-
Myanmar Military Council Bombs Singu, Kills 27, Including Children The military council bombed Letpanhla village in Singu Township, Mandalay Region, at 3 p.m. on March 14, killing 27 people, including 6 children, and injuring about 30, according to the Mandalay People's Defense Army. Shortly after announcing that 11 people, including 2 children, were killed, the number of deaths was revised to 27. The Mandalay People's Defense Army A spokesman for Mandalay said, "The latest confirmed death toll is 27. It is not yet easy to know the gender. The attack was carried out without any reason in a crowded market area in Letpanhla village, a large village on the Mandalay-Mogok road. On March 4, an airstrike on Letpanhla village in Singu Township killed two innocent people and injured others, and on January 31, an airstrike hit the township general hospital in Singu Township. Singu Township was controlled by the People's Defense Army, Mandalay-led revolutionary forces last year, and the People's Defense Army, Mandalay, said that the terrorist military council has been carrying out airstrikes targeting civilians in such areas. Photo - People's Defense Army, Mandalay 2#Mandalay #SinguMyanmar Military Council Bombs Singu, Kills 27, Including Children The military council bombed Letpanhla village in Singu Township, Mandalay Region, at 3 p.m. on March 14, killing 27 people, including 6 children, and injuring about 30, according to the Mandalay People's Defense Army. Shortly after announcing that 11 people, including 2 children, were killed, the number of deaths was revised to 27. The Mandalay People's Defense Army A spokesman for Mandalay said, "The latest confirmed death toll is 27. It is not yet easy to know the gender. The attack was carried out without any reason in a crowded market area in Letpanhla village, a large village on the Mandalay-Mogok road. On March 4, an airstrike on Letpanhla village in Singu Township killed two innocent people and injured others, and on January 31, an airstrike hit the township general hospital in Singu Township. Singu Township was controlled by the People's Defense Army, Mandalay-led revolutionary forces last year, and the People's Defense Army, Mandalay, said that the terrorist military council has been carrying out airstrikes targeting civilians in such areas. Photo - People's Defense Army, Mandalay 2#Mandalay #Singu· 0 Comments ·0 Shares ·539 Views1
-
ရန်ကုန်မြို့တွင် မင်းအောင်လှိုင်၊ ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ မတ် ၉
ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်ကြသော Linn Yaung Ni Youth Organization _ LYNYO၊ Mayangone Democratic Front_MDF၊ Kyimyindaing Networks_KMD18 နှင့် Owl Community တို့လှုပ်ရှားလုပ်ဆောင်ခဲ့ကြဖြစ်ကြောင်း သိရှိရသည်။ရန်ကုန်မြို့တွင် မင်းအောင်လှိုင်၊ ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ် ရန်ကုန်၊ မတ် ၉ ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်ကြသော Linn Yaung Ni Youth Organization _ LYNYO၊ Mayangone Democratic Front_MDF၊ Kyimyindaing Networks_KMD18 နှင့် Owl Community တို့လှုပ်ရှားလုပ်ဆောင်ခဲ့ကြဖြစ်ကြောင်း သိရှိရသည်။· 0 Comments ·0 Shares ·380 Views
2
-
ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ
ရန်ကုန်၊ မတ် ၉
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ ၊ တပ်ရင်း၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ က ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်မှ သိမ်းဆည်းရရှိသော လက်နက်များတွင် MA 1 ၂ လက်၊ G3 ၂ ၊ MA 11 ၂ ၊ ကျည်ဘောက် ၁၂ ခု၊ G3 ကျည် ၂၀၀ ၊ 5.56 ကျည် ၂၀၀ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးကလည်း တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ ရန်ကုန်၊ မတ် ၉ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ ၊ တပ်ရင်း၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ က ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ ထို့ပြင် တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်မှ သိမ်းဆည်းရရှိသော လက်နက်များတွင် MA 1 ၂ လက်၊ G3 ၂ ၊ MA 11 ၂ ၊ ကျည်ဘောက် ၁၂ ခု၊ G3 ကျည် ၂၀၀ ၊ 5.56 ကျည် ၂၀၀ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးကလည်း တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။· 0 Comments ·0 Shares ·306 Views1
-
ဒေါနတပ်ရင်းနှင့် မွန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှောင်တခင်စစ်ဆေး
ရက်စွဲ။ ။ ၈ ရက် မတ်လ ၂၀၂၅။
၂၀၂၅ မတ်လ ၈ရက်နေ့မနက်ပိုင်းတွင် အမှတ် (၈)ပြည်ထောင်စုလမ်းပိုင်းကိုဒေါနတပ်ရင်းနှင့်မွန်မဟာမိတ်ပူးပေါင်းတပ်များကရှောင်တခင်စစ်ဆေးခဲ့ပါသည်။
စစ်ကောင်စီတပ်သားများ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သူများအားအဓိကထားစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုကို ဒေါနတပ်ရင်း၊ဒေါနစစ်ကြောင်း(၃)ဖြစ်သော KBDF၊ LPF နှင့် NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ကြောင်းတို့ပါဝင်လုပ်ဆောင်ခဲ့ပါသည်။
Kanbauk Defense Force
ဒေါနတပ်ခွဲ-၄ဒေါနတပ်ရင်းနှင့် မွန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှောင်တခင်စစ်ဆေး ရက်စွဲ။ ။ ၈ ရက် မတ်လ ၂၀၂၅။ ၂၀၂၅ မတ်လ ၈ရက်နေ့မနက်ပိုင်းတွင် အမှတ် (၈)ပြည်ထောင်စုလမ်းပိုင်းကိုဒေါနတပ်ရင်းနှင့်မွန်မဟာမိတ်ပူးပေါင်းတပ်များကရှောင်တခင်စစ်ဆေးခဲ့ပါသည်။ စစ်ကောင်စီတပ်သားများ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သူများအားအဓိကထားစစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုကို ဒေါနတပ်ရင်း၊ဒေါနစစ်ကြောင်း(၃)ဖြစ်သော KBDF၊ LPF နှင့် NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ကြောင်းတို့ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ Kanbauk Defense Force ဒေါနတပ်ခွဲ-၄· 0 Comments ·0 Shares ·296 Views2
-
စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ...
