• မချစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့
    မဖြစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့က
    လုံးဝမတူပါဘူး။

    မချစ်နိုင်တော့လို့ လမ်းခွဲလိုက်ကြရတာက
    အချိန်အတိုင်းအတာ တစ်ခုရောက်သည့်အခါ
    လုံဝ သတိမရကြတော့ပေမယ့်

    မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ရသည်က
    ဘယ်တော့မှ မေ့ပျောက်သွားလို့မရတော့တာမျိုးပါ။

    သတိရဆုံးအချိန်က
    တစ်စုံတစ်ခု တ်ုက်ဆိုင်မူတွေ ရှိတိုင်းပေါ့။

    အမြဲတမ်းမဟုတ်ခဲ့ရင်တောင်
    ရင်ထံက အမှတ်တရတွေပါ သေရာပါသွားသည့်
    အထိပါ။

    ဒီလိုအဖြစ်မျိုးတွေကို ခံစားဖူးသူတိုင်
    သိနေကြတာမျိုးပါ။

    လမ်းလွှဲသွားကြပေမယ့်
    လမ်းခွဲစကားဆိုခဲ့သည့်အချိန်မှစ၍
    ထပ်တူမကျခဲ့သည့် အဖြစ်တွေအတွက်
    ဖြတ်ယူခဲ့ရသည့် သံယောဇဉ် အရစ်အတင်း၌
    ချစ်ခြင်းတရားတို့သည်
    နုပျိုလန်းဆန်းလျှက် ကြွင်းရစ်နေခဲ့ပါတော့သည်လေ။

    ကိုငြိမ်း(နှလုံးသား အဟာရ စာစုများ)
    25.6.2025
    မချစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့ မဖြစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့က လုံးဝမတူပါဘူး။ မချစ်နိုင်တော့လို့ လမ်းခွဲလိုက်ကြရတာက အချိန်အတိုင်းအတာ တစ်ခုရောက်သည့်အခါ လုံဝ သတိမရကြတော့ပေမယ့် မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ရသည်က ဘယ်တော့မှ မေ့ပျောက်သွားလို့မရတော့တာမျိုးပါ။ သတိရဆုံးအချိန်က တစ်စုံတစ်ခု တ်ုက်ဆိုင်မူတွေ ရှိတိုင်းပေါ့။ အမြဲတမ်းမဟုတ်ခဲ့ရင်တောင် ရင်ထံက အမှတ်တရတွေပါ သေရာပါသွားသည့် အထိပါ။ ဒီလိုအဖြစ်မျိုးတွေကို ခံစားဖူးသူတိုင် သိနေကြတာမျိုးပါ။ လမ်းလွှဲသွားကြပေမယ့် လမ်းခွဲစကားဆိုခဲ့သည့်အချိန်မှစ၍ ထပ်တူမကျခဲ့သည့် အဖြစ်တွေအတွက် ဖြတ်ယူခဲ့ရသည့် သံယောဇဉ် အရစ်အတင်း၌ ချစ်ခြင်းတရားတို့သည် နုပျိုလန်းဆန်းလျှက် ကြွင်းရစ်နေခဲ့ပါတော့သည်လေ။ ကိုငြိမ်း(နှလုံးသား အဟာရ စာစုများ) 25.6.2025
    0 Comments ·0 Shares ·206 Views
  • တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ သူ့ Acc လေးကို Following လုပ်ပြီး See First ထားရတာကို ကြိုက်တယ်။

    Friend Request မလုပ်ဘဲနဲ့ ....
    Like မပေး ....
    Comment မရေးဘဲနဲ့။

    တစ်စုံတစ်ယောက်ကို အကြောင်းတစ်ခုခုကြောင့် စိတ်ထဲ သဘောကျသွားတဲ့အခါ ....
    အဲ့ဒီလူနဲ့ ရင်းနှီးလိုစိတ် မဖြစ်တော့ဘူး။
    ရင်းနှီးသွားရမှာမျိုး ၊ ခင်တွယ်သွားရမှာမျိုး မလိုချင်တော့ဘူး။
    ဒီအတိုင်းလေးပဲ ....
    သဘောကျတယ်ဆိုတဲ့နေရာမှာတင် ကိုယ်ရပ်တန့်ထားမိပြီ။

