အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့
ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း 🌵🌵
ရှားစောင်းလက်ပတ်ပင်ဟာ ဘယ်လောက်တောင်ဆေးအစွမ်းထက်သလဲဆိုတာ လက်တွေ့ သုံးစွဲဖူးသူများရဲ့တုန့်ပြန်ပြောဆိုရေသားထားသည့် ကွန့်(comments)များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်
အစ_အဆုံးကို_ဖတ်ဖြစ်အောင်_ဖတ်ပါ။
– တကယ်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ ။ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ။ဝမ်းသွားရင် သွေးပါတာ။ ညောင်းတာ။ မအီမလယ်နဲ့နေရတာ အရမ်းခက်ခဲ့တာ …အခုဆို အရမ်းကောင်းသွားပါပြီ ။ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ ။တကြိမ်ပဲစားလိုက် သိသာပါတယ် ၂ ခါဘဲစားလိုက်တာလုံးဝပျောက်ကင်းသွားပါပြီ ။အားလုံးကျမ်းမာကြပါစေ…လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား…
– ကျွန်တော့်မေမေ သွေးတိုးတုန်းကဆိုရင် ရှားစောင်းလက်ပတ်ကို အထဲက အသားကို ခြစ်ယူပီးတော့ သကြားနည်းနည်းထည့် ပြီးတော့သံပုရာသီး တခြမ်း ညှစ်ထည့်လိုက် ပြီးတော့မွှေလိုက် ရေခဲထည့်ပြီးစားလိုက်တာ ၅ မိနစ်တောင်မကြာဘူး ။ သွေးချိန်လိုက်တော့ Nomel ပြန်ဖြစ်သွားတာ လက်တွေ့ပါဗျ သွေးတိုးသမားတွေအတွက်တော့ ဆေးကောင်းတလက်ပါဗျာ…။
– ဒို့ကတော့ထက်ခြမ်းခွဲပြီး ဇွန်းနဲ့ခြစ် အနှစ်ယူကာ ပျားရည်နဲ့ ခေါက်သောက်ပါတယ်။ အဆုတ်နာတွေလဲ ကောင်းပါတယ်ဘေးမဖြစ်ပါ…။
– ရှားစောင်းလက်ပတ် ဆေးနည်းများစွာ ရှိပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်နည်းဖေါ်ပြ ပေးလိုက်ပါတယ်..။ရှားစောင်းလက်ပတ် ၂၅ ကျပ်သား၊ မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား၊ မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသားကြက်သွန်နီ ၅ ကျပ်သားဆား ၁ ကျပ်သား။ အထက်ဖေါ်ပြပါ ငါးမျိုးထဲမှရှေးဦးစွာ ထန်းလျှက်ကို ဒန်အိုးနှင့်အရင် ကျိုပါ။ ထန်းလျှက်ရည်ကိုစစ်ထားပါ ။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ..။ ဆေးကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ် ။မြေအိုးထဲကို ထန်းလျှက်ရည်ထည့်ပြီး ကျိုပါ ။ ကြွက်မြီးတန်လို ပျစ်လာလျှင် ကျန်တာတွေထည့်ပြီး မီးမျှင်းမျှင်းဖြင့်ကျိုပါ ။မွှေပေးပါ။ ပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှ ချထားလိုက်ပါ။ အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ကွမ်းသီးလုံးခန့်စားပါ ။ အမျိုးသမီးများအတွက် သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်ပြီး သွက်ချာပါဒ ရောဂါများ ပျောက်ကင်းစေပြီးအသားအရည်ဝင်းပစေပါသည်။
