ဘဝဆိုတာ စိတ်ရဲ့ အရိပ်ပါပဲ ----–----------------------- ကိုယ်အပေါ် မကောင်းတဲ့ သူကို မကောင်းတဲ့ စိတ်နဲ့ တုံ့ပြန်လို့လည်း ရတယ်။ ကောင်းတဲ့ စိတ်နဲ့ မေတ္တာထားလို့လည်း ရတယ်။ မိမိစိတ် မိမိစိတ်ကြိုက်ထားလို့ ရပါတယ်။ ဒါပေမယ့် သတိထားရမှာက ဘဝဆိုတာ စိတ်ရဲ့အရိပ်ပါပဲ။ စိတ်ကြောင့် ဘဝလှသွားတဲ့ လူတွေ ရှိတယ်။ စိတ်ကြောင့် ဘဝမလှတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တမ်း တွေးကြည့်ရင် ကံကြမ္မာဆိုတာ စက်ဝိုင်းကြီးလိုပါပဲ။ ဒီလမ်းကို မကောင်းတဲ့ စိတ်နဲ့ သွားရင် မကောင်းတဲ့ အကျိုးက ကိုယ်ဆီကို တည့်တည့်ကြီး ရောက်လာမှာပဲ။ ဒီလမ်းကို ကောင်းတဲ့ စိတ်နဲ့ သွားရင် ကောင်းတဲ့ အကျိုးက ကိုယ်ဆီကို တည့်တည့်ကြီး ပြန်ရောက်လာမှာပဲ။ ဒီလိုပါပဲ ကိုယ်အပေါ် မကောင်းတဲ့ သူကို ကောင်းတဲ့ စိတ်နဲ့ မေတ္တာထားပြီး ကိုယ့်ဘက်က မြင်ပေးရင် ကိုယ့်ရဲ့ စိတ်က ကျေနပ်စရာ ဖြစ်လာတယ်။ အေးချမ်းလာတယ် ခွင့်လွှတ်တတ်လာတယ်။ ဒါကြောင့်မို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မကောင်းတဲ့စိတ် မထားပါနဲ့။ သူ မကောင်းတာ သူ့အလုပ်ပါ။ သူ့အကျိုး သူပဲ ခံစားရမှာပါ။ မေတ္တာ တကယ်ထားပေးရင် တကယ်ကို အေးချမ်းရပါတယ်။ မေတ္တာမှာ အေးချမ်းခြင်းရဲ့ အာနိသင်တွေ ရှိပါတယ်...........။ with respect - credit #knowledge #life lesson
Like
Care
3
· 0 Comments ·0 Shares