မတ် ၈ ၊ ၂၀၂၅
စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
မတ်လ ၁ ရက်နဲ့ ၂ ရက်တွေက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hip 25 နှစ်ပြည့်ပွဲကို Noid Entertainment ကုမ္ပဏီက "Noid Music Festival" အမည်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အထက်ပါ NOID Music Festival ပွဲကို စစ်ကောင်စီ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ရဲ့ သားဖြစ်သူ ထက်ရဲနောင်က စပွန်ဆာပေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာလည်း စစ်ကောင်စီရဲ့ သွယ်ဝိုက်ပံ့ပိုးပေးမှုတွေ ပါဝင်ခဲ့တယ်လို့ တော်လှန်လူငယ်တွေက ထောက်ပြနေတာဖြစ်ပါတယ်။
မတရားအာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲက ထိပ်တန်းအရာရှိ ၁ ယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ထက်ရဲနောင်နဲ့အတူ ပါဝင်သီဆိုခဲ့တဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တပျော်တပါး ဆင်နွှဲနေကြတဲ့ ဖျော်ဖြေမှုပုံရိပ်တွေ ထွက်ရှိလာပြီးတဲ့နောက် တော်လှန်လူငယ်တွေနဲ့အားပေးခဲ့ဖူးသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန် နေတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ စရဖ ဟာလည်း စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ Acid အဖွဲ့က ဟစ်ဟော့(ပ်) အဆိုတော်တစ်ဖြစ်လဲ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်ကို ရက်ရက်စက်စက် ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်တပ်အရာရှိတွေကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိူင်းယှဥ်ပြီး ဝေဖန်ခဲ့ဖူးတဲ့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးအကျဥ်းချထားတာလည်း ဖြစ်ပါတယ်။
" ဒီကောင်တွေရှေ့မှာ ဘားတွေ ကလပ်တွေမှာသီချင်းဆိုနေကြတာပဲ။ အဲ့အထိဘာမှမပြောကြဘူး။ အခုက ဘောမရုံတင်မဟုတ်တော့ဘူးဆိုတော့ပြောစရာကိုမရှိတော့တာပါ။ အခုလို စစ်တပ်လူ့မလိုင်လွှာကကောင်တွေနဲ့ပေါင်းနေမှတော့ သူတို့လုပ်ထားတဲ့ ဂီတက မြောင်းထဲရောက်သွားပါပြီ." လို့လည်း တော်လှန်လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ကိုဇေယျာသော်ရဲ့ အမျိုးသမီးဖြစ်သူ တော်လှန်အနုပညာရှင် မသဇင်ညွှန့်အောင်ကလည်း
" ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ၊ လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား၊ စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ ၊ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ ***************ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး ၊သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ ***************ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ ***************ရှက်ပဲ" လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်မှာ ရေးသားထားပါသေးတယ်။
မြန်မာ Hip Hip 25 နှစ်ပြည့်၊ NOID Music Festival ပွဲကို ဖျော်ဖြေခဲ့သူတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်းသီဆိုခဲ့သူ ဇွဲသက်ပိုင်၊ လန်ဘားတို့ အပြင် စစ်အာဏာသိမ်းလးခါစ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့တဲ့ ဟစ်ဟော့(ပ်) အဆိုတော် အများအပြားပါဝင်နေရာ တော်လှန်လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ - Noid Music Festival မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် တို့ကို တွေ့ရစဥ်စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ... မတ် ၈ ၊ ၂၀၂၅ စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ မတ်လ ၁ ရက်နဲ့ ၂ ရက်တွေက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hip 25 နှစ်ပြည့်ပွဲကို Noid Entertainment ကုမ္ပဏီက "Noid Music Festival" အမည်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အထက်ပါ NOID Music Festival ပွဲကို စစ်ကောင်စီ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ရဲ့ သားဖြစ်သူ ထက်ရဲနောင်က စပွန်ဆာပေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာလည်း စစ်ကောင်စီရဲ့ သွယ်ဝိုက်ပံ့ပိုးပေးမှုတွေ ပါဝင်ခဲ့တယ်လို့ တော်လှန်လူငယ်တွေက ထောက်ပြနေတာဖြစ်ပါတယ်။ မတရားအာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲက ထိပ်တန်းအရာရှိ ၁ ယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ထက်ရဲနောင်နဲ့အတူ ပါဝင်သီဆိုခဲ့တဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တပျော်တပါး ဆင်နွှဲနေကြတဲ့ ဖျော်ဖြေမှုပုံရိပ်တွေ ထွက်ရှိလာပြီးတဲ့နောက် တော်လှန်လူငယ်တွေနဲ့အားပေးခဲ့ဖူးသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန် နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ စရဖ ဟာလည်း စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ Acid အဖွဲ့က ဟစ်ဟော့(ပ်) အဆိုတော်တစ်ဖြစ်လဲ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်ကို ရက်ရက်စက်စက် ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်တပ်အရာရှိတွေကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိူင်းယှဥ်ပြီး ဝေဖန်ခဲ့ဖူးတဲ့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးအကျဥ်းချထားတာလည်း ဖြစ်ပါတယ်။ " ဒီကောင်တွေရှေ့မှာ ဘားတွေ ကလပ်တွေမှာသီချင်းဆိုနေကြတာပဲ။ အဲ့အထိဘာမှမပြောကြဘူး။ အခုက ဘောမရုံတင်မဟုတ်တော့ဘူးဆိုတော့ပြောစရာကိုမရှိတော့တာပါ။ အခုလို စစ်တပ်လူ့မလိုင်လွှာကကောင်တွေနဲ့ပေါင်းနေမှတော့ သူတို့လုပ်ထားတဲ့ ဂီတက မြောင်းထဲရောက်သွားပါပြီ." လို့လည်း တော်လှန်လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ ကိုဇေယျာသော်ရဲ့ အမျိုးသမီးဖြစ်သူ တော်လှန်အနုပညာရှင် မသဇင်ညွှန့်အောင်ကလည်း " ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ၊ လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား၊ စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ ၊ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ စောက်ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး ၊သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ စောက်ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ စောက်ရှက်ပဲ" လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်မှာ ရေးသားထားပါသေးတယ်။ မြန်မာ Hip Hip 25 နှစ်ပြည့်၊ NOID Music Festival ပွဲကို ဖျော်ဖြေခဲ့သူတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်းသီဆိုခဲ့သူ ဇွဲသက်ပိုင်၊ လန်ဘားတို့ အပြင် စစ်အာဏာသိမ်းလးခါစ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့တဲ့ ဟစ်ဟော့(ပ်) အဆိုတော် အများအပြားပါဝင်နေရာ တော်လှန်လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာလည်း ဖြစ်ပါတယ်။ ပုံစာ - Noid Music Festival မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် တို့ကို တွေ့ရစဥ်0 Comments ·0 Shares ·460 Views -