    သူ့အကြောင်းတွေ ထဲထဲဝင်ဝင် ကိုယ် မလေ့လာချင်ဘူး။
    သူနဲ့ရင်းနှီးသွားအောင် မကြိုးစားချင်ဘူး။
    သူသတိထားမိအောင် မနေချင်ဘူး ။
    ပြီးတော့ ကိုယ် သူ့ကို သဘောကျတယ်ဆိုတဲ့အကြောင်း သူမသိစေချင်ဘူး။

    ဒီအတိုင်းလေးပဲ .....
    ကိုယ့်အကြောင်းအရာလေးနဲ့ကိုယ် ဆက်ပြီး သဘောကျမယ်။
    New Feeds မှာ ဦးဆုံးတက်လာမယ့် သူ့ Posts တွေကို ဖတ်မယ်။
    My Day တွေ ဝင်ကြည့်မယ်။
    ဒီလောက်ပဲပေါ့....
    ရင်းနှီးသွားဖို့ကို ကိုယ်မလိုလားဘူး။

    တွယ်တာခြင်းရဲ့နောက်မှာ ဆုံးရှုံးရခြင်းတွေ ပါလာတတ်တာ ကိုယ်နားလည်ပြီးသား။
    ဒါကြောင့် ပိုင်ဆိုင်ရခြင်းကို ကိုယ်မလိုချင်တော့တာ မဆန်းဘူးမဟုတ်လား။

    ရင်းနှီးခြင်းရဲ့နောက်မှာ သူစိမ်းဆန်ခြင်းတွေလည်း ရှိလာနိုင်တာပဲ...
    တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးခဲ့ကြရင် သူစိမ်းဆန်စရာမှမလိုတော့တာ။ ( နဂိုတည်းက မရင်းနှီးတဲ့ သူစိမ်းတွေပဲမလား )

    ဒါကြောင့် တကယ်လို့ ကိုယ် တစ်ယောက်ယောက်ကို သဘောကျမိသွားတဲ့အခါ.....
    ရင်းနှီးမသွားချင်တော့ဘူး။

    ပင်ပျို
    တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ သူ့ Acc လေးကို Following လုပ်ပြီး See First ထားရတာကို ကြိုက်တယ်။ Friend Request မလုပ်ဘဲနဲ့ .... Like မပေး .... Comment မရေးဘဲနဲ့။ တစ်စုံတစ်ယောက်ကို အကြောင်းတစ်ခုခုကြောင့် စိတ်ထဲ သဘောကျသွားတဲ့အခါ .... အဲ့ဒီလူနဲ့ ရင်းနှီးလိုစိတ် မဖြစ်တော့ဘူး။ ရင်းနှီးသွားရမှာမျိုး ၊ ခင်တွယ်သွားရမှာမျိုး မလိုချင်တော့ဘူး။ ဒီအတိုင်းလေးပဲ .... သဘောကျတယ်ဆိုတဲ့နေရာမှာတင် ကိုယ်ရပ်တန့်ထားမိပြီ။ သူ့အကြောင်းတွေ ထဲထဲဝင်ဝင် ကိုယ် မလေ့လာချင်ဘူး။ သူနဲ့ရင်းနှီးသွားအောင် မကြိုးစားချင်ဘူး။ သူသတိထားမိအောင် မနေချင်ဘူး ။ ပြီးတော့ ကိုယ် သူ့ကို သဘောကျတယ်ဆိုတဲ့အကြောင်း သူမသိစေချင်ဘူး။ ဒီအတိုင်းလေးပဲ ..... ကိုယ့်အကြောင်းအရာလေးနဲ့ကိုယ် ဆက်ပြီး သဘောကျမယ်။ New Feeds မှာ ဦးဆုံးတက်လာမယ့် သူ့ Posts တွေကို ဖတ်မယ်။ My Day တွေ ဝင်ကြည့်မယ်။ ဒီလောက်ပဲပေါ့.... ရင်းနှီးသွားဖို့ကို ကိုယ်မလိုလားဘူး။ တွယ်တာခြင်းရဲ့နောက်မှာ ဆုံးရှုံးရခြင်းတွေ ပါလာတတ်တာ ကိုယ်နားလည်ပြီးသား။ ဒါကြောင့် ပိုင်ဆိုင်ရခြင်းကို ကိုယ်မလိုချင်တော့တာ မဆန်းဘူးမဟုတ်လား။ ရင်းနှီးခြင်းရဲ့နောက်မှာ သူစိမ်းဆန်ခြင်းတွေလည်း ရှိလာနိုင်တာပဲ... တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးခဲ့ကြရင် သူစိမ်းဆန်စရာမှမလိုတော့တာ။ ( နဂိုတည်းက မရင်းနှီးတဲ့ သူစိမ်းတွေပဲမလား ) ဒါကြောင့် တကယ်လို့ ကိုယ် တစ်ယောက်ယောက်ကို သဘောကျမိသွားတဲ့အခါ..... ရင်းနှီးမသွားချင်တော့ဘူး။ ပင်ပျို
    0 Comments ·0 Shares ·233 Views
  • လွမ်းတယ်ဟာ
    လွမ်းတယ်ဟာ
    0 Comments ·0 Shares ·80 Views
  • ဆက်ဆံရေး တချို့...
    အရင်လို ဟက်ဟက်ပက်ပက်
    မရှိတော့တဲ့အခါ..
    ဝမ်းနည်းစရာ မလိုပါဘူး...

