ရေစက်နှင့်လူ့ဘဝသင်ခန်းစာ ********************************** လူဆိုတာ ထင်မှတ်မထားတဲ့ ဆုံမှတ် တစ်ခုပေါ်မှာ ဆုံတွေ့ခဲ့ကြတယ် ။ တစ်ချို့က အကြွေးတွေကို ဆပ် ထားခဲ့ကြသလို... တစ်ချို့က အကြွေးတွေကို တောင်းယူ သွားခဲ့ကြတယ် ။ တကယ်တော့ လူတစ်ဦးနဲ့ တစ်ဦး ဆုံဆည်းဖို့ ဆိုတာဟာ.... သိပ်ပြီးတော့ မလွယ်ကူလှပါဘူး အကြောင်းညီညွတ် မှသာ တစ်ဦးနဲ့ တစ်ဦး ဆုံဖြစ်ခဲ့ကြတာပါ ။ ရေစက်ရှိလို့ ဆုံဖြစ်ကြတယ် ရေစက်ကုန်တော့ သူ့အလိုလို ကိုယ့်ရဲ့ဘေးနား ကနေပြီး ထွက်ခွာသွားခဲ့ကြတယ် ။ တစ်ချို့က ကြည်နူးစရာတွေ ပေးထားခဲ့ ကြတယ် ။ တစ်ချို့က နာကျင်စရာတွေနဲ့ နောင်တတွေကို ပေးထားခဲ့ကြတယ် ။ ဘယ်လိုပဲ ဆုံဖြစ်ခဲ့ ဆုံဖြစ်ခဲ့ ကိုယ်က အကောင်းမွန်ဆုံး ဆက်ဆံ ပေးခဲ့တယ် မဟုတ်လား ။ တစ်ခါတလေ အတိတ်ကံကြောင့် စိတ်ပျက်ဝမ်းနည်း နာကျင်စရာတွေနဲ့ ဆုံဖြစ်ခဲ့ရင် ပေါ့....... အော်..... ငါ အကြွေးတစ်ခု ကျေသွားပြန်ပြီလို့ပဲ စေတနာ မေတ္တာတွေနဲ့ ဆပ်လိုက်ပါ ။ တောက်ပတဲ့ ကြယ်ဟာ တိမ်မှောင်ဖုံးလည်း အလှပျက်ရိုး ထုံးစံမရှိပါဘူး။
Care
1
· 0 Comments ·0 Shares