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးလက်မြေအဖွဲ့နဲ့ စစ်ဘေးရှောင်တွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ #ကရင်နီပြည် #ဒီးမော့ဆိုမြို့နယ်ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးလက်မြေအဖွဲ့နဲ့ စစ်ဘေးရှောင်တွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။ #အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ #ကရင်နီပြည် #ဒီးမော့ဆိုမြို့နယ်· 0 Comments ·0 Shares ·355 Views1
-
တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ်
ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅
ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။
"နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။
ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ် ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅ ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။ "နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။ ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။0 Comments ·0 Shares ·273 Views -
နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားကာကင်းစခန်းတွေ အလံဖြူထောင်၊ လက်နက်မချလို့ AA စီးနင်းတိုက်ခိုက်
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၁/၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားကာကင်းစခန်းတွေကို အာရက္ခတပ်တော်(AA)က ဝင်ရောက်စီးနင်းတိုက်နေပြီလို့ သိရပါတယ်။
အမ်း-ပဒါန်းလမ်းပေါ်က မတ်***************တဲ့တောင်ထိပ်ကျောက်နံရံတွေရှိတဲ့ နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားစခန်းငယ်တွေကို AA က မနေ့က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။
"အဲဒီတောင်ထိပ်က စခန်းပေါ်မှာ အင်အားဘယ်လောက်မှ မကျန်တော့ဘူး။ တောင်က မတ်***************ပြီးကျဉ်းတယ်။ ကျောက်နံရံတွေလည်း ရှိတယ်။ အဲဒီလက်ကျန်စစ်သားတွေကို AA က ဝင်စီးတိုက်ခိုက်နေတာ။ အနီးအနားကစခန်းတွေမှာလည်း ဖြစ်နေတယ်"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယအပတ်က နတ်ရေကန်ဗျူဟာစခန်းက လက်ကျန်စစ်ကောင်စီတပ်သားတွေကို AA က အလံဖြူထောင်လက်နက်ချဖို့ပြောဆိုခဲ့ပေမဲ့ အလံဖြူမထောင်သလို လက်နက်လည်း မချတဲ့အတွက် စခန်းမှာကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို AA က အခက်ခဲကြားကနေ ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
Photo - AA Info Desk (ပုံဟောင်း)နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားကာကင်းစခန်းတွေ အလံဖြူထောင်၊ လက်နက်မချလို့ AA စီးနင်းတိုက်ခိုက် သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၁/၂၀၂၅ မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားကာကင်းစခန်းတွေကို အာရက္ခတပ်တော်(AA)က ဝင်ရောက်စီးနင်းတိုက်နေပြီလို့ သိရပါတယ်။ အမ်း-ပဒါန်းလမ်းပေါ်က မတ်စောက်တဲ့တောင်ထိပ်ကျောက်နံရံတွေရှိတဲ့ နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားစခန်းငယ်တွေကို AA က မနေ့က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။ "အဲဒီတောင်ထိပ်က စခန်းပေါ်မှာ အင်အားဘယ်လောက်မှ မကျန်တော့ဘူး။ တောင်က မတ်စောက်ပြီးကျဉ်းတယ်။ ကျောက်နံရံတွေလည်း ရှိတယ်။ အဲဒီလက်ကျန်စစ်သားတွေကို AA က ဝင်စီးတိုက်ခိုက်နေတာ။ အနီးအနားကစခန်းတွေမှာလည်း ဖြစ်နေတယ်"လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယအပတ်က နတ်ရေကန်ဗျူဟာစခန်းက လက်ကျန်စစ်ကောင်စီတပ်သားတွေကို AA က အလံဖြူထောင်လက်နက်ချဖို့ပြောဆိုခဲ့ပေမဲ့ အလံဖြူမထောင်သလို လက်နက်လည်း မချတဲ့အတွက် စခန်းမှာကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို AA က အခက်ခဲကြားကနေ ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ Photo - AA Info Desk (ပုံဟောင်း)· 0 Comments ·0 Shares ·275 Views2
-
သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ
ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ - DDMSC ရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒပြ ပြည်သူ သိန်းနဲ့ချီပါဝင်ခဲ့တဲ့ ထားဝယ်မြို့ပေါ်က အကြမ်းမဖက် လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျည်အစစ်တွေအသုံးပြုပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း သပိတ်ရဲဘော်တွေဖြစ်တဲ့ ကိုဗညား(၃၉ နှစ်)၊ ကိုဖေသန်း(၃၈ နှစ်)၊ ကိုသန်းဝင်း(ခ)ဂျွန်မာခမ်(၃၆ နှစ်)နဲ့ ကိုလွင်လွင်(၃၃ နှစ်) တို့ ၄ ယောက် ကျည်ဆန်ထိမှန်ပြီး ပြည်သူလူထု လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အပြင်းအထန်ဒဏ်ရာရရှိသူ အယောက် ၃၀ ခန့်ရှိခဲ့ပြီး ဖမ်းဆီးနှိပ်စက်ခံရသူလည်း ၂၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ - DDMSC ရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒပြ ပြည်သူ သိန်းနဲ့ချီပါဝင်ခဲ့တဲ့ ထားဝယ်မြို့ပေါ်က အကြမ်းမဖက် လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျည်အစစ်တွေအသုံးပြုပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း သပိတ်ရဲဘော်တွေဖြစ်တဲ့ ကိုဗညား(၃၉ နှစ်)၊ ကိုဖေသန်း(၃၈ နှစ်)၊ ကိုသန်းဝင်း(ခ)ဂျွန်မာခမ်(၃၆ နှစ်)နဲ့ ကိုလွင်လွင်(၃၃ နှစ်) တို့ ၄ ယောက် ကျည်ဆန်ထိမှန်ပြီး ပြည်သူလူထု လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အပြင်းအထန်ဒဏ်ရာရရှိသူ အယောက် ၃၀ ခန့်ရှိခဲ့ပြီး ဖမ်းဆီးနှိပ်စက်ခံရသူလည်း ၂၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။· 0 Comments ·0 Shares ·278 Views