– ရှားစောင်းလက်ပက်က အပင်ပါ။ လူတော်တော်များများ သိပါတယ်။ ခေါင်းလျှော်ရည်ဘူးတွေမှာ ပါပါတယ်။ အသားအရေအတွက် ကောင်းလို့အလှကုန် တော်တော်များများမှ ာပါပါတယ်။သူကိုသုံးမယ်ဆိုဘေးကစောင်းလေးတွေကို လှီးလိုက်ပါ။ အစေးဝါဝါလေးတွေ တွေ့ရမယ် ရေဆေးလိုက်ပါ။ အလွန်ခါးပါတယ် ။ ကျန်တာအတွင်းကဂျယ်ရော အပြင်ကအခွန်ရောစားလို့ရပါတယ် ။ ကောင်းတာကတော့အားလုံးပါဘဲ .. လူတစ်ကိုယ်လုံးကို အာဟာရပေးပါတယ်။
အညာမှာ လူကြီးတွေအသက်ရှည် ကျန်းမာတာဒါတွေစားလို့ပါ။ တို့အမျိုးအားလုံး သုံးပါတယ် ။ အလွန်ကောင်းလို့ ပြောမကုန်ပါဘူး။ ဆီးဝမ်းသွေးလေ အရိုး အရေပြား မျက်စိ ဝမ်းတွင်းကလီစာ အားလုံးကိုအကျိုးပြုပါတယ်။ ကြိုက်သလိုသုံးပါ။ စားချင်သလိုစားပါ ။အားလုံးအထောက်အကူဖြစ်ပါတယ် ။သက်ရှည် ကျန်းမာလှပ အပူငြိမ်းအားရှိ မျက်စိကြည် ဘာမဆိုသုံးလို့ရပါတယ်။
– ရှားစောင်းလက်ပတ်ကိုသုံးပြီးလို့ ကျန်တဲ့အခွံကိုလဲ ထက်ခြမ်းခြမ်းပြီး မျက်နှာတွေ လက်တွေမှာ ပွတ်ရင် အသားအရေ နုချောပြီး ဖြူဖွေးတာတကယ်ပါ ။ ကာလသားရောဂါကြီးတွေတောင် ပျောက်တယ်တဲ့ ..။သူ့အစေးကိုဖြစ်စေ အသားကိုဖြစ်စေ စားပါ ။သူ့ကြီးပဲစားလဲရတယ် တကယ်စွမ်း…။ အတွင်းသားလေးကိုခြစ်ပြီး သံပုရာရည်လေးညှစ် ကြက်သွန်နီ ပုဇွန်ခြောက်မှူန့်လေးနဲ့သုပ်စားလည်းကောင်းတယ်..။
– ရှားစောင်းလက်ပတ်ကို ရှမ်းပျိုမယ်နဲ့စားရင် အသားအရေ စိုပြေပြီးပိန်သူကိုဝ စေပါတယ်။ရှားစောင်းလက်ပတ်က မြန်မာပြည်မှာရော ဒီယိုးဒယားမှာလဲ ဟင်းချက်စားတယ်ဗျ .. တကယ်ပါ။
– ရှားစောင်းလက်ပတ်ဆိုလို့ပြောရအုံးမယ် ။ရှားစောင်းအနှစ်ရယ် , မြန်မာကြက်ဥတလုံး , နှမ်းဆီကြက်ဥတလုံးစာ၃မျိုးဆတူကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်းတကယ်ပျောက်တယ်။ လက်တွေ့ပါ…။
– နားကိုက်လဲ..ကောင်းတယ်..မီးဖုတ်ပြီး..အတွင်းသားကို..နားထဲဝင်လောက်တဲ့..အချောင်းလေးလုပ်ပြီးကြပ်ပေးရင်…( တစ်ကယ်ပြောတာပါ )
