တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ်

ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅

ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။

"နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။

ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။
တောင်ကုတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ် ၃၀ ကျော်ကို AA ချိပ်ပိတ် ကံ့ကော်နီနီ- နိရဉ္စရာ၊ မတ် ၈ / ၂၀၂၅ ရခိုင်ပြည်၊ တောင်ကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် တောင်ကုတ်မြို့က နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ AA က တောင်ကုတ်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေ၊ စစ်ကောင်စီသစ္စာတော်ခံတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောပါတယ်။ "နေအိမ်တွေချိပ်ပိတ်သိမ်းဆည်းလိုက်တာ မှန်ပါတယ်။ ဦးကျောက်တောင်နေအိမ်လည်း ပါတယ်။ ပိုင်ဆိုင်မှုတွေအကုန်ပါတယ်"လို့ ပြောပါတယ်။ ချိပ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာ တောင်ကုတ်မြို့တိုက်ပွဲကာလအတွင်း စစ်ကောင်စီကပေးအပ်တဲ့ရာထူးတွေကို ဆက်လက်ယူပြီး မြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ရခိုင်တွင် AA က ချိပ်ပိတ်ထားသည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်။
0 Comments ·0 Shares ·27 Views