတယ်။ ၁၀ ရက် မြောက်တဲ့နေ့မှ ကယ်မယ့်သူနဲ တွေ့ရပါတော့တယ်။ ဧရာမ မျောက်ကြီးတကောင်ဟာ ကယ်တင်ရှင် ဖြစ်နေပါတယ်။ သူဟာ သစ်ကိုင်းတခုကို ခုန်ကူးရင်း ကျွန်တော့်အထက် ကမ်းပါးမှာ ရောက်လာပါတယ်။ ချောက်အတွင်းက ကျွန်တော့်ကို လှမ်းပြီး ကြည့်နေပါတော့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟ အစာမစားရလို့ ကြုံလှီ ခြောက်ကပ် နေပါပြီ။ အသားအရေ ခြောက်ခန်းနေပါပြီ။ ဒါကို မြင်ပြီး မျောက်ကြီးက သနားလာဟန် တူပါတယ်။ သူက လူတို့ဘာသာ စကားနဲ့ပဲ " အသင်ဟာ လူလား၊ ဘီလူးလား၊ အကြောင်းမှန်ကို ပြောစမ်းပါ " လို့ ဆိုပါတယ် ။ ကျွန်တော်မျိုးကလည်း " အသင်မျောက်မင်း၊ ကျွန်တော်ဟာ မနုဿလူသားစင်စစ် မှန်ပါတယ်။ ကျွန်တော်ဒီချောက်ထဲက ဘယ်နည်းနဲမှ မတတ်နိုင်ပါ။ အို အသင်မျောက်မင်း ကျွန်တော့်ကို ကယ်တင်ပါ " လို့ ရိုရိုသေသေနဲ့ပဲ ကျွန်တော်က တောင်းပန်လိုက်ရ ပါတယ်။ ဒီတော့ သန်မာလှတဲ့ မျောက်ကြီးဟာ ကျောက်ခဲတွေ၊ ကျောက်စွန်းတွေကို လက်မြဲမြဲ ခြေမြဲမြဲနဲ့ ဆွဲပြီး ဆင်းလာပါတယ် ။ " ကဲ ဒုက္ခသည်အမောင်လူသား၊ ငါ့ကျောမှာ မြဲမြဲခွစီးပြီး လည်ပင်းမှာ ဖက်ထားပေတာ့ " လို့ ပြောပြီး ချောက်ကမ်းပါးအတွင်းက ကျွန်တော့်ကို ကယ်ထုတ်ခဲ့ပါတယ် ။ နှစ်ယောက်ရဲ့ ဝန်ကို ထမ်းလာရတာမို့ သူ့လက်သူ့ခြေများ သွေးခြည်များ ဥကုန်ပါတော့တယ်။ အင်မတန်မှပဲ မောပန်းသွား ပါတယ်။ ဒါကြောင့်မို့ပဲ အပေါ်ရောက်တဲ့အခါ မျောက်ကြီးက " ကဲ အမောင်လူသား၊ ငါတရေး အိပ်လိုက်ဦးမယ်။ ဒီတောအရပ်ဆိုတာ ကျားတွေ ကျားသစ်တွေ ရှိတတ်တယ်။ ငါအိပ်ပျော်နေတဲ့ အခိုက်မှာ သင်က ကောင်းကောင်း စောင့်ရှောက်ပါ ဘိ " ဆိုပြီး မျောက်ကြီးဟာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့ပဲ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဆိုတဲ့ အမိုက်တကာ့ ထိပ်ခေါင်တင်ဟာ မသင့်တော်တာ စိတ်ကူးမိတော့တာပါပဲ ဘုရား။ တောထဲမှာရှိတဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေကို လူတွေ စားလို့နေကြတယ်။ အခု ဒီမျောက်လို ဟာကြီးတွေ ကိုကာ။ ဒါလည်း ရရင်တော့ စားကြတာ ပါပဲ။ ၁၀ ရက် တိုင်တိုင် အစာမစား ရတဲ့ ငါ့ဗိုက်ကလည်း တကြုတ်ကြုတ် မြည်လို့။ တောက် ဒီမျောက်ကြီးကို သတ်ပြီး ကင်စားလိုက်ရရင် တော့လား ။ အောင်မယ် ပိုတဲ့ဟာတွေ ဖက်နဲ့ ထုပ်ယူရင် တလမ်းလုံးအတွက် ရိက္ခာတောင် ရဦးမှာ။ ကံမကောင်းချင်တော့ စိတ်အကြံရဲ့ နောက်မှာ လက်က ထက်ကြပ် ပါသွား ပါတော့တယ် ။ အနားက ကျောက်တုံးကြီးကို ယူပြီး မျောက်ကြီးခေါင်းကို ထုခွဲလိုက် ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အစာပြတ်လို့ အားနည်းနေ တာကြောင့် မျောက်ကြီးဟာ သေပွဲ မဝင်ပါ။ အဲ့ဒီတုန်းက သူ့မျက်နှာထားကို ကျွန်တော့် မျက်စိထဲမှာ ခုထက်ထိ မြင်နေပါသေးတယ်။ သွေးသံရဲရဲနဲ့ ထခုန်ရင်းက ကျွန်တော်မှန်းလည်း သိရော တကထတည်း စိမ်းစိမ်းကြီး ကြည့်နေလိုက်တာ ကျွန်တော် အသည်းတုန် အူတုန် ဖြစ်ရတဲ့အထိပါပဲ။ သူ့ခေါင်းက သွေးတွေက တပေါက်ပေါက်ကျလို့။ ထို့အတူပဲ သူ့မျက်လုံးများကလည်း မျက်ရည်တွေ တပေါက်ပေါက်နဲ့။ တလုံးချင်းနဲ့ သူငိုရင်းပြောနေတဲ့ စကားလုံးများကို ကျွန်တော့နားထဲက မထွက်သေးပါ။ " အို အသင်ယောက်ျား၊ လုပ်မှ လုပ်ရက်လေစွ တကား။ အသင်ဟာ တခြားရန်သူတွေကို ကာကွယ်ရမှာ ဖြစ်ပါလျက် အခု ငါ့ကို သင်ကိုယ်တိုင်က ရန်ပြုပါပကော ။ သြော် အံ့သြလောက်တဲ့ ယောက်ျားပါပေတကား။ အသင် ယောက်ျား၊ ငါဟာ အသင့်ကို ဟိုး တမလွန်လောကက ကယ်ထုတ်လို့ လာခဲ့ရတယ်။ ငါသာ မကယ်ရင် တမလွန် လောကသို့ ဧကန်သွားရတော့မယ်။ ဒီလို ကျေးဇူးရှင်ကိုမှ ဒီလိုယုတ်မာလှတဲ့ အကြံအစည်မျိုး ပြုရက်ပါပေ့ကွယ် " " အို သူတော်မဟုတ် ယောကျာ်းယုတ်၊ အသင့်အတွက်ကြောင့် ငါ့မှာဖြင့် ဒုက္ခဝေဒနာ ခံစားနေပြီ။ ဒါပေမယ့်လို့ အသင့်မှာတော့ ဒီလိုဆင်းရဲတဲ့ ဝေဒနာမျိုး မရောက်လာ မနှိပ်စက်ပါစေနဲ့။ ဝါးပင်ဟာ ကိုယ့်အသီးက ကိုယ့်ကိုသတ်သလိုပဲ ဒီမကောင်းမှုက သင့်ကို မသတ်ပါစေနဲ့ ။ ကိုယ်စိတ်နှလုံး မစောင့်သုံးတဲ့ အို လူယုတ် သင့်ကိုတော့ဖြင့် ငါက အကျွမ်းတဝင် မပြုရဲတော့ပြီ။ ငါ့နောက်ပါးက သွေးစက်တွေ ခြေရာခံပြီးတော့သာ လိုက်ခဲ့ပေတော့ " ဆိုပြီး မျောက်ကြီးဟာ သွေးပေါက်သွေးစက်နဲ့ ကျွန်တော့်ကို လမ်းပြပြီး လူတို့ရပ်ထံ ပို့ဆောင်ပေးပါတယ်။ လမ်းရှိရာကို ရောက်ရင်ပဲ မျောက်ကြီးဟာ တောထဲကို ပြန်ဝင်ပြီးတော့ တောင်ပေါ်ကို တက်သွားပါတော့တယ်။ တောထဲက ထွက်အလာမှာ ကျွန်တော့် တကိုယ်လုံးဟာ ပူလောင်လွန်းမက လောင်လာပါတယ်။ ရေသောက်ချင်လွန်းလို့ ရေကန်တခုကို ဆင်းလိုက်တဲ့အခါ စောစောက ကြည်လင်အေးမြနေတဲ့ ရေကန်ဟာ သွေးတွေ၊ ပြည်တွေလို ဖြစ်ပြီး ကျိုက်ကျိုက်ဆူလို့ နေပါရော ဘုရား ။ ဒါတင် မကသေးပါဘူး ဘုရား။ အဲဒီရေကန်က ရေပေါက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်မှာ စင်လာကြ ပါတယ်။ အဲဒီ ရေပေါက်တွေအမျှ ကျွန်တော့်ကိုယ်ပေါ်မှာ အနာကြီးတွေ ဖြစ်လာပါတယ်။ ချက်ချင်းပဲ သွေးတွေ ပြည်တွေ တည်လို့ ကိုယ့်ကိုယ်ကိုတောင် မသတီစရာ ဖြစ်ရပါတော့တယ်။ ကျွန်တော်ဟာ ဘယ်လိုပဲ ဒုက္ခရောက်ပေမယ့် ကိုယ့်ရပ်ရွာကိုတော့ ရောက်အောင် ပြန်မယ်ဟဲ့ ဆိုပြီး အားခဲလို့ လာခဲ့ပါတယ်။ လမ်းမှာတွေ့သမျှ ရွာတွေ၊ လူတွေကိုလည်း အသနားခံ တောင်းပန်ပါတယ်။ ဒါပေမယ့် တွေ့သမျှ လူတွေကဖြင့် သနားဖို့ နေနေသာသာ ကျွန်တော်လာတာ မြင်ရင်ပဲ အဝေးက ရှောင်ကြပါတော့တယ်။ ကျွန်တော်က မတတ်သာလွန်းလို့ ဇွတ်တိုးသွား ပြန်တေ့ာလဲ တုတ်တွေ၊ ဓားတွေနဲ့ ကာကွယ်ပြီး ဆဲဆို ကြိမ်းမောင်းကြ ပါတော့တယ်။ ကဲ ကျွန်တော့ ဖြစ်အင်၊ ကျွန်တော့် မကောင်းမှုကို တော့ဖြင့် အရှင်မင်းကြီး ကြားသိရပါပြီ၊ ရှုမြင်ရပါပြီ။ ဒီနားမှာ ရောက်နေကြတဲ့ အရှင်မင်းကြီးနှင့် တကွ မှူးမတ်ဗိုလ်ပါ အပေါင်းကို ကျွန်တော် အထူးတလည် အမှားစကား ပါးလိုက်ချင်တာ ကတော့ဖြင့် မိတ်ကောင်း၊ ဆွေကောင်းများကို ကျွန်တော့်နည်းတူ မပြစ်မှားဖို့ ပါပဲ ဘုရား။ ဒုက္ခသည် ပုဏ္ဏားက ဖြစ်ကြောင်းကုန်စင်ကို ဤသို့ စီကာပတ်ကုံးပြောပြကာ မကြာမီ သေဆုံးလေ၏။ ဗြဟ္မဒတ်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါတို့သည် သတိသံဝေဂရလျက် နန်းတော်သို့ ပြန်ခဲ့ကြလေသည်။ ဇာတ်ပေါင်းသော် မျောက်မင်းသည်ဘုရားအလောင်း၊ ပုဏ္ဏားသည်ဒေဝဒတ် ဖြစ်ခဲ့ကြတယ်တဲ့ ကလေးတို့ရေ... Credit: Original Author
    Love
    2
    1 Comments ·480 Views
  • အနီးဆုံးသူ၏တန်ဖိုး