    တစ်အိမ်ထဲမှာ အတူတူနေကြပြီး
    တစ်မိဘထဲက မွေးတဲ့...
    ညီအစ်ကို မောင်နှမတွေတောင်
    မသင့်မြတ်ကြတာ...

    ရင်ဘတ်ကြီးနဲ့ ရင်းပြီး
    ဘယ်သူ့ကိုမှ အောက်ကျခံပြီး
    ပေါင်းစရာ မလိုပါဘူး...

    အပေါ်ယံနဲ့ တန်တဲ့သူကို
    အပေါ်ယံပဲ ပြန်ဆက်ဆံရုံပေါ့..
    လေနဲ့ လာတဲ့သူကို
    လေပဲ ပြန်ပေးလိုက်ပါ...

    လောကမှာ...
    တန်ရာ တန်ရာပေါ့..
    မျှတပါတယ်...

    မေတ္တာ ပေးပြီး
    ဥပေက္ခာတွေပဲ ပြန်ရတဲ့အခါ..
    ကိုယ်ပဲ စိတ်တိုရတာလေ...

    ဒါကြောင့်..
    မလိုအပ်ရင်..
    လူတိုင်းကို အရောမဝင်ပါနဲ့..
    ရောလို့ မကောင်းတဲ့ အထဲမှာ
    လူတွေက ထိပ်ဆုံးက ပါတယ်...။
    ဆက်ဆံရေး တချို့... အရင်လို ဟက်ဟက်ပက်ပက် မရှိတော့တဲ့အခါ.. ဝမ်းနည်းစရာ မလိုပါဘူး... တစ်အိမ်ထဲမှာ အတူတူနေကြပြီး တစ်မိဘထဲက မွေးတဲ့... ညီအစ်ကို မောင်နှမတွေတောင် မသင့်မြတ်ကြတာ... ရင်ဘတ်ကြီးနဲ့ ရင်းပြီး ဘယ်သူ့ကိုမှ အောက်ကျခံပြီး ပေါင်းစရာ မလိုပါဘူး... အပေါ်ယံနဲ့ တန်တဲ့သူကို အပေါ်ယံပဲ ပြန်ဆက်ဆံရုံပေါ့.. လေနဲ့ လာတဲ့သူကို လေပဲ ပြန်ပေးလိုက်ပါ... လောကမှာ... တန်ရာ တန်ရာပေါ့.. မျှတပါတယ်... မေတ္တာ ပေးပြီး ဥပေက္ခာတွေပဲ ပြန်ရတဲ့အခါ.. ကိုယ်ပဲ စိတ်တိုရတာလေ... ဒါကြောင့်.. မလိုအပ်ရင်.. လူတိုင်းကို အရောမဝင်ပါနဲ့.. ရောလို့ မကောင်းတဲ့ အထဲမှာ လူတွေက ထိပ်ဆုံးက ပါတယ်...။
    0 Comments ·0 Shares ·210 Views
  • ဒီလိုပူပြင်းနေတဲ့ချိန်
    ဆား ဟင်းချိုမှုန့် ငရုပ်သီး ပဲပုတ်
    နဲ့တို့စားလိုက်ရရင်တော့ကွာ
    စကားမစပ် အချိုသီးပဲကြိုက်တယ်
    အချဉ်မကြိုက်ဘူး
    ဒီလိုပူပြင်းနေတဲ့ချိန် ဆား ဟင်းချိုမှုန့် ငရုပ်သီး ပဲပုတ် နဲ့တို့စားလိုက်ရရင်တော့ကွာ စကားမစပ် အချိုသီးပဲကြိုက်တယ် အချဉ်မကြိုက်ဘူး
    Wow
    1
    · 0 Comments ·0 Shares ·327 Views
  • ဒီအကောင်လဲကြိုက်တယ်ဟေး
    ဒီအကောင်လဲကြိုက်တယ်ဟေး
