လူတချို့ရဲ့ ဘဝဟာ အမြဲတမ်း အေးချမ်းသာယာ ပြီးပြည့်စုံ မနေသလို... လူတချို့ရဲ့ ဘဝဟာလည်း အမြဲတစေ ပူလောင်မနေပါဘူး။ ဒါကြောင့်မို့... အေးချမ်းနေတဲ့ အချိန်လေးမှာ စိတ်ချမ်းသာအောင် နေပြီး မမော်ကြွား မိဖို့နဲ့... ပူလောင်နေတဲ့ အချိန်မှာ စိတ်ဆင်းရဲပြီး ဘဝကို အရှုံးမပေးဖို့ လိုပါတယ်။ ပြောင်းလဲနေတဲ့ အချိန်တွေကြားမှာ ကံကြမ္မာကို ကြိုမမြင်နိုင်ဘူးလေ။ ဒီနေ့ စိတ်ဆင်းရဲနေရပေမယ့် မနက်ဖြန် စိတ်ချမ်းသာနိုင်ပါတယ်။ မနက်ဖြန်အတွက်ကို တွေးပြီး ဒီနေ့ ပူပန်နေရပေမယ့်.. ဒီနေ့လေးကြောင့် မနက်ဖြန်ဟာ လှပလာနိုင်ပါတယ်။ ဘယ်လိုကံတရားနဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့စိတ်သာ အဓိကပါပဲ။ ဒါကြောင့်မို့... ဘယ်လောက်ပဲ လောကဓံကြီးက ပူလိုက်၊ အေးလိုက်ဖြစ်နေပါစေ ကိုယ်ကနေတတ်ဖို့တော့ လိုပါတယ်။ မူရင်းရေးသူကို Credit ပေးပါတယ်။ #မေတ္တာများစွာဖြင့် #nanthanthanhtay (ဘဝစာပေ) #foryou
Care
1
· 0 Comments ·0 Shares