    တစ်ခါက နယ်စားမင်းတစ်ဦးဆီမှာ
    မောင်နီဆိုတဲ့ လုလင်တစ်ယောက်ဟာ
    နှစ်ပေါင်းများစွာ အမှုထမ်း ခစားနေခဲ့ပါတယ်။
    နှစ်ရှည်လများစွာ အမှုထမ်း ခစားနေပေမဲ့
    မောင်နီဟာ
    မထင်မရှား ရာထူးကလေးမှာပဲ တာ၀န် ထမ်းဆောင် နေရတာကြောင့် စိတ်ပျက်နေခဲ့မိတာပေါ့..
    ဒါကြောင့်
    မောင်နီဟာသူ့သခင် နယ်စားမင်းကြီးအား
    လျှောက်တင်လိုက်ပါတယ်
    “ အရှင်နယ်စားမင်းကြီး
    ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို
    ဟိုးအဝေးဆီ ပျံတော့မယ် ခင်ဗျာ”
    နယ်စားမင်းကလည်း
    “ဟေ့...ဘာဖြစ်လို့လည်းကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါအုန်း” လို့မေးပါတော့တယ်
    “ နယ်စားမင်းကြီး ခင်ဗျာ.. ခြံထဲက ကြက်ဖကို မြင်တယ်မဟုတ်လား” လို့ မောင်နီကဆိုပါတယ်..
    “ သူ့ခေါင်းမှာ ဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။
    သူ့ခြေထောက်က
    မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ ခွန်အားတွေကို ပြသနေပါတယ်။
    ဘယ်ရန်သူမဆို ခွတ်ဖို့ ၀န်မလေးခြင်းက
    သူ့ရဲ့ ရဲဝံ့မှုကို ပြနေပါတယ်။
    အစာရှာတွေ့တဲ့ အခါတိုင်း
    အခြားတစ်ပါး ကြက်တွေကို
    တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း
    သူရဲ့ ရက်ရော သဘောကောင်းမှုကို ထင်ဟပ် ပြသနေပါတယ်။
    ညဉ့်ဦးယံ ကနေ မိုးသောက်ယံထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ
    ဆိုတတ်တဲ့
    သူ့သဘောကို ထင်ရှားအောင် ပြသလို ရှိနေပါတယ်။
    အဲဒီလို
    ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့ပြည်စုံပါလျက် ကြက်ဖတွေဟာ အရှင် နယ်စားမင်းကြီးရဲ့ ပွဲတော်တည်ဖို့အတွက် နေစဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတယ်။
    ဘာကြောင့်
    သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေရသလဲ။ အကြောင်းအရင်းက …
    လူနဲ့လက်လှမ်းတမီမှာ ရှိနေတဲ့
    အတွက်ကြောင့်ပဲ။
    သူဟာ လူနဲ့ နီးစပ်လွန်းတယ်
    သူ့ကို အမြဲမြင်နေရတယ်
    တွေ့နေရတယ်။
    အဲဒီတော့ ရိုးသွားတယ်။
    သူ့တန်ဖိုးတွေ
    ဘယ်လိုရှိတယ်ဆိုတာ မစဉ်းစားမိကြတော့ဘူး။
    ဟိုးအဝေးကြီးက
    မိုင်ထောင်ချီဝေးတဲ့ အရပ်က
    တစ်ခါတလေမှ နယ်ပြောင်းပယ်ပြောင်း ရောက်လာတတ်တဲ့ တောငန်းဖြူ ကြီးတွေကျတော့
    ကြက်ဖရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည်စုံကြတာမဟုတ်ပေမယ့်
    ရှားပါတယ်၊ တွေ့ရခဲတယ် ဆိုတာ တစ်ခုတည်းနဲ့ နယ်စားကြီးက အင်မတန် တန်ဖိုးထားတယ်။
    ဥယျာဉ်ထဲ
    ရေကန်ထဲမှာ
    ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုးဖျက်ဆီးပေမယ့်
    သူတို့ကို လုံး၀ ပစ်ခတ်သတ်ဖြတ်ခြင်းမရှိ၊
    ဒီအတိုင်း အလှကြည့်ထားတယ်..
    ဒါကြောင့်မို့
    ကျွန်တေ်ာမျိုးလည်း တောငန်းဖြူကြီးများလို ဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့ လျှောက်တင်ကြောင်းပါနယ်စားမင်း ခင်ဗျာ”
    လို့ လျောက်တင်လိုက်ပါတယ်...
    မှန်ပါတယ်...
    ဒါကြောင့် ပုံပြင်ထဲကလိုပဲ
    ကျွန်တော်တို့တတွေဟာ တစ်ခါတလေမှာ
    ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊
    အလုပ်ရှင်နဲ့ အလုပ်သမား၊ စသည့်တို့ကြားမှာ
    “နီးလွန်းသည့်အခါ
    မမြင် တွေ့ဖန်များသော အခါ တန်ဖိုး မရှိ”
    ဆိုရိုးစကားကဲ့သို့ နီးနီးနားနားမှာရှိတဲ့ သူရဲ့တန်ဖိုးကို မေ့လျော့နေတတ်ကြပါတယ်...
    ဒီပုံပြင်ထဲကပေးတဲ့
    သင်ခန်းစာအတိုင်း အနီးဆုံးသူရဲ့တန်ဖိုးကို
    မြင်တတ်ကြပါစေ......

    Credit: Original Author
    အနီးဆုံးသူ၏တန်ဖိုး 🌾🌾🌾🌾🌾🌾🌾🌾🌾🌾 တစ်ခါက နယ်စားမင်းတစ်ဦးဆီမှာ မောင်နီဆိုတဲ့ လုလင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာ အမှုထမ်း ခစားနေခဲ့ပါတယ်။ နှစ်ရှည်လများစွာ အမှုထမ်း ခစားနေပေမဲ့ မောင်နီဟာ မထင်မရှား ရာထူးကလေးမှာပဲ တာ၀န် ထမ်းဆောင် နေရတာကြောင့် စိတ်ပျက်နေခဲ့မိတာပေါ့.. ဒါကြောင့် မောင်နီဟာသူ့သခင် နယ်စားမင်းကြီးအား လျှောက်တင်လိုက်ပါတယ် “ အရှင်နယ်စားမင်းကြီး ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုးအဝေးဆီ ပျံတော့မယ် ခင်ဗျာ” နယ်စားမင်းကလည်း “ဟေ့...ဘာဖြစ်လို့လည်းကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါအုန်း” လို့မေးပါတော့တယ် “ နယ်စားမင်းကြီး ခင်ဗျာ.. ခြံထဲက ကြက်ဖကို မြင်တယ်မဟုတ်လား” လို့ မောင်နီကဆိုပါတယ်.. “ သူ့ခေါင်းမှာ ဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ သူ့ခြေထောက်က မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ ခွန်အားတွေကို ပြသနေပါတယ်။ ဘယ်ရန်သူမဆို ခွတ်ဖို့ ၀န်မလေးခြင်းက သူ့ရဲ့ ရဲဝံ့မှုကို ပြနေပါတယ်။ အစာရှာတွေ့တဲ့ အခါတိုင်း အခြားတစ်ပါး ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူရဲ့ ရက်ရော သဘောကောင်းမှုကို ထင်ဟပ် ပြသနေပါတယ်။ ညဉ့်ဦးယံ ကနေ မိုးသောက်ယံထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ ဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင် ပြသလို ရှိနေပါတယ်။ အဲဒီလို ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့ပြည်စုံပါလျက် ကြက်ဖတွေဟာ အရှင် နယ်စားမင်းကြီးရဲ့ ပွဲတော်တည်ဖို့အတွက် နေစဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေရသလဲ။ အကြောင်းအရင်းက … လူနဲ့လက်လှမ်းတမီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူဟာ လူနဲ့ နီးစပ်လွန်းတယ် သူ့ကို အမြဲမြင်နေရတယ် တွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိတယ်ဆိုတာ မစဉ်းစားမိကြတော့ဘူး။ ဟိုးအဝေးကြီးက မိုင်ထောင်ချီဝေးတဲ့ အရပ်က တစ်ခါတလေမှ နယ်ပြောင်းပယ်ပြောင်း ရောက်လာတတ်တဲ့ တောငန်းဖြူ ကြီးတွေကျတော့ ကြက်ဖရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည်စုံကြတာမဟုတ်ပေမယ့် ရှားပါတယ်၊ တွေ့ရခဲတယ် ဆိုတာ တစ်ခုတည်းနဲ့ နယ်စားကြီးက အင်မတန် တန်ဖိုးထားတယ်။ ဥယျာဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုးဖျက်ဆီးပေမယ့် သူတို့ကို လုံး၀ ပစ်ခတ်သတ်ဖြတ်ခြင်းမရှိ၊ ဒီအတိုင်း အလှကြည့်ထားတယ်.. ဒါကြောင့်မို့ ကျွန်တေ်ာမျိုးလည်း တောငန်းဖြူကြီးများလို ဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့ လျှောက်တင်ကြောင်းပါနယ်စားမင်း ခင်ဗျာ” လို့ လျောက်တင်လိုက်ပါတယ်... မှန်ပါတယ်... ဒါကြောင့် ပုံပြင်ထဲကလိုပဲ ကျွန်တော်တို့တတွေဟာ တစ်ခါတလေမှာ ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ စသည့်တို့ကြားမှာ “နီးလွန်းသည့်အခါ မမြင် တွေ့ဖန်များသော အခါ တန်ဖိုး မရှိ” ဆိုရိုးစကားကဲ့သို့ နီးနီးနားနားမှာရှိတဲ့ သူရဲ့တန်ဖိုးကို မေ့လျော့နေတတ်ကြပါတယ်... ဒီပုံပြင်ထဲကပေးတဲ့ သင်ခန်းစာအတိုင်း အနီးဆုံးသူရဲ့တန်ဖိုးကို မြင်တတ်ကြပါစေ...... Credit: Original Author
    Love
    2
    ·678 Views
  • သားအဖနှစ်ယောက်နှင့် မြည်း

    တခါတုန်းက သားအဖနှစ်ယောက်ဟာ သူ့တို့ရဲ့ မြည်းကို ရောင်းချဖို့ မြည်းကို ကြိုးနဲ့ဆွဲပြီး ဈေးကို ထွက်လာခဲ့တယ်။ သိပ်မကြာခင် လမ်းမှာ မြို့က ပြန်လာတဲ့ မိန်ကလေးတချို့နဲ့ တွေ့ကြတယ်။

    "ကြည့်ကြပါဦးဟယ်၊ ဒီလောက် မိုက်မဲတဲ့ လူမျိုး တွေ့ဖူးကြလား။ တယောက်က မြည်းကိုစီးရင် ရသားနဲ့ နှစ်ယောက်စလုံး လမ်းလျှောက်လာ ကြတယ်" လို့ မိန်းကလေး တယောက်က ပြောတယ်။ အဲဒီစကားကို ကြားတဲ့ အဖေဖြစ်သူက သူ့သားကို မြည်းပေါ် တက်ခိုင်းပြီး သူကတော့ ဘေးကနေ ခြေလျင်လိုက်လာတယ်။

    မကြာခင်မှာပဲလမ်းဘေးရပ်ပြီး အုပ်စုဖွဲ့ စကားပြောနေကြတဲ့ အဘိုးအိုတွေအနား ရောက်လာတယ်။ "ကြည့်စမ်းပါဦးကွယ်၊ သားမိုက်ကတော့ မြည်းပေါ်မှာ သနားစရာ ဖခင်ကတော့ လမ်းလျှောက်ရ ရှာတယ်။ ဟဲ့ ငပျင်းလေး ဆင်းစမ်း။ မင်းအဖေပဲ စီးစမ်းပါစေ" လို့ အဘိုးအိုတယောက်က ဆိုတယ်။

    အဲဒီစကားကို ဖခင်ဖြစ်သူ ကြားတော့ သူ့သားကို မြည်းပေါ်က ချပြီး သူက တက်စီးတယ်။ သူတို့ ခပ်ဝေးဝေးတောင် မရောက်သေးဘူး။ ဈေးက ပြန်လာတဲ့ အမျိုးသမီး တချို့နဲ့ တွေ့ပြန်တယ်။ "ဟယ် အပျင်းကြီးတဲ့ လူကြီး၊ ကလေးက ရှင်နဲ့ မြည်းကို မနည်းမီအောင် လျှောက်နေရတာတောင် ရှင်က မြည်းကို စီးဝံ့သေးသလား" လို့ အမျိုးသမီးတွေက ဝိုင်းအော်ကြတယ်။

    အဲဒီ့စကားကို ကြားတဲ့ ဖခင်ဟာ သူ့သားကို သူ့နောက်မှာ တက်ထိုင်ခိုင်းပြီး မြို့ကို ခရီးဆက်တယ်။ လမ်းမှာ မြို့သားတယောက်နဲ့ သူတို့တွေ့တယ်။ "ဟေ့ ရောင်းရင်းကြီး၊ ဒီမြည်းက ခင်ဗျားပိုင်တာလား" လို့ မြို့သားက မေးတယ်။ "ဟုတ်ပါတယ်" လို့ ဖခင်ဖြစ်သူက ဆိုတယ်။

    မြို့သားက "မြည်းကို ခင်ဗျားတို့နှစ်ယောက် စီးတော့ မြည်း ခါးကျိုးသွားမှာပေါ့။ မြည်းက ခင်ဗျားတို့ကို တင်သွားတာထက် ခင်ဗျားတို့ မြည်းကို ထမ်းသွားတာ ပိုကောင်းတာပေါ့" လို့ မြို့သားက ဆိုတယ်။

    ဒီလိုနဲ့ သူတို့ဟာ မြည်းပေါ်က ဆင်းပြီး မြည်းရဲ့ ခြေထောက်တွေကို စုပြီး ကြိုးနဲ့ချည်တယ်။ မြည်းကို ဇောက်ထိုးထားပြီး ထမ်ပိုး တချောင်းလျှိုလို့ ပုခုံးပေါ်တင် ထမ်းလာကြတယ်။ မြင်ကွင်းဟာ ရယ်စရာ ကောင်းတာမို့ တွေ့တဲ့ လူတိုင်းက ရယ်မောကာ နောက်ပြောင် ကျီစယ်ကြပါလေရော။

    သနားစရာ မြည်းခမျာ မှာလည်း အလွန်ကို အနေရခက်ရမို့ ရှိသမျှ အားအကုန်သုံးပြီး ထမ်းပိုးနဲ့လွတ်အောင် ကြိုးစား ရုန်းကန်ရှာတယ်။ နောက်ဆုံးတော့ သူတို့ တံတားတခုကို ဖြတ်ကြရတယ်။

    အဲဒီအချိန်မှာ မြည်းရဲ့ ခြေတချောင်းက လွတ်သွားပြီး ဖရိုဖရဲ ပြုတ်ကျလာတယ်။ မြည်းဟာ ကြောက်လန့်ပြီး တံတားပေါ်ကနေ ရေထဲခုန်ချတော့ ရေနစ်ပါလေရော။