3
-
မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ရက်၊ မနေ့ကမနက်ပိုင်းမှာ မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဌာနခွဲစာရေးဖြစ်သူ ရုံးအုပ်ကြီးမြင့်အေးဟာ နေအိမ်ကနေ ရုံးတက်ဖို့ ထွက်လာချိန်မှာ မိတ္ထီလာ- မြင်းခြံလမ်းပိုင်း၊ မိုင်တိုင် အမှတ် ၉/၄ နဲ့ ၉/ ၅အတွင်း သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာလို့ သိရပါတယ်။
"ဒီလူက တော်တော်ဆိုးတဲ့လူဗျ။ လူငယ်တွေစစ်မှုထမ်းဖို့နဲ့ ဖမ်းခံရတဲ့ကိစ္စတွေမှာ အဓိက ပတ်သက်နေတဲ့သူပါ။ အဲ့ဒါ ဒီနေ့မနက် ၉နာရီလောက်မှာ ရေချိုကွာကနေ ရုံးကို အလာမှာ ပစ်ခံရတာ" လို့ ဒေသခံ ပြည်သူ၁ယောက်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကလည်း စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းပေးရာကနေ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ စည်းခုံကြီးအုပ်ချုပ်ရေးမှူး ဇော်မင်းဦး ဆိုသူကို ပခုက္ကူတိုက်တန်း၊ စည်းခုံကြီး၊ လက်ဖက်ရည်ဆိုင်အတွင်း လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
ဇော်မင်းဦး ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာတော့ စစ်ကောင်စီက မိတ္ထီလာမြို့နေလူငယ်၊ လူရွယ် အယောက် ၆၀နီးပါးကို မတရား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်ရှင်းလင်းမှုတွေကိုလုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေကတော့ အခုချိန်အထိ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ရှမ်းတဲလေတပ်စခန်းအပါအဝင်၊ ခြေမြန်တပ်မဌာနချုပ် တပ်မ(၉၉) တို့လို စစ်ဌာနချုပ်တွေတည်ရှိရာ မိတ္ထီလာမြို့နယ်မှာပါ အခုလို စစ်ကောင်စီဒေါက်တိုင်တွေ ဆက်တိုက်ဆိုသလို ရှင်းလင်းခံရမှုတွေ ဖြစ်ပေါ်လာတာကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကြား ကြောက်ရွံမှုတွေရှိလာပြီလို့လည်း တော်လှန်ရေးအင်အားစုတွေကသုံးသပ်ပါတယ်။
ပုံစာ - မိတ္ထီလာမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်မင်းဦး နှင့် ထွေအုပ်ရုံးအုပ်ကြီး မြင့်အေးမိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၂၇ရက်၊ မနေ့ကမနက်ပိုင်းမှာ မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဌာနခွဲစာရေးဖြစ်သူ ရုံးအုပ်ကြီးမြင့်အေးဟာ နေအိမ်ကနေ ရုံးတက်ဖို့ ထွက်လာချိန်မှာ မိတ္ထီလာ- မြင်းခြံလမ်းပိုင်း၊ မိုင်တိုင် အမှတ် ၉/၄ နဲ့ ၉/ ၅အတွင်း သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာလို့ သိရပါတယ်။ "ဒီလူက တော်တော်ဆိုးတဲ့လူဗျ။ လူငယ်တွေစစ်မှုထမ်းဖို့နဲ့ ဖမ်းခံရတဲ့ကိစ္စတွေမှာ အဓိက ပတ်သက်နေတဲ့သူပါ။ အဲ့ဒါ ဒီနေ့မနက် ၉နာရီလောက်မှာ ရေချိုကွာကနေ ရုံးကို အလာမှာ ပစ်ခံရတာ" လို့ ဒေသခံ ပြည်သူ၁ယောက်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကလည်း စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းပေးရာကနေ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ စည်းခုံကြီးအုပ်ချုပ်ရေးမှူး ဇော်မင်းဦး ဆိုသူကို ပခုက္ကူတိုက်တန်း၊ စည်းခုံကြီး၊ လက်ဖက်ရည်ဆိုင်အတွင်း လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ ဇော်မင်းဦး ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာတော့ စစ်ကောင်စီက မိတ္ထီလာမြို့နေလူငယ်၊ လူရွယ် အယောက် ၆၀နီးပါးကို မတရား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီပစ်ခတ်ရှင်းလင်းမှုတွေကိုလုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေကတော့ အခုချိန်အထိ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ရှမ်းတဲလေတပ်စခန်းအပါအဝင်၊ ခြေမြန်တပ်မဌာနချုပ် တပ်မ(၉၉) တို့လို စစ်ဌာနချုပ်တွေတည်ရှိရာ မိတ္ထီလာမြို့နယ်မှာပါ အခုလို စစ်ကောင်စီဒေါက်တိုင်တွေ ဆက်တိုက်ဆိုသလို ရှင်းလင်းခံရမှုတွေ ဖြစ်ပေါ်လာတာကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကြား ကြောက်ရွံမှုတွေရှိလာပြီလို့လည်း တော်လှန်ရေးအင်အားစုတွေကသုံးသပ်ပါတယ်။ ပုံစာ - မိတ္ထီလာမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်မင်းဦး နှင့် ထွေအုပ်ရုံးအုပ်ကြီး မြင့်အေး· 0 Comments ·0 Shares ·304 Views3
-
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် အထိနာလို့ ပြန်ဆုတ်သွား
ကရင်နီ-ရှမ်းပြည်အစပ် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က မနေ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပေမယ့် အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့(MPRT)က ထုတ်ပြန်ပါတယ်။ ထိုးစစ်ကို ခုခံတဲ့တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်လေးဦးလည်း ကျဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းရော၊ ဒရုန်းရော၊ လက်နက်ကြီးရော မျိုးစုံသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက ပစ်ခတ်နေတာလို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
◾️ကော့ကရိတ်အနီး တိုက်ပွဲပြင်းထန်နေ
ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ ကော့နွှဲ့ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီတပ် အထိနာနေတယ်လို့ Special Operation Group-SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မနေ့က ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးတဲ့ ကော့နွှဲ့ကျေးရွာမှာ စစ်ကောင်စီတပ် ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး SOG စစ်ကြောင်းမှလည်း ရဲဘော် ရန်နိုင်စိုး(ခ)ရဲဘော်ဟင်္သာတ ကျဆုံးခဲ့ရတယ်လို့ SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