    Wow
    1
    · 0 Comments ·0 Shares ·190 Views
  • အကြိုက်ဆုံးဟင်းလို့ပြောရင်မမှားဘူး
    အကြိုက်ဆုံးဟင်းလို့ပြောရင်မမှားဘူး
    Like
    1
    · 0 Comments ·0 Shares ·216 Views
  • ဘယ်မှာပဲနေနေ၊ ဘယ်သူနဲ့ပဲနေနေ စိတ်ကိုသက်သောင့် သက်သာဖြစ်စေတဲ့သူတွေအနားမှာပဲနေချင်တယ်။

    မျက်နှာကြည့်ပြီး မနေရဲ၊ မပြောရဲ၊ မလုပ်ရဲဖြစ်တာဟာ စိတ်ဒဏ်ရာအများကြီးရစေတယ်။ ကျန်းမာရေးကိုဆိုးရွားစေတယ်။

    ဒါကြောင့် စကားတွေထိန်းမပြောရတဲ့သူတွေ ပတ်ဝန်းကျင်တွေအနားမှာပဲ ရှင်သန်ချင်တယ်။

    #crd
    ဘယ်မှာပဲနေနေ၊ ဘယ်သူနဲ့ပဲနေနေ စိတ်ကိုသက်သောင့် သက်သာဖြစ်စေတဲ့သူတွေအနားမှာပဲနေချင်တယ်။ မျက်နှာကြည့်ပြီး မနေရဲ၊ မပြောရဲ၊ မလုပ်ရဲဖြစ်တာဟာ စိတ်ဒဏ်ရာအများကြီးရစေတယ်။ ကျန်းမာရေးကိုဆိုးရွားစေတယ်။ ဒါကြောင့် စကားတွေထိန်းမပြောရတဲ့သူတွေ ပတ်ဝန်းကျင်တွေအနားမှာပဲ ရှင်သန်ချင်တယ်။ #crd
    Like
    1
    · 2 Comments ·0 Shares ·352 Views
  • မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ
    ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ

    ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊
    အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။

    ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။
    မိမိကိုယ်ကိုယ် အားကိုးတတ်သော မိန်းကလေးဟာ ဘယ်လိုဒဏ်ရာမှ မရနိုင်ပါဘူး အမျိုးသမီးလေးတို့ရေ💕 ကိုယ်ပိုင်ငွေရှိထားဖို့လိုတယ် ပညာရှာ၊ အလုပ်ကိုအာရုံစိုက်၊ လှအောင်နေ ၊ ငွေကိုတတ်နိုင်သမျှငယ်ရွယ်တုန်းရှာ ၊ အဲ့တာမှ အမှန်တကယ် ဘဝရဲ့ လုံခြုံပြည့်စုံမှု ။ ကိုယ့်ကိုကိုယ် အကောင်းဆုံးထားနိုင်ရင် ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာမလိုပါဘူး ။ 😊
    0 Comments ·0 Shares ·252 Views
  • တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။