    "သွားပါပြီ၊ သွားပါပြီ။ လူတိုင်း စိတ်ကျေနပ်အောင် လုပ်ဖို့ ကြိုးစားလို့ အခုလို ဖြစ်ရတာ။ မှန်တယ် ထင်တဲ့ဟာကို ဘာကြောင့် မလုပ်မိရတာလဲ။ ငါ့ရဲ့အလုပ်က ငါ့မြည်းကို ဈေးထဲ မောင်းသွားဖို့ပဲ ရှိတာ။ ဒါဆို ငါ့မြည်းကို ရောင်းလို့ ရတယ်။ အခုတော့ သွားပါပြီ။ ငါ့မြည်း ရေနစ်သွားပြီလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

    နောက်တော့ သားအဖနှစ်ယောက်ဟာ ဝမ်းနည်းပက်လက်နဲ့ အိမ်ပြန်သွားရ ရှာပါတယ်။

    ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာ ကတော့ ပတ်ဝန်းကျင်ကလူတွေ ပါးစပ်အမျိုးမျိုးက ထွက်တဲ့ စကားတွေကို လိုက်ခံစားနေဖို့ မလိုပါဘူး။ ကိုယ်လုပ်စရာ ရှိတာကိုသာ တစိုက်မတ်မတ် ယုံကြည်ချက်ဖြင့် လုပ်ဆောင်သွားဖို့သာ လိုပါတယ်။

    Credit: Original Author
    သားအဖနှစ်ယောက်နှင့် မြည်း တခါတုန်းက သားအဖနှစ်ယောက်ဟာ သူ့တို့ရဲ့ မြည်းကို ရောင်းချဖို့ မြည်းကို ကြိုးနဲ့ဆွဲပြီး ဈေးကို ထွက်လာခဲ့တယ်။ သိပ်မကြာခင် လမ်းမှာ မြို့က ပြန်လာတဲ့ မိန်ကလေးတချို့နဲ့ တွေ့ကြတယ်။ "ကြည့်ကြပါဦးဟယ်၊ ဒီလောက် မိုက်မဲတဲ့ လူမျိုး တွေ့ဖူးကြလား။ တယောက်က မြည်းကိုစီးရင် ရသားနဲ့ နှစ်ယောက်စလုံး လမ်းလျှောက်လာ ကြတယ်" လို့ မိန်းကလေး တယောက်က ပြောတယ်။ အဲဒီစကားကို ကြားတဲ့ အဖေဖြစ်သူက သူ့သားကို မြည်းပေါ် တက်ခိုင်းပြီး သူကတော့ ဘေးကနေ ခြေလျင်လိုက်လာတယ်။ မကြာခင်မှာပဲလမ်းဘေးရပ်ပြီး အုပ်စုဖွဲ့ စကားပြောနေကြတဲ့ အဘိုးအိုတွေအနား ရောက်လာတယ်။ "ကြည့်စမ်းပါဦးကွယ်၊ သားမိုက်ကတော့ မြည်းပေါ်မှာ သနားစရာ ဖခင်ကတော့ လမ်းလျှောက်ရ ရှာတယ်။ ဟဲ့ ငပျင်းလေး ဆင်းစမ်း။ မင်းအဖေပဲ စီးစမ်းပါစေ" လို့ အဘိုးအိုတယောက်က ဆိုတယ်။ အဲဒီစကားကို ဖခင်ဖြစ်သူ ကြားတော့ သူ့သားကို မြည်းပေါ်က ချပြီး သူက တက်စီးတယ်။ သူတို့ ခပ်ဝေးဝေးတောင် မရောက်သေးဘူး။ ဈေးက ပြန်လာတဲ့ အမျိုးသမီး တချို့နဲ့ တွေ့ပြန်တယ်။ "ဟယ် အပျင်းကြီးတဲ့ လူကြီး၊ ကလေးက ရှင်နဲ့ မြည်းကို မနည်းမီအောင် လျှောက်နေရတာတောင် ရှင်က မြည်းကို စီးဝံ့သေးသလား" လို့ အမျိုးသမီးတွေက ဝိုင်းအော်ကြတယ်။ အဲဒီ့စကားကို ကြားတဲ့ ဖခင်ဟာ သူ့သားကို သူ့နောက်မှာ တက်ထိုင်ခိုင်းပြီး မြို့ကို ခရီးဆက်တယ်။ လမ်းမှာ မြို့သားတယောက်နဲ့ သူတို့တွေ့တယ်။ "ဟေ့ ရောင်းရင်းကြီး၊ ဒီမြည်းက ခင်ဗျားပိုင်တာလား" လို့ မြို့သားက မေးတယ်။ "ဟုတ်ပါတယ်" လို့ ဖခင်ဖြစ်သူက ဆိုတယ်။ မြို့သားက "မြည်းကို ခင်ဗျားတို့နှစ်ယောက် စီးတော့ မြည်း ခါးကျိုးသွားမှာပေါ့။ မြည်းက ခင်ဗျားတို့ကို တင်သွားတာထက် ခင်ဗျားတို့ မြည်းကို ထမ်းသွားတာ ပိုကောင်းတာပေါ့" လို့ မြို့သားက ဆိုတယ်။ ဒီလိုနဲ့ သူတို့ဟာ မြည်းပေါ်က ဆင်းပြီး မြည်းရဲ့ ခြေထောက်တွေကို စုပြီး ကြိုးနဲ့ချည်တယ်။ မြည်းကို ဇောက်ထိုးထားပြီး ထမ်ပိုး တချောင်းလျှိုလို့ ပုခုံးပေါ်တင် ထမ်းလာကြတယ်။ မြင်ကွင်းဟာ ရယ်စရာ ကောင်းတာမို့ တွေ့တဲ့ လူတိုင်းက ရယ်မောကာ နောက်ပြောင် ကျီစယ်ကြပါလေရော။ သနားစရာ မြည်းခမျာ မှာလည်း အလွန်ကို အနေရခက်ရမို့ ရှိသမျှ အားအကုန်သုံးပြီး ထမ်းပိုးနဲ့လွတ်အောင် ကြိုးစား ရုန်းကန်ရှာတယ်။ နောက်ဆုံးတော့ သူတို့ တံတားတခုကို ဖြတ်ကြရတယ်။ အဲဒီအချိန်မှာ မြည်းရဲ့ ခြေတချောင်းက လွတ်သွားပြီး ဖရိုဖရဲ ပြုတ်ကျလာတယ်။ မြည်းဟာ ကြောက်လန့်ပြီး တံတားပေါ်ကနေ ရေထဲခုန်ချတော့ ရေနစ်ပါလေရော။ "သွားပါပြီ၊ သွားပါပြီ။ လူတိုင်း စိတ်ကျေနပ်အောင် လုပ်ဖို့ ကြိုးစားလို့ အခုလို ဖြစ်ရတာ။ မှန်တယ် ထင်တဲ့ဟာကို ဘာကြောင့် မလုပ်မိရတာလဲ။ ငါ့ရဲ့အလုပ်က ငါ့မြည်းကို ဈေးထဲ မောင်းသွားဖို့ပဲ ရှိတာ။ ဒါဆို ငါ့မြည်းကို ရောင်းလို့ ရတယ်။ အခုတော့ သွားပါပြီ။ ငါ့မြည်း ရေနစ်သွားပြီလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ နောက်တော့ သားအဖနှစ်ယောက်ဟာ ဝမ်းနည်းပက်လက်နဲ့ အိမ်ပြန်သွားရ ရှာပါတယ်။ ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာ ကတော့ ပတ်ဝန်းကျင်ကလူတွေ ပါးစပ်အမျိုးမျိုးက ထွက်တဲ့ စကားတွေကို လိုက်ခံစားနေဖို့ မလိုပါဘူး။ ကိုယ်လုပ်စရာ ရှိတာကိုသာ တစိုက်မတ်မတ် ယုံကြည်ချက်ဖြင့် လုပ်ဆောင်သွားဖို့သာ လိုပါတယ်။ Credit: Original Author
    Love
    1
    ·675 Views
  • ရွှေတွင်းကြီးကို တူးယူလှည့်ပါ

    တခါတုန်းက လူတယောက်ဟာ တောထဲတောင်ထဲမှာ ရွှေ လိုက်ရှာတယ်။ တနေ့မှာတော့ အလွန်ကြီးမားတဲ့ ရွှေတွင်းကြီးကို တွေ့လိုက်ရ တယ်။ သူလည်း ရသလောက် ရွှေတွေကို တူးတယ်။ ဒါပေမဲ့ သူ ဘယ်လောက်တူးတူး ရွှေတွင်းကြီးက ရွှေဟာ မကုန်နိုင်ဘူး။

    ဒါကြောင့် သူဟာ သူ့ရွာကို ပြန်ပြီး ရွာသားတွေကို ရွှေတွင်းကြီးဆီကို ခေါ်သွားပြီး ကြိုက်သလောက် တူးယူကြလို့ ပြောလိုက်တယ်။ ရွာသားတွေလည်း ပျော်ပျော် ပါးပါးကြီးနဲ့ ကြိုက်သလောက် တူးယူနေ ကြတယ်။

    ဒါပေမဲ့ လူတယောက်ကတော့ ရွှေမတူးပဲ သူများတွေ တူးယူနေ ကြတာကို ဘေးက ရပ်ကြည့်နေတယ်။ ဘာမှ မလုပ်ဘူး။ ဒါနဲ့ ရွှေတွင်းကို တွေ့တဲ့သူက "ဟေ့လူ၊ ရွှေတွေ ဘာလို့ မတူးတာလဲ"

    ရွာသားက "ကျနော့်မှာ တူးစရာ ပေါက်ချွန်း မရှိလို့ပါ"

    " ဒါဆိုလည်း ရော့ ပေါက်ချွန်း၊ ကြိုက်သလောက်သာ တူးယူပေတော့"

    အဲ့ဒီအခါမှာ ရွာသားက "တူးရမှာလည်း ပျင်းလို့ပါ" တဲ့။

    ပုံပြင်လေးက ရီစရာလို့ ထင်ရပေမဲ့ လက်တွေ့ လောကကြီးမှာလည်း နေ့စဉ် ဒီအတိုင်း ဖြစ်နေတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြ ပါလိမ့်မယ်။

    တချို့က စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေက ရတဲ့ အသိဉာဏ်တွေကြောင့် အောင်မြင်သွား ကြတယ်။ ကြီးပွားချမ်း သာသွားကြတယ်။ လူ့လောကကြီးကို ကောင်းကောင်းကြီး အကျိုးပြုသွားကြတယ်။

    ဒီတော့ သူတို့ဟာ သူတို့ကို အကျိုးရှိစေတာ စာဖတ်ခြင်းကြောင့် ဆိုတာကို သိလို့ လူငယ်တွေကိုလည်း သူတို့လို ကြီးပွား အောင်မြင်စေချင်လို့ စာဖတ်ကြပါ လို့ တိုက်တွန်းတယ်။ လူငယ်တွေကတော့ မအားလို့၊ ပျင်းလို့ စာမဖတ်ချင်ဘူးတဲ့။

    သူတို့ ဘဝတလျှောက်မှာ စိတ်အေးချမ်းသာစွာ နေစေနိုင်မဲ့ ရွှေတွင်းကြီးကို မျက်စိရှေ့မှာ တွေ့နေပါလျက်နဲ့ ဖေ့စ်ဘွတ်ခ် ပွတ်နေရလို့၊ ဂိမ်းကစား နေရလို့၊ လက်ဖက်ရည်ဆိုင် ထိုင်နေရလို့ မအားပါဘူး ဆိုတဲ့ သူတွေ စဉ်းစားဖို့ပါ။

    ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဋ္ဌေးကြီး ဘီလ်ဂိတ်ဟာ တပတ်ကို အနည်းဆုံး စာအုပ်တအုပ်ကို ပြီးအောင် ဖတ်လေ့ရှိတယ် လို့ ဖတ်ဖူးပါတယ်။

