ကသည်း Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အုပ်ချူပ်ရေးမှူးထံ လက်နက် ၃၀၀ကျော်ပြန်လည် အပ်နှံ
👇👇👇👇👇👇👇👇👇👇👇👇👇👇
ဖေဖော်ဝါရီ ၂၈ရက် ၂၀၂၅
အိန္ဒိယ၊ မဏိပူရပြည်နယ်မှာ ကသည်းအကြမ်းဖက်သောင်းကြမ်းသူ Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အစိုးရ အုပ်ချူပ်ရေးမှူးထံ ၂၀၂၅၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့က လက်နက်၊ ခဲယမ်းများ ၃၀၀ကျော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ မဏိပူရ သတင်းများတွင်ဖော်ပြထားပါတယ်။
မဏိပူရမှာ ၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ကစတင်ခဲ့တဲ့ လူမျိုးရေးကပဋိပက္ခကာလအတွင်း ကသည်းလူထုနဲ့ Arambai Tengol သောင်းကြမ်းသူများက ပြည်နယ်ရဲဌာန အချို့နဲ့ အစိုးရလက်နက်သိုက်များကို အင်အားသုံးစီးနင်းဝင်ရောက်ခဲ့ပြီး လက်နက် ၆ထောင် ကျော်နဲ့ ခဲယမ်း ၅သိန်းကျော် လုယူခဲ့ကြတာဖြစ်ပါတယ်။
မဏိပူရမှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့က သမ္မတတိုက်ရိုက်ချုပ်ကိုင် စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှူး အရေးကူမားဗာလားမှ ပြည်နယ်အတွင်း တရားမဝင် လက်နက်ကိုင်များအနေနဲ့ ၇ရက်အတွင်း မိမိတို့ကိုင်ဆောင်ထားတဲ့ လက်နက်များကို အစိုးရထံအသိတရားရှိရှိ ပြန်လည်အပ်နှံကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ကသည်းသောင်းကြမ်းသူ Arambai Tengol အကြီးအကဲများက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီး အခုလို လက်နက်ပြန်အပ်ဖို့ သဘောတူခဲ့ပြီး ၄င်းတို့ သိမ်းယူထားတဲ့ လက်နက် ၆ထောင်ထဲက မပြောစလောက် လက်နက်အချို့နဲ့ တစ်လုံးခါးချိုးအများအပြားအပါဝင် လက်နက် ၃၀၇လက်ကို ပြန်လည်အပ်နံခဲ့တာလို့ ကူကီး-ဇို အရပ်ဖက်အဖွဲ့အစည်းများကပြောဆိုနေကြ ပါတယ်။
အခုလို ပြည်နယ်အုပ်ချူပ်ရေးမှူးက ၇ရက်အတွင်း လက်နက်ပြန်လည်အပ်နှံဖို့ ထုတ်ပြန်ထားတာကြောင့် ကူကီ-ဇို လက်နက်ကိုင်များကလည်း လက်နက်အချို့ ပြန်လည်အပ်နှံပြီးဖြစ်တယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။
တစ်ဘက်မှာလည်း ပြည်နယ်အုပ်ချူပ်ရေးမှူးအရေးကူမားဗာလားမှ မဏိပူရ်ပြည်နယ်အတွင်းက တရားမဝင်လက်နက်ကိုင်များအနေနဲ့ ၎င်းတို့ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းများကို အစိုးရထံပြန်လည်အပ်နှံဖို့ ဖေဖော်ဝါရီလ ၂၈ရက်ယနေ့မှ မတ်လ ၆ရက်နေ့နောက်ဆုံးထား အပ်နှံကြဖို့ အချိန်ထပ်မံရွှေ့ဆိုင်းထားပြီး သတ်မှတ်ရက်တွင်းပြန်လည်အပ်နှံခြင်းမရှိပါက အင်အားသုံးသိမ်းယူသွားမှာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။
မဏိပူရပြည်နယ်မှာ ၂၀၂၃ခုနှစ် မေလကစတင်ခဲ့တဲ့ ကူကီး-ဇိုနဲ့ ကသည်းအင်အားစုများကြား လူမျိုးရေးပဋိက္ခကနေ လက်နက်ကိုင်တိုက်ပွဲထိ ဖြစ်ပွားခဲ့တာ ၂၂လကြာသည်ထိတိုင် နှစ်ဖက်တင်းမာမှုရှိနေဆဲဖြစ်ပါတယ်။
သတင်း-PR
0 Comments
·0 Shares