“အစစ်အမှန်”
ဒဏ်ရာတွေ တစ်ပွေ့ကြီး
ပြန်ရမယ်မှန်းသိရင်
မေတ္တာတွေ တစ်ပိုက်ကြီးနဲ့
ဒီလမ်းကို
ဘယ်သွားခဲ့ပါ့မလဲ။
ရေလည်းမရောဘူး
အလေးလည်းမခိုးဘူး
ချိန်ခွင်လျှာ တစ်ဖက်စောင်းတဲ့ထိ
ပိုပိုသာသာ ထည့်ပေးခဲ့တဲ့
မေတ္တာပန်းပွင့်တွေပါ။
မယူချင်လို့သာ
ရုတ်သိမ်းလိုက်ရတယ်
ပကာသနမပါတဲ့
ဒီမေတ္တာပန်းလေးတွေရဲ့
ရနံ့က စစ်မှန်ခဲ့ပါတယ်။
#ngekg
#ကဗျာလေးတွေ