    ဗန်းမော်သိန်းဖေ
    ရွှေတွင်းကြီးကို တူးယူလှည့်ပါ တခါတုန်းက လူတယောက်ဟာ တောထဲတောင်ထဲမှာ ရွှေ လိုက်ရှာတယ်။ တနေ့မှာတော့ အလွန်ကြီးမားတဲ့ ရွှေတွင်းကြီးကို တွေ့လိုက်ရ တယ်။ သူလည်း ရသလောက် ရွှေတွေကို တူးတယ်။ ဒါပေမဲ့ သူ ဘယ်လောက်တူးတူး ရွှေတွင်းကြီးက ရွှေဟာ မကုန်နိုင်ဘူး။ ဒါကြောင့် သူဟာ သူ့ရွာကို ပြန်ပြီး ရွာသားတွေကို ရွှေတွင်းကြီးဆီကို ခေါ်သွားပြီး ကြိုက်သလောက် တူးယူကြလို့ ပြောလိုက်တယ်။ ရွာသားတွေလည်း ပျော်ပျော် ပါးပါးကြီးနဲ့ ကြိုက်သလောက် တူးယူနေ ကြတယ်။ ဒါပေမဲ့ လူတယောက်ကတော့ ရွှေမတူးပဲ သူများတွေ တူးယူနေ ကြတာကို ဘေးက ရပ်ကြည့်နေတယ်။ ဘာမှ မလုပ်ဘူး။ ဒါနဲ့ ရွှေတွင်းကို တွေ့တဲ့သူက "ဟေ့လူ၊ ရွှေတွေ ဘာလို့ မတူးတာလဲ" ရွာသားက "ကျနော့်မှာ တူးစရာ ပေါက်ချွန်း မရှိလို့ပါ" " ဒါဆိုလည်း ရော့ ပေါက်ချွန်း၊ ကြိုက်သလောက်သာ တူးယူပေတော့" အဲ့ဒီအခါမှာ ရွာသားက "တူးရမှာလည်း ပျင်းလို့ပါ" တဲ့။ ပုံပြင်လေးက ရီစရာလို့ ထင်ရပေမဲ့ လက်တွေ့ လောကကြီးမှာလည်း နေ့စဉ် ဒီအတိုင်း ဖြစ်နေတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြ ပါလိမ့်မယ်။ တချို့က စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေက ရတဲ့ အသိဉာဏ်တွေကြောင့် အောင်မြင်သွား ကြတယ်။ ကြီးပွားချမ်း သာသွားကြတယ်။ လူ့လောကကြီးကို ကောင်းကောင်းကြီး အကျိုးပြုသွားကြတယ်။ ဒီတော့ သူတို့ဟာ သူတို့ကို အကျိုးရှိစေတာ စာဖတ်ခြင်းကြောင့် ဆိုတာကို သိလို့ လူငယ်တွေကိုလည်း သူတို့လို ကြီးပွား အောင်မြင်စေချင်လို့ စာဖတ်ကြပါ လို့ တိုက်တွန်းတယ်။ လူငယ်တွေကတော့ မအားလို့၊ ပျင်းလို့ စာမဖတ်ချင်ဘူးတဲ့။ သူတို့ ဘဝတလျှောက်မှာ စိတ်အေးချမ်းသာစွာ နေစေနိုင်မဲ့ ရွှေတွင်းကြီးကို မျက်စိရှေ့မှာ တွေ့နေပါလျက်နဲ့ ဖေ့စ်ဘွတ်ခ် ပွတ်နေရလို့၊ ဂိမ်းကစား နေရလို့၊ လက်ဖက်ရည်ဆိုင် ထိုင်နေရလို့ မအားပါဘူး ဆိုတဲ့ သူတွေ စဉ်းစားဖို့ပါ။ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဋ္ဌေးကြီး ဘီလ်ဂိတ်ဟာ တပတ်ကို အနည်းဆုံး စာအုပ်တအုပ်ကို ပြီးအောင် ဖတ်လေ့ရှိတယ် လို့ ဖတ်ဖူးပါတယ်။ ဗန်းမော်သိန်းဖေ
    Love
    1
    ·667 Views
  • Love
    1
    ·362 Views
  • Love
    1
    ·368 Views
  • သစ်ခုတ်သမားနှင့် ရွှေရောင်ငှက်ကလေး

    တခါက ရွာလေးတရွာမှာ သစ်ခုတ်သမားတဦး ရှိပါတယ် ။ သူဟာ နေ့တိုင်း တောထဲကို သွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်းပြုတယ်။

    တနေ့တော့ သစ်ခုတ်သမားဟာ တောထဲ ဝင်လာရင်း မျက်စိလည် လမ်းမှားလို့ အတွင်းပိုင်းကို ရောက်သွားခဲ့တယ်။ အဲဒီရောက်သွားရင်း သစ်ပင်တပင် အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ ငှက်တကောင်ကို တွေ့ခဲ့တယ်။

    ငှက်ကလေးဟာ တကိုယ်လုံး ငွေမှင်ရောင် ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ် တောက်ပနေတယ်။ ထင်းခုတ်သမားက "တသက်နဲ့တကိုယ် ဒီလိုလှပတဲ့ ငှက်မျိုးမတွေ့ဖူးဘူး။ အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ်" လို့ တွေးပြီး ငှက်ကလေးကို အိမ်ကို ယူဆောင်လာခဲ့တယ်။

    အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့ အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုပြပါတယ် ။ သာယာနာပျော်ဖွယ် ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူး နေခဲ့ရတယ်။

    တနေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းက ငွေရောင်ငှက်ကလေးကို မြင်တော့ ပြောတယ်။ "ဒီငွေရောင်ငှက်ထက် လှတဲ့ ရွှေရောင်ငှက်ကလေးကို တောနက်တနေရာမှာ တွေ့ဖူးပါတယ်။ အသံကလည်း ပိုချိုပြီး သာယာနာပျော်ဖွယ် ပိုကောင်းပါတယ်"

    သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကို ကြားပြီး ရွှေရောင်ငှက် ဆိုတာလည်း ရှိပါသေးလားလို့ တွေးမိလိုက်တယ်။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကို မြင်ချင်စိတ် ပြင်းပြလာခဲ့တယ်။ ငွေရောင်ငှက်ကလေး ဆိုပြတဲ့ သီချင်းသံတွေကိုလည်း အရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကို တမ်းတရင်းပဲ အချိန်ကုန်နေ ခဲ့ရတယ်။ နေ့တိုင်းလည်း မျက်နှာ မသာမယာနဲ့ မပျော်ရွှင်တော့ပါဘူး။

    တနေ့တော့ ညနေခင်း အချိန်မို့ နေဝင်ဆည်းဆာအချိန်က လှပနေခဲ့တယ်။ သစ်ခုတ်သမားက အင်း ရွှေရောင်ငှက်ကလေးသာဆို ဒီလို နေဝင်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲ လို့ တွေးနေမိတယ်။ ဒါဏ်ရာပျောက်ကင်းစ ပြုနေပြီဖြစ်တဲ့ ငွေရောင်ငှက်ကလေးက အိမ်ကနေထွက်ခွာဖို့ အတွက် သစ်ခုတ်သမားဆီ သွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြခဲ့တယ်။

    သီချင်းသံ ပြီးဆုံးသွားတဲ့အခါမှာ သစ်ခုတ်သမားက "ငွေရောင်ငှက်ကလေးရဲ့ အသံက ကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့ မှီမှာမဟုတ်ပါဘူး။ အမွှေးအတောင်တွေက လှပေမယ့် ရွှေရောင်ငှက် လောက်တော့ လှမှာမဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။ ငှက်ကလေးက ကျေးဇူးတင်တဲ့ အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ် လှည့်ပတ် ပျံသန်းပြီး နေဝင်တဲ့ အနောက်အရပ်ဆီ ပျံသန်းသွားပါတယ်။

    ငွေရောင်ငှက်ကလေး ပျံသန်းတာကို ကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသ ဖြစ်နေရတဲ့ အိပ်မက်ထဲက ရွှေရောင်ငှက်ကလေး ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ သူအမြဲ တောင့်တနေရတဲ့ ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ငှက်ကလေးကတော့ အနောက်အရပ်ဆီ ပျံသန်း ပျောက်ကွယ်သွားပါပြီ။

    တကယ်တော့ ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာ အနာတရ ဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင် ပြောင်းနေခြင်း ဖြစ်ပြီး နေပြန်ကောင်းလာတဲ့အခါ နေရောင်အောက် ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေး အဖြစ် ပြန်ပြောင်းသွားတာ ဖြစ်ပါတယ်။

    ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာက တန်ဖိုးမရှိဘူး ထင်နေတာလား၊ ကိုယ်ရရှိထားတဲ့ ဘဝက အဖိုးမတန်ဘူး ထင်နေတာလား၊ ကိုယ့်အနားမှာ ရှိတဲ့ အဖိုးတန်တဲ့ အရာတွေဟာ တန်ဖိုးမရှိဘူးလို့ ထင်နေတာလား။ ဒါဆိုရင်တော့ သင်ဟာ သစ်ခုတ်သမားလို အတွေးမျိုး ဝင်နေတဲ့သူပါပဲ။

    ကိုယ့်အနားမှာ ရှိနေတဲ့ အရာတခု အဝေးရောက်သွားမှ နှမျောတသ မဖြစ်ပါစေနဲ့။ ကိုယ့်အိပ်မက်ထဲက အရာက လက်တွေ့မှာထက် ပိုသာနေတယ်လို့လည်း မတွေးထင်ပါနဲ့။ တကယ်တော့ သစ်ခုတ်သမားလို အိပ်မက်ထဲကအရာက ဘေးမှာရှိနေတဲ့အရာထက် ပိုသာတယ်လို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။

    ကိုယ့်အနားမှာရှိတဲ့ မိဘ ဆွေမျိုး၊ ချစ်သူ၊ လင်ယောက်ျား၊ မိန်းမ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ။ အမေကျော်ပြီး ဒွေးတော်လွမ်းတာဟာ အနားမှာ တန်ဖိုးရှိတဲ့ အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရတတ်တာမျိုးပါ။ လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့ အနားမှာရှိတဲ့ အရာတွေကို တန်ဖိုးထားနိုင်ကြပါစေ။

    Credit: Original Author
    သစ်ခုတ်သမားနှင့် ရွှေရောင်ငှက်ကလေး တခါက ရွာလေးတရွာမှာ သစ်ခုတ်သမားတဦး ရှိပါတယ် ။ သူဟာ နေ့တိုင်း တောထဲကို သွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်းပြုတယ်။ တနေ့တော့ သစ်ခုတ်သမားဟာ တောထဲ ဝင်လာရင်း မျက်စိလည် လမ်းမှားလို့ အတွင်းပိုင်းကို ရောက်သွားခဲ့တယ်။ အဲဒီရောက်သွားရင်း သစ်ပင်တပင် အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ ငှက်တကောင်ကို တွေ့ခဲ့တယ်။ ငှက်ကလေးဟာ တကိုယ်လုံး ငွေမှင်ရောင် ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ် တောက်ပနေတယ်။ ထင်းခုတ်သမားက "တသက်နဲ့တကိုယ် ဒီလိုလှပတဲ့ ငှက်မျိုးမတွေ့ဖူးဘူး။ အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ်" လို့ တွေးပြီး ငှက်ကလေးကို အိမ်ကို ယူဆောင်လာခဲ့တယ်။ အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့ အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုပြပါတယ် ။ သာယာနာပျော်ဖွယ် ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူး နေခဲ့ရတယ်။ တနေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းက ငွေရောင်ငှက်ကလေးကို မြင်တော့ ပြောတယ်။ "ဒီငွေရောင်ငှက်ထက် လှတဲ့ ရွှေရောင်ငှက်ကလေးကို တောနက်တနေရာမှာ တွေ့ဖူးပါတယ်။ အသံကလည်း ပိုချိုပြီး သာယာနာပျော်ဖွယ် ပိုကောင်းပါတယ်" သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကို ကြားပြီး ရွှေရောင်ငှက် ဆိုတာလည်း ရှိပါသေးလားလို့ တွေးမိလိုက်တယ်။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကို မြင်ချင်စိတ် ပြင်းပြလာခဲ့တယ်။ ငွေရောင်ငှက်ကလေး ဆိုပြတဲ့ သီချင်းသံတွေကိုလည်း အရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကို တမ်းတရင်းပဲ အချိန်ကုန်နေ ခဲ့ရတယ်။ နေ့တိုင်းလည်း မျက်နှာ မသာမယာနဲ့ မပျော်ရွှင်တော့ပါဘူး။ တနေ့တော့ ညနေခင်း အချိန်မို့ နေဝင်ဆည်းဆာအချိန်က လှပနေခဲ့တယ်။ သစ်ခုတ်သမားက အင်း ရွှေရောင်ငှက်ကလေးသာဆို ဒီလို နေဝင်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲ လို့ တွေးနေမိတယ်။ ဒါဏ်ရာပျောက်ကင်းစ ပြုနေပြီဖြစ်တဲ့ ငွေရောင်ငှက်ကလေးက အိမ်ကနေထွက်ခွာဖို့ အတွက် သစ်ခုတ်သမားဆီ သွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြခဲ့တယ်။ သီချင်းသံ ပြီးဆုံးသွားတဲ့အခါမှာ သစ်ခုတ်သမားက "ငွေရောင်ငှက်ကလေးရဲ့ အသံက ကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့ မှီမှာမဟုတ်ပါဘူး။ အမွှေးအတောင်တွေက လှပေမယ့် ရွှေရောင်ငှက် လောက်တော့ လှမှာမဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။ ငှက်ကလေးက ကျေးဇူးတင်တဲ့ အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ် လှည့်ပတ် ပျံသန်းပြီး နေဝင်တဲ့ အနောက်အရပ်ဆီ ပျံသန်းသွားပါတယ်။ ငွေရောင်ငှက်ကလေး ပျံသန်းတာကို ကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသ ဖြစ်နေရတဲ့ အိပ်မက်ထဲက ရွှေရောင်ငှက်ကလေး ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ သူအမြဲ တောင့်တနေရတဲ့ ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ငှက်ကလေးကတော့ အနောက်အရပ်ဆီ ပျံသန်း ပျောက်ကွယ်သွားပါပြီ။ တကယ်တော့ ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာ အနာတရ ဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင် ပြောင်းနေခြင်း ဖြစ်ပြီး နေပြန်ကောင်းလာတဲ့အခါ နေရောင်အောက် ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေး အဖြစ် ပြန်ပြောင်းသွားတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာက တန်ဖိုးမရှိဘူး ထင်နေတာလား၊ ကိုယ်ရရှိထားတဲ့ ဘဝက အဖိုးမတန်ဘူး ထင်နေတာလား၊ ကိုယ့်အနားမှာ ရှိတဲ့ အဖိုးတန်တဲ့ အရာတွေဟာ တန်ဖိုးမရှိဘူးလို့ ထင်နေတာလား။ ဒါဆိုရင်တော့ သင်ဟာ သစ်ခုတ်သမားလို အတွေးမျိုး ဝင်နေတဲ့သူပါပဲ။ ကိုယ့်အနားမှာ ရှိနေတဲ့ အရာတခု အဝေးရောက်သွားမှ နှမျောတသ မဖြစ်ပါစေနဲ့။ ကိုယ့်အိပ်မက်ထဲက အရာက လက်တွေ့မှာထက် ပိုသာနေတယ်လို့လည်း မတွေးထင်ပါနဲ့။ တကယ်တော့ သစ်ခုတ်သမားလို အိပ်မက်ထဲကအရာက ဘေးမှာရှိနေတဲ့အရာထက် ပိုသာတယ်လို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။ ကိုယ့်အနားမှာရှိတဲ့ မိဘ ဆွေမျိုး၊ ချစ်သူ၊ လင်ယောက်ျား၊ မိန်းမ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ။ အမေကျော်ပြီး ဒွေးတော်လွမ်းတာဟာ အနားမှာ တန်ဖိုးရှိတဲ့ အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရတတ်တာမျိုးပါ။ လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့ အနားမှာရှိတဲ့ အရာတွေကို တန်ဖိုးထားနိုင်ကြပါစေ။ Credit: Original Author
    Love
    1
    ·664 Views
  • မိကျောင်းနဲ့မျောက်ကလေး
    ===================

