အရင်တုန်းကဆိုရင် လက်တွေခြေတွေ ထုံကျင်တာ၊ သွေးလေမမှန်တာ၊ သွေ;အားနည်းတာ၊ ခေါင်းမူးလွယ်တာမျိုး ဖြစ်ခဲ့ရင်...
အဖွားက ဂျင်း နဲ့ ကြက်သွန်ဖြူ ကို ရောပြီး ပြုတ်ကာ နွေးနွေးလေး သောက်ခိုင်းတတ်တယ်။ သူ့ရဲ့ရနံ့က ပြင်းပေမယ့် အကျိုးကျေးဇူးက အဲဒီထက် ပိုများတယ်လေနော် 😊
အဖွားပြောတာကတော့...
✨ ဂျင်း က သွေးလည်ပတ်မှုကို ကောင်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးစေတယ်။ လက်ဖျားခြေဖျား ထုံကျင်တာတွေကိုလည်း သက်သာစေတယ်။
✨ ကြက်သွန်ဖြူ က သွေးခဲတာကို လျော့ကျစေပြီး သွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုတယ်။ ကိုယ်လက်မအီမသာနဲ့ လေးလံတာတွေကို လျော့ပါးစေတယ်။
✨ သောက်လိုက်ရင် စိတ်ထဲ ပေါ့ပါးသွားပြီး ကိုယ်လက် မအီမသာဖြစ်တာ၊ ခေါင်းမူးတာတွေပါ သက်သာစေတယ်။
✨ ကိုယ်ခန္ဓာပေါ့လာပြီး သွေးပေါင်ချိန်ကလည်း အရင်လို လွယ်လွယ်နဲ့ မတက်တော့ဘူး။
✨ ဒီနည်းလမ်းတွေက သွေးလေ စီးဆင်းမှုနဲ့ ခန္ဓာကိုယ်ကို အများကြီး ပြေလည်ကောင်းမွန်လာအောင် ကူညီပေးနိုင်တယ်တဲ့။
အဖွားက အမြဲပြောတတ်တယ်...
“သွေးလေ ကောင်းရင် ဘဝက ကောင်းတာပဲ။ ဒါဟာ ကိုယ့်အိမ်မှာ အလွယ်တကူရှိတဲ့ ရိုးရှင်းတဲ့ဆေးပဲ”
ဒီစကားကို ကြားရတာ နွေးထွေးလွန်းလို့ ဒီနေ့ထိတိုင် မှတ်မိနေခဲ့တာပါ 💛🌿
✨ အဖွားရဲ့ ရိုးရှင်းတဲ့ ပြုလုပ်နည်း
– ဂျင်း အစို ၄-၅ ချပ်ကို ထုပါ။
– ကြက်သွန်ဖြူ ၂-၃ မြွှာကို ညက်အောင် ထုပါ။
– ရေ ၁ လီတာနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။
မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နွေးနွေးလေး သောက်ပေးရင် သွေးလေလည်း ကောင်းပြီး စိတ်လည်း ချမ်းသာစေပါတယ် 🌾
အားလုံးကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻
MON SOUNG
#MONSOUNG