– ရှားစောင်း လက်ပတ် အစွမ်းကပြောမကုန်။ တစ်ခုပြောပါရစေ ။ရှားစောင်လက်ပတ် လက်နှစ်လုံးလောက်အရွယ် အလက်တစ်လက်ကိုရေစင်အောင်စေးပြီး ဘေးက အဖုလေးတွေဖယ်ပြီး ကြိတ်စက်နဲ့ကြိတ်ပါ ။ပြီးပျားရည်စစ်စစ် ဟင်းချိုသောက် ဇွန်း တစ်ဇွန်း တို့ကို ပေါင်းစပ်မွှေပြီး ဗူးအသန့်တစ်ခုအတွင်းထည့်ထားပြီး သာမန်ဇွန်းတစ်ဇွန်ခန့်သောက်ပေးပါ ။ဆေးသောက်ပြီး ၅ မိနစ်မကြာ လေသက်ပါလိမ့်မည်။ ဘူး တစ်လုံးဆောင် အိုလို့တောင် စိတ်မဆင်းရဲရတော့ပါ ။မှတ်ချက် ။..။ နှစ်ရက်စာပဲဖျော်သောက်ပါ လက်ဆတ်လေကောင်းလေပါ..။
– မီးယပ်သွေးဆုံးကိုင်မှာကြောက်နေကြလားညီမတို့အခုရှားစောင်းကိုလက်လေးလုံးလောက်ကိုဖြတ်ရေစင်အောင်ဆေပါအတွင်းဂျယ်ကိုဇွန်းနဲ့ချစ်ယူသောက်မဲ့ခွက်ထဲထည့်ပျားရည်တဇွန်းထည့်ခေါက်ပြိးရေနွေးလေးနဲ့မနက်ညနှစ်ကြိမ်သောက်ပါအသက်35
လောက်ကစပြိးသောက်အေးဆေးဘဲသွေးဆုံးမှာပါကျမလက်တွေ့ပါတိုင်းရင်းသူအမကြိးပြောပြလို့မှီဝဲခဲ့တာပါ🥰
- ရှားစောင်းလက်ပတ်အနှစ်နဲ့သ ြကားဖျော်သောက် အ ြဖူမိန်းကလေးတွေဆင်းတာပျောက်တယ် လက်တွေ့ပါရှင့်
-- အစာအိမ်ရောဂါပါပျောက်ကင်းပါတယ်။
သုံးစွဲနည်း=
ဓါးပါးပါးလေးနဲ့အခွံကိုလှီးထုတ်ပါ။မြိုချလို့ရတဲ့အရွယ်အတုံးလေးတွေရအောင် ဖြတ်ပါ။မတ်ခွက်ထဲအပြည့်ထည့်ပါ၊သကြားဟင်းစားတစ်ဇွန်းထည့်ပါ၊သံပုရာသီးတစ်လုံးအရည်ညှစ်ထည့်ပါ၊အဖုံးဖုံးထားပါ၊၂၄ နာရီနှပ်ထားပါ၊၂၄ နာရီပြည့်ရင် အစာအိမ်ထဲအစာမရှိမီ(အိပ်ယာထချိန်)မှာ ဇွန်းနဲ့ခပ်ပီး မြိုချပါ။ ရှားစောင်းလက်ပတ်ရဲ့အကျိအချွဲတွေက အစာအိမ်နံရံ၊အနာရှိတဲ့နေရာမှာသွားကပ်ရင် အနာကျက်မြန်ပီး တစ်လလောက်မှာ အစာအိမ်ရောဂါ သက်သာပျောက်ကင်းပီ။ကိုယ်တွေ့ပါ။
စားပုံစားနည်း ကျနော်ကတော့ ထွက်တစ်လုတ်၊ဝင်တစ်လုတ်မြိုချလိုက်တယ်။နောက်ထပ်မတ်ခွက်တစ်လုံးကို အရံသင့်ထပ်လုပ်ထားတယ်။ဆက်တိုက်ပေါ့ တစ်လုံးပီးတစ်လုံး။ တစ်လလောက်ကြာတော့ပျောက်ကင်းသွားတာ။ ၁၉၉၆ ခုနှစ်မှ ယနေ့ထိ အစာအိမ်ရောဂါ မဖြစ်တော့ပါ။
နောက်တစ်နည်း= သစ်ပင်တွေကိုင်းဆက်ရင် ရှားစောင်းလက်ပတ်ကိုပွတ်လိမ်း၊အောင်မြင်တယ်❤❤
--ဒူးနာရင်လည်း သုံးလို့ရတယ်ရှင့်
အလယ်ကအနှစ်နဲ့နာတဲ့ဒူးကိုတိုက်ပေးရင်သက်သာပါတယ်
အပူကြောင့်ခါးနာရင်လည်းအာ့အနှစ်လေးနဲ့တိုက်ပေးရင် ပျောက်တယ် ❤❤
ဒူးနာရင် ရှားစောင်းလက်ပတ်ခူးပြီးနွမ်းအောင်မီးကင်နှစ်ခြမ်းခွဲဒူးခေါင်းရဲ့အပေါ်နားလေးမှာအဝတ်နဲ့ပတ်ပြီးအိပ်မနက်ဆိုသိသိသာသာပျောက်လာပါလိမ့်မယ်သုံးရက်လောက်ဆက်တိုက်လုပ်ပေးပါ ကိုယ်တွေ့ပျောက်ဖူးလို့ပါ🥰🥰