    တခါတုန်းက မိကျောင်းထီး တကောင်ဟာ သူအစာရှာတဲ့ မြစ်ကမ်းနားမှာ ရှိတဲ့ ရေသဖန်းပင်ပေါ်က မျောက်ကလေးတကောင်နဲ့ မိတ်ဆွေ ဖြစ်နေကြပါသတဲ့။ မျောက်ကလေးဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့ မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက် ခူးပြီး ခြွေချပေးလေ့ ရှိပါတယ်။

    မျောက်ကလေး ခြွေချပေးတဲ့ သဖန်းသီးတွေကို မိကျောင်းက ကျောပေါ် တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ ဆိုပြီး အမြဲ ချီးကျူးလေ့ ရှိပါတယ်။ တနေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကို ပြောပါတယ်။

    "ရှင်ယူလာပေးတဲ့ သဖန်းသီးတွေက ချိုလိုက်တာနော်၊ ဒါပေမယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်း စားနေတဲ့ မျောက်ရဲ့အသဲက ပိုတောင် ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသဲ စားရအောင် ယူလာခဲ့ပေးပါလား" ဆိုပြီး မျောက်သားစားဖို့ ပူဆာပါတော့တယ်။

    မိကျောင်းထီးက မျောက်ကလေးနဲ့ မိတ်ဆွေဖြစ်နေတာမို့ မျောက်ကို မစားစေချင် ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ ရှိတာမို့ နောက်ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့ အသဲကို ယူလာပေးမယ် လို့ ကတိပေးခဲ့ရ ပါတယ်။

    အဲဒီလိုနဲ့ မိကျောင်းက မြစ်ကမ်းနားမှာ အစာရှာထွက်ရင်း မျောက်ကလေးကို ဘယ်လို လိမ်ခေါ်သွားရမလဲ စဉ်းစားပါတယ်။ မိကျောင်းက မျောက်ကလေးကို စကားပြောလိုက်ပါတယ် "မျောက်ကလေးရေ မင်းပေးတဲ့ သဖန်းသီးတွေကို စားပြီး မိကျောင်းမက မင်းကို တွေ့ချင်လို့ အိမ်လည် လိုက်ခဲ့ပါ လို့ မှာလိုက်တယ်။ အဲဒါ မင်း ငါ့ကျောပေါ်ကနေပြီး အိမ်လည် လိုက်ခဲ့ပါအုံးလား" လို့ မေးလိုက်ပါတယ်။

    မျောက်ကလေးကလည်း ခင်မင်ရင်းစွဲ ရှိသူမို့ ယုတ်မာတဲ့အကြံကို မရိပ်မိဘဲ ပြန်ဖြေလိုက် ပါတယ်။ "အော် မိကျောင်းရဲ့ အိမ်က ရေလည်ခေါင်မှာလား။ ကျုပ်က ရေမကူးတတ်တော့ ရေထဲ ပြုတ်ကျမှာတော့ ကြောက်သဗျ"

    အကြံရှိတဲ့ မိကျောင်းဟာ "ဟာ စိတ်မပူပါနဲ့ အဆွေမျောက်ရဲ့ ကျုပ် ကျောပေါ်ကနေသာ လိုက်ခဲ့ပါ။

    ခင်ဗျား ရေထဲ ပြုတ်မကျအောင် ကျုပ်ထိန်းထားပေးပါ့မယ်" လို့ အာမခံလိုက်ပါတယ်။ ယုံကြည်သွားတဲ့ မျောက်ကလေးဟာ မိကျောင်းမဆီ လိုက်ဖို့ သဘောတူလိုက်သတဲ့။

    အဲဒီလိုနဲ့ မျောက်ကလေးဟာ မိကျောင်းကျော ပေါ်မှာ လိုက်ပါလာရင်း ရေလည်ခေါင် ရောက်လာပါတော့တယ်။ မျောက်ကလေးဟာ မသင်္ကာတာကြောင့် မိကျောင်းထီးကို လှည့်ပတ်မေးရင်း ရေလည်ခေါင် အရောက်မှာ မိကျောင်းဆီက စကားနှိုက်လို့ ရသွားပါတယ်။

    "ဟုတ်တယ် အဆွေမျောက်ရေ၊ ကျွန်တော့်မိန်းမ မိကျောင်းမဟာ ကိုယ်ဝန်ဆောင်မို့ သူက အဆွေမျောက်ရဲ့ အသဲကို စားချင်စိတ် ဖြစ်နေတာမို့ မငြင်းရက်တာကြောင့် ခင်ဗျားကို ခေါ်လာရတာပါပဲ" လို့ ရေလည်ခေါင် အရောက်မှာ ပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ ဝန်ခံလိုက်ပါသတဲ့။

    အဲဒီအခါမှာ မျောက်ကလေးဟာ အကြံထုတ်ပြီး ချက်ချင်းပဲ မိကျောင်းကို ပြုံးရွှင်စွာ ပြန်ပြောလိုက်ပါတယ်။ "အော် အဆွေမိကျောင်းရယ် မိတ်ဆွေချင်းပဲ အစောကြီးထဲက ခုလို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ရသားနဲ့။ ကျုပ်အသဲကို စားချင်ရင် ကျုပ်ထည့်ပေးလိုက်မှာ ပေါ့ဗျာ။ ခုတော့ ရေလည်ခေါင်ကျမှ ပြောတယ်။ သဖန်းပင်ရှိရာ ပြန်လှည့်မှ ရတော့မယ်၊ ကျုပ်အသဲကို ကျုပ်က ရေသဖန်းပင်ပေါ်မှာ ချိတ်ခဲ့တာဗျာ။

    လာ ခုပဲ သဖန်းပင်ပေါ်က အသည်းကို သွားပြန်ယူကြ ရအောင်"
    မျောက်ကလေးရဲ့ စကားကို ကြားတော့ တုံး အ တဲ့ မိကျောင်းထီးဟာ "ဟာ တကယ်လား။ အဲလိုမှန်း သိရင် ကျုပ် အစောကတည်းက ပြောပါတယ်ဗျာ။ အခု ဘယ်လိုလုပ်မတုန်း" လို့ မေးပါတယ်။

    အကြံပိုင်တဲ့ မျောက်ဟာ "အော် ဘယ်လို လုပ်မတုန်း သဖန်းပင်ရှိရာ ပြန်လှည့်ပေးတော့ဗျိုး။ ကျုပ်ကို စောစောက ပြောရင် ကျုပ်အသဲချည်း သက်သက် ခင်ဗျားကို ထည့်ပေးလိုက်တာပေါ့။ ခုတော့ ပြန်ယူမှ ရတော့မယ်လေ"

    မျောက်ကလေးရဲ့စကားကို ကြားတော့ မိကျောင်းထီးဟာ မျောက်ကလေးကို သဖန်းပင် ရှိရာဆီ ပြန်ပို့ပေးလိုက် ပါတယ်။ မျောက်ကလေးဟာ "မိတ်ဆွေကြီးရေ ခဏလေးစောင့်နော်၊ ကျုပ်အသဲကို အပင်ပေါ် တက်ယူပြီး ပြန်ဆင်းလာခဲ့ပါ့မယ်" လို့ ပြောပြီး သဖန်းပင်ပေါ် ပြေးတက်သွားကာ ပြန်ဆင်းမလာ တော့ပါဘူး။

    မိကျောင်းထီးဟာ သဖန်းပင်အောက်က နေပြီး မျောက်ကလေးကို အော်ခေါ်တဲ့အခါ "အဆွေမျောက်ရေ အသဲယူပြီးရင် ပြန်ဆင်းလာ ခဲ့တော့လေ" ဆိုတဲ့အခါ မျောက်က ပြန်ပြောလိုက်ပါတယ်။ "ဟယ် မိကျောင်းယုတ်၊ နင့်အပေါ်မှာ မိတ်ဆွေကောင်းအဖြစ် နေခဲ့တဲ့ ငါ့ကိုတောင် ယုတ်မာတဲ့ နင့်ကို ငါက အကြံသုံးပြီး ကလိမ် ကျလိုက်တာဟဲ့။ ဒီတသက် နင့်လို မိတ်ဆွေယုတ်မျိုးကို ဘယ်တော့မှ အဆက်အဆံ မလုပ်တော့ဘူး" လို့ ပြတ်သားစွာ ပြန်ပြောလိုက် ပါတော့တယ်။

    ဒီပုံပြင်လေးကနေ မိတ်ဆွေကောင်းအဖြစ် ကိုယ်က နေပေးပေမယ့် ကိုယ့်အပေါ် ပြန်ပြီး မိတ်ဆွေကောင်း မဖြစ်နိုင်တဲ့ သူမျိုးတွေလည်း ရှိနိုင်တယ်ဆိုတာကို သင်ခန်းစာ ပေးထားပါတယ်။ လူ့လောကမှာ ကျင်လည်တဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူတိုင်းကို သံသယနဲ့ မဆက်ဆံသင့်ပေမယ့် လူတိုင်းကိုလည်း အလုံးစုံ မျက်လုံးမှိတ် ယုံကြည်လို့ မဖြစ်နိုင်ပါဘူး။

    ပုံပြင်လေးကတော့ဒါပါပဲကွယ်...

