❄ဘာဝနာ (၄၀) အဓိပ္ပါယ်အကျဉ်း❄ 💫💫💫💫💫💫💫💫 ခန္ဓာငါးပါးဟူသည် •••••• ⏩(၁) ရှုပက္ခန္ဓော ••• ရုပ်အစုဟူသော ရူပက္ခန္ဓာသည်လည်းကောင်း။ ⏩(၂) ဝေဒနာက္ခန္ဓော ••• ခံစားမူအစုဟူသော ဝေဒနာက္ခန္ဓာ သည်လည်းကောင်း။ ⏩(၃) သညာက္ခန္ဓော ••• အမှတ်ပြု၍ သိမူအစုဟူသော သညာက္ခန္ဓာ သည်လည်းကောင်း။ ⏩(၄) သင်္ခါရက္ခန္ဓော ••• စေ့ဆော်မူ ပြုပြင်မူ အစုဟူသော သင်္ခါရက္ခန္ဓာ သည်လည်းကောင်း။ ⏩(၅) ဝိညာဏက္ခန္ဓော ••• အာရုံကို ထွေထွေထူးထူး သိမူအစုဟူသော ဝိညာဏက္ခန္ဓာသည်လည်းကောင်း။ ဣမေ ••• ဤသည်တို့ကား။ ပဉ္စက္ခန္ဓာ ••• ငါးပါးသောခန္ဓာတို့တည်း။ 🔯ခန္ဓာငါးပါးတို့၏အနိစ္စလက္ခဏာ(၁၀) ပါး🔯 ⏩(၁) အနိစ္စာ ••• မြဲခြင်းသဘောမရှိကုန်။ ⏩(၂) အဓုဝါ ••• ခိုင်မြဲခြင်းသဘောမရှိကုန်။ ⏩(၃) အသာရာ ••• အနှစ်သာရမရှိကုန်။ ⏩(၄) စလာ ••• ရွေ့လျားတတ်ကုန်၏။ ⏩(၅) ပလောကဓမ္မာ ••• ပျက်စီးခြင်းသဘော ရှိကုန်၏။ ⏩(၆) ဝိပရိဏာမဓမ္မာ ••• ဖောက်ပြန်ခြင်း သဘောရှိကုန်၏။ ⏩(၇) မရဏဓမ္မာ ••• သေဆုံးခြင်းသဘော ရှိကုန်၏။ ⏩(၈) ဝိဘဝဓမ္မာ ••• ဆုံးရှုံးခြင်းသဘောရှိကုန်၏။ ⏩(၉) သင်္ခတာ ••• အဖန်ဖန်ပြုပြင် အပ်ကုန်၏။ ⏩(၁၀) ပဘင်္ဂုနော ••• ဖရိုဖရဲ ပြိုကွဲခြင်း သဘော ရှိကုန်၏။ အနိစ္စံ ••• အနိစ္စလက္ခဏာ ဆယ်ပါးတည်း။ 🔯ခန္ဓာငါးပါးတို့၏ ဒုက္ခလက္ခဏာ(၂၅)ပါး🔯 🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜 ⏩(၁) ဒုက္ခာ ••• ယုတ်မာ ညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း။ ⏩(၂) ဘယာ ••• ကြောက်ဖွယ် ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း။ ⏩(၃) ဤတီ ••• ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။ ⏩(၄) ဥပဒၵဝါ ••• လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။ ⏩(၅) ဥပသဂ္ဂါ ••• တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။ ⏩(၆) ရောဂါ ••• ကျင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။ ⏩(၇) အာဗာဓာ ••• နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။ ⏩(၈) ဂဏ္ဍာ ••• မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။ ⏩(၉) သလ်လာ ••• စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးတို့သာတည်း။ ⏩(၁၀) အဃာ ••• အကျိုးယုတ် အကျိုးမဲ့မျိုးတို့သာတည်း။ ⏩(၁၁) အတာဏာ ••• စောင့်ရှောက်မဲ့လျှင်း