◾️မြောက်ဦးကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ဦးမြို့ အောက်လေညှင်းတောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ရက် ညပိုင်းက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကြဲချတဲ့ ဗုံးဟာ ရွာအနီးရှိ လယ်ကွင်းထဲ ကျခဲ့တာကြောင့် ထိခိုက်သူမရှိဘူးလို့ ဒေသခံအချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ချက်ချင်းမသိရှိဘဲ ရွာအပြင်ဘက် ဗုံးကျလို့ ကံကောင်းသွားတယ်လို့ မြောက်ဦးမြို့ပေါ်နေထိုင်သူတစ်ဦးက ပြောပါတယ်။ လေကြောင်းအန္တရာယ်ကိုတော့ အမြဲသတိရှိနေရတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီတကြိမ်လေကြောင်းတိုက်ခိုက်မှုဟာ မြောက်ဦးမြို့ကို ဇန်နဝါရီ ၁၈ ရက် လေကြောင်းတိုက်ခိုက်မှုအပြီး ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။
◾️အင်းစိန်ထောင်မှခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာများအား စစ်ကောင်စီ စစ်မှုထမ်းခိုင်းဖို့ ပြင်ဆင်
အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးတွေကို စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်လိုက်ပြီး အမျိုးသား ၅၀၀ကျော်ကို စစ်ကောင်စီက စစ်သင်တန်းပေးဖို့ စီစဉ်နေတယ်လို့ စစ်တွေမြို့သတင်းရင်းမြစ်က ပြောပါတယ်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ၉၃၆ဦးကို စစ်ကောင်စီတပ်နဲ့ ရဲများက ခရီးသယ်တင်ကားတွေနဲ့ ဖေဖော်ဝါရီ ၁၆ရက်မှာ အင်းစိန်ထောင်မှ ခေါ်ထုတ်သွားကာ ရန်ကုန်ဆိပ်ကမ်းမှတဆင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ရက်မှာ စစ်တွေမြို့သို့ ရောက်ရှိပြီးနောက် အမျိုးသားများအား စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီက ခေါ်ထုတ်သွားတွေထဲ လွတ်ရက်စေ့ ရိုဟင်ဂျာအမျိုးသား(၁၈)ဦး၊ ကျန်ရိုဟင်ဂျာအမျိုးသား(၅၈၄)ဦး၊ အမျိုးသမီး(၂၆၇)ဦး၊ ကလေး(၆၇)ဦးတို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။ အဲဒီရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သားသစ်အဖြစ်စုဆောင်းနိုင်သလို တိုက်ပွဲတွေမှာ လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်တာကြောင့် စောင့်ကြည့်သင့်ကြောင်း PPNM က တိုက်တွန်းထားပါတယ်။
◾️ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် ဒေါပုံမြို့နယ်ကို စစ်ကောင်စီ ပုဒ်မ ၁၄၄ အမိန့်ထုတ်
ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒေါပုံမြို့မှာ အိမ်ထောင်စုစာရင်းလိုက်လံကောက်ယူခဲ့တဲ့ စစ်ကောင်စီ ရာအိမ်မှူး အောင်မိုးဆိုသူ ဆေးကုသနေစဥ် ဖေဖော်ဝါရီ ၂၆ ရက်က သေဆုံးခဲ့တာကြောင့် နောက်တစ်ရက်မှာ ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ(၁၄၄) အမိန့် ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဒေါပုံမြို့နယ်ထွေအုပ်ရုံး အမိန့်စာအရ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်စေမယ့်အပြင် ရုန်းရင်းမှုများဖြစ်ပွားနိုင်တယ်လို့ ယုံကြည်ယူဆကြောင်း ဖော်ပြပါတယ်။ ဒါ့ကြောင့် ဒေါပုံမြို့နယ်မှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြုခြင်းဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည် လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနဲ့ ရုန်းရင်းဆန်ခတ်မှုများကို တားမြစ်ကြောင်း စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ်က ဆိုပါတယ်။
◾️KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး တစ်ဦးသေဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နဲ့ သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၆ရက် နေ့ခင်းပိုင်းက စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ခွန်နဝါ(မောထီး)ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဝင်းရေးမြို့နယ်၊ ပန်းအောင်(တိုခေါဖူး)ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနဲ့ (၅)နှစ် အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနဲ့ အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်တဲ့ နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဖော်ပြပါတယ်။
◾️သာပေါင်းတကျော့ပြန်တိုက်ပွဲ ပြင်းထန်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ မနေ့ မနက်အစောပိုင်းကစလို့ သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့မှာ တိုက်ပွဲများပြင်းထန်နေတယ်လို့ ဒေသခံများက ပြောပါတယ်။ တိုက်ပွဲဟာ ခွေးကုတ်ရွာ၊ ကင်ပွန်းချဉ်ရွာ၊ သာပေါင်းလေးရွာနဲ့ အနန်းကုန်းရွာအနီးမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရသူများကို စစ်တပ်က သာပေါင်း၊ ရေကြည်နဲ့ ပုသိမ်ဆေးရုံသို့ပို့ဆောင်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
◾️မန်တုံမှာ KIA နဲ့ TNLA မြေပြင်တပ်ဖွဲ့များကြား ပဋိပက္ခထပ်မံဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့များကြား မနေ့က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ရက်က KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) တပ်ရင်း(၃၄) လက်အောက်ရှိ KIA ရဲ့ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနဲ့ KIO မန်ပွန်းတိုက်နယ်ရုံးကို တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များက အင်အားသုံးစီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အပေါ် ညှိနှိုင်းဖြေရှင်းပြီး ရက်ပိုင်းအကြာ မနေ့ နေ့ခင်းပိုင်းမှာ မန်တုံမြို့နယ် မန်မောက်ရွာရှိ KIA တပ်ရင်း(၃၄)တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့တဲ့ ပြဿနာဖြစ်ခဲ့တာလို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။
◾️စလင်းအခြေစိုက် တော်လှန်ရေးတပ်များ တပ်ပေါင်းစုဖွဲ့စည်း
ဘုံရန်သူစစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းဖို့ မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ် ၆ဖွဲ့က တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းကြောင်း သဘောတူဆုံးဖြတ်လိုက်ပါတယ်။ မနေ့က အစည်းအဝေးပြုလုပ်ပြီး အချက် ၁၃ချက်ပါ မြေပြင်မဟာမိတ်ဘုံ သဘောတူညီချက်ကို စလင်းအခြေစိုက်တပ်ရင်းများနဲ့ Local PDF အဖွဲ့ ၆ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာပါ။ တပ်ပေါင်းစုဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် ၆ဖွဲ့မှာ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊ SALIN (LPDF)၊ ဒေါင်းစစ်အောင် (LPDF)နဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ တို့ဖြစ်ပါတယ်။ သဘောတူညီချက်တွေထဲ တော်လှန်အင်အားစု ပြိုကွဲစေသော၊ နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆိုများ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား လုံးဝမပြုလုပ်ဖို့ ပါရှိပါတယ်။ လက်ရှိမှာ စလင်းမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိနေတယ်လို့ သိရပါတယ်။
