အေဘီသွေးပိုင်ရှင်လေးတွေဆိုတာ ... များသောအားဖြင့် အေးဆေးတည်ငြိမ်တယ် ။ ပြီးတော့ ... ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာမျိုးကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တတ်ကြတယ် ။ စကားတွေ မလိုအပ်ပဲ အများတွေ မပြောတတ်ကြသလို အလိုက်သိတော့ သိပ်ပြီးတော့ ပြဿနာတွေ အများကြီး မရှိတတ်ဘူး ။ ဒါပေမယ့် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ခေါင်းစားရတတ်တယ် ။
မိဘတွေ အပေါ် ဆိုးတာမျိုးမရှိဘူး...အလိုက်သိတယ် ကွက်ကျော်မြင်တတ်တယ် ။ အချစ်ခံရတဲ့ လူတန်းစားထဲမှာ မပါပေမယ့် အပြစ်တင်မခံရတဲ့ လူစားမျိုးပေါ့ ။ စကားလုံးတွေကို စဥ်းစားချင့်ချိန်ပြီး ပြောတတ်သလို ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်မျှကြည့်တတ်တဲ့ မျက်လုံးတစ်စုံရှိတတ်ကြတယ် ။ သူတို့ရဲ့ အားသာချက်က လူတစ်ယောက်ကို ကြည့်လိုက်ရင် သူက ဘယ်လိုဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တတ်ကြတာပါပဲ ။ အကဲခတ်နိုင်စွမ်းရှိတယ် မေးခွန်းတွေ အများကြီး မေးဖို့မလိုပဲ သိတတ်နိုင်စွမ်းရှိတယ် ။
သူ့ပုံစံက ဘယ်လိုမျိုးလဲလို့မေးရင် တစ်ထစ်ချကြီး သတ်သတ်မှတ်မှတ် ပြောပြလို့မရဘူး ။ သူက ပုတ်သင်ညိုလေးတစ်ကောင်လိုပဲ ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းရှိတယ် ။ သူဆိုးနေတာ ကောင်းနေတာတွေက တစ်ခါတစ်လေ မဖြစ်မနေမို့ဆိုတဲ့ အရာတွေကြောင့် ဖြစ်သွားတာတွေဟာ တကယ်ပဲ ရှိပါတယ် ။ များသောအားဖြင့် ပျော်နေတယ် မပျော်ဘူးဆိုတာကို စိတ်ထဲ သိပ်မထားတတ်သလို အဆင်ပြေတယ်ဆိုတဲ့စကားတစ်လုံးကို မကြာခဏ သုံးတတ်တဲ့ လူစားမျိုးပေါ့ ။
အပေါင်းအသင်း သိပ်များများစားစားမရှိဘူး ။ လူတွေကို သိပ်ပြီး အယုံအကြည်မရှိတတ်ဘူး ။ တစ်ခုခုကို အမြဲတမ်း လျှို့၀ှက်ထားသလို type မျိုး ။ ဘယ်တော့မှ စကားအကုန် မပြောတတ်သလို သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်ပြောမှ သိနိုင်မယ့် လူတစ်ယောက်ပေါ့ ။ ရှေးရိုးဆန်တတ်တယ် ... ဒါမှမဟုတ် ပုံမှန်အတိုင်း ဖြတ်သန်းနေရတာကို သဘောကျတတ်တယ် ။ အလုပ်တစ်ခုလုပ်ရင် စေ့စေ့စပ်စပ်လုပ်တတ်တယ် ။ စာအုပ်ကြီးအတိုင်းလိုပဲ ။
အေဘီသွေးပိုင်ရှင်လေးတွေက ... ခံစားချက်တွေကို သိပ်ပြီး မဖော်ပြတတ်သလို သူဘာဖြစ်နေတယ် သိပ်ပြီးမပြောတတ်ကြဘူး ။ ဒီတော့ ဒေါသထွက်တယ်ဆိုပြီး မရှိသလောက်ကို ရှားတယ် ။ ဒါပေမယ့် သူ့အပေါ် သစ္စာတော့ မဖောက်နဲ့ပေါ့ ... သေသေချာချာမှတ်ထားပြီး အငြိုးတကြီးနဲ့ လက်စားချေတတ်တဲ့ လူတစ်ယောက်လေ ။ ဖြစ်နိုင်မယ်ဆိုရင် သူလိုက်လျောညီထွေ နေတတ်တာကို အ လိုက်တာဆိုပြီး မတွေးတာ ကောင်းတယ်။
ပျော်ခြင်း ၀မ်းနည်းခြင်းတွေ မရှိတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်တတ်ပေမယ့် တကယ်တမ်းကျတော့ ... သူကိုယ်တိုင်လည်း အများကြီး ခံစားတတ်ရုံပါပဲ ။ မဖော်ပြတတ်ရုံပါ ။
#ကျေးကို