ဘေး၏အသင်းတို့သည် သာတည်း။ ⏩(၁၂) အလေဏာ ••• ကွယ်ကာမဲ့လျှင်း ဘေး၏အသင်းတို့သည်သာ တည်း။ ⏩(၁၃) အသရဏာ ••• ကိုးရာမဲ့လျှင်း ဘေး၏အသင်းတို့သာတည်း။ ⏩(၁၄) အာဒီနဝါ ••• ဆိုးဝါးညစ်ကျူ အပြစ်စုတို့သာတည်း။ ⏩(၁၅) အဃမူလာ ••• ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သည် သာတည်း။ ⏩(၁၆) ဝဓကာ ••• လူ နတ် ဗြဟ္မာ သတ္တဝါကို အတွင်သတ်သည့် သူသတ်မျိုးရိုးတို့သာတည်း။ ⏩(၁၇) အာသဝါ ••• အာသဝေါတရား လေးပါးတို့၏ အစီးအပွား တို့သာတည်း။ ⏩(၁၈) မာရာမိသာ ••• ကိလေသာမာရ် မစ္စုမာရ်တို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာတို့သာတည်း။ ⏩(၁၉) ဇာတိ ဓမ္မာ ••• သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုး ညစ် ဖြစ်ချင်တတ်တိုင်း ဖြစ်တတ်သော သဘောရှိကုန်၏။ ⏩(၂၀) ဇရာ ဓမ်မာ ••• ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိကုန်၏။ ⏩(၂၁) ဗျာဓိ ဓမ္မာ ••• နာခြင်းသဘောရှိကုန်၏။ ⏩(၂၂) သောက ဓမ္မာ ••• စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏။ ⏩(၂၃) ပရိဒေဝ ဓမ္မာ ••• ငိုကြွေးမြည်တမ်းရခြင်းသဘောရှိကုန်၏။ ⏩(၂၄) ဥပါယာသ ဓမ္မာ ••• သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘောရှိကုန်၏။ ⏩(၂၅) သံကိလေသိက ဓမ္မာ ••• တဏှာ ဒိဋ္ဌိ ဒုစ္စရိတ တည်းဟူသော ညစ်နွမ်းခြင်း သုံးပါးကို ပွါးစီးစေတတ်သော သဘောရှိကုန်၏။ ဒုက္ခံ ••• ဒုက္ခလက္ခဏာ (၂၅) ပါးတည်း။ 🔯ခန်ဓာငါးပါးတို့၏ အနတ်တလက်ခဏာ(၅)ပါး🔯 💫💫💫💫💫💫💫💫💫💫💫 ⏩(၁) အနတ်တာ ••• ကိုယ်မဟုတ်ကုန်အစိုးမရကုန် အလိုသို့ မလိုက်ကုန်။ ⏩(၂) ပေရ ••• အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာတည်း။ ⏩(၃) ရိတ်တာ ••• အနှစ်သာရ ဟူသမျှနှင့် မြူစ မယှဉ် အစဉ်ကင်း ဆိတ်သောတရားတို့သာတည်း။ ⏩(၄) တုစ်ဆာ ••• ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစ မနီး အချည်းနှီးသော တရားတို့သာတည်း။ ⏩(၅) သုညာ ••• ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသောတရားတို့သာတည်း။ အနတ်တာ ••• အနတ်တလက်ခဏာငါးပါးတည်း။ အနိစ္စလက္ခဏာ (၁၀) ပါး ဒုက္ခလက္ခဏာ (၂၅) ပါး အနတ်တလက်ခဏာ (၅) ပါး ဘာဝနာ (၄၀) ပွီး၏။ လယ်တီဒီပနီပေါင်းချုပ် ဒုတိယတွဲစာမျက်နှာ(၄) ⏪သာယာချမ်းမြေ့ကြပါစေ Credit.ဓမ္မ ဖေါက်သည်။
Love
Care
2
· 0 Comments ·0 Shares