◾️မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
မကွေးနဲ့ စစ်ကိုင်းတိုင်း ဒေသအစပ် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့ခင်းပိုင်းကစလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေတာလို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို စစ်ကောင်စီခံခဲ့ရပြီး တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် ပစ်ကူတွေ အသုံးပြုခဲ့ရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
◾️ကန့်ဘလူမြို့နယ် စံပါယ်နံ့သာကွင်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စံပါယ်နံ့သာကွင်းလမ်းကို ပြန်လည်ရယူဖို့အတွက် ဖေဖော်ဝါရီ ၁၉ရက်က စံပါယ်နံ့သာဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ကန့်ဘလူအခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းကနေ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ရွှေဘို- မြစ်ကြီးနားကားလမ်း၊ ကန့်ဘလူမြို့နယ်ထဲက ကွင်းလမ်းကို တပတ်ကျော်အကြာအထိ ပိတ်ထားရဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ နောက်ထပ် ကွင်းလမ်းတခုကနေ ကားတွေသွားလာခွင့်ပြုထားတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ရဲဘော်ဖိုးချမ်း ကျဆုံးခြင်း ၃နှစ် ၁၁လပြည့်သောနေ့အဖြစ် ဂူဗိမာန်ရှိရာဆီသို့ ချီတက်အလေးပြုခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းက "အထွေထွေကြပ်တည်းမှုကို အံတုကြ"၊ "ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည်လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" စာသားနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်မှာလည်း ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ် လုပ်ဆောင်ခဲ့ပါတယ်။“ဒီနေ့ဘာဖြစ်ခဲ့လဲ” ဒီနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။ ◾️မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် အထိနာလို့ ပြန်ဆုတ်သွား ကရင်နီ-ရှမ်းပြည်အစပ် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က မနေ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပေမယ့် အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့(MPRT)က ထုတ်ပြန်ပါတယ်။ ထိုးစစ်ကို ခုခံတဲ့တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်လေးဦးလည်း ကျဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းရော၊ ဒရုန်းရော၊ လက်နက်ကြီးရော မျိုးစုံသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက ပစ်ခတ်နေတာလို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ ◾️ကော့ကရိတ်အနီး တိုက်ပွဲပြင်းထန်နေ ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ ကော့နွှဲ့ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီတပ် အထိနာနေတယ်လို့ Special Operation Group-SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မနေ့က ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးတဲ့ ကော့နွှဲ့ကျေးရွာမှာ စစ်ကောင်စီတပ် ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး SOG စစ်ကြောင်းမှလည်း ရဲဘော် ရန်နိုင်စိုး(ခ)ရဲဘော်ဟင်္သာတ ကျဆုံးခဲ့ရတယ်လို့ SOG စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ◾️မြောက်ဦးကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက် အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ဦးမြို့ အောက်လေညှင်းတောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ရက် ညပိုင်းက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကြဲချတဲ့ ဗုံးဟာ ရွာအနီးရှိ လယ်ကွင်းထဲ ကျခဲ့တာကြောင့် ထိခိုက်သူမရှိဘူးလို့ ဒေသခံအချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ချက်ချင်းမသိရှိဘဲ ရွာအပြင်ဘက် ဗုံးကျလို့ ကံကောင်းသွားတယ်လို့ မြောက်ဦးမြို့ပေါ်နေထိုင်သူတစ်ဦးက ပြောပါတယ်။ လေကြောင်းအန္တရာယ်ကိုတော့ အမြဲသတိရှိနေရတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီတကြိမ်လေကြောင်းတိုက်ခိုက်မှုဟာ မြောက်ဦးမြို့ကို ဇန်နဝါရီ ၁၈ ရက် လေကြောင်းတိုက်ခိုက်မှုအပြီး ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။ ◾️အင်းစိန်ထောင်မှခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာများအား စစ်ကောင်စီ စစ်မှုထမ်းခိုင်းဖို့ ပြင်ဆင် အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးတွေကို စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်လိုက်ပြီး အမျိုးသား ၅၀၀ကျော်ကို စစ်ကောင်စီက စစ်သင်တန်းပေးဖို့ စီစဉ်နေတယ်လို့ စစ်တွေမြို့သတင်းရင်းမြစ်က ပြောပါတယ်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ၉၃၆ဦးကို စစ်ကောင်စီတပ်နဲ့ ရဲများက ခရီးသယ်တင်ကားတွေနဲ့ ဖေဖော်ဝါရီ ၁၆ရက်မှာ အင်းစိန်ထောင်မှ ခေါ်ထုတ်သွားကာ ရန်ကုန်ဆိပ်ကမ်းမှတဆင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ရက်မှာ စစ်တွေမြို့သို့ ရောက်ရှိပြီးနောက် အမျိုးသားများအား စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီက ခေါ်ထုတ်သွားတွေထဲ လွတ်ရက်စေ့ ရိုဟင်ဂျာအမျိုးသား(၁၈)ဦး၊ ကျန်ရိုဟင်ဂျာအမျိုးသား(၅၈၄)ဦး၊ အမျိုးသမီး(၂၆၇)ဦး၊ ကလေး(၆၇)ဦးတို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။ အဲဒီရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သားသစ်အဖြစ်စုဆောင်းနိုင်သလို တိုက်ပွဲတွေမှာ လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်တာကြောင့် စောင့်ကြည့်သင့်ကြောင်း PPNM က တိုက်တွန်းထားပါတယ်။ ◾️ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် ဒေါပုံမြို့နယ်ကို