မေ....

မေနမ်းဖို့ ငွေပန်းတို့ပျိုးထားတယ်
လေသရမ်းလို့ ကြွေတဲ့အခါ
ဝေခဲ့တာကို နောင်တမရပါဘူး...။

မေ့ဆံနွယ် သွယ်သွယ်နုကြားမှာ
ငွေပန်းတစ်ပွင့် မြင်ခွင့်ရရင်
အသွင်တင့်ကာ ပင်မြင့်မှာမနေလိုပါဘူး
မေ...လင့်လို့ခြွေ...။

နွေပြောင်းတောင် ရေမလောင်းရက်
ဝေဒနာတွေဆေး မျက်ရည်လေးနှင့်သာ
ပေါင်းသင်ကာ အစာမထည့်
သာတတ်တဲ့ လရောင်ကို
ညအမှောင်မှာ အားပြုကာ
ယုယလို့ထွေး...။

မွှေးအီပါလို့ အတွေးစီကာထည့်
ဖွေးညီညာတဲ့ ပွင့်လွှာဖက်ဟာ
မေ့ကေသာမှာ နေရာဦးဖို့
ငံ့လင့်လို့ ရူး...။

#ဟိန်းထက်ရောင်ဝါ
Mar,6-2025
မေ.... မေနမ်းဖို့ ငွေပန်းတို့ပျိုးထားတယ် လေသရမ်းလို့ ကြွေတဲ့အခါ ဝေခဲ့တာကို နောင်တမရပါဘူး...။ မေ့ဆံနွယ် သွယ်သွယ်နုကြားမှာ ငွေပန်းတစ်ပွင့် မြင်ခွင့်ရရင် အသွင်တင့်ကာ ပင်မြင့်မှာမနေလိုပါဘူး မေ...လင့်လို့ခြွေ...။ နွေပြောင်းတောင် ရေမလောင်းရက် ဝေဒနာတွေဆေး မျက်ရည်လေးနှင့်သာ ပေါင်းသင်ကာ အစာမထည့် သာတတ်တဲ့ လရောင်ကို ညအမှောင်မှာ အားပြုကာ ယုယလို့ထွေး...။ မွှေးအီပါလို့ အတွေးစီကာထည့် ဖွေးညီညာတဲ့ ပွင့်လွှာဖက်ဟာ မေ့ကေသာမှာ နေရာဦးဖို့ ငံ့လင့်လို့ ရူး...။ #ဟိန်းထက်ရောင်ဝါ Mar,6-2025
Like
Care
2
· 0 Comments ·0 Shares ·45 Views