နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားကာကင်းစခန်းတွေ အလံဖြူထောင်၊ လက်နက်မချလို့ AA စီးနင်းတိုက်ခိုက် သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၁/၂၀၂၅ မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားကာကင်းစခန်းတွေကို အာရက္ခတပ်တော်(AA)က ဝင်ရောက်စီးနင်းတိုက်နေပြီလို့ သိရပါတယ်။ အမ်း-ပဒါန်းလမ်းပေါ်က မတ်စောက်တဲ့တောင်ထိပ်ကျောက်နံရံတွေရှိတဲ့ နတ်ရေကန်ဗျူဟာစခန်းနဲ့ အနီးအနားစခန်းငယ်တွေကို AA က မနေ့က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။ "အဲဒီတောင်ထိပ်က စခန်းပေါ်မှာ အင်အားဘယ်လောက်မှ မကျန်တော့ဘူး။ တောင်က မတ်စောက်ပြီးကျဉ်းတယ်။ ကျောက်နံရံတွေလည်း ရှိတယ်။ အဲဒီလက်ကျန်စစ်သားတွေကို AA က ဝင်စီးတိုက်ခိုက်နေတာ။ အနီးအနားကစခန်းတွေမှာလည်း ဖြစ်နေတယ်"လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယအပတ်က နတ်ရေကန်ဗျူဟာစခန်းက လက်ကျန်စစ်ကောင်စီတပ်သားတွေကို AA က အလံဖြူထောင်လက်နက်ချဖို့ပြောဆိုခဲ့ပေမဲ့ အလံဖြူမထောင်သလို လက်နက်လည်း မချတဲ့အတွက် စခန်းမှာကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို AA က အခက်ခဲကြားကနေ ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ Photo - AA Info Desk (ပုံဟောင်း)
Like
1
· 0 Comments ·0 Shares