    Credit: Original Author
    မိကျောင်းနဲ့မျောက်ကလေး =================== တခါတုန်းက မိကျောင်းထီး တကောင်ဟာ သူအစာရှာတဲ့ မြစ်ကမ်းနားမှာ ရှိတဲ့ ရေသဖန်းပင်ပေါ်က မျောက်ကလေးတကောင်နဲ့ မိတ်ဆွေ ဖြစ်နေကြပါသတဲ့။ မျောက်ကလေးဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့ မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက် ခူးပြီး ခြွေချပေးလေ့ ရှိပါတယ်။ မျောက်ကလေး ခြွေချပေးတဲ့ သဖန်းသီးတွေကို မိကျောင်းက ကျောပေါ် တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကို စားတိုင်း ချိုလိုက်တာ ဆိုပြီး အမြဲ ချီးကျူးလေ့ ရှိပါတယ်။ တနေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကို ပြောပါတယ်။ "ရှင်ယူလာပေးတဲ့ သဖန်းသီးတွေက ချိုလိုက်တာနော်၊ ဒါပေမယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်း စားနေတဲ့ မျောက်ရဲ့အသဲက ပိုတောင် ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသဲ စားရအောင် ယူလာခဲ့ပေးပါလား" ဆိုပြီး မျောက်သားစားဖို့ ပူဆာပါတော့တယ်။ မိကျောင်းထီးက မျောက်ကလေးနဲ့ မိတ်ဆွေဖြစ်နေတာမို့ မျောက်ကို မစားစေချင် ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ ရှိတာမို့ နောက်ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့ အသဲကို ယူလာပေးမယ် လို့ ကတိပေးခဲ့ရ ပါတယ်။ အဲဒီလိုနဲ့ မိကျောင်းက မြစ်ကမ်းနားမှာ အစာရှာထွက်ရင်း မျောက်ကလေးကို ဘယ်လို လိမ်ခေါ်သွားရမလဲ စဉ်းစားပါတယ်။ မိကျောင်းက မျောက်ကလေးကို စကားပြောလိုက်ပါတယ် "မျောက်ကလေးရေ မင်းပေးတဲ့ သဖန်းသီးတွေကို စားပြီး မိကျောင်းမက မင်းကို တွေ့ချင်လို့ အိမ်လည် လိုက်ခဲ့ပါ လို့ မှာလိုက်တယ်။ အဲဒါ မင်း ငါ့ကျောပေါ်ကနေပြီး အိမ်လည် လိုက်ခဲ့ပါအုံးလား" လို့ မေးလိုက်ပါတယ်။ မျောက်ကလေးကလည်း ခင်မင်ရင်းစွဲ ရှိသူမို့ ယုတ်မာတဲ့အကြံကို မရိပ်မိဘဲ ပြန်ဖြေလိုက် ပါတယ်။ "အော် မိကျောင်းရဲ့ အိမ်က ရေလည်ခေါင်မှာလား။ ကျုပ်က ရေမကူးတတ်တော့ ရေထဲ ပြုတ်ကျမှာတော့ ကြောက်သဗျ" အကြံရှိတဲ့ မိကျောင်းဟာ "ဟာ စိတ်မပူပါနဲ့ အဆွေမျောက်ရဲ့ ကျုပ် ကျောပေါ်ကနေသာ လိုက်ခဲ့ပါ။ ခင်ဗျား ရေထဲ ပြုတ်မကျအောင် ကျုပ်ထိန်းထားပေးပါ့မယ်" လို့ အာမခံလိုက်ပါတယ်။ ယုံကြည်သွားတဲ့ မျောက်ကလေးဟာ မိကျောင်းမဆီ လိုက်ဖို့ သဘောတူလိုက်သတဲ့။ အဲဒီလိုနဲ့ မျောက်ကလေးဟာ မိကျောင်းကျော ပေါ်မှာ လိုက်ပါလာရင်း ရေလည်ခေါင် ရောက်လာပါတော့တယ်။ မျောက်ကလေးဟာ မသင်္ကာတာကြောင့် မိကျောင်းထီးကို လှည့်ပတ်မေးရင်း ရေလည်ခေါင် အရောက်မှာ မိကျောင်းဆီက စကားနှိုက်လို့ ရသွားပါတယ်။ "ဟုတ်တယ် အဆွေမျောက်ရေ၊ ကျွန်တော့်မိန်းမ မိကျောင်းမဟာ ကိုယ်ဝန်ဆောင်မို့ သူက အဆွေမျောက်ရဲ့ အသဲကို စားချင်စိတ် ဖြစ်နေတာမို့ မငြင်းရက်တာကြောင့် ခင်ဗျားကို ခေါ်လာရတာပါပဲ" လို့ ရေလည်ခေါင် အရောက်မှာ ပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ ဝန်ခံလိုက်ပါသတဲ့။ အဲဒီအခါမှာ မျောက်ကလေးဟာ အကြံထုတ်ပြီး ချက်ချင်းပဲ မိကျောင်းကို ပြုံးရွှင်စွာ ပြန်ပြောလိုက်ပါတယ်။ "အော် အဆွေမိကျောင်းရယ် မိတ်ဆွေချင်းပဲ အစောကြီးထဲက ခုလို ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ရသားနဲ့။ ကျုပ်အသဲကို စားချင်ရင် ကျုပ်ထည့်ပေးလိုက်မှာ ပေါ့ဗျာ။ ခုတော့ ရေလည်ခေါင်ကျမှ ပြောတယ်။ သဖန်းပင်ရှိရာ ပြန်လှည့်မှ ရတော့မယ်၊ ကျုပ်အသဲကို ကျုပ်က ရေသဖန်းပင်ပေါ်မှာ ချိတ်ခဲ့တာဗျာ။ လာ ခုပဲ သဖန်းပင်ပေါ်က အသည်းကို သွားပြန်ယူကြ ရအောင်" မျောက်ကလေးရဲ့ စကားကို ကြားတော့ တုံး အ တဲ့ မိကျောင်းထီးဟာ "ဟာ တကယ်လား။ အဲလိုမှန်း သိရင် ကျုပ် အစောကတည်းက ပြောပါတယ်ဗျာ။ အခု ဘယ်လိုလုပ်မတုန်း" လို့ မေးပါတယ်။ အကြံပိုင်တဲ့ မျောက်ဟာ "အော် ဘယ်လို လုပ်မတုန်း သဖန်းပင်ရှိရာ ပြန်လှည့်ပေးတော့ဗျိုး။ ကျုပ်ကို စောစောက ပြောရင် ကျုပ်အသဲချည်း သက်သက် ခင်ဗျားကို ထည့်ပေးလိုက်တာပေါ့။ ခုတော့ ပြန်ယူမှ ရတော့မယ်လေ" မျောက်ကလေးရဲ့စကားကို ကြားတော့ မိကျောင်းထီးဟာ မျောက်ကလေးကို သဖန်းပင် ရှိရာဆီ ပြန်ပို့ပေးလိုက် ပါတယ်။ မျောက်ကလေးဟာ "မိတ်ဆွေကြီးရေ ခဏလေးစောင့်နော်၊ ကျုပ်အသဲကို အပင်ပေါ် တက်ယူပြီး ပြန်ဆင်းလာခဲ့ပါ့မယ်" လို့ ပြောပြီး သဖန်းပင်ပေါ် ပြေးတက်သွားကာ ပြန်ဆင်းမလာ တော့ပါဘူး။ မိကျောင်းထီးဟာ သဖန်းပင်အောက်က နေပြီး မျောက်ကလေးကို အော်ခေါ်တဲ့အခါ "အဆွေမျောက်ရေ အသဲယူပြီးရင် ပြန်ဆင်းလာ ခဲ့တော့လေ" ဆိုတဲ့အခါ မျောက်က ပြန်ပြောလိုက်ပါတယ်။ "ဟယ် မိကျောင်းယုတ်၊ နင့်အပေါ်မှာ မိတ်ဆွေကောင်းအဖြစ် နေခဲ့တဲ့ ငါ့ကိုတောင် ယုတ်မာတဲ့ နင့်ကို ငါက အကြံသုံးပြီး ကလိမ် ကျလိုက်တာဟဲ့။ ဒီတသက် နင့်လို မိတ်ဆွေယုတ်မျိုးကို ဘယ်တော့မှ အဆက်အဆံ မလုပ်တော့ဘူး" လို့ ပြတ်သားစွာ ပြန်ပြောလိုက် ပါတော့တယ်။ ဒီပုံပြင်လေးကနေ မိတ်ဆွေကောင်းအဖြစ် ကိုယ်က နေပေးပေမယ့် ကိုယ့်အပေါ် ပြန်ပြီး မိတ်ဆွေကောင်း မဖြစ်နိုင်တဲ့ သူမျိုးတွေလည်း ရှိနိုင်တယ်ဆိုတာကို သင်ခန်းစာ ပေးထားပါတယ်။ လူ့လောကမှာ ကျင်လည်တဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူတိုင်းကို သံသယနဲ့ မဆက်ဆံသင့်ပေမယ့် လူတိုင်းကိုလည်း အလုံးစုံ မျက်လုံးမှိတ် ယုံကြည်လို့ မဖြစ်နိုင်ပါဘူး။ ပုံပြင်လေးကတော့ဒါပါပဲကွယ်... Credit: Original Author
    ·732 Views
  • "ကြီးနိုင်ငယ်ညှင်း"
    ============

    တစ်ခါတုန်းက မောင်မြနဲ့ မောင်လှဆိုတဲ့ ညီအကိုနှစ်ယောက် ရှိကြတယ်။ တနေ့ သူတို့ ၂ ယောက်ရဲ့ ဖခင်ကြီး ဆုံးသွားတဲ့ အခါမှာတော့ သားနှစ်ယောက်ကို အမွေအဖြစ် နွားတကောင်နဲ့ သစ်ပင်တပင် ပေးခဲ့ပါတယ်။

    မောင်မြက အတ္တကြီးပြီး သူ့ဖို့ပဲ စဉ်းစားတယ်၊ အငယ်ကို ညှာတာလေ့ မရှိဘူး။ မောင်လှကတော့ ရိုးသားပြီး စိတ်သဘောထား ကောင်းတဲ့သူဖြစ်တယ်။ တနေ့တော့ မောင်မြက မောင်လှကို ပြောတယ်။
    "အဖေလည်းဆုံးပြီ ဆိုတော့ တို့ ၂ ယောက်မှာ နွားတကောင်နဲ့ သစ်ပင်တပင် ပိုင်ဆိုင်တယ်။ ဒီတော့ နွားရဲ့ နောက်ပိုင်းကို ငါ့ပိုင်ဆိုင်မှု အဖြစ်သတ်မှတ်ပြီး နွားရဲ့ အရှေ့ပိုင်းကိုတော့ မင်းယူပါ။ အဲဒီလိုပဲ သစ်ပင်ရဲ့ အပေါ်ပိုင်းကို ငါ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပြီး သစ်ပင်ရဲ့ အောက်ပိုင်းကိုတော့ မင်းယူပါ" လို့ မောင်လှကို ပြောလိုက်တယ်။

    မောင်လှကလည်း အကိုကြီးမောင်မြ ပြောတဲ့အတိုင်း သဘောတူခဲ့တယ်။ ဒီလိုနဲ့ မောင်လှဟာ နွားကို သေသေချာချာ ကျွေးမွေးပြုစုတဲ့အတွက် နွားဟာ ဝဖြီးလာပြီး နို့ထွက်လည်း ကောင်းလာခဲ့တယ်။

    မောင်မြကတော့ နေ့စဉ် နွားနို့ကို ညှစ်ပြီး ပိုက်ဆံတွေ အမြောက်အများ ရရှိခဲ့တယ်။ ဒါပေမယ့် သူ့ညီမောင်လှကိုတော့ ဘယ်တော့မှ ခွဲဝေ မပေးခဲ့ဘူး။

    မောင်လှက "နွားနို့က ရတဲ့ပိုက်ဆံတွေ ကျွန်တော့်ကိုလည်း တဝက်ပေးပါ" လို့ မောင်မြဆီက တောင်းတယ်။ အဲဒီတော့ မောင်မြက ပြောတယ်။ "ငါတို့ အစကတည်းက သဘောတူခဲ့ပြီး သားပဲလေ။ နွားအနောက်ပိုင်းကို ငါပိုင်တဲ့အတွက် ငါပဲရသင့်တယ်"

    အဲဒီအဖြစ်ကို မြင်သွားတဲ့ ပညာရှိ အဖိုးအိုတဦးက မောင်လှကို အကြံပေးခဲ့တယ်။

    ဒီလိုနဲ့ နောက်တရက်မှာ မောင်မြက ထုံးစံအတိုင်း နွားရဲ့အနောက်မှာ နွားနို့ ညှစ်ယူနေပါတယ်။ မောင်လှက အစာကျွေးနေရင်း နွားကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။ နွားက လန့်ပြီး နောက်မှာရှိတဲ့ မောင်မြကို ကန်လိုက်ပါတော့တယ်။ အဲဒီအခါမောင်မြက ပြောတယ်။
    "ဘာလို့နွားကို ရိုက်လိုက်တာလဲ။ ငါအနောက်မှာ နွားနို့ညှစ်နေတာ မတွေ့ဘူးလား"
    "တွေ့ပါတယ် ဒါပေမယ့် ကျွန်တော့်နွား အရှေ့ပိုင်းကို ကျွန်တော် ကြိုက်တာ လုပ်ခွင့်ရှိပါတယ်၊ ဟုတ်တယ် မဟုတ်လား" လို့ ပြန်မေးလိုက်တဲ့အခါ မောင်မြလည်း ဘာမှမတတ်နိုင်တော့ပဲ နွားနို့ရောင်းလို့ ရတဲ့ငွေ တဝက်ကို ခွဲပေးပါ့မယ်လို့ ကတိပေးလိုက်ရ ပါတော့တယ်။

    မောင်လှက "ပိုက်ဆံ ခွဲပေးယုံတင် မကဘူး၊ နွားသန့်ရှင်း လုပ်တာ အစာကျွေးတာက အစ ၂ ယောက် အတူတူ ညီတူညီမျှ လုပ်ရပါမယ်" လို့ ပြောလိုက်တယ်။ မောင်မြလည်း သဘောတူ လိုက်ရပါတယ်။

    ဒီလိုနဲ့ မောင်မြဟာ သူတို့ ၂ ယောက် ပိုင်ဆိုင်တဲ့ သစ်ပင်ကြီး အပေါ်ပိုင်းမှာ အချိန်တန်တဲ့အခါ သစ်သီးသစ်ဥတွေ အများကြီး သီးလာပါတော့တယ်။ အဲဒီ သစ်သီးသစ်ဖုတွေ ကနေ မွှေးကြိုင်တဲ့ ရနံ့တွေ ထွက်ပေါ်နေပါတယ်။ အဲဒီသစ်ပင် အပေါ်ပိုင်းက ရတဲ့ သစ်သီးဝလံတွေကို မောင်မြက နေ့စဉ် ယူပြီး သွားရောင်းတဲ့ အတွက် ငွေအမြောက်အမြား ရရှိပါတယ်။ မောင်လှက မောင်မြဆီက တောင်းတယ်။

    "ကျွန်တော့်ကိုလည်း တဝက်ခွဲပေးပါ"
    "မခွဲပေးနိုင်ပါဘူး သစ်ပင် အပေါ်ပိုင်းကို ငါပိုင်တယ်လို့ သတ်မှတ်ထားတာပဲလေ၊ ငါပဲရသင့်တယ်"
    သူတို့အဖြစ်ကို မြင်တဲ့ ပညာရှိအဖိုးအိုကပဲ မောင်လှကို အကြံတခု ပေးလိုက်ပါတော့တယ်။ နောက်တနေ့ ရောက်တဲ့အခါ မောင်မြက ထုံးစံအတိုင်း သစ်ပင်ပေါ် တက်ပြီး သစ်သီးတွေ ခူးနေတယ်။ အဲဒီအခါမောင်လှက သစ်ပင်ခြေရင်းကနေ လွှနဲ့ တိုက်ဖြတ်ပါတော့တယ်။
    "မင်းဘယ်လို လုပ်နေတာလဲ၊ ငါသစ်ပင်ပေါ်မှာ ရှိနေတာ မမြင်ဘူးလား"
    "မြင်ပါတယ် သစ်ပင်အောက်ပိုင်းက ကျွန်တော်ပိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော်စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်" လို့ ပြန်ပြောလိုက်ပါတယ်။