    #crd_to_owner_with_respect
    တိများသည် ငွေရှာ၍ ဝယ်ယူစားသောက်နိုင်စွမ်း မရှိကြပါ။ အလွန် ဆာလောင်လာ၍ လူမမြင်ကွယ်ရာတွင် ခိုးယူစားသောက်မိပါကလည်း လူကဲ့သို့ အသိဉာဏ် မရှိသော လူသားတို့၏ ရက်စက်စွာ ရို-က်နှ-က်ခြင်းကို ခံကြရရှာသည်။ တစ်ခါတစ်ရံ အစားအစာ အနည်းငယ်အတွက် အသက်ဆုံးရှုံးသည်အထိ ရို-က်နှ-က်ခံရတတ်ကြသည်။အမှန်တကယ်တွင် လူနှင့် တိသည် သတ္တဝါများသာ ဖြစ်ကြပြီး သွေးသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။သင် ကျွေးမွေးလိုက်သော အရိုး အနည်းငယ် သို့မဟုတ် စားကြွင်းစားကျန် အနည်းငယ်သည် သူတို့အတွက် အသက်ဆက်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။ထို့ကြောင့် သတ္တဝါလေးများကို ကြင်နာသနားပြီး လူပီသသော ဂရုဏာတရားကို ပြသကြပါ။တိများသည် လူကဲ့သို့ ကျေးဇူး မကန်းတတ်သည့်အပြင် လူသားများထက် ပိုမို သစ္စာရှိကြသည်။ အစာ ကျွေးဖူးသူတိုင်း ယင်းအချက်ကို သိရှိလာပါလိမ့်မည်။ #crd_to_owner_with_respect
    Like
    2
    · 0 Comments ·0 Shares ·417 Views
  • ကိုယ့်အချိုး ၊
    ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။
    ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။
    မကောင်းဘူးထင်လို့
    မပတ်သတ်ချင်ရင်လဲ
    အပြုံးမပျက်ပါဘူး ။
    မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။
    စိတ်ဒုက္ခတွေပေးပြီး
    မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။
    #KAIA
    #ဘဝစာပေနှင့်ဗဟုသုတများ
    #crd_to_owner_with_respectcrd
    ကိုယ့်အချိုး ၊ ကိုယ့်အထာနဲ့ကိုယ့်ဘဝမှာ ကိုယ်နေပါ ။ ရင်ဘတ်မတူလို့ မပေါင်းတာကိုလဲ စိတ်မဆိုးပါဘူး ။ မကောင်းဘူးထင်လို့ မပတ်သတ်ချင်ရင်လဲ အပြုံးမပျက်ပါဘူး ။ မျက်နှာချို မ​သွေးတတ်တော့ အဖက်မလုပ်လဲ အေးဆေးပါ ။ စိတ်ဒုက္ခတွေပေးပြီး မလေးမစားတော့ လာမဆက်ဆံပါနဲ့ ။ #KAIA✍️✍️✍️ #ဘဝစာပေနှင့်ဗဟုသုတများ #crd_to_owner_with_respectcrd
    Like
    Love
    2
    · 0 Comments ·0 Shares ·443 Views
  • နေနိုင်လို့
    နေနေတဲ့လူကို
    နေနိုင်တယ်နော်လို့
    သွားမမေးနဲ့
    မင်းမောသွားမယ်။

    မင်းကိုချစ်တဲ့လူက
    တစ်ရက်မပြောနဲ့
    မင်းနဲ့စကားမပြောပဲ
    တစ်စက္ကန့်လေးတောင်
    နေနိုင်မှာမဟုတ်ဘူး။

    #ယမုံ
    နေနိုင်လို့ နေနေတဲ့လူကို နေနိုင်တယ်နော်လို့ သွားမမေးနဲ့ မင်းမောသွားမယ်။ မင်းကိုချစ်တဲ့လူက တစ်ရက်မပြောနဲ့ မင်းနဲ့စကားမပြောပဲ တစ်စက္ကန့်လေးတောင် နေနိုင်မှာမဟုတ်ဘူး။ #ယမုံ 💔🌹
    Like
    2
    · 0 Comments ·0 Shares ·160 Views
More Results