-- တို့ကတော့လင်ရောမယားရောနေ့တိုင်တခကိစီကိုအပင်ကနေခူးရေဆေးပြီးဘေးကအဆူးတွေဖယ်အပေါခွံတထပ်ကိုဓားကလေးနဲ့ခွာအတွင်းဂျယ်လီလေးကိုဇွန်းနဲ့ဆွဲခြစ်ပြီးစားတာအရမ်းလည်းကြိုက်တယ်အရမ်းလည်းကောင်းတယ်ထန်းသီးနုုနုအရသာနဲ့တူတယ့်အမျိုးသားကဝမ်းချုပ်တယ်လို့နေ့တိုင်းအော်နေတာအခုမကြားရတော့ဘူးကျွန်မကကြိုက်လို့စားတာခန္တာကိုယ်အတွက်ကောင်းတယ်လို့ခံစားရတယ်လူတိုင်းကိုအဆင်ပြေမယ်ဆိုရင်စားစေချင်ပါတယ်ဝယ်စားရတာစိတ်မရှည်လို့အိမ်မှာအများကြီးစိုက်ထားပြီးနေ့တိုင်းစားနေတာပါ🥰🥰🥰
-- အဲ့ဒါတွေတင်မကပါဘူးရှင် ဆီပူလောင်တာတွေ မီးပူလောင်တာတွေ ဝက်ခြံထွက်တာ ထိခိုက်ရှနာပီးသွေးထွက်တာတွေအားလုံးလဲ ရှားစောင်းပင်ရဲ့အနှစ်တွေခြစ်ထုပ်ပီးလိမ်းပေးလိုက်ရင် အချိန်ခဏလေးအတွင်းသိသာပျောက်ကင်းစေပါတယ်🥰🥰
-- ကျွန်မကရှားစောင်းအတွင်းသားဂျယ်ရီကိုမျက်နှာအနှံပွတ်ပေးတယ်။
ေချွးပေါက်ကျယ်တာတွေကျဉ်းစေပြီးအသားအရေကိုချောမွေ့စေပါတယ်။
ခေါင်းမလျော်ခင်တစ်ခေါင်းလူံ
ရှားစောင်းအနှစ်နဲ့နာရီဝက်လောက်ပွတ်ထားပြီူမှခေါင်းလျော်ပါတယ်။
ဦးရေပြားအေးစေပြီးဆံပင်ပြန်ပေါက်ပါတယ်🥰🥰
~~လက်စွယ်ခြေစွတ်ငုတ်ရင် ရှားစောင်းလက်ပတ်ကို
ထိပ်ပိုင်းလေးဖြတ် မီးနွေးနွေးကင် ဖြစ်တဲ့လက်ချောင်း
ခြေချောင်းကို ရှားစောင်းလက်ပတ်ထဲထိုးထည့်ပြီး အဝတ်စလေးပတ် သရေပင်နဲ့စည်း။ နောက်ရက်ဆို လုံးဝသက်သာပါတယ်ရှင့်။🥰🥰
-- လည်ချောင်းနာတာ အပူကန်တာတွေ ရေယုံဖြစ်တညတွေဆိုလဲအထဲကအနှစ်ကိုခြစ်ယူပီး စားလို့လိမ်းလို့ရပါတယ်ရှင် အားလုံးကလက်တွေ့တွေမို့ပါရှင့်🥰
---ကော်လဂျင်ဝယ်မသောက်နိုင်တဲ့ မိန်းကလေးတေအတွက် ရှားစောင်းလက်ပတ်က ကော်လဂျင်ပါ အကုန်ကျသက်သာသလောက် အရမ်းအကျိုးရှိပါတယ်🥰
-- ဆီးကိုက်ရင်သူအနှစ်1ဇွန်းသကြား1ဇွန်းခေါက်သောက်စကန့်အတွင်းပြောက်ကင်းပါတယ်❤❤
-- ဖုန်းအကြည့်များလို့မျက်ရိုးတွေကိုက်မျက်ရေပူတွေကျနေတာကိုရှားစောင်းလက်ပတ်ခူးပြီးလက်၃လုံးလုံးလောက်ဖြတ်ဘေးဆူးလေးဖယ်ထွက်လာတဲ့အဝါရောင်အစေးကိုရေပြောင်အောင်ဆေးပြီးရှားစောင်းကိုအလယ်ကချမ်းပြီးမျက်စေ့ကိုကပ်ထားပါတနေ့ကိုတနာရီလောက်လုပ်ကြည့်ပါမျက်ရိုးလဲမကိုက်တော့ဘူးမျက်မှန်ပါဝါလဲရော့သွားပြီလက်တွေ့မို့မျှဝေတာပါ🥰
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Note -- ရှားစောင်းဖြတ်ယူတဲ့အခါထွက်လာတဲ့အစေးအဝါလေးကအဆိပ်ရှိပါတယ်သေချာရေစင်စင်ဆေးပြီးမှသုံးရပါတယ်🥰🥰🥰
#ကျန်းမာရေးဗဟုသုတ #highlightseveryone #health #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #frypanシ゚viralシfypシ゚ #fblifestyle #ကျန်းမာရေးဗဟုသုတရကြပါစေ