    မောင်မြလည်း အဲဒီအခါမှ သူ့အမှားသူ ပြန်မြင်ပြီး "ငါက ဆိုးသွမ်းတဲ့ အကိုတယောက်ပါ။ မင်းအပေါ် မျှတမှု မရှိခဲ့ပါဘူး။ အခုကစပြီး ငါတို့အတူတူ အားလုံးကို ခွဲဝေ လုပ်ကိုင်ကြပါစို့" လို့ ပြောလိုက်ပါတော့တယ်။

    Credit: Original Author
    "ကြီးနိုင်ငယ်ညှင်း" ============ တစ်ခါတုန်းက မောင်မြနဲ့ မောင်လှဆိုတဲ့ ညီအကိုနှစ်ယောက် ရှိကြတယ်။ တနေ့ သူတို့ ၂ ယောက်ရဲ့ ဖခင်ကြီး ဆုံးသွားတဲ့ အခါမှာတော့ သားနှစ်ယောက်ကို အမွေအဖြစ် နွားတကောင်နဲ့ သစ်ပင်တပင် ပေးခဲ့ပါတယ်။ မောင်မြက အတ္တကြီးပြီး သူ့ဖို့ပဲ စဉ်းစားတယ်၊ အငယ်ကို ညှာတာလေ့ မရှိဘူး။ မောင်လှကတော့ ရိုးသားပြီး စိတ်သဘောထား ကောင်းတဲ့သူဖြစ်တယ်။ တနေ့တော့ မောင်မြက မောင်လှကို ပြောတယ်။ "အဖေလည်းဆုံးပြီ ဆိုတော့ တို့ ၂ ယောက်မှာ နွားတကောင်နဲ့ သစ်ပင်တပင် ပိုင်ဆိုင်တယ်။ ဒီတော့ နွားရဲ့ နောက်ပိုင်းကို ငါ့ပိုင်ဆိုင်မှု အဖြစ်သတ်မှတ်ပြီး နွားရဲ့ အရှေ့ပိုင်းကိုတော့ မင်းယူပါ။ အဲဒီလိုပဲ သစ်ပင်ရဲ့ အပေါ်ပိုင်းကို ငါ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပြီး သစ်ပင်ရဲ့ အောက်ပိုင်းကိုတော့ မင်းယူပါ" လို့ မောင်လှကို ပြောလိုက်တယ်။ မောင်လှကလည်း အကိုကြီးမောင်မြ ပြောတဲ့အတိုင်း သဘောတူခဲ့တယ်။ ဒီလိုနဲ့ မောင်လှဟာ နွားကို သေသေချာချာ ကျွေးမွေးပြုစုတဲ့အတွက် နွားဟာ ဝဖြီးလာပြီး နို့ထွက်လည်း ကောင်းလာခဲ့တယ်။ မောင်မြကတော့ နေ့စဉ် နွားနို့ကို ညှစ်ပြီး ပိုက်ဆံတွေ အမြောက်အများ ရရှိခဲ့တယ်။ ဒါပေမယ့် သူ့ညီမောင်လှကိုတော့ ဘယ်တော့မှ ခွဲဝေ မပေးခဲ့ဘူး။ မောင်လှက "နွားနို့က ရတဲ့ပိုက်ဆံတွေ ကျွန်တော့်ကိုလည်း တဝက်ပေးပါ" လို့ မောင်မြဆီက တောင်းတယ်။ အဲဒီတော့ မောင်မြက ပြောတယ်။ "ငါတို့ အစကတည်းက သဘောတူခဲ့ပြီး သားပဲလေ။ နွားအနောက်ပိုင်းကို ငါပိုင်တဲ့အတွက် ငါပဲရသင့်တယ်" အဲဒီအဖြစ်ကို မြင်သွားတဲ့ ပညာရှိ အဖိုးအိုတဦးက မောင်လှကို အကြံပေးခဲ့တယ်။ ဒီလိုနဲ့ နောက်တရက်မှာ မောင်မြက ထုံးစံအတိုင်း နွားရဲ့အနောက်မှာ နွားနို့ ညှစ်ယူနေပါတယ်။ မောင်လှက အစာကျွေးနေရင်း နွားကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။ နွားက လန့်ပြီး နောက်မှာရှိတဲ့ မောင်မြကို ကန်လိုက်ပါတော့တယ်။ အဲဒီအခါမောင်မြက ပြောတယ်။ "ဘာလို့နွားကို ရိုက်လိုက်တာလဲ။ ငါအနောက်မှာ နွားနို့ညှစ်နေတာ မတွေ့ဘူးလား" "တွေ့ပါတယ် ဒါပေမယ့် ကျွန်တော့်နွား အရှေ့ပိုင်းကို ကျွန်တော် ကြိုက်တာ လုပ်ခွင့်ရှိပါတယ်၊ ဟုတ်တယ် မဟုတ်လား" လို့ ပြန်မေးလိုက်တဲ့အခါ မောင်မြလည်း ဘာမှမတတ်နိုင်တော့ပဲ နွားနို့ရောင်းလို့ ရတဲ့ငွေ တဝက်ကို ခွဲပေးပါ့မယ်လို့ ကတိပေးလိုက်ရ ပါတော့တယ်။ မောင်လှက "ပိုက်ဆံ ခွဲပေးယုံတင် မကဘူး၊ နွားသန့်ရှင်း လုပ်တာ အစာကျွေးတာက အစ ၂ ယောက် အတူတူ ညီတူညီမျှ လုပ်ရပါမယ်" လို့ ပြောလိုက်တယ်။ မောင်မြလည်း သဘောတူ လိုက်ရပါတယ်။ ဒီလိုနဲ့ မောင်မြဟာ သူတို့ ၂ ယောက် ပိုင်ဆိုင်တဲ့ သစ်ပင်ကြီး အပေါ်ပိုင်းမှာ အချိန်တန်တဲ့အခါ သစ်သီးသစ်ဥတွေ အများကြီး သီးလာပါတော့တယ်။ အဲဒီ သစ်သီးသစ်ဖုတွေ ကနေ မွှေးကြိုင်တဲ့ ရနံ့တွေ ထွက်ပေါ်နေပါတယ်။ အဲဒီသစ်ပင် အပေါ်ပိုင်းက ရတဲ့ သစ်သီးဝလံတွေကို မောင်မြက နေ့စဉ် ယူပြီး သွားရောင်းတဲ့ အတွက် ငွေအမြောက်အမြား ရရှိပါတယ်။ မောင်လှက မောင်မြဆီက တောင်းတယ်။ "ကျွန်တော့်ကိုလည်း တဝက်ခွဲပေးပါ" "မခွဲပေးနိုင်ပါဘူး သစ်ပင် အပေါ်ပိုင်းကို ငါပိုင်တယ်လို့ သတ်မှတ်ထားတာပဲလေ၊ ငါပဲရသင့်တယ်" သူတို့အဖြစ်ကို မြင်တဲ့ ပညာရှိအဖိုးအိုကပဲ မောင်လှကို အကြံတခု ပေးလိုက်ပါတော့တယ်။ နောက်တနေ့ ရောက်တဲ့အခါ မောင်မြက ထုံးစံအတိုင်း သစ်ပင်ပေါ် တက်ပြီး သစ်သီးတွေ ခူးနေတယ်။ အဲဒီအခါမောင်လှက သစ်ပင်ခြေရင်းကနေ လွှနဲ့ တိုက်ဖြတ်ပါတော့တယ်။ "မင်းဘယ်လို လုပ်နေတာလဲ၊ ငါသစ်ပင်ပေါ်မှာ ရှိနေတာ မမြင်ဘူးလား" "မြင်ပါတယ် သစ်ပင်အောက်ပိုင်းက ကျွန်တော်ပိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော်စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်" လို့ ပြန်ပြောလိုက်ပါတယ်။ မောင်မြလည်း အဲဒီအခါမှ သူ့အမှားသူ ပြန်မြင်ပြီး "ငါက ဆိုးသွမ်းတဲ့ အကိုတယောက်ပါ။ မင်းအပေါ် မျှတမှု မရှိခဲ့ပါဘူး။ အခုကစပြီး ငါတို့အတူတူ အားလုံးကို ခွဲဝေ လုပ်ကိုင်ကြပါစို့" လို့ ပြောလိုက်ပါတော့တယ်။ Credit: Original Author
    ·645 Views
  • "မိဘမေတ္တာ"
    ==========

    တခါတုန်းက ငန်းမိသားစု တစုဟာ ကျောက်တုံးကြီး ကြားမှာ နေထိုင်ကြတယ်။ ငန်းမနဲ့ ငန်းပေါက်လေး ခြောက်ကောင် တို့ ရှိကြပြီး သူတို့ထဲက အငယ်ဆုံး ငန်းပေါက်ပိစိလေးဟာ သိပ်ကို ဆိုးတယ်။ သူ့အကို ငန်းတွေကိုလည်း အနိုင်ကျင့်ပြီး အစာစားရင် သူများ ပါးစပ်ထဲကလုယက်ပြီး စားလေ့ရှိတယ်။

    တနေ့တော့ ငန်းပေါက်လေးတွေ ဆော့ကစားနေ ကြတဲ့အချိန် အငယ်ဆုံး ငန်းပေါက်လေးဟာ ကျောက်တုံးကြီးပေါ် တကောင်တည်း တက်ဆော့တယ်။ ငန်းမကြီး ပြန်လာတော့ ကျန်တဲ့ အကောင်လေးတွေက ပိစိကို တိုင်တော့ အဆူခံရတာပေါ့။

    အဲဒီအပေါ်မှာ စွန်တွေ၊ သိန်းငှက်တွေရဲ့ အန္တရာယ် ရှိတယ်။ အဲ့ဒီပေါ်မှာ ဆော့အုန်းမလား ဆိုပြီး ငန်းအမေကြီးဟာ ငန်းပိစိကို ရိုက်တာပေါ့။ ငန်းပေါက်လေးပိစိဟာ ချောင်မှာ သွားငိုနေတယ်။ နေ့လည်ရောက်တော့ စိတ်ဆိုးနေတဲ့ ပိစိလည်း ဘယ်သူမှ မသိအောင် တကောင်တည်း တောထဲကို ထွက်လာခဲ့တာပေါ့။
    ဒီလိုနဲ့ သူဟာ လျှောက်သွားနေရင်းက တနေရာကို ရောက်တော့ မြေခွေး ခြေရာတွေကို တွေ့လိုက်ရတယ်။ ဒီတော့ ပိစိဟာ အကြံရသွားတယ်။ ငါ့ကို အဆူခံရအောင်လုပ်တဲ့ ငါ့အကို အမတွေကို ပြန်ဒုက္ခပေးရမယ်။ ဒီလိုနဲ့ ပိစိဟာ မြေခွေးခြေရာအတိုင်း လိုက်သွားတယ်။

    တနေရာရောက်တော့ သစ်ပင်အောက်မှာ အိပ်နေတဲ့ မြေခွေးကို တွေ့လိုက်ရတယ်။ ဒီအခါ မြေခွေးကို နှိုးလိုက်တာပေါ့။ "ခင်ဗျား၊ ငန်းသားစားချင်လား၊ စားချင်တယ်ဆိုရင် ကျွန်တော်လိုက်ပြမယ်" ဆိုပြီး ငန်းပိစိလေးဟာ ရှေ့ကနေ မြေခွေးကို လမ်းပြကာ ခေါ်ဆောင်ခဲ့တယ်။

    မကြာခင်မှာ သူ့အမေတွေ ရှိတဲ့ ကျောက်တုံးနဲ့ မလှမ်းမကမ်းက ခြုံတွေနား ရောက်လာတယ်။ "ဟိုနားက ကျောက်တုံးကြားမှာ ငန်းလေးတွေ ငါးကောင်တောင် ရှိတယ်။ ပြီးတော့ အသိုက်ထဲမှာ ငန်းဥတွေလည်း ရှိတယ်။ ခင်ဗျား သွားစားပေတော့" ဆိုပြီး မြေခွေးကို ပြောလိုက်တယ်။

    ဒါပေမယ့် မြေခွေးက "နေဦး ပြီးတော့မှ ငါသွားစားမယ်၊ ခုလောလောဆယ် မင်းက ငါ့ပါးစပ်ရှေ့ အရင်ရောက်နေတဲ့ မင်းကို အရင်စားမယ်" ဆိုပြီး ပိစိကို ပြေးဟပ်လိုက်တယ်။

    အဲ့ဒီအချိန်မှာဘဲ ခြုံနောက်ကနေ သူ့အမေ ငန်းမကြီးနဲ့ သူ့အကို ဘဲငန်းလေးတွေ ပြေးထွက်လာပြီး မြေခွေးကို ထိုးဆိတ် တိုက်ခိုက်ကြတော့တယ်။

    မြေခွေးလည်း ငန်းပေါက်ကို ချပြီး တောထဲကို ပြန်ပြေးရတာပေါ့။ အဲ့ဒီနောက် မြေခွေး အစွယ်ကြောင့် ဒဏ်ရာရသွားတဲ့ ပိစိကို ပြန်ခေါ်လာ ကြပါတယ်။ ပြီးတော့ ဒဏ်ရာတွေကို ဆေးထည့်ပေးကြတယ်။

    "မေမေတို့ ဘယ်တုန်းက ရောက်လာကြတာလဲဟင်"

    "သား ထွက်သွားပြီး ကတည်းက နောက်ကနေ တချိန်လုံး လိုက်ကြည့်နေတာ၊ ခုတော့ လောကကြီး အကြောင်း သိပြီမဟုတ်လား" လို့ ပိစိလေးကို ပြောလိုက်ပါတော့တယ်။