စစ်ကောင်စီ ပုဒ်မ ၁၄၄ အမိန့်ထုတ် ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒေါပုံမြို့မှာ အိမ်ထောင်စုစာရင်းလိုက်လံကောက်ယူခဲ့တဲ့ စစ်ကောင်စီ ရာအိမ်မှူး အောင်မိုးဆိုသူ ဆေးကုသနေစဥ် ဖေဖော်ဝါရီ ၂၆ ရက်က သေဆုံးခဲ့တာကြောင့် နောက်တစ်ရက်မှာ ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ(၁၄၄) အမိန့် ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဒေါပုံမြို့နယ်ထွေအုပ်ရုံး အမိန့်စာအရ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်စေမယ့်အပြင် ရုန်းရင်းမှုများဖြစ်ပွားနိုင်တယ်လို့ ယုံကြည်ယူဆကြောင်း ဖော်ပြပါတယ်။ ဒါ့ကြောင့် ဒေါပုံမြို့နယ်မှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြုခြင်းဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည် လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနဲ့ ရုန်းရင်းဆန်ခတ်မှုများကို တားမြစ်ကြောင်း စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ်က ဆိုပါတယ်။ ◾️KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး တစ်ဦးသေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နဲ့ သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၆ရက် နေ့ခင်းပိုင်းက စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ခွန်နဝါ(မောထီး)ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဝင်းရေးမြို့နယ်၊ ပန်းအောင်(တိုခေါဖူး)ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနဲ့ (၅)နှစ် အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနဲ့ အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်တဲ့ နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဖော်ပြပါတယ်။ ◾️သာပေါင်းတကျော့ပြန်တိုက်ပွဲ ပြင်းထန် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတကျော့ပြန် ပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ မနေ့ မနက်အစောပိုင်းကစလို့ သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့မှာ တိုက်ပွဲများပြင်းထန်နေတယ်လို့ ဒေသခံများက ပြောပါတယ်။ တိုက်ပွဲဟာ ခွေးကုတ်ရွာ၊ ကင်ပွန်းချဉ်ရွာ၊ သာပေါင်းလေးရွာနဲ့ အနန်းကုန်းရွာအနီးမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရသူများကို စစ်တပ်က သာပေါင်း၊ ရေကြည်နဲ့ ပုသိမ်ဆေးရုံသို့ပို့ဆောင်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ◾️မန်တုံမှာ KIA နဲ့ TNLA မြေပြင်တပ်ဖွဲ့များကြား ပဋိပက္ခထပ်မံဖြစ်ပွား ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့များကြား မနေ့က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ရက်က KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) တပ်ရင်း(၃၄) လက်အောက်ရှိ KIA ရဲ့ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနဲ့ KIO မန်ပွန်းတိုက်နယ်ရုံးကို တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်များက အင်အားသုံးစီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အပေါ် ညှိနှိုင်းဖြေရှင်းပြီး ရက်ပိုင်းအကြာ မနေ့ နေ့ခင်းပိုင်းမှာ မန်တုံမြို့နယ် မန်မောက်ရွာရှိ KIA တပ်ရင်း(၃၄)တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့တဲ့ ပြဿနာဖြစ်ခဲ့တာလို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ◾️စလင်းအခြေစိုက် တော်လှန်ရေးတပ်များ တပ်ပေါင်းစုဖွဲ့စည်း ဘုံရန်သူစစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းဖို့ မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ် ၆ဖွဲ့က တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းကြောင်း သဘောတူဆုံးဖြတ်လိုက်ပါတယ်။ မနေ့က အစည်းအဝေးပြုလုပ်ပြီး အချက် ၁၃ချက်ပါ မြေပြင်မဟာမိတ်ဘုံ သဘောတူညီချက်ကို စလင်းအခြေစိုက်တပ်ရင်းများနဲ့ Local PDF အဖွဲ့ ၆ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာပါ။ တပ်ပေါင်းစုဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် ၆ဖွဲ့မှာ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊ SALIN (LPDF)၊ ဒေါင်းစစ်အောင် (LPDF)နဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ တို့ဖြစ်ပါတယ်။ သဘောတူညီချက်တွေထဲ တော်လှန်အင်အားစု ပြိုကွဲစေသော၊ နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆိုများ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား လုံးဝမပြုလုပ်ဖို့ ပါရှိပါတယ်။ လက်ရှိမှာ စလင်းမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိနေတယ်လို့ သိရပါတယ်။ ◾️မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ မကွေးနဲ့ စစ်ကိုင်းတိုင်း ဒေသအစပ် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့ခင်းပိုင်းကစလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေတာလို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို စစ်ကောင်စီခံခဲ့ရပြီး တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် ပစ်ကူတွေ အသုံးပြုခဲ့ရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ◾️ကန့်ဘလူမြို့နယ် စံပါယ်နံ့သာကွင်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စံပါယ်နံ့သာကွင်းလမ်းကို ပြန်လည်ရယူဖို့အတွက် ဖေဖော်ဝါရီ ၁၉ရက်က စံပါယ်နံ့သာဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ကန့်ဘလူအခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းကနေ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ရွှေဘို- မြစ်ကြီးနားကားလမ်း၊ ကန့်ဘလူမြို့နယ်ထဲက ကွင်းလမ်းကို တပတ်ကျော်အကြာအထိ ပိတ်ထားရဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ နောက်ထပ် ကွင်းလမ်းတခုကနေ ကားတွေသွားလာခွင့်ပြုထားတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ ◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ရဲဘော်ဖိုးချမ်း ကျဆုံးခြင်း ၃နှစ် ၁၁လပြည့်သောနေ့အဖြစ် ဂူဗိမာန်ရှိရာဆီသို့ ချီတက်အလေးပြုခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းက "အထွေထွေကြပ်တည်းမှုကို အံတုကြ"၊ "ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည်လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" စာသားနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ သရက်ချောင်းမြို့နယ်မှာလည်း ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် လေးဦး ကျဆုံးခဲ့ရတဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ် လုပ်ဆောင်ခဲ့ပါတယ်။· 0 Comments ·0 Shares ·580 Views2
-
ကသည်း Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အုပ်ချူပ်ရေးမှူးထံ လက်နက် ၃၀၀ကျော်ပြန်လည် အပ်နှံ
ဖေဖော်ဝါရီ ၂၈ရက် ၂၀၂၅
အိန္ဒိယ၊ မဏိပူရပြည်နယ်မှာ ကသည်းအကြမ်းဖက်သောင်းကြမ်းသူ Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အစိုးရ အုပ်ချူပ်ရေးမှူးထံ ၂၀၂၅၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့က လက်နက်၊ ခဲယမ်းများ ၃၀၀ကျော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ မဏိပူရ သတင်းများတွင်ဖော်ပြထားပါတယ်။
မဏိပူရမှာ ၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ကစတင်ခဲ့တဲ့ လူမျိုးရေးကပဋိပက္ခကာလအတွင်း ကသည်းလူထုနဲ့ Arambai Tengol သောင်းကြမ်းသူများက ပြည်နယ်ရဲဌာန အချို့နဲ့ အစိုးရလက်နက်သိုက်များကို အင်အားသုံးစီးနင်းဝင်ရောက်ခဲ့ပြီး လက်နက် ၆ထောင် ကျော်နဲ့ ခဲယမ်း ၅သိန်းကျော် လုယူခဲ့ကြတာဖြစ်ပါတယ်။
မဏိပူရမှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့က သမ္မတတိုက်ရိုက်ချုပ်ကိုင် စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှူး အရေးကူမားဗာလားမှ ပြည်နယ်အတွင်း တရားမဝင် လက်နက်ကိုင်များအနေနဲ့ ၇ရက်အတွင်း မိမိတို့ကိုင်ဆောင်ထားတဲ့ လက်နက်များကို အစိုးရထံအသိတရားရှိရှိ ပြန်လည်အပ်နှံကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ကသည်းသောင်းကြမ်းသူ Arambai Tengol အကြီးအကဲများက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီး အခုလို လက်နက်ပြန်အပ်ဖို့ သဘောတူခဲ့ပြီး ၄င်းတို့ သိမ်းယူထားတဲ့ လက်နက် ၆ထောင်ထဲက မပြောစလောက် လက်နက်အချို့နဲ့ တစ်လုံးခါးချိုးအများအပြားအပါဝင် လက်နက် ၃၀၇လက်ကို ပြန်လည်အပ်နံခဲ့တာလို့ ကူကီး-ဇို အရပ်ဖက်အဖွဲ့အစည်းများကပြောဆိုနေကြ ပါတယ်။
အခုလို ပြည်နယ်အုပ်ချူပ်ရေးမှူးက ၇ရက်အတွင်း လက်နက်ပြန်လည်အပ်နှံဖို့ ထုတ်ပြန်ထားတာကြောင့် ကူကီ-ဇို လက်နက်ကိုင်များကလည်း လက်နက်အချို့ ပြန်လည်အပ်နှံပြီးဖြစ်တယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။
တစ်ဘက်မှာလည်း ပြည်နယ်အုပ်ချူပ်ရေးမှူးအရေးကူမားဗာလားမှ မဏိပူရ်ပြည်နယ်အတွင်းက တရားမဝင်လက်နက်ကိုင်များအနေနဲ့ ၎င်းတို့ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းများကို အစိုးရထံပြန်လည်အပ်နှံဖို့ ဖေဖော်ဝါရီလ ၂၈ရက်ယနေ့မှ မတ်လ ၆ရက်နေ့နောက်ဆုံးထား အပ်နှံကြဖို့ အချိန်ထပ်မံရွှေ့ဆိုင်းထားပြီး သတ်မှတ်ရက်တွင်းပြန်လည်အပ်နှံခြင်းမရှိပါက အင်အားသုံးသိမ်းယူသွားမှာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။
မဏိပူရပြည်နယ်မှာ ၂၀၂၃ခုနှစ် မေလကစတင်ခဲ့တဲ့ ကူကီး-ဇိုနဲ့ ကသည်းအင်အားစုများကြား လူမျိုးရေးပဋိက္ခကနေ လက်နက်ကိုင်တိုက်ပွဲထိ ဖြစ်ပွားခဲ့တာ ၂၂လကြာသည်ထိတိုင် နှစ်ဖက်တင်းမာမှုရှိနေဆဲဖြစ်ပါတယ်။
သတင်း-PRကသည်း Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အုပ်ချူပ်ရေးမှူးထံ လက်နက် ၃၀၀ကျော်ပြန်လည် အပ်နှံ 👇👇👇👇👇👇👇👇👇👇👇👇👇👇 ဖေဖော်ဝါရီ ၂၈ရက် ၂၀၂၅ အိန္ဒိယ၊ မဏိပူရပြည်နယ်မှာ ကသည်းအကြမ်းဖက်သောင်းကြမ်းသူ Arambai Tengol လက်နက်ကိုင်များက ပြည်နယ်အစိုးရ အုပ်ချူပ်ရေးမှူးထံ ၂၀၂၅၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့က လက်နက်၊ ခဲယမ်းများ ၃၀၀ကျော်ကို ပြန်လည်အပ်နှံခဲ့တယ်လို့ မဏိပူရ သတင်းများတွင်ဖော်ပြထားပါတယ်။ မဏိပူရမှာ ၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့ကစတင်ခဲ့တဲ့ လူမျိုးရေးကပဋိပက္ခကာလအတွင်း ကသည်းလူထုနဲ့ Arambai Tengol သောင်းကြမ်းသူများက ပြည်နယ်ရဲဌာန အချို့နဲ့ အစိုးရလက်နက်သိုက်များကို အင်အားသုံးစီးနင်းဝင်ရောက်ခဲ့ပြီး လက်နက် ၆ထောင် ကျော်နဲ့ ခဲယမ်း ၅သိန်းကျော် လုယူခဲ့ကြတာဖြစ်ပါတယ်။ မဏိပူရမှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့က သမ္မတတိုက်ရိုက်ချုပ်ကိုင် စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှူး အရေးကူမားဗာလားမှ ပြည်နယ်အတွင်း တရားမဝင် လက်နက်ကိုင်များအနေနဲ့ ၇ရက်အတွင်း မိမိတို့ကိုင်ဆောင်ထားတဲ့ လက်နက်များကို အစိုးရထံအသိတရားရှိရှိ ပြန်လည်အပ်နှံကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကသည်းသောင်းကြမ်းသူ Arambai Tengol အကြီးအကဲများက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီး အခုလို လက်နက်ပြန်အပ်ဖို့ သဘောတူခဲ့ပြီး ၄င်းတို့ သိမ်းယူထားတဲ့ လက်နက် ၆ထောင်ထဲက မပြောစလောက် လက်နက်အချို့နဲ့ တစ်လုံးခါးချိုးအများအပြားအပါဝင် လက်နက် ၃၀၇လက်ကို ပြန်လည်အပ်နံခဲ့တာလို့ ကူကီး-ဇို အရပ်ဖက်အဖွဲ့အစည်းများကပြောဆိုနေကြ ပါတယ်။ အခုလို ပြည်နယ်အုပ်ချူပ်ရေးမှူးက ၇ရက်အတွင်း လက်နက်ပြန်လည်အပ်နှံဖို့ ထုတ်ပြန်ထားတာကြောင့် ကူကီ-ဇို လက်နက်ကိုင်များကလည်း လက်နက်အချို့ ပြန်လည်အပ်နှံပြီးဖြစ်တယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။ တစ်ဘက်မှာလည်း ပြည်နယ်အုပ်ချူပ်ရေးမှူးအရေးကူမားဗာလားမှ မဏိပူရ်ပြည်နယ်အတွင်းက တရားမဝင်လက်နက်ကိုင်များအနေနဲ့ ၎င်းတို့ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းများကို အစိုးရထံပြန်လည်အပ်နှံဖို့ ဖေဖော်ဝါရီလ ၂၈ရက်ယနေ့မှ မတ်လ ၆ရက်နေ့နောက်ဆုံးထား အပ်နှံကြဖို့ အချိန်ထပ်မံရွှေ့ဆိုင်းထားပြီး သတ်မှတ်ရက်တွင်းပြန်လည်အပ်နှံခြင်းမရှိပါက အင်အားသုံးသိမ်းယူသွားမှာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။ မဏိပူရပြည်နယ်မှာ ၂၀၂၃ခုနှစ် မေလကစတင်ခဲ့တဲ့ ကူကီး-ဇိုနဲ့ ကသည်းအင်အားစုများကြား လူမျိုးရေးပဋိက္ခကနေ လက်နက်ကိုင်တိုက်ပွဲထိ ဖြစ်ပွားခဲ့တာ ၂၂လကြာသည်ထိတိုင် နှစ်ဖက်တင်းမာမှုရှိနေဆဲဖြစ်ပါတယ်။ သတင်း-PR0 Comments ·0 Shares ·432 Views
More Stories