    ဒီပုံပြင်ရဲ့ သင်ခန်းစာလေးကတော့ မိဘတွေက သားသမီးတွေကို ဆူတာ ရိုက်တာဟာ ဒုက္ခမရောက်အောင် စေတနာနဲ့ ပြောကြ၊ ဆုံးမကြတယ် ဆိုတာကို သားသမီးတိုင်း နားလည် သဘောပေါက်စေဖို့ပါ။

    Credit: Original Author
    "မိဘမေတ္တာ" ========== တခါတုန်းက ငန်းမိသားစု တစုဟာ ကျောက်တုံးကြီး ကြားမှာ နေထိုင်ကြတယ်။ ငန်းမနဲ့ ငန်းပေါက်လေး ခြောက်ကောင် တို့ ရှိကြပြီး သူတို့ထဲက အငယ်ဆုံး ငန်းပေါက်ပိစိလေးဟာ သိပ်ကို ဆိုးတယ်။ သူ့အကို ငန်းတွေကိုလည်း အနိုင်ကျင့်ပြီး အစာစားရင် သူများ ပါးစပ်ထဲကလုယက်ပြီး စားလေ့ရှိတယ်။ တနေ့တော့ ငန်းပေါက်လေးတွေ ဆော့ကစားနေ ကြတဲ့အချိန် အငယ်ဆုံး ငန်းပေါက်လေးဟာ ကျောက်တုံးကြီးပေါ် တကောင်တည်း တက်ဆော့တယ်။ ငန်းမကြီး ပြန်လာတော့ ကျန်တဲ့ အကောင်လေးတွေက ပိစိကို တိုင်တော့ အဆူခံရတာပေါ့။ အဲဒီအပေါ်မှာ စွန်တွေ၊ သိန်းငှက်တွေရဲ့ အန္တရာယ် ရှိတယ်။ အဲ့ဒီပေါ်မှာ ဆော့အုန်းမလား ဆိုပြီး ငန်းအမေကြီးဟာ ငန်းပိစိကို ရိုက်တာပေါ့။ ငန်းပေါက်လေးပိစိဟာ ချောင်မှာ သွားငိုနေတယ်။ နေ့လည်ရောက်တော့ စိတ်ဆိုးနေတဲ့ ပိစိလည်း ဘယ်သူမှ မသိအောင် တကောင်တည်း တောထဲကို ထွက်လာခဲ့တာပေါ့။ ဒီလိုနဲ့ သူဟာ လျှောက်သွားနေရင်းက တနေရာကို ရောက်တော့ မြေခွေး ခြေရာတွေကို တွေ့လိုက်ရတယ်။ ဒီတော့ ပိစိဟာ အကြံရသွားတယ်။ ငါ့ကို အဆူခံရအောင်လုပ်တဲ့ ငါ့အကို အမတွေကို ပြန်ဒုက္ခပေးရမယ်။ ဒီလိုနဲ့ ပိစိဟာ မြေခွေးခြေရာအတိုင်း လိုက်သွားတယ်။ တနေရာရောက်တော့ သစ်ပင်အောက်မှာ အိပ်နေတဲ့ မြေခွေးကို တွေ့လိုက်ရတယ်။ ဒီအခါ မြေခွေးကို နှိုးလိုက်တာပေါ့။ "ခင်ဗျား၊ ငန်းသားစားချင်လား၊ စားချင်တယ်ဆိုရင် ကျွန်တော်လိုက်ပြမယ်" ဆိုပြီး ငန်းပိစိလေးဟာ ရှေ့ကနေ မြေခွေးကို လမ်းပြကာ ခေါ်ဆောင်ခဲ့တယ်။ မကြာခင်မှာ သူ့အမေတွေ ရှိတဲ့ ကျောက်တုံးနဲ့ မလှမ်းမကမ်းက ခြုံတွေနား ရောက်လာတယ်။ "ဟိုနားက ကျောက်တုံးကြားမှာ ငန်းလေးတွေ ငါးကောင်တောင် ရှိတယ်။ ပြီးတော့ အသိုက်ထဲမှာ ငန်းဥတွေလည်း ရှိတယ်။ ခင်ဗျား သွားစားပေတော့" ဆိုပြီး မြေခွေးကို ပြောလိုက်တယ်။ ဒါပေမယ့် မြေခွေးက "နေဦး ပြီးတော့မှ ငါသွားစားမယ်၊ ခုလောလောဆယ် မင်းက ငါ့ပါးစပ်ရှေ့ အရင်ရောက်နေတဲ့ မင်းကို အရင်စားမယ်" ဆိုပြီး ပိစိကို ပြေးဟပ်လိုက်တယ်။ အဲ့ဒီအချိန်မှာဘဲ ခြုံနောက်ကနေ သူ့အမေ ငန်းမကြီးနဲ့ သူ့အကို ဘဲငန်းလေးတွေ ပြေးထွက်လာပြီး မြေခွေးကို ထိုးဆိတ် တိုက်ခိုက်ကြတော့တယ်။ မြေခွေးလည်း ငန်းပေါက်ကို ချပြီး တောထဲကို ပြန်ပြေးရတာပေါ့။ အဲ့ဒီနောက် မြေခွေး အစွယ်ကြောင့် ဒဏ်ရာရသွားတဲ့ ပိစိကို ပြန်ခေါ်လာ ကြပါတယ်။ ပြီးတော့ ဒဏ်ရာတွေကို ဆေးထည့်ပေးကြတယ်။ "မေမေတို့ ဘယ်တုန်းက ရောက်လာကြတာလဲဟင်" "သား ထွက်သွားပြီး ကတည်းက နောက်ကနေ တချိန်လုံး လိုက်ကြည့်နေတာ၊ ခုတော့ လောကကြီး အကြောင်း သိပြီမဟုတ်လား" လို့ ပိစိလေးကို ပြောလိုက်ပါတော့တယ်။ ဒီပုံပြင်ရဲ့ သင်ခန်းစာလေးကတော့ မိဘတွေက သားသမီးတွေကို ဆူတာ ရိုက်တာဟာ ဒုက္ခမရောက်အောင် စေတနာနဲ့ ပြောကြ၊ ဆုံးမကြတယ် ဆိုတာကို သားသမီးတိုင်း နားလည် သဘောပေါက်စေဖို့ပါ။ Credit: Original Author
    ·700 Views
  • "ယုံလွယ်သူ သင်ခန်းစာပေး ပုံပြင်"
    ´´´´´´´´´´´´´´´´´´´´´´´´``´´´´´´´´´
    တစ်ခါတုန်းကပေါ့ ဝံပုလွေတစ်ကောင်ဟာ တောထဲမှာ အစာရှာရင်း ရေတွင်းပျက်ထဲ ပြုတ်ကျသွားပါတော့ တယ်။ ရေတွင်းက သိပ့်အနက်ကြီးမဟုတ်ပေမဲ့ ရေတွင်းကနေ ပြန်ထွက်ချင်ပေမဲ့ ရေတွင်းနံရံတွေက ချောနေတဲ့အတွက် ဘယ်လိုမှပြန်တက်လို့်မရဘူးဖြစ်နေတယ်။

    ရေတွင်းထဲ မှာ စိတ်ညစ်ညစ်နဲ့ထိုင်နေရင်း ဆိတ်တစ်ကောင်ဟာ ရေရှာရင်း ရေတွင်းနှုတ်ခမ်းဝကိုရောက်လာတယ်။ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တဲ့အခါ ဝံပုလွေကို တွေ့သွားတယ်။

    တုံးအတဲ့ ဆိတ်က ဝံပုလွေကေို မေးလိုက်ပါတယ်။

    "ဟယ် အဆွေဝံပုလွေ ရေသောက်နေတာပါလား...ဒီရေတွင်းထဲက ရေက သန့်ရှင်းပြီးသောက်ရတာ အေးရဲ့ လားလို့ မေးလိုက်ပါတယ်။

    အဲ့ဒီအလာ ကောက်ကျစ်တဲ့ ဝံပုလွေက ချက်ချင်းပြန်ဖြေပါတယ်။

    "ဟယ် အဆွေ ဒီရေတွင်းက ရေက ငါသောက်နေကျရေတွင်းပဲ၊ အရမ်းကြည်လင်ပြီး အေးမြတဲ့အပြင် ချိူတောင်ချိူသေးတယ်ဆိုပြီး ရေတွင်းထဲ ဆင်းလာအောင် ဆွဲဆောင်ပါတော့တယ်။

    ဦးနှောက်မရှိတဲ့ ဆိတ်ကလဲ ဝံပုလွေရဲ့ ပြောစကားကို တကယ်ထင်ပြီး ခုန်ချလိုက်တဲ့ အချိန်မှာပဲ ဝံပုလွေက ဆိတ်ရဲ့ကျောပေါ် ကနေတစ်ဆင့် ရေတွင်းနှုတ်ခမ်းဝကို ခုန်တက်လိုက်ပါတော့တယ်။
    ရေတွင်းက သိပ်မနက်တဲ့အတွက် ဆိတ်ရဲ့ကျောပေါ်ကနေ ခုန်ပြီး ရေတွင်းနှုတ်ခမ်းဝကို ရောက်အောင် ခုန်တက်သွားနိုင်ပါတယ်။ အသုံးမကျတဲ့ ဆိတ်ကတော့ ရေတွင်းထဲမှာ ကျန်ခဲ့ပါလေရော။
    ******

    ဒီပုံပြင်လေးကတော့ ပြီးသွားပါပြီ။
    သင်ခန်းစာ ဘယ်အရာမဆိုလွယ်လွယ်နဲ့ ယုံကြည်မလွယ်ဖို့ မက်ဆေ့ပေးထားတဲ့ ပုံပြင်လေးပဲ ဖြစ်ပါတယ်။ အလိမ်အညာတွေ များလှတဲ့ ဒီနေ့ခေတ်ကြီးမှာ ဘယ်အရာကိုမဆို မစဉ်းစား မဆင်ခြင်ပဲ မယုံမိဖို့ လိုပါတယ်

    Credit: Original Author
    "ယုံလွယ်သူ သင်ခန်းစာပေး ပုံပြင်" ´´´´´´´´´´´´´´´´´´´´´´´´``´´´´´´´´´ တစ်ခါတုန်းကပေါ့ ဝံပုလွေတစ်ကောင်ဟာ တောထဲမှာ အစာရှာရင်း ရေတွင်းပျက်ထဲ ပြုတ်ကျသွားပါတော့ တယ်။ ရေတွင်းက သိပ့်အနက်ကြီးမဟုတ်ပေမဲ့ ရေတွင်းကနေ ပြန်ထွက်ချင်ပေမဲ့ ရေတွင်းနံရံတွေက ချောနေတဲ့အတွက် ဘယ်လိုမှပြန်တက်လို့်မရဘူးဖြစ်နေတယ်။ ရေတွင်းထဲ မှာ စိတ်ညစ်ညစ်နဲ့ထိုင်နေရင်း ဆိတ်တစ်ကောင်ဟာ ရေရှာရင်း ရေတွင်းနှုတ်ခမ်းဝကိုရောက်လာတယ်။ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တဲ့အခါ ဝံပုလွေကို တွေ့သွားတယ်။ တုံးအတဲ့ ဆိတ်က ဝံပုလွေကေို မေးလိုက်ပါတယ်။ "ဟယ် အဆွေဝံပုလွေ ရေသောက်နေတာပါလား...ဒီရေတွင်းထဲက ရေက သန့်ရှင်းပြီးသောက်ရတာ အေးရဲ့ လားလို့ မေးလိုက်ပါတယ်။ အဲ့ဒီအလာ ကောက်ကျစ်တဲ့ ဝံပုလွေက ချက်ချင်းပြန်ဖြေပါတယ်။ "ဟယ် အဆွေ ဒီရေတွင်းက ရေက ငါသောက်နေကျရေတွင်းပဲ၊ အရမ်းကြည်လင်ပြီး အေးမြတဲ့အပြင် ချိူတောင်ချိူသေးတယ်ဆိုပြီး ရေတွင်းထဲ ဆင်းလာအောင် ဆွဲဆောင်ပါတော့တယ်။ ဦးနှောက်မရှိတဲ့ ဆိတ်ကလဲ ဝံပုလွေရဲ့ ပြောစကားကို တကယ်ထင်ပြီး ခုန်ချလိုက်တဲ့ အချိန်မှာပဲ ဝံပုလွေက ဆိတ်ရဲ့ကျောပေါ် ကနေတစ်ဆင့် ရေတွင်းနှုတ်ခမ်းဝကို ခုန်တက်လိုက်ပါတော့တယ်။ ရေတွင်းက သိပ်မနက်တဲ့အတွက် ဆိတ်ရဲ့ကျောပေါ်ကနေ ခုန်ပြီး ရေတွင်းနှုတ်ခမ်းဝကို ရောက်အောင် ခုန်တက်သွားနိုင်ပါတယ်။ အသုံးမကျတဲ့ ဆိတ်ကတော့ ရေတွင်းထဲမှာ ကျန်ခဲ့ပါလေရော။ ****** ဒီပုံပြင်လေးကတော့ ပြီးသွားပါပြီ။ သင်ခန်းစာ ဘယ်အရာမဆိုလွယ်လွယ်နဲ့ ယုံကြည်မလွယ်ဖို့ မက်ဆေ့ပေးထားတဲ့ ပုံပြင်လေးပဲ ဖြစ်ပါတယ်။ အလိမ်အညာတွေ များလှတဲ့ ဒီနေ့ခေတ်ကြီးမှာ ဘယ်အရာကိုမဆို မစဉ်းစား မဆင်ခြင်ပဲ မယုံမိဖို့ လိုပါတယ် Credit: Original Author
    